Eain Mat Grapher

Eain Mat Grapher ကယားပြည်နယ် အနှံလျှောက်လည်ကြမယ် ၊ မ?

ဒီဆိုင်လေး လွိုင်ကော်မှာ ပြန်ဖွင့် တယ်လို့ tt မှာတင်ထားတာတွေ့တယ် ဒီ ဆိုင်မှာ နေ့လည်စာ မကြာခဏထိုင်ဖြစ်တယ် နောင်ယားစျေးနဲ့...
16/03/2026

ဒီဆိုင်လေး လွိုင်ကော်မှာ ပြန်ဖွင့် တယ်လို့ tt မှာတင်ထားတာတွေ့တယ်

ဒီ ဆိုင်မှာ နေ့လည်စာ မကြာခဏထိုင်ဖြစ်တယ်
နောင်ယားစျေးနဲ့လည်း နီးနီးလေး
သူ့ဆိုင်က စျေးလည်းမများဘူး
ရိုးရာ အစားသောက်လည်း စုံတယ်။ ခေါင် ကယားဝက်အူချောင်း ၊ ခရုပြုတ် ကယန်းဆန်ပြုတ် အများကြီးပါ။

နေ့လည် စာလေး ပြန်သွားစားချင်ပါသေးတယ်။ ထိုင်ဖော် ထိုင်ဖက် တွေကိုလည်း သတိရပါတယ်။ တက္ကသိုလ်နဲ့လည်း နီး တော့ ကျောင်းသားတွေ လည််း အမှတ်ရစရာ​တွေ ရှိခဲ့မှာပဲ ။

ပြန်ရောက်ရင်တော့ သေချာပေါက်သွားစားရမယ်။
မစားရတာ ၂နှစ် လောက်ရှိသွားပြီ။

19/02/2026

လွိုင်ကော်ကို လွမ်းတဲ့အကြောင်း ai နဲ့ ဆိုခိုင်းကြည့်သောအခါ

01/02/2026

ဒီလိုညလေးတွေ ဘယ်တော့မှ ပြန်ရမလဲ

30/01/2026

ကျနော်တို့ မြို့လေး ဘယ်လောက်လှလဲ ပြပါမယ်

27/01/2026

ခုခေတ်ကလေးတွေ မသိနိုင်တော့တဲ့
တခါက လွိုင်ကော်မြို့

ဒီလိုအချိန် အိမ်မပြန်ချင်ဘူးပြောရင် ညာ ရာကြမှာပေါ့။ ဒီချိန် တွေဆို ငါ တို့  ဘယ်အဆိုတော်လာမလဲဆိုပြီး မျော်ကြ လက်မှတ်အလကား...
11/01/2026

ဒီလိုအချိန် အိမ်မပြန်ချင်ဘူးပြောရင် ညာ ရာကြမှာပေါ့။ ဒီချိန် တွေဆို ငါ တို့ ဘယ်အဆိုတော်လာမလဲဆိုပြီး မျော်ကြ လက်မှတ်အလကား ရနိုင်မယ့်နည်းရှာကြ ။ နောက်ဆုံး မရ လည်း ဒုတိယ အပိုင်းမှ ဝင်ရုံပေါ့။ ဘယ်ခေါင်ဆိုင်က ခရုပြုတ်ပိုကောင်းတယ် ။ ဆိုင်ကယ် ကို အလကား ဘယ်နားထားလို့ရတယ်။ အားလုံးစုံစမ်းထားပြီပြီ။ တခါမှ မရဖူးပေမဲ့ အရုပ်ရအောင် ပူဖောင်းတွေမြှားပစ်ပုံ ပစ်နည်းနဲ့ ဆိုင်ရှင်ရဲ့ ညစ်ပုံညစ်နည်းတွေ ကို ငါတို့ထိုင်ဆွေးနွေးကြ ။ ဘယ်ပြခန်းမှာ ဘာဆုတွေရမယ်။ ငါတို့ အသိဆုံးတွေပေါ့။ စုံတွဲ တွေနဲ့ မသွားဖြစ်အောင် အစီစဥ်ဆွဲရတာလည်း မအောင်မြင်ခဲ့ဖူးပေမဲ့ မဖြစ်မနေအစိတ်အပိုင်းပေါ့။ အတူ ကခဲ့ခုန်ခဲ့ သူတွေထဲက အချို့ ကကွယ်လွန်သွားရှာပြီ ။ ic လည်း မလာလောက်တော့ဘူး။ ငါလည်း မပြန်ဖြစ်လောက်သေးဘူး။ လူစုံစုံ လေး တခါလောက်ဖြစ်ဖြစ်ပေါ့ အဲ့ဒီ ကွင်းကြီးထဲ သွားချင်သေးတယ်လေး။

ပုံအဟောင်း

လေယဥ်ပျံတွေ အစား အဲ့ဒီတုန်းကလို မီးပုံပျံတွေ ဝဲနေရင် ဒီမြို့က လူတွေ ဘယ်လောက်ပျော်လိုက်ကြမလဲ အဲ့ဒီတုန်းက နေ့ရက်တွေကို မှတ...
30/12/2025

လေယဥ်ပျံတွေ အစား အဲ့ဒီတုန်းကလို မီးပုံပျံတွေ ဝဲနေရင် ဒီမြို့က လူတွေ ဘယ်လောက်ပျော်လိုက်ကြမလဲ

အဲ့ဒီတုန်းက နေ့ရက်တွေကို မှတ်မိ ကြသေးလား

လွန်ခဲ့တဲ့ ၁၃နှစ်ကပုံ

အဲ့ဒီတုန်းက ဒီအပင်လေးတွေကြောင့် ကန်၇ဆင့်က နာမည် ကြီးသွားသေးတယ် ။ တကယ်အပြင်မှာ မလှပါဘူး ဂျင်းလို့ ပြောသူတွေနဲ့ တကယ်လှပါတယ...
26/12/2025

အဲ့ဒီတုန်းက ဒီအပင်လေးတွေကြောင့် ကန်၇ဆင့်က နာမည် ကြီးသွားသေးတယ် ။ တကယ်အပြင်မှာ မလှပါဘူး ဂျင်းလို့ ပြောသူတွေနဲ့ တကယ်လှပါတယ် ပြောနေကြ သူတွေ လည်းရှိပေါ့။ သေချာ တာ တခုကတော့ ပြည်နယ်ရဲ့ အလှအပ တွေဆီ ပျော်ပျော်ပါးပါး လည်ပတ်ခွင့် ရခဲ့တာတော့ (ကျနော့်အတွက်) ဒါနောက်ဆုံး ဖြစ်ခဲ့မယ်တော့မသိခဲ့ ပါဘူး ။ အနာဂါတ်မှာတော့ ပိုလှပတဲ့ ပြည်နယ်ထဲက နေရာတွေ အများကြီးကို ထက်သိထားတာမို့ အခွင့်အရေးရရင် ထပ်ပြီးငြင်းခုန်ချင်ပါသေးတယ်။

ဒီလိုမှန်းသိရင် ၂၀၁၉ ကထဲက မနက် စောစော လမ်းထလျှောက်ခဲ့မှာပေါ့။ နာရီစဥ် ဆိုင်မှာ သူငယ်ချင်းတွေနဲ့ group photo တွေ ရိုက်ခဲ့...
20/12/2025

ဒီလိုမှန်းသိရင် ၂၀၁၉ ကထဲက
မနက် စောစော လမ်းထလျှောက်ခဲ့မှာပေါ့။

နာရီစဥ် ဆိုင်မှာ
သူငယ်ချင်းတွေနဲ့ group photo တွေ ရိုက်ခဲ့မှာပေါ့

"စောစောအိပ်လို့ စောစော ထလို့ စောစော လမ်းလျှောက်ကြပါစို့ " သီချင်းကို အကျယ်ကြီး
လိုက်ဆိုခဲ့မှာပေါ့

နောင်ယားစျေးကို အပတ်စဥ်လည်ခဲ့မှာပေါ့

မသိခဲ့လို့လေ
မသိခဲ့လို့

ကြားရသလောက်တော့ဘား တွေလည်းများလာသလိုယူနီဖောင်း တွေ နဲ့ ဘုရား တွေလည်းများလာတယ်တဲ့ပျော်နေသူလည်းရှိသလိုပြန်မလာနိုင်တဲ့ သူကိ...
19/12/2025

ကြားရသလောက်တော့

ဘား တွေလည်းများလာသလို
ယူနီဖောင်း တွေ နဲ့ ဘုရား တွေလည်းများလာတယ်တဲ့

ပျော်နေသူလည်းရှိသလို
ပြန်မလာနိုင်တဲ့ သူကိုမှ မျှော်နေသူတွေလည်းရှိတယ်တဲ့

မီးရောင်တွေကြား သီးချင်း ဆိုသူတွေရှိသလို
မီးပိတ်ပြီး တိတ်တိတ်လေး ငို နေသူလည်း ရှိတယ်တဲ့

သူခိုးတွေက သူဌေး ဖြစ်သွားပြီး
အရင် သူဌေးတွေက ခုဆို မရှိ ခိုးနိုး ပြန်အကြည့်ခံရတယ်တဲ့

မရောက်တာကြာတော့ ရာသီဥတုတွေ ပြောင်းလဲကုန်ပြီပဲ
02/12/2025

မရောက်တာကြာတော့ ရာသီဥတုတွေ ပြောင်းလဲကုန်ပြီပဲ

"ကွဲအက်နေတဲ့မြို့"မြို့လေးဟာ လမ်းမီးလေးတွေ လင်းနေပြီးလမ်းကလေးက ပျောက်နေရှာသတဲ့အိမ်ပြန်ချင်တဲ့ သူတွေရယ်အိမ်မရှိတော့တဲ့ သူ...
23/11/2025

"ကွဲအက်နေတဲ့မြို့"

မြို့လေးဟာ
လမ်းမီးလေးတွေ လင်းနေပြီး
လမ်းကလေးက ပျောက်နေရှာသတဲ့

အိမ်ပြန်ချင်တဲ့ သူတွေရယ်
အိမ်မရှိတော့တဲ့ သူတွေရယ်
ပြန်လာမယ့်သူကို မျှော်နေတဲ့ အိမ်တွေရယ်
ပြန်လာမယ့်သူ မရှိတော့တဲ့ အိမ်လေးတွေရယ်

ပျော်နေတဲ့ သူတွေ
လက်သီးဆုပ် အံကြိတ် ငိုနေရသူတွေ
မြို့လေးကရော ပျော်ပျော်ကြီး ငိုနေမလား
ငိုငိုပြီး ပျော်နေမလား

ကွဲနေတဲ့ တောင် တစ်ခုကို တကူးတက ကြည့်ကြသလို
ကွဲနေတဲ့ အသဲတွေ
မိသားစုတွေ
ချစ်သူတွေကို
တစ်ချက်လောက်လေး ငဲ့ကြည့်မယ် ဆိုရင်လေ

Address

Loikaw

Telephone

+959260756570

Website

Alerts

Be the first to know and let us send you an email when Eain Mat Grapher posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Eain Mat Grapher:

Share