Myat Bhone Thaw

Myat Bhone Thaw " ရင်နင့်အောင်လွမ်းတယ်ဆိုတာကလည်း

ပန်းကလေးတွေလှိုင်လှိုင်သင်းနေတာမျိုး "

" လေအဝှေ့မှလွမ်းလိပ်ပြာ "တစ်ဆောင်းကုန်လို့တစ်နွေသစ်ပြန်တော့လေအဝှေ့မှာကြွေလွင့်သွားတဲ့ပန်းလိပ်ပြာနွေဦးမနက်ခင်းကိုဂုဏ်ပြု...
20/02/2026

" လေအဝှေ့မှလွမ်းလိပ်ပြာ "

တစ်ဆောင်းကုန်လို့တစ်နွေသစ်ပြန်တော့
လေအဝှေ့မှာကြွေလွင့်သွားတဲ့ပန်းလိပ်ပြာ
နွေဦးမနက်ခင်းကိုဂုဏ်ပြုတေးဆိုလို့
လေရူးတွေချိုလို့
အော်.....နွေအကူးတဲ့လား ၊

အတိတ်ကဒဏ္ဍာရီတွေ
နိုးနိုးကြားကြားအရည်ပျော်ကျ
မျက်ဝန်းမှပုလဲသီ
ငှက်ကလေးထံလွှင့်တင်လိုက်ပြီ ၊

အညာမြေသူ့ရင်ခွင်မှ
သင်းပျံ့တဲ့လွမ်းရနံ့ဝေ့အလာ
တစ်ယောက်နဲ့တစ်ယောက်
ဝေးရက်တွေလည်းကြာလို့
ချစ်သက်တွေလည်းရှည်စို့ ၊

ကြွေရွက်ဝါလေး အတောင်ဖြန့်တဲ့အခါ
ရေပူစမ်းလေး မျက်ရည်ချူတဲ့အခါ
ပုံရိပ်တွေလွမ်းနာကျ
ညနေခင်းတွေဟာအသည်းသန်မူးလို့ရူးလို့
ဒါနွေဦးတဲ့အချစ်ရဲ့ ၊

ကြည့်နေကျပြတင်းတံခါးတွေ
လျှောက်နေကျလမ်းချိုးအကွေ့တွေ
ဖွင့်နေကျသီချင်းဟောင်းတွေနဲ့
အခုချိန်မှာမင်းကိုပြောနိုင်တာတစ်ခုကတော့
" ချစ်တယ် "ဆိုတာပါပဲ ။ ။

-မြတ်ဘုန်းသော်

မျက်လုံးတစ်စုံအဆိပ်မိခြင်းသွေးရိုးသားရိုးအေးခဲမှုလားသွေးရူးသွေးတန်းပြာကျမှုလားဥတုသုံးပါးဟာခန္ဓာကိုယ်ပေါ်ဖြတ်စီးခဲ့ပြီ ၊အ...
02/01/2026

မျက်လုံးတစ်စုံအဆိပ်မိခြင်း

သွေးရိုးသားရိုးအေးခဲမှုလား
သွေးရူးသွေးတန်းပြာကျမှုလား
ဥတုသုံးပါးဟာခန္ဓာကိုယ်ပေါ်ဖြတ်စီးခဲ့ပြီ ၊

အလောင်းမပေါ်တဲ့အလွမ်းများ
လျှို့ဝှက်လုပ်ကြံရေးအာရုံစိမ်းများ
ရနံ့ဟောင်းသစ်ရွက်ခြောက်အတိတ်
အိမ်အိုကြီးရဲ့ပြတင်းပေါက်မှာ
အိမ်မက်တွေပြိုကျခဲ့စဥ်နှစ်များစွာ ၊

ကျွန်းဗီရိုအဟောင်းထဲတိမ်တွေကိုမြုပ်နှံ
သေတ္တာသော့ပေါက်မှာဘဝတွေတန်းလန်း
လက်စမသတ်ရသေးတဲ့အမှားထဲ
အနာဂတ်ကိုကျူးလွန်ဖို့
လက်ကျန်ပုလင်းဟာညာလက်ရုံးဖြစ်လာတယ် ၊

ဘွိုင်လာအိုးထဲကသာမိုမီတာတွေအမျက်ထွက်တဲ့အခါ
ပန်းအိုတွေဆူပွက်ကြလိမ့်မယ်
တီဗွီထဲကဇာတ်ကောင်တွေခုန်ထွက်ကြလိမ့်မယ်
ထစ်ထစ်ငေါ့ငေါ့ဓာတ်ပြားတစ်ချပ်ရဲ့
အဆိုအမိန့်သံနာခံတတ်ခဲ့တယ် ၊

နှစ်ဖက်မြင်ကြည့်မှန်​မှာ
တစ်ယောက်နဲ့တစ်ယောက်နီးနီးလေး
ရင်ခုန်သံနီးနီးလေး ၊

အစိုးမရတဲ့အနတ္တတရားနာယူရင်း
မကျွတ်လွတ်သေးတဲ့စိတ်
နာရီထဲမှာသံသရာချဲ့မိတယ် ၊

ရယ်သံတွေဂျောက်ဂျက်မြည်လို့
အော်ဟစ်လို့
ကွဲကြေခဲ့ညနက်နက်တွေ
ဖန်အသည်းစတွေ ၊

ရင်းနေတဲ့အနာမှာလည်း
အချစ်နံ့တွေတစို့စို့ ။ ။

-မြတ်ဘုန်းသော်
-၁.ဇန်နဝါရီ.၂၆

လက်ဖက်ရည်ခွက်ထဲကကမ္ဘာလမ်းကျဥ်းကျဥ်းထောင့်ကျဥ်းကျဥ်းထဲကျယ်ပြန့်နက်ရှိုင်းတဲ့ပုဂ္ဂလိကထိုင်ခုံဘဝကိုခပ်ပြင်းပြင်းရှိုက်ထုတ်င...
30/12/2025

လက်ဖက်ရည်ခွက်ထဲကကမ္ဘာ

လမ်းကျဥ်းကျဥ်း
ထောင့်ကျဥ်းကျဥ်းထဲ
ကျယ်ပြန့်နက်ရှိုင်းတဲ့ပုဂ္ဂလိကထိုင်ခုံ
ဘဝကိုခပ်ပြင်းပြင်းရှိုက်ထုတ်
ငယ်ရွယ်မှုနဲ့ဇိမ်ခံတဲ့
လက်ဖက်ရည်ခွက်ထဲကကမ္ဘာ ၊

အစုအပေါင်းအသံများ
အသင်းအဖွဲ့အဓိပ္ပါယ်များ
တစ်စစီကွဲပျက်ခြင်းရင်ခုန်သံ
ကွဲကြေမှုများရဲ့ဆုံမှတ်
လူလိုသူလိုဆက်ဆံတဲ့
လက်ဖက်ရည်ခွက်ထဲကကမ္ဘာ ၊

မဟောင်းနွမ်းသောစမ်းသပ်မှု
ပျံ့လွင့်လာသောတေးအစု
အသစ်အသစ်သောနေ့ရက်များ
အညစ်အပေမရှိစိတ်သဏ္ဍာန်ပုံဆောင်ခဲများ
ငါတို့ပျော်ခဲ့ကြ
ငါတို့စည်းစိမ်တိုးခဲ့ကြတဲ့
လက်ဖက်ရည်ခွက်ထဲကကမ္ဘာ ၊

အချိုကဲသွားတဲ့အိမ်မက်တချို့
နေစိမ့်သူတချို့
ခါးသက်သက်အမှန်တချို့
ကျနေမြဲစိတ်ဓာတ်များကို
မီးပြင်းပြင်းတိုက်သလိုတိုက်ယူ
နာကျင်မှုနဲ့ပျော်မွေ့နေတဲ့
လက်ဖက်ရည်ခွက်ထဲကကမ္ဘာ ၊

တယ်လီ​ဗေးရှင်း​တွေအသံမဲ့
အင်တာနက်တွေအသံမဲ့
ဉာဏ်များမှုတွေအသံမဲ့
မဲ့ရွဲ့ခြင်းမျက်ရည်များ
သတင်းစာအားကိုးနဲ့
ခေတ်ကိုမိုက်ပြတတ်တဲ့
လက်ဖက်ရည်ခွက်ထဲကကမ္ဘာ ၊

ပျော်ရွှင်ခဲ့ကြအချစ်အတွက်
ပူပန်ခဲ့ကြအချစ်အတွက်
စိုးရိမ်ခဲ့ကြအချစ်အတွက်
နောက်ဆုံးပျက်သုဥ်းသွားခဲ့အချစ်အတွက် ၊

ညနက်ဆိုင်တွေ
အပျော်မယ်တွေ
စိတ်ကြွအာရုံတွေ
ဆန့်ကျင်ရာအရပ်
လက်ဖက်ရည်ခွက်ထဲမှာ ၊

လက်ကျန်သက်တမ်းကိုအရှိန်တင်မောင်းနှင်လို့
ခရီးထွက်လို့
လက်ဖက်ရည်ခွက်ထဲမှာ
ကျဥ်းမြောင်းလှတဲ့ငါတို့
လက်ဖက်ရည်ခွက်ထဲကကမ္ဘာ ။ ။

-မြတ်ဘုန်းသော်
-၃၀.ဒီဇင်ဘာ.၂၅

22/08/2025

နှင်းပုလဲငွေရည်

ဘဝပေးတာဝန်အရ
ကျောင်းထွက်ခဲ့ရ
ဘဝပေးတာဝန်အရ
လမ်းပေါ်တက်ခဲ့ရ ၊

နှင်းပုလဲငွေရည်လည်း
တီတီတာတာမဆိုနိုင်
ချွဲပြစ်ပြစ်အသံကလေးလည်း
လည်ချောင်းကွဲမတတ်
သွယ်လျလျလက်ကလေးလည်း
အသားမာအထပ်ထပ်
တသွင်သွင်စီးဆင်းနေတာ
စမ်းချောင်းမဟုတ်မှန်း
မိန်းမပျိုလေးတစ်ဦးငိုမှငါသိခဲ့ရ
ဘဝပေးများနာစရာ ၊

ရစရာဆိုလို့ဒုက္ခပဲရှိတဲ့ခေတ်မှာ
နောင်တကင်းအောင်နေထိုင်
ကိုယ့်ယဥ်ကျေးမှုနဲ့ကိုယ်
ကိုယ့်အနာတရနဲ့ကိုယ်
သိမ်းဆည်းထားတဲ့မျက်ရည်ကလေး
ဒီတစ်ခါမိုးကျရင်
မိုးနဲ့အတူခြွေချလိုက်တော့မယ်တဲ့ ၊

​သည်နှစ်တော့
သည်မိုးအငြှိုးသည်းဦးမယ်ထင်တယ်
နှင်းပုလဲငွေရည်ရယ် ။ ။

-မြတ်ဘုန်းသော်
၉-သြဂုတ်-၂၅

အဲဒီဘက်နှစ်တွေသပ်သပ်ရပ်ရပ် သက္ကရာဇ်တစ်ချို့နက်နက်ရှိုင်းရှိုင်းနှလုံးသားတစ်ချို့လမ်းဘေးပလက်ဖောင်းယဥ်ကျေးမှုလက်ဖက်ရည်ဆိုင...
10/08/2025

အဲဒီဘက်နှစ်တွေ

သပ်သပ်ရပ်ရပ် သက္ကရာဇ်တစ်ချို့
နက်နက်ရှိုင်းရှိုင်းနှလုံးသားတစ်ချို့
လမ်းဘေးပလက်ဖောင်းယဥ်ကျေးမှု
လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု ၊

အရိုင်းဆန်မှုတွေကို
အရိုးသားဆုံးယဉ်ကျေးခဲ့သူ
သမိုင်းဝင်မှုတွေကို
နှလုံးသားနဲ့တင်စားခဲ့သူ
ချို့ချို့တဲ့တဲ့ ဂုဏ်မြင့်ခဲ့သူ
ဟောဒီဘက်နှစ်တွေမှာပြန်မရနိုင်သော
သူဟာခေတ်ကြီးတစ်ခုလုံးရဲ့ဥသျှောင် ၊

ညရဲ့သန်းခေါင်ယံ အိပ်မ‌ပျော်သေးချိန်
ဂစ်တာလေးကိုအဖော်ပြုရင်း
အဆောင်သူလေးကို ဖျော်‌ဖြေပေးခဲ့ကြတဲ့ကာလ
ဝတ်မှုန်ကူးတဲ့ညမှာ
ဘဝဆက်တိုင်းအတူသီချင်းကိုအော်ဆိုခဲ့ကြ
၁၉၈၀ ဝန်းကျင်လူငယ်တို့ရဲ့ဘဝ ၊

တက္ကသိုလ်ဆိုတာ အဲဒီခေတ်ရဲ့ပြယုဂ်
လွယ်အိတ်နီနီနဲ့ သွေးဆူလွယ်ကြတဲ့လူငယ်များ
မတရားမှုကလွဲရင် အကုန်မြတ်နိုးကြတဲ့လူငယ်များ ၊

တစ်ယောက်ရင်မှာတစ်ယောက်ပန်းပွင့်တယ်
တစ်ယောက်ရင်မှာတစ်ယောက်မှိုင်းညို့တယ်
နောက်ဆုံးအဆင်မပြေတော့တဲ့အခါ
ထားခဲ့နော်အချစ်ကလေးရှေ့ဆက်လှမ်းနိုင်စေနဲ့
ရန်ကင်းဟာ
"ခိုးစိတ်တိုးတိတ်လွမ်းချိန်" ကိုမွေးဖွားပေးခဲ့တယ် ၊

အကြေကွဲဆုံးနှစ်တွေ
အဆွေးမြေ့ဆုံးနှစ်တွေ
ဘားမားစတိတ်စီးကရက်
စတစ်အင်္ကျီသပ်သပ်ရပ်ရပ်နဲ့
အသည်းတွေပွင့်ထွက်
အသက်တွေပွင့်ထွက်မတတ်
အဲဒီဘက်နှစ်တွေ ။ ။

-၁၀.၈.၂၅

19/05/2025

ညဥ့်သန်းခေါင်ယံ

ဆိတ်ငြိမ်တဲ့ညနက်တွေ
ရစ်ပတ်ဖွဲ့နှောင်တတ်တဲ့ကကြိုးတွေ
အလင်းမဲ့ အသံမဲ့
ဖျော်ဖြေခြင်းမှာမွေ့လျော်ခဲ့ ၊

အရိပ် အတိတ် နိမိတ်
လက္ခဏာအထင်အရှားနဲ့
ဘေးတစ်ဖက်ထိုးကျသွားတဲ့
ငယ်ရွယ်မှု
ဘယ်လိုအသက်ရှင်မှုနဲ့ပြန်ပေးဆပ်မလဲ ၊

ဝရုန်းသုန်းကားနှလုံးသားများ
အထီးကျန်မှုများဘေးဖယ်
​ခံစားမှုများဘေးဖယ်
တရားမသိသမှုဖြင့်
သေခြင်းရဲ့အာခံတွင်းထဲမှာဇိမ်ခံပြီးနေရ
တိုတောင်းတဲ့ဘဝဆိုတာ
ရှည်လျားခြင်းရဲ့ဝဋ်ဒုက္ခ ၊

နူးညံ့မှုပါးပြင်ကိုဝင်တိုက်မိလို့
တိမ်းမှောက်သွားတဲ့လူတစ်ယောက်
အသိနဲ့သတိ ဆန့်ကျင်ဖက်အရပ်
ကွာကျနေတဲ့ငါ့စိတ်ကိုငါစွဲ
ငါ့ရဲ့မိုက်မဲမှုများ ငါမသိလိုက်ခင်မှာ
အသီးအညွန့်ပွင့်ခဲ့တယ် ၊

ချစ်မှုကိုမြတ်နိုးသူ
စွဲလမ်းမှုကိုမျိုသိပ်သူ
နာကျင်​မှုနဲ့ရှင်သန်သူ
သီဆိုခြင်းမှာအသံမဲ့သူ
ငါဟာသူလိုလူ ။ ။

-၁၇.၅.၂၅

ကျေးဇူးရှင်အို.......ကျေးဇူးရှင်ရေငတ်တုန်းရေတွင်းထဲကျခဲ့သူတစ်ချိန်ကမေတ္တာငတ်ခဲ့ဖူးပါတယ် ၊အို......ကျေးဇူးရှင်ရိုရိုသေသေပ...
25/03/2025

ကျေးဇူးရှင်

အို.......ကျေးဇူးရှင်
ရေငတ်တုန်း
ရေတွင်းထဲကျခဲ့သူ
တစ်ချိန်က
မေတ္တာငတ်ခဲ့ဖူးပါတယ် ၊

အို......ကျေးဇူးရှင်
ရိုရိုသေသေပေးဆပ်ချင် ။ ။

-၂၂.၃.၂၅

တို့များဘဝကလေးငယ်တို့ဘဝလိုချင်တာမရတဲ့အခါငိုပြောခွင့်ရကြပိုင်ဆိုင်ခွင့်ရှိခဲ့ကြ ၊ တို့များဘဝလိုချင်တာမရတဲ့အခါငိုပြောခွင့်...
25/03/2025

တို့များဘဝ

ကလေးငယ်တို့ဘဝ
လိုချင်တာမရတဲ့အခါ
ငိုပြောခွင့်ရကြ
ပိုင်ဆိုင်ခွင့်ရှိခဲ့ကြ ၊

တို့များဘဝ
လိုချင်တာမရတဲ့အခါ
ငိုပြောခွင့်မရ
မျက်ရည်ပိုက်လျက်စွန့်လွှတ်ခဲ့ရ ၊

တို့များဘဝ
တို့များဘဝ
တို့များဘဝ
တို့များဘဝ......။ ။

-၂၄.၃.၂၅

ရွက်ဟောင်းအရင်တစ်နွေမှာ....အတူကြည်ဖြူတဲ့အခါချစ်တေးဆိုကြစိတ်ကောက်တဲ့အခါချော့တေးဆိုပြဒီနှစ်နွေဦးမှာတော့ကိုလွမ်းတေးဆိုရတော...
10/03/2025

ရွက်ဟောင်း

အရင်တစ်နွေမှာ....
အတူကြည်ဖြူတဲ့အခါချစ်တေးဆိုကြ
စိတ်ကောက်တဲ့အခါချော့တေးဆိုပြ
ဒီနှစ်နွေဦးမှာတော့
ကိုလွမ်းတေးဆိုရတော့မယ် ၊

နာစရာနဲ့ဖြေလည်း မနာရက်သူမို့
ဒီတစ်ခါလေရူးနဲ့အတူ
အချစ်ရေ....မင်းအတွက်ကိုယ်
အရှုံးနဲ့သာကြွေလိုက်တော့မယ် ။ ။

-၉.၃.၂၅

ဝဋ်ကြွေးချစ်ဟန်ဆောင်တဲ့ဝဋ်ကြွေးပြုံးပြုံးလေးဆပ်ခဲ့တယ် ၊ အချိုသတ်ထားတဲ့ဝဋ်ကြွေးသိသိနဲ့ထိုင်ဆပ်ခဲ့တယ် ၊လှပတဲ့ဝဋ်ကြွေးသိမ်မ...
28/02/2025

ဝဋ်ကြွေး

ချစ်ဟန်ဆောင်တဲ့ဝဋ်ကြွေး
ပြုံးပြုံးလေးဆပ်ခဲ့တယ် ၊

အချိုသတ်ထားတဲ့ဝဋ်ကြွေး
သိသိနဲ့ထိုင်ဆပ်ခဲ့တယ် ၊

လှပတဲ့ဝဋ်ကြွေး
သိမ်မွေ့စွာပေးဆပ်ခဲ့တယ် ၊

အရိပ်အထင်နဲ့လိုက်လာတဲ့ဝဋ်ကြွေး
သတိတရနဲ့မမေ့မလျော့ဆပ်ခဲ့တယ် ၊

ခွင့်လွှတ်စိတ်နဲ့ငဲ့ညှာသနားခြင်းများကြား
နောက်ဆုံးတော့မလုံမလဲနဲ့
ဝဋ်ကြွေးခင်ဗျာထွက်ပြေးရှာလေရဲ့ ။ ။

-၂၈.၂.၂၅

မျှော်သူမစစ်မှန်တော့တဲ့ခေတ်ထဲမှာကိုယ့်တရားနဲ့ကိုနေတတ်ရမယ် ၊ အယူခံတင်လည်းအယူခံမဝင်တော့တဲ့ခေတ်ထဲမှာကိုယ့်ကိုယ်ကိုအားကိုးတတ...
18/02/2025

မျှော်သူ

မစစ်မှန်တော့တဲ့ခေတ်ထဲမှာ
ကိုယ့်တရားနဲ့ကိုနေတတ်ရမယ် ၊

အယူခံတင်လည်းအယူခံမဝင်တော့တဲ့ခေတ်ထဲမှာ
ကိုယ့်ကိုယ်ကိုအားကိုးတတ်ရမယ် ၊

အချစ်အတွက်နဲ့တော့ဘဝအပျက်မခံကြနဲ့
အိမ်မှာအမေစောင့်နေတယ် ။ ။

-၈.၂.၂၅

Address

Magway

Telephone

+959789501580

Website

Alerts

Be the first to know and let us send you an email when Myat Bhone Thaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Myat Bhone Thaw:

Share

Category