ZOT Entertainment
ZOT Entertainment creating online funny content videos. Informational videos. Reliable story-line with commercial video
(351)
အဖွဲ့မှ နှုတ်ထွက်ပြီးသွားသည်ကို အများသိ ‌ေစရန် ကြေငြာခြင်းပါ။(post က ပျက်နိုင်ခြေရှိလို ss လေးတွေ ကြို ဖမ်းထားလို့ ရတယ်န...
24/03/2026
အဖွဲ့မှ နှုတ်ထွက်ပြီးသွားသည်ကို အများသိ ‌ေစရန် ကြေငြာခြင်းပါ။
(post က ပျက်နိုင်ခြေရှိလို ss လေးတွေ ကြို ဖမ်းထားလို့ ရတယ်နော် ဟဲဟဲဟဲ.......)
အမှန်က ကိုယ့်ဘာသာကိုယ် ပဒက်ဖြစ်နေတာ ကြာပါပြီ။ ဒီကာလ မှ သတိရလို့ page လေးကို စနည်းနာကြည့်လိုက်တာ video တွေ မလာ တော့ဘူးလား အာဏာသိမ်းပြီးကတည်းက ပျောက်သွားတယ် ဘာညာ မေးကြတာတွေ့ရလို့ လာရှင်းပြတာပါ။
ကျွန်တော် အမောင်ရဝေ သည် ဒီ ZOT Entertainment ရဲ့ former founder တစ်ဦးလဲဖြစ်သလို ဒီ page မှာ တင်တဲ့ content တွေရဲ့ 85% က ကိုယ်တိုင် script ရေး directing လုပ်ခဲ့သူတစ်ဦးပါ။ 2021 စစ် ခွေးတွေ အာဏာသိမ်းပြီး နောက်ပိုင်း ဆန္ဒပြ UG လုပ်ရင်းနဲ့က နောက်ဆုံး လက်နက်ကိုင် တော်လှန်ရေး လုပ်လာခဲ့တာ ယနေ့ထိပါပဲ။ ဆိုတော့ကာ main source ဖြစ်တဲ့ ကျွန် တော်ဟာ တော်လှန်ရေး လမ်းကို ရွေးလိုက်တဲ့ အတွက် page မှာ content တွေရပ်သွားတာပါ။ ဒါက တစ်ချက်။
နောက်တစ်ချက်က တော့ နှုတ်ထွက်ရတဲ့ အကြောင်းပါ။ အဖွဲ့မှာက လူစူံပါတယ် အာဏာစသိမ်းကတည်းက တိတ်ဆိတ်ငြိမ်သက်သွားတဲ့သူတွေပါတယ်။ ဟေးဟားနဲ့ ဒီဇိုင်းတွေ ပါဖောမင့်တွေနဲ့ ပျော်ပျော်ကြီး ဆန္ဒပြခဲ့ပြီး စစ်ခွေးတွေ ကျ_ည်တစ်ချက်လောက် ဖောက်လိုက်တာနဲ့ ကြက်ပျောက်ငှက်‌ပျောက် ပျောက်ကုန်တဲ့သူ တွေလဲပါတယ်။ ဘောမနဲ့ မြေးမြစ်တီတွတ် အမျိုးတော်တဲ့သူတွေလဲပါတယ်။ တလရကို ကူမနေတော့ပဲ နေသာသလို နံနံခြားမှာ နေနေတဲ့သူတွေလဲပါတယ်။ မြန်မာဘီယာတို့ ဘစိုင်းတို့ ဟန်နေသာတို့ အစရှိတဲ့ ဘောမ/BC တွေကို ကြိတ်အားပေးနေတဲ့သူ တွေလဲပါတယ်။ ရုပ်ရှင်ရုံတွေ ခိုးသွားပြီး ဟိုမြန်မာကား အောင်မြင်ပါစေ ဘာညာဆုတောင်း နေတဲ့သူတွေလဲပါတယ်။ တနိုင်ငံလုံး လူမျိုး၊ဘာသာ၊ ကလေး လူကြီး မရွေး စစ်ခွေ_းတွေ ဗုံ_းကြဲလို့ နေ့ တိုင်း လူတွေ Tay နေပေမယ့် ကိုယ့် ပါစင်နယ် အီမိုးရှင်းသာ
ကမ္ဘာ့အကြီးဆုံး ပြဿနာပါလို့မှတ်ယူပြီး ပြိုလဲခွေယိုင်နေပြနေတဲ့ ရေပေါ်ဆီတွေလဲပါတယ်။ ကမ္ဘာပတ်ပြီး စတိတ်ရှိုး အီးဒီအမ်ပွဲ ပတ်သွားနေတဲ့သူ တွေလဲပါတယ်။
တလရဘက်မှာရှိနေပေသော်ငြား မြေပြင်က အကူညီ တောင်းတဲ့အခါ (ငွေကြေးမဟုတ်၊ သူတို့အနေနဲ့လုပ်နိုင်လောက်တဲ့ အပိုင်းကိုပဲ အကူညီတောင်းတာ) အလုပ်ဖြစ် မြောက်ဖို့ထက် နောက်ပြန်ဆွဲအောင် လုပ်နေတဲ့သူတွေလဲပါတယ်။ ဒီလူတွေက တလရကို ဘယ်သူမှမသိ အောင် bond ဝယ် စာချုပ်ဝယ် လေလံဝယ်ပြီး နောက်ကွယ်မှာ အကြီးကြီး ကြိတ်ကူနေရင်တာ့ မပြောတတ်ဘူးပေါ့နော် :3
ပြီးတော့ ခုချိန်ထိ တောထဲ ရောက်မလာ ပေမယ် တလရကို ကိုယ်နိုင်တဲ့ ဘက်က ရအောင် ကူညီနေတဲ့သူလဲပါတယ်။ အမှန်က ဒီ post တင်တာ ဒကောင့်သား မြှောက် ပေးတာ ကြောင့်လဲပါတယ်။ :3
ဆိုတော့အချိန်တန်လာရင်တော့ ဘယ်သူက ဘာကောင်လဲဆိုတာ ကွဲကွဲပြားပြားသိရမယ်ဆိုပေမယ့်လဲ ကျွန်တော်က တော့ လုပ်ရမယ့် ကိစ္စ တွေ များလွန်းလို့ အာရုံ အနောက်ခံပြီး မင်းက တလရကို ဘယ်လယ်ဗယ်ထိ ကူလို့
မင်းနဲ့ အများ ကြီးပေါင်းမယ် မင်းကို တော့ နည်းနည်းပဲ ပေါင်းမယ် မင်းကို တော့ မပေါင်းဘူး ဆိုတာမျိုးလုပ်မ နေတော့ပဲ ကိုယ့်ကိုယ်ကိုပဲ အဖွဲ့ကနေ ထုတ်လိုက်ပါ တော့တယ်။
ကျွန် တော့်ရဲ့ creation တွေကို သဘောကျရင်တော့ တလရ ဘက်က content တွေကို စိတ်ဝင်းတစား စောင့်ကြည့် ပေးပါ တွေ့လာပါလိမ့်မယ်။ အရင်လို equipment တွေ မရှိလို့ မြေပြင်မှာ ရှိတာနဲ့ ဖန်တီးကတာဆိုတော့ quality လေး a little ကျရင် ခွင့်လွှတ်။ 😘
လော လောဆယ် တော့ ကျွန်တော်လက်ရှိ တာဝန်ထမ်း ဆောင် နေတဲ့ တပ်ရင်းမှာ ကမ်ပိန်းတစ်ခု လုပ်နေပါတယ်။ ပါဝင်ကူညီ ထောက်ပံ ပေးသွား ‌‌‌‌‌‌‌‌‌‌‌ကြဖို့ မေတ္တာရပ်ခံပါတယ်။ (ဘောမ တွေမပါ)
👇👇👇👇👇👇👇👇👇👇
https://www.facebook.com/share/p/1AxGr3n3tR/
အရေးတော်ပုံ အောင်ရမည် 💪💪💪
P.s - ကျွန်တော် အမောင် ရဝေ နဲ့ အမျိုးတော် နေလို့ ဆိုပြီးလဲ သက်ညှာ‌ ပေးဖို့ မလိုပါဘူးနော်။ တလရ သန္ဓေ မမှန်ရင် ကြိတ်သာကြိတ် အဟေးဟေး
ဒါ ကျွန်တော်အတွက် နောက်ဆုံး ပို့စ်ပါ နောက်လဲမလာဘူး လာလဲမနောက်တော့ဘူး။ ခိုးကြည့်နေတဲ့ ဆရာသမားတို့ removed admin လုပ်လို့ရတယ်နော့ :3
Coming is Something!Zot ခဏပြန်လာမည် 😜Photo - K2W
18/01/2021
Coming is Something!
Zot ခဏပြန်လာမည် 😜
Photo - K2W
01/01/2021
Happy New year ပါ ။ နည်းနည်းနောက်ကျသွားပါတယ်။
Something is slowly and steadily coming....   #ရုပ်ရှင်ဆင်ဆာမလိုအပ်ပါ
14/12/2020
Something is slowly and steadily coming....
#ရုပ်ရှင်ဆင်ဆာမလိုအပ်ပါ
06/11/2020
Covid ကာလ ရိုက်ပေါက်များ.....
Stay at home ကာလဖြစ်တဲ့အတွက် မန်ဘာတွေက သူတို့ အိမ်ကနေသူတို့ ဖုန်းနဲ့ ရိုက်ဖြစ်လို့ Quality မကောင်းခဲ့သည်ရှိသော် ဗွေမယူကြပါနဲ့။ ငိငိ
04/11/2020
ကိုဗစ်ကာလအတွင်းမှာ ကိုယ်ဝါသနာပါရာ တစ်စုံတစ်ခုကို ရှာဖွေ လေ့လာမှတ်သားသင့်ပါတယ်.. အဲ့လို လေ့လာလို့ရအောင် #ဖုန်းနဲ့ဓာတ်ပုံရိုက်ခြင်းအကြောင်း Video လေးရိုက်ထားပါတယ်.. Video ရိုက်လေ့ရိုက်ထမရှိတဲ့ Adminမို့ မှောင်ပြီး လိုင်းတွေဖြစ်နေတာတော့ ခွင့်လွှတ်ကြကုန်..
သီတင်းကျွတ် အခါသမယမှာ ချမ်းသာ ကိုယ်စိတ်မြဲကြပါစေ။
31/10/2020
သီတင်းကျွတ် အခါသမယမှာ ချမ်းသာ ကိုယ်စိတ်မြဲကြပါစေ။
Page နဲ့မဆိုင်ပေမယ် တစ်ချက်လောက်အချိန်ပေးပြီးဖတ်ပေးကြပါPe******ia ဆိုတာကတော့ အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ်မှာ လိင်စိတ်ဖေ...
24/10/2020
Page နဲ့မဆိုင်ပေမယ် တစ်ချက်လောက်အချိန်ပေးပြီးဖတ်ပေးကြပါ
Pe******ia ဆိုတာကတော့ အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ်မှာ လိင်စိတ်ဖောက်ပြန်တတ်တဲ့ စိတ်ရောဂါတမျိုးဖြစ်ပါတယ်
လက်ရှိမြန်မာပြည်မှာက pe******ia ဆိုတာ ဆိုးရွားတဲ့ အရာတခုဆိုတာကို မသိကြပဲ ပေါ့ပေါ့တန်တန်သဘောထားနေကြတာကို တွေ့ရပါတယ် (ဥပမာ -child po*******hy တွေကိုပါ မကောင်းတဲ့အဒရာအဖြစ် မမြင်တတ်ကြတာမျိုးပါ) ။အမေရိကန်နိုင်ငံရဲ့စစ်တမ်းတခုအရ နှစ်စဉ်ကလေး ၁သိ န်းကျော်ဟာ pe*****le တွေရဲ့သားကောင် ဘဝကိုကျရောက်နေတယ်လို့ဆိုပါတယ်။ စစ်တမ်းတွေအားနည်းတဲ့ ကျွန်တော်တို့နိုင်ငံမှာတောင် ကလေးတွေကို ပထွေးက (သို့မဟုတ် ) ဖခင်အရင်းက မုဒိန်းကျင့်လို့ ကိုယ်ဝန်ရသွားတယ် ဆိုတာမျိူးကို ရံဖန်ရံခါကြားရတတ်တာ အားလုံးအသိပဲဖြစ်ပါတယ်၊ ဒါဟာ လူ့အသိုင်းအဝိုင်းမှာ ပုန်းကွယ်နေတဲ့ pe*****leတွေပဲ ဖြစ်ပါတယ် ။
အခုခေတ်မှာတော့ ၊နည်းပညာတိုးတက်လာတာနဲ့အမျှ pe*****le တွေရဲ့ သားကောင်ရှာဖွေနည်းတွေကလည်း ပိုပြီးကျယ်ပြန့်လာပါတော့တယ်။ ဖုန်းတွေတွင်ကျယ်လာတဲ့နောက်မှာတော့ ၁၂၊ ၁၃ ၊ ၁၄ အရွယ်ကစပြီး social media သုံးတတ်လာတဲ့ ကလေးတွေကတော့ pe*****leတွေရဲ့ သားကောင်တွေဖြစ်မှန်းမသိဖြစ်လာပါတော့တယ်။ Pe*****le တွေဟာ Facebook တခွင်မှာ Page ထောင်ကာ စိတ်ကစားတတ်ခါစကလေးတွေ ကြွေစေလောက်မယ့် စာတွေကို၊ ကိုကြီး ၊ ဒယ်ဒီ အစရှိတဲ့ အသုံးအနှုန်းတွေကို အသုံးပြုကာ ရေးသားပြီး chatboxကိုဖိတ်ခေါ်နေတာတွေကို တွေ့ရှိရပါတယ်။ အဆိုပါpageတွေရဲ့ရေးသားချက်တွေမှာ page adminတွေက ကလေးတွေကို လိင်စိတ်တိမ်းညွတ်တတ်တဲ့ pe*****leတွေ ဖြစ်ကြောင်းကို သိသိသာသာကြီးကို တွေ့မြင်ရပါတယ်။ အဆိုပါ page တွေကို အားပေးနေတဲ့ သူတို့ကိုယ်တိုင်က သားကောင်ဖြစ်မှန်းမသိဖြစ်နေတဲ့ ကလေးတွေဟာလည်း pe*****le တွေရဲ့ အပြောချိုချိုတွေအောက်မှာ နစ်မြောကာ pe*****leတွေဘက်က ကာကွယ်ပြောဆိုနေတာကို မြင်ရတာကလည်း ဝမ်းနည်းစရာကောင်းလှပါတယ် ။ ဒီလို လူ့အသိုင်းအဝိုင်းမှာ ပေါ်တင် လိင်စိတ်ဖောက်ပြန်ရဲတဲ့ pe*****leတွေကို မိဘတွေအနေနဲ့ သတိထားပြီး ကလေးတွေကို ကာကွယ်သင့်ပါပြီ။
ဥပဒေတွေအရတော့ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ pe*****le s*x offender တွေကို ထောင်ဒဏ် ၇နှဈကနေ ၁၀နှစ်ထိ ချမှတ်လေ့ရှိပါတယ်
ထောင်ကလွတ်ခဲ့ရင်လည်း registered s*x offenderစာရင်းထဲ အထည့်ခံရပြီး ကလေးတွေရှိမယ့်နေရာတွေကို သွားလာခြင်းပိတ်ပင်ခံရပါတယ်
ပြစ်မှုပြင်းထန်ခဲ့ရင်တော့ ထောင်ဒဏ်တသက်တကျွန်းထိ ချမှတ်လေ့ရှိကြောင်း ဖတ်ရှုမိပါတယ်။ ထောင်ထဲက pe*****leတွေရဲ့ ဘဝဟာလည်း အခြားထောင်သားတွေရဲ့ အသက်ရန်ရှာခြင်းကို အမြဲခံနေရလေ့ရှိပါတယ် (they get what they deserved) ။ အင်ဒိုနီးရှားနိုင်ငံမှာတော့ ဆေးထိုးပြီး လိင်စိတ်ကို ဖယ်ရှားပစ်တာ (သို့မဟုတ်) သေဒဏ်အထိပါ pe*****le s*x offender တွေကို ပြစ်ဒဏ်ချမှတ်လေ့ရှိပါတယ်။
မသိနားမလည်သေးတဲ့ကလေးတွေအပေါ်
လိင်စိတ်အမြတ်ထုတ်တတ်တဲ့ pe*****le s*x offenderတွေဟာ လူ့အသိုင်းအဝိုင်းကနေဖယ်ထုတ်ပစ်ရမယ့် အသားထဲကလောက်တွေ ဖြစ်လို့ ၊ သူတို့ကို အားလုံးပူးပေါင်းပြီး တိုက်ထုတ်ပစ်ဖို့ တိုက်တွန်းချင်ပါတယ် ။
Bro Aye Chan Aung
ပုံနဲ့စာကို ပေးပို့ပေးတဲ့ ကို Aye Chan Aung ကို ကျွနိတော်တို့ ZOT Entertainment မှ ကျေးဇူးအထူးတင်ရှိပါတယ်။
ဘာလို ဒီအကြောင်းအရာကို ခုမှ ကျွန်တော်တို့ page မှာ ကောက်ခါငင်ကာတင်ရတာလဲဆိုတော့ အောက်က ss မှာပါတဲ့ Eat me Daddy ဆိုသည့် page လဲ Pe******ia ဆန်ဆန် အရေးအသားတွေကို ss ​တွေ မှာပြထားတဲ့အတိုင်း တွေ့ရမှာပါ။ အခုတော့ အဲ့ page က ကျွန်တော်တို့ရဲ့ မိတ်ဆွေများရဲ့ အားထုတ်မှုကြောင့် unpublish လုပ်ထားလိုက်ရပါပြီ။ ဒါပေမယ့် နောက်ဆုံး ss မှာပြထားတဲ့ အကောင့်တစ်ခု back up ဖွင့်ထားတယ်လို့သိရပါတယ်။
စိတ်မကောင်းစရာကတော့ ကလေးမငယ်လေးတော်တော်များများက အဲ့လို page တွေဘက် ကာကွယ်ပြောဆိုပေးနေတာကိုပဲဖြစ်ပါတယ်။ မိတ်ဆွေတို့လဲ အဲ့လို အလားတူ page မျိုး account မျိုးတွေ့လာပါက comment box မှာပြထားတဲ့ ကျွန်တော်တို့ မိတ်တွေတွေရဲ့ Myanmar P.Do awareness gp ကို လာရောက်ပြောကြားလို့ရပါတယ်ခင်ဗျာ။
******ia_is_not_for_fun
zotentertainment
06/10/2020
Covid ကာလ မှာ Camera နဲ့ ​သေချာ ရိုက်လို့ရတဲ့ အပိုင်း​တွေ ရှိသလို ခုလို ဖုန်းနဲ့ရိုက်တဲ့ video အတို​လေး ​​တွေကိုလဲ activity
မပျက်အောင် တင်​ပေးပါမယ်။ ကဏ္ဍ တစ်ခု အ​နေနဲ့​ပေါ့။camera နဲ့ ​သေ​သေချာချာရိုက်ကူးထားတဲ့ video ​တွေကိုလဲ အလျင်းသင့်ရင်သင့်သလို တင်​ပေးပါ့မယ် ခင်ဗျာ။ 😊😊😊
03/10/2020
ကယ် stayhome ရင်း ပျင်း​နေမှာ စိုးလို့ Tiktok လာကြည့် 😅
23/09/2020
ညည်းတို့ကတော့ အားကြီးနဲ့တင်တာပဲ ကွီးတို့ကလဲ ကွီးတို့ဖုန်းရဲ့ အသံကို ever ပိတ်ထားတာဆိုတော့ ကြည့်လိုက်တိုင်း ဒီတိုင်းကြီးပဲ မြင်ရတာပဲ။ :-P
Address
Lewe
Website
Alerts
Be the first to know and let us send you an email when ZOT Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share
Ours Story
ZOT Entertainment is an entertaining production Group and organized by the professional Video Editor , Cinematographer, Audio Engineer and many Actors since 2016. The Original founders are Ya Wai, Sane and Kaung Kyaw Win. We produce and publish the Funny Short Films and also give the variety services for production of Commercial Videos, TV Program, MTV, Documentary and etc.
  • Our Purpose is to become the quality and the most successful Film Production Organization