ZEST Gaming

ZEST Gaming welcome to zest gaming

☺️
23/12/2021

☺️

အဆင်မပြေမှန်းသိရက်နဲ့ ထားခဲ့ပြီးမှ`` အဆင်ပြေအောင်နေပါ ´´ဆိုတဲ့ စိုးရိမ်သယောင်စကားတွေ ကျွန်တော့်ကို မပြောပါနဲ့ ပစ်ထားခဲ့ပ...
17/10/2021

အဆင်မပြေမှန်းသိရက်နဲ့ ထားခဲ့ပြီးမှ
`` အဆင်ပြေအောင်နေပါ ´´ဆိုတဲ့
စိုးရိမ်သယောင်စကားတွေ ကျွန်တော့်ကို မပြောပါနဲ့

ပစ်ထားခဲ့ပြီးမှ ကျွန်တော့်စိတ်ကို ထင်ရောင်ထင်မှား ဖြစ်စေမယ့် အပြုအမူတွေမလုပ်ပါနဲ့

ခဗျားကျွန်တော့်အပေါ်မှာ ခံစားချက်တွေကျန်နေသေးတယ်လို့ ဇဝေဇဝါဖြစ်စေမယ့် အရာတွေကိုမလုပ်ပါနဲ့

ထွက်သွားပြီးမှတော့ ဝေးရာကိုဘဲပြေးပါ
ခဗျားသတ်ခဲ့တဲ့လူ သေလား ရှင်လား သိချင်ရုံ သဘောနဲ့တော့ ကျွန်တော့်နားမှာ ဝေ့လည်မနေပါနဲ့

ကျွန်တော့်စိတ်တွေကို ရှုပ်ထွေးအောင်မလုပ်ပါနဲ့ နာကျင်ရမှန်းသိရက်နဲ့ နောက်တစ်ကြိမ် ချောက်ထဲခုန်ချချင်အောင်မလုပ်ပါနဲ့

ကျွန်တော့်လည်း ကျွန်တော့်ဘဝကို လျှောက်လှမ်းရဦးမည်မို့
ခဗျားကို သံသယကင်းကင်းနဲ့ မုန်းလိုက်ချင်ပါတယ် နာကျည်းလိုက်ချင်ပါတယ်

ပြန်လာလိုက် ထွက်သွားလိုက် ချစ်ပြလိုက် ပစ်ချလိုက် ခဗျားစိတ်အလိုအတိုင်းလုပ်နေတာတွေကို လုံလုံလောက်လောက်ခံခဲ့ပြီးပြီမို့

တောင်းပန်ပါတယ် ကျွန်တော့်စိတ်လေးငြိမ်းချမ်းပါစေတော့ ။

🥺
17/10/2021

🥺

ပြောဖို့... ကြံရွယ်ပြီးမှ

ဘာမှ မဟုတ်ပါဘူးဆိုတဲ့ စကားနဲ့
အဆုံးသတ်လိုက်ရတယ်

မြိုသိပ်လိုက်ရတာ ဘာမှ မဖြစ်ပါဘူး
ကိုယ့်ကြောင့်
အဆင်မပြေဖြစ်သွားမှာပဲ
စိတ်ပူတာပါ ။

#သျှင်ယွန်း

တတ်နိုင်တာထက်ပိုပြီး အားလုံး​ပေးခဲ့ခြင်းပါ ​​ပေးနိုင်သမျှအချစ်​တွေ အားလုံးလည်း​ပေးခဲ့ပြီး တတ်နိုင်တာထက်ပိုတဲ့ နားလည်​မှု...
17/10/2021

တတ်နိုင်တာထက်ပိုပြီး အားလုံး​ပေးခဲ့ခြင်းပါ

​​ပေးနိုင်သမျှအချစ်​တွေ အားလုံးလည်း​ပေးခဲ့ပြီး
တတ်နိုင်တာထက်ပိုတဲ့ နားလည်​မှု​တွေလည်းပေးခဲ့ပါတယ်

ဆွဲနိုင်သ​လောက်လည်း အခါခါ ဆွဲထားခဲ့ပြီး
ခွင့်လွှတ်​​ပေးခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ

ဒီထက်ပိုပြီး ကျွန်​တော် ဘာမှမတတ်နိုင်​တော့တာမို့ လက်လွှတ်လိုက်ခြင်းမျိုးပါ
အလိုမရှိ​​တော့မှန်းသိတဲ့အခါ ကိုယ့်​ခြေ​ထောက်နဲ့ကိုယ် ထွက်လာခြင်းမျိုး​ပါပဲ

​ပေးနိုင်သမျှ တကယ်အစွမ်းကုန်​​ပေးခဲ့ခြင်းဖြစ်လို့
ဒီခွဲခွာခြင်းအတွက် ကျွန်​တော်က​တော့ ​နောင်တမရပါဘူး

အခုချိန်မှာ ကျွန်​တော်ငိုရင်ငိုရပါလိမ့်မယ် ​
ခင်ဗျားကို သေမတတ်လွမ်းရင်လည်း လွမ်း​နေပါလိမ့်မယ်

ဒါ​ပေမဲ့ အချိန်တစ်ခု​ရောက်တဲ့အခါ​ နောင်တ​တွေနဲ့
ကျန်ခဲ့မယ့်သူက ခင်ဗျားပါပဲ

ခင်ဗျားကို ကျွန်​တော်သိပ်​ကောင်းခဲ့​ကြောင်း နားလည်လာတဲ့အခါမျိုးမှာ​လေ ကျွန်​တော့်ထက်ပို​ကောင်းနိုင်တဲ့လူ ရှာလို့မ​တွေ့​တော့တဲ့အခါမျိုးဖြစ်ဖြစ်​ပေါ့ ။

17/10/2021

သူက မင်းကို

ပြစ်ထားတယ်မလား🥺

Address

Lashio
HELLO

Alerts

Be the first to know and let us send you an email when ZEST Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share