Minbu game & food & shopping group

Minbu game & food & shopping group Online post

07/07/2025

AungLaNsaung
Memory
My Legendary


01/10/2022

အမေရိကန်က ဟီရိုရှီးမားကို
အနုမြူဗုံး ကြဲပစ်တယ်။

ကြဲပေါ့
သူ့နိုင်ငံနဲ့ ကိုယ့်နိုင်ငံ။

ဗီယက်နမ်က အမေရိကန်ကို
ပျောက်ကျားစနစ်နဲ့ချေမှုန်းတယ်။

လုပ်ပေါ့
သူ့နိုင်ငံနဲ့ ကိုယ့်နိုင်ငံ။

ဗိုလ်မင်းရောင်က ဖက်ဆစ်ဂျပန်ကို
တော်လှန်တယ်။

ချပေါ့
သူ့လူမျိုးနဲ့ ကိုယ့်လူမျိုး။

ဦးအောင်ဆန်းက
ကိုလိုနီကိုတိုက်ထုတ်တယ်။

လုပ်ပေါ့
သူ့လူမျိုးနဲ့ ကိုယ့်လူမျိုး။

အခုတော့ဗျာ
ဂျပန်ကိုတိုက်ခဲ့တဲ့ အမျိုးအနွယ်ထဲက
ဆင်းသက်ခဲ့တာလားဆိုတော့...

ဟင့်အင်း...
တစ်ယောက်မှမပါဘူး။

အင်္ဂလိပ်ကိုတိုက်ထုတ်ဖို့
စစ်ပညာသင်တဲ့ရဲဘော်သုံးကျိပ်ထဲမှာ
ပါခဲ့လားဆိုတော့ ...

ဟင့်အင်း ...
တစ်ယောက်မှပါသံမကြားခဲ့ပါဘူး။

ကိုင်း... ဒါဆို
ပြည်တွင်းစစ်ကိုရော
နိုင်အောင်လုပ်ခဲ့လားဆိုတော့...

ဟင့်အင်း...
အဖွဲ့တွေတောင်
ထပ်ထပ်တိုးလာသေး။

ဘယ်နိုင်ငံနဲ့မှလည်း
စစ်မတိုက်ဖူးဘူး။

ဘယ်သူ့ကိုမှလည်း
လုံခြုံအောင်မကာကွယ်ဘူး။

နိုင်ငံရေးသမားမဟုတ်ဘူးနော်
သမ္မတလုပ်ချင်တယ်။

ရွေးကောက်ပွဲဝင်မပြိုင်ဘူးနော်
လွှတ်တော်ထဲဝင်ထိုင်တယ်။

စီးပွားရေးသမားမဟုတ်ဘူးနော်
ကုမ္ပဏီတွေတည်ထောင်တယ်။

တောင်သူလယ်သမားမဟုတ်ဘူးနော်
လယ်ယာမြေတွေသိမ်းပစ်တယ်။

သမိုင်းသိသလားဆိုတော့
သာသနာပြုဆရာတော်နဲ့
တော်လှန်ရေးဆရာတော်မှားပြောတယ်။

အင်္ဂလိပ်စာကျွမ်းသလားဆိုတော့
နဂေးတစ်...တဲ့ ။

ဟေ့...
မြန်မာကွ မြန်မာ

လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း
(၇၀)ကျော်အတွင်းမှာ တော်တည့်မှန်ကန်တဲ့
စစ်ဗိုလ်ချုပ်တွေ အခုထိတစ်ယောက်မှ
မပေါ်သေးလို့ ဘက်ပေါင်းစုံပြိုလဲပျက်စီး
တော့မယ်လို့ပြောတာ ဘာဆန်းတာမှတ်လို့

တိုင်းပြည်နဲ့ ပြည်သူကသာ ပြိုလဲပျက်စီး
သွားရတာ သူတို့ကျတော့ သားစဉ်မြေးဆက်
စားမကုန်သောက်မကုန် ချမ်းသာသွားကြပြီ ။

ဒါကို...
သူတို့လုပ်တာ ဟုတ်ပါတယ် မှန်ပါတယ်လို့
ထောက်ခံအားပေးနေရအောင်

မင်းတို့က (-ျီး)စားနေတဲ့
🐕 တွေလား 😅🤣


#သွေးသစ္စာ

13/09/2022

ဆော့မိတာနဲ့ တိုက်တွေပေါ်မှာ parkour ပြေးချင်စိတ်တွေ တစ်ဖွားဖွားပေါ်လာစေတဲ့ Assassin's Creed နောက်ဆုံးတော့ Mobile အတွက် ထွက်လာတော့မှာဖြစ်ပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ Ubisoft Forward 2022 ပွဲက Assassin's Creed ဂိမ်းအတွက် လုပ်တဲ့ပွဲလားလို့ မေးရလောက်အောင် AC ဂိမ်းတွေအများကြီးပါဝင်နေပါတယ်။

အခုလက်ရှိသွားနေတဲ့ AC PC version ရဲ့နောက်တည်နေရာက အရှေ့အလယ် အာရပ်စော်ဘွားတွေနေထိုင်တဲ့ Mirage theme နဲ့သွားရမှာဖြစ်ပြီး trailer ကိုကြည့်လိုက်တာနဲ့ နောက်ခံ voice အနေနဲ့အတူတူပဲမို့ Arcane ထဲက Enforcer Grayson ကြီးကိုတန်းမြင်မှာအသေအချာပါဘဲ။ ဖုန်းဂိမ်းအတွက်ကိုတော့ ရှေးတရုတ်ခေတ်ကိုအခြေခံထားပြီး တရုတ်မဟာတံတိုင်းကြီးရဲ့လှပနေတဲ့ နန်းတော်တွေကို အပေါ်စီးကကြည့်ပြီး ဆော့ရမှာသိပ်ကိုသေချာတာပေါ့။ တစ်ခြားထွက်လာမယ့် AC ဂိမ်းတွေနဲ့အတူ Ubisoft event မှာပါသွားတဲ့ဂိမ်းတွေကို https://bit.ly/3QuIXDD ဒီမှာလေ့လာနိုင်ပါတယ်။


01/09/2022

အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ အဆုံးအမ များ........

၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ် အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်။

၂။ သာသနာဆိုတာ ဘုရားအဆုံးအမ ကိုခေါ်တယ်၊ ဘုရား အဆုံးအမ ဆိုတာကလဲ အနှစ်ချုပ်လိုက်ရင် သီလ သမာဓိ ပညာ သုံးပါးပဲ ရှိတယ်၊

၃။ ကိုယ်သိမ်မွေ့ပါ၊ နှုတ်ပြော ချိုသာပါ၊ စိတ်က ဖြောင့်မတ်ပါ၊

၄။ မိဘတွေက သားသမီးတွေကို အမွေ ပေးတယ် ဆိုတာ ကိုယ်က ဘုရင်ဖြစ်လျှင် ဘုရင့်စီးစိမ်၊ သူဋ္ဌေးဖြစ်လျင် သူဋ္ဌေးစီးစိမ်၊ အနေနဲ့ တစ်ဘ၀ စာပဲ ပေးနိုင်ကြတယ်၊ ဗုဒ္ဓအမွေကတော့ တသံသရာလုံး ကောင်းဖို့ ညွှန်ပေးနိုင်ခဲ့တယ်။

၅။ သံသရာ ဆိုတာ သေပြီးမှ တဘ၀ ကူးတာ မဟုတ်ဘူး၊ နာမ်ရုပ်တွေ အဆက်မပြတ် ဖြစ်ပျက် နေတာကို ခေါ်တာပါ။

၆။ တစ်ဘ၀ ၏ ကိုယ့်အဖြစ်ကို မကြည့်ပါနှင့် တစ်သံသရာလုံးရဲ့ ကိုယ့်အဖြစ်ကို မြင်အောင် ကြည့်ပါ။

၇။ သတ္တဝါတွေဟာ ဒုက္ခရောက်တာကို ပြောနေကြတယ်၊ သွားနေတာက ဒုက္ခလမ်းပဲ၊ ဒီတော့ ဒုက္ခကြားက ဒုက္ခလောင်းဟာ ဒုက္ခကိုပဲ တွေ့ရတာပေါ့။

၈။ သံဝေဂ မပါလျင် တရားမရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။

၉။ သတ္တဝါတွေဟာ ဒုက္ခ မရောက်သေးသမျှ မကြောက်ကြဘူး။

၁၀။လောကကြီးမှာ ဘယ်လောက် ကြီးကျယ် အောင်မြင် ကျော်ကြားနေပါစေ၊ သေခါနီးမှ မျက်ရည် လည်ရရင် လူဖြစ်ရှုံးတာပါပဲ။

၁၁။ အမှတ်မဲ့ နေသူရဲ့ စိတ်ဟာ အကုသိုလ်ဖက် သွားနေသလို အကုသိုလ်တွေ အကျိုးပေးဖို့အတွက်လဲ ထိုသူ့မှာ အဆင်သင့် ရှိနေတတ်တယ်။

၁၂။ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့် ယခု ဘ၀ ကြိုးစားမှု့ကလဲရှိရတယ်၊ စင်စစ်တော့ ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊

၁၃။ စိတ်နေ စိတ်ထား ဆိုတာ သေးသိမ်တဲ့ နေရာမှာ နေပြီး သေးသိမ်တဲ့ အလုပ်တွေကို မြင်နေ ကြားနေရရင် ကိုယ့်စိတ်ကလဲ သေးသိမ်လာပြီး ကြီးကျယ်တဲ့ အလုပ်ကို မြင်ရ ကြားနေရမှ ဓာတ်ကူး ပြီး ကြီးကျယ် လာတတ်တယ်၊

၁၄။ လူတွေဟာ ကိုယ့်ဥာဏ်က မမှီလျှင် သူတပါး သိတာတွေကိုလဲ မယုံကြည်ကြ အမှန် မထင် တတ်ကြဘူး၊

၁၅။ သူများ အပြစ်ကို မကြည့်ပါနဲ့၊ ကိုယ့်အပြစ် ကို မြင်အောင် ကြည့်ပါ၊

၁၆။ အရာရာမှာ ပထမ ဗဟုဿုတ ရှိဖို့၊ ဒုတိယ သတိထားဖို့၊ တတိယ မှန်သလား မမှန်သလား စုံစမ်းဖို့ နဲ့ စတုတ္ထက ဝီရိယနဲ့အလုပ် လုပ်နေဖို့ပဲ၊

၁၇။ သန့်ရှင်းတဲ့ နား အကြားများတယ်၊ ကြည်လင်တဲ့ မျက်စိ အမြင် များတယ်၊ စင်ကြယ်တဲ့ စိတ်က အသိများတယ်၊

၁၈။လောကကြီးမှ ဂုဏ် ရှိဖို့ထက် ရှိပြီး ဂုဏ်ကို ထိမ်းသိန်း နိုင်ဖို့က ပိုခက်တယ်၊

၁၉။ ကိုယ့်ကို ပတ်၀န်းကျင်က မချစ်ရင်တောင် မမုန်း ကြဖို့က ပိုအရေးကြီးတယ်၊

၂၀။ ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီး ၀င်နေလျင် သူတပါးကို အထင်သေးတာ သဘာ၀ ပဲ၊ ဒါကို သတိထားစေချင်တယ်။

အရှင်ဇနကာဘိဝံသ၏ ဆုံးမစာများ

" အမရပူရမြို့. မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ အဆုံးအမ သံဝေဂလင်္ကာ "

_ ငါတို့နေရာ ဤကမ္ဘာ တဏှာ အုပ်စိုးသည် ။

_တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည် ။

_ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွာသွားရမည် ။

_တကယ့်အရေး တကယ့်ဘေး ၊ ဘယ်သွေးဘယ်သား မကယ်ပြီ ။

_ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ ။

_ဇရာမီးတောင် ကိုယ်လည်းလောင် သေအောင်မြိုက်တော့သည် ။

_ခဏမစဲ အိုစမြဲ ကိုယ်လည်းသေဘက်နီးခဲ့ပြီ ။

_မသေသေးခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်ပြီ ။

_ဒါန ၊ သီလ ၊ ဘာဝနာ လမ်းသာတွင်လိမ့်မည် ။

_မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည် ။ ။

ဩဝါဒ(၁၀)ဖြာ

၁။စိတ်ကောင်းရှိဖို့က ပထမ။

၂။ဝိနည်းလေးစားဖို့က ဒုတိယ။

၃။ကျမ္မာဖို့က တတိယ။

၄။သန့်ရှင့်ဖို့က စတုတ္ထ။

၅။အဝတ်အစားဝတ်တတ်ဖို့က ပဉ္စမ။

၆။အနေအထိုင်တတ်ဖို့က ဆဋ္ဌမ။

၇။အပြောအဆိုတတ်ဖို့က သတ္တမ။

၈။အသွားအလာတတ်ဖို့က အဋ္ဌမ။

၉။စည်းကမ်းလိုက်နာဖို့က နဝမ။

၁၀။စာတတ်ဖို့က ဒသမ။

* မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ *
🙏🙏🙏

20/08/2022

တကယ့် Python Ebook 10 အုပ်
--------------------------------------------------

Python ကို မိမိဖာသာ အခြေအနေတစ်ခုသို့ ရောက်အောင်လေ့လာလိုသူများအတွက် အောက်ပါ စာအုပ် ၁၀ အုပ် ကို သိမ်းထားနိုင်ပါတယ် ။
စာအုပ်များကို လေ့လာရင်း စာရေးဆရာများကို ကျွန်တော်တို့ နှစ်နှစ်ကာကာ ကျေးဇူးတင်ရပါမယ် ။
သူတို့ ရဲ့ စေတနာ ၊ အချိန်နဲ့ အားထုတ်မှုကို လေးစား အသိပြုသောအားဖြင့်လည်း စာအုပ်များကို ပြီးဆုံးသည်အထိ လေ့လာဖို့လည်း တိုက်တွန်းပါတယ် ။
စာအုပ်များ အားလုံးကို download ဆွဲပြီး နှစ်၁၀၀ သိမ်းထားစရာ မလိုဘဲ မိမိနဲ့ ကိုက်ညီတဲ့ တစ်အုပ် ၊ နှစ်အုပ်ကိုသာ အဆုံးထိ လေ့လာခြင်းက ပိုထိရောက်ပါတယ် ခင်ဗျ။

1. Automate the Boring Stuff with Python
Author: AL Sweigart ( with thanks and love )
မှ ရေးသားထားပါတယ် ။
Python Basic မှသည် Automating Task တွေအထိ ပါဝင်ပါတယ် ။
Python ကို သုံးပြီး Web Scraping, Excel Spreadsheet, PDF and Word Documents, CSV files, JSON data , Emailing, Texting Messages ,
Manipulating Images စတာတွေထိ အသေးစိတ်ပါဝင်ပါတယ် ။
Level : Beginners to Intermediate
For educational purpose:
https://drive.google.com/file/d/1pfGiYaR7j-q3XmU6aXuTBvNh0WDMwZcK/view?usp=sharing

2. Head First Python ( A brain friendly guide)

Author: Paul Barry ( with thanks and love )
Python Basic မှသည် Advanced အထိ စာမျက်နှာ 600 ကျော်ပါဝင်ပါတယ် ။
ထူးခြားတာက
မြှားတွေ ထိုးပြီး handwriting ပုံစံ ရှင်းပြထားတာကြောင့်
အမြင်တစ်မျိုးနဲ့ Python ကို လေ့လာနိုင်ပါတယ် ။
Level : Beginners to Advanced
For educational purposes
https://drive.google.com/file/d/1DAjHmeD9GJeaOOidyBjz_yYM2xZbUKwo/view?usp=sharing

3. Head First Learn to code ( A brain friendly guide )
Author: Eric Freeman ( with thanks and love )
Python မဟုတ်ဘဲ How to code ကို
Data Structures နဲ့ Algorithm တွေ တခြား Programming concept တွေကိုပဲ ရေးသားထားတာပါ။
အပေါ်က မြှားထိုးပြီး သင်ပေးတဲ့ Paul တို့နဲ့ အတူတူဖြစ်ပြီး
ပုံတွေ ၊စာတွေ၊ မြှားတွေနဲ့ သင်ကြားပေးတာကြောင့်
ထူးခြားတဲ့ ပုံစံတစ်မျိုးနဲ့ သင်ယူနိုင်ပါတယ် ။
Level : Beginners
For educational purposes
https://drive.google.com/file/d/1WSH*TlkXOtOinwPgvXro5pK0bhn7PkiV/view?usp=sharing

4. Coding Projects in Python
Penguin Random House ( with thanks and love ) မှ ထုတ်ဝေပါတယ် ။
ကလေးတွေ အတွက် ဖြစ်ပါတယ် ။
ဒါပေမယ့် လူကြီးတွေ အတွက် အင်မတန်မှ သင့်လျော်ပါတယ် ။
အသက် 12+ လို့ဆိုထားပေမယ့် Python Zero Background တွေ အတွက် တော်တော်ကို ထိရောက်တဲ့ စာအုပ်ပါ ။
Minecraft Style ကလေး theme တွေနဲ့ ကလေးလို ရှင်းပြထားတာက အရမ်း နားလည်လွယ်ပြီး ပျော်စရာကောင်းပါတယ် ။
Quiz တွေ ပါဝင်ပြီး အဖြေလည်း ဖော်ပြထားပါတယ် ။
လူကြီးရော ကလေးရော Python ဆိုတာ ‌မြွေလို့ထင်နေသေးတယ်ဆိုရင် ဒါ အသင့်လျော်ဆုံးပါ ။
Perfect book for every beginners ပါ
Level: Absolute Beginners
For educational purposes
https://drive.google.com/file/d/1r-_aYu76KiB-A-LAKoy3nHYfP16DQPim/view?usp=sharing

5. Invent your own computer games with Python
Author : Ai Sweigart ( with thanks and love )

Python ကို Game Development ပုံစံနဲ့ သင်ပေးတဲ့ စာအုပ်ပါ။
Basic to Advanced ကို concept တိုင်း Game တစ်ခုခု develop လုပ်ပြီး သင်ကြားပေးတဲ့ ပုံစံက လူငယ်တွေ
စွဲမက်စရာပါ ။
Python နဲ့ များပြားလှတဲ့ mini games တွေ ဖန်တီးနိုင်တယ် ဆိုတာ ဒီစာအုပ်က သက်သေပြမှာဖြစ်ပါတယ် ။
Game Development ကို စိတ်ဝင်စားတဲ့ Beginners တွေအတွက် အချစ်ဦးလို ဆွဲမက်စေပါတယ်။
Level :Beginners to Advanced
For educational purposes
https://drive.google.com/file/d/1egC4ogjflCjnLsuOpcX2zAZPt7BugVjm/view?usp=sharing

6. Making Games with Python and Pygame
Author : Ai Sweigart ( with thanks and love )

ဒါကတော့ Pygame Library ကို သုံးပြီး Video Games တွေ ဖန်တီးပေးမယ့် စာအုပ်ပါ။
အပေါ်က နံပါတ် ၅ စာအုပ်ကို ထုတ်ဝေသူကပဲ ထုတ်ဝေထားတာဖြစ်ပြီး နံပါတ် ၅ စာအုပ်ပြီးရင် ဒီ နံပါတ် ၆ ကို ဆက်လက်လေ့လာဖို့ အကြံပေးထားပါတယ်။
Game Development နဲ့ ပတ်သက်ပြီး အကြီးအကျယ် source code တွေနဲ့ ရှင်းပြထားပါတယ် ။
Level : Intermediate
For educational purposes
https://drive.google.com/file/d/1JB_I_xX-ULF5s3LulH5lQhPzNYhALDU3/view?usp=sharing

7.Learn Python in One Day
Author: Jamie Chan ( with thanks and love )

Python ကို တစ်ရက်တည်းအပြီး လေ့ကျင့်နိုင်တဲ့ စာအုပ်ပါ ။
စာမျက်နှာ 132 မျက်နှာသာပါဝင်ပြီး Python Basic နဲ့ Data Structures အချို့ပဲ ထည့်သွင်းထားပါဝာယ် ။
နာရီ အနည်းငယ်အချိန်ပေးရုံနဲ့ တကယ် တစ်အုပ်လုံးပြီးနိုင်တဲ့ ပုံစံနဲ့ ရှင်းပြထားပါတယ် ။
စာဖတ်အားကောင်းပြီး တစ်ထိုင်တည်း စာလုပ်တတ်သူများအတွက် သင့်လျော်ပါတယ်။
Level : Absolute Beginners
For educational purposes
https://drive.google.com/file/d/1N0JgqwcoHDleqclweESVcvQY8qY33m0M/view?usp=sharing

8. Python Crash Course ( Hand on Project Based)
Author Eric Matthes ( with thanks and love )

Python ကို Zero မှ Hero သို့ သင်ပေးနိုင်တဲ့ စာအုပ်ပါ ။
စာမျက်နှာ 500 ကျော်ပါဝင်ပြီး Advanced level ထိကို အသေးစိတ် ကျကျ သင်‌ကြားပေးပါတယ်။
Fundamentals မှ ပြီး OOP အပြင် တခြား advanced topic တွေကို တကယ် cool ဖြစ်တဲ့ project တွေ နဲ့အတူ သင်ကြားပေးသွားတာပါ။
Python ကို တကယ် စိတ်ဝင်စားတယ်ဆိုရင် လက်ထဲမှာ သူမ အစား ဘယ်သွားသွား သယ်ဆောင်သွားသင့်တဲ့ စာအုပ်ပါ ။
ဒီနေ့ Book Collection ထဲမှာ အပြည့်စုံဆုံးစာအုပ်ပဲ ဖြစ်ပါတယ် ။
Level : Absolute Beginners to Advanced
For educational purposes
https://drive.google.com/file/d/1JibEsgGejm76ISsGQbUgEdkCu6kC05FR/view?usp=sharing

9. Python for Kids
Author: Brendan Scott ( with thanks and love)

Kids ဆိုပေမယ့် Beginner အားလုံးအတွက် သင့်လျော်ပါတယ်။
ထူးခြားချက်ကတော့ ရိုးရှင်းပြီး ရှင်းရှင်းလင်းလင်းပုံစံ သင်ကြားမှုပါပဲ ။
Project 10 ခုပါဝင်ပြီး Computer Screenshot များနဲ့အတူ ရှင်းပြထားတာကြောင့် အမြန်ခရီးပေါက်မယ့် စာအုပ်ပဲဖြစ်ပါတယ် ။
Level : Absolute Beginners
For educational purposes
https://drive.google.com/file/d/1UJELlU2seIMjAYmizk2e6MPO9KoF1mjt/view?usp=sharing

10. Teach Your Kids to Code
Author: Bryson Payne ( with thanks and love)
ကလေးတွေ အတွက် Level တစ်ခုထိရောက်အောင် သင်ကြားပေးမယ့် စာအုပ်ပဲဖြစ်ပါတယ် ။
ကလေးတွေ အပြင် beginners တွေပါ လေ့လာဖို့ လွယ်ကူအောင် Computer Screenshot များဖြင့် သင်ကြားပေးထားပါတယ် ။
Level : Beginners
For educational purposes
https://drive.google.com/file/d/14KjqMNfMgss9X6WixqikpkELSuAPEODS/view?usp=sharing

- စာလုပ်ပါ Training

Address

Minbu Sagu Road
Magway
FORYOU

Website

Alerts

Be the first to know and let us send you an email when Minbu game & food & shopping group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Minbu game & food & shopping group:

Share