Logo Design & Kit Seller

Logo Design &  Kit Seller Customer စိတ်တိုင်းကျ logo များကို အချိန်တိုတိုအတွင်းရအောင် စနစ်တကျပြုလုပ်ပေးပါသည်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး။ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ။ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်။ငါ့မိသား...
09/06/2023

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး။
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ။

ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်။

ငါ့မိသားစုမှာ
မိုးယိုပေါက်လေးတစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ။

ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ။

မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ။
မဝင်တဲ့ဂိုးတွေက ငါသွင်းခဲ့တာ။

_စိုင်းဝင်းမြင့်

ဒီပုံကိုမြင်လိုက်ရတာ အရမ်းတန်ဖိုးရှိတယ်😍😍📚📚📚📚📚📚📚📚📚📚📚📚ယနေ့ခေတ် မိဘတွေကိုမီးမောင်းထိုးပြနေတာပါ။ဟိုအရင်တုန်းက ဖုန်းတွေကမပေါ...
09/06/2023

ဒီပုံကိုမြင်လိုက်ရတာ အရမ်းတန်ဖိုးရှိတယ်😍😍
📚📚📚📚📚📚📚📚📚📚📚📚

ယနေ့ခေတ် မိဘတွေကို
မီးမောင်းထိုးပြနေတာပါ။
ဟိုအရင်တုန်းက ဖုန်းတွေကမပေါ်သေး
TVတွေကလည်း မတွေ့ဘူးသေး
Game တွေကိုမကြားဘူးသေးတော့
ကလေးတွေက စာဖတ်ဖြစ်ကြတယ်
စာဖတ်ချိန်တွေ ပိုများလာတယ်။

စာကြည့်တိုက်တွေ မှာလည်း ကလေးတွေ
စာဖတ်ဖြစ်ကြတယ်။ အိမ်မှာလဲ မိဘတွေက
ကာတွန်းစာအုပ်တွေ ဂျာနယ်တွေ ပုံပြင်စာအုပ်တွေ
ကိုဝယ်ပေးကြတော့ ကလေးတွေက စာဖတ်ဖြစ်ကြတာပေါ့။
အသိပညာ ဗဟုသုတတွေ တိုးပွားလာတာပေါ့။

အသိတရားတွေ တိုးပွားလာတော့
မိဘစကား ဆရာ/ဆရာမ စကားတွေကို နာထောင်ကြတယ်
အမှား အမှန် အဆိုး အကောင်း တွေကိုခွဲခြားသိမြင်လာတယ်
ကိုယ်ချင်းစာတရာတွေ
တစ်ပါးသူအပေါ်စာနာတတ်မှုတွေ

တစ်ကိုယ်ကောင်းမဆန် သင့်ဘူး
တစ်ကိုယ်ကောင်းဆန်ခြင်းဟာ လုံဝမကောင်းဘူး
စတဲ့ အရေးကြီးတဲ့ အရာတွေကို
စာဖတ်ခြင်းဖြင့် သိလာကြတယ်။
ယနေ့ခေတ် လက်ရှိမှာတော့ နည်းပညာတွေ

တိုးတတ်လာ ကြတယ်။ အခုလိုတိုးတတ်လာခြင်းဟာ
အကောင်းတွေဖြစ်စေတဲ့ ကောင်းကျိုးတွေဖြစ်စေသလို
တစ်ဖက်မှာလည် အဆိုးတွေဖြစ်စေတဲ့
ဆိုးကျိုးတွေဖြစ်လာပါတယ်။ လောကမှာ အမှားနဲ့အမှန်
အကောင်းနဲ့အဆိုး တွေဟာအမြဲဒွန်တွဲ
လျက်ရှိတယ်ဆိုတာ လက်ခံရမှာပါ။

IT(Information Technology)
သတင်းအချက်အလက်နည်းပညာ
တွေဟာ လူငယ်တွေလက်လှမ်မီ လာကြတယ်။
လူတိုင်ရဲ့လက်ထဲးမှာ ဖုန်း(smart phone)

တွေကိုင်နိုင်လာကြတယ်။TV တွေလည်း
တစ်အိမ်ကို တစ်လုံဖြစ်လာကြတယ်။
Game (ဂိမ်း) တွေကလည်း အစုံအလင် ထွက်ရှိနေတယ်။
ကလေးတွေကလည်း စာဖတ်ဖို့စိတ်ကူး မရှိကြတော့ဘူး။

ကျောင်းတတ်ရမှာလည်း ပျင်းလာကြတယ်။
နောက်ပိုင်းကြာလာတော့ Game (ဂိမ်း) စွဲလမ်းခြင်း
ဆိုတဲ့ရောဂါတွေ မျက်စိမှုန်တာတွေ မှတ်ဉာဏ်အာရုံ
ချို့ယွင်းမှုတွေ အစရှိသဖြင့် ဆိုးကျိုးတွေဖြစ်လာတယ်။

တန်ရင်ဆေး လွန်ရင်ဘေး ပေါ့ဗျာ။
စာဖတ်ခြင်းမရှိတော့ စိတ်ဓာတ်တွေ ဆိုးရွားလာတယ်
မိဘ/ဆရာ တွေရဲ့ စကားတွေကိုနားမထောင်တော့ပဲ
ပြန်ခံပြော တတ်လာတယ်။ ရန်ဖြစ်တတ်လာတယ်

လူကြီးတွေကို ရိုသေလေးစားမှုတွေ ကင်းမဲ့လာကြတယ်။
အသိတရားတွေ နည်းလာကြတော့ ကိုယ်ကျင့်တရာတွေ
စောင့်ထိန်းမှု မရှိကြတော့ဘူးပေါ့။

ဒါကြောင့် သင်တို့ရဲ့ ရင်သွေးတွေကို ဒီပုံလေးထဲကလို့ ပညာအမွေတွေပေးပြီး
စာများများဖတ်ချင်အောင် ပြု့စုပျိုးထောင်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။

ဖုန်းသုံးပြီး စာတွေရှာဖတ်လို့လည်းရပါတယ်

Credit မူရင်း

မျိုးဆက်သစ်ကို လက်ဆင့်မကမ်းပါနှင့်။ မေတ္တာတရားနှင့် ကြီးပြင်းပါစေ။ ဆုံးမမှုသည် စိတ်ဒဏ်ရာရလောက်အောင် ပြင်းထန်လျှင် စေတနာမ...
09/06/2023

မျိုးဆက်သစ်ကို လက်ဆင့်မကမ်းပါနှင့်။
မေတ္တာတရားနှင့် ကြီးပြင်းပါစေ။
ဆုံးမမှုသည် စိတ်ဒဏ်ရာရလောက်အောင် ပြင်းထန်လျှင်
စေတနာမှ ဝေဒနာဖြစ်တတ်ပါသည်။

နောင်မျိုးဆက်ကို
positive thinking နဲ့ ကြီးပြင်းစေချင်ပါတယ်



Credit မူရင်း
Dr Kyaw Shein

01/06/2023

logo free ဆွဲလို့ရမယ့် website နှစ်ခု

01/06/2023

How is a logo different from branding?

သင့်အမှတ်တံဆိပ်သည် သင့်ကုမ္ပဏီနှင့်ပတ်သက်သော လူအများ၏ ခံယူချက်အစုအဝေးဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် သင့်ကုမ္ပဏီသည် ဖောက်သည်အပေါ်ထားခဲ့သော ကြီးမားသောပုံရိပ်ထင်မြင်ယူဆချက်အဖြစ် ယူဆနိုင်သည်။ သင့်ကြော်ငြာများ၊ ကြော်ငြာများ၊ ဖောက်သည်ဝန်ဆောင်မှုနှင့် ဟုတ်ကဲ့ သင့်လိုဂိုကဲ့သို့သော အရာများစွာဖြင့် ဤဆွဲဆောင်မှုကို ချန်ထားနိုင်သည်။

မှန်ပါသည်၊ သင့်လိုဂိုသည် သင့်အမှတ်တံဆိပ်တစ်ခု၏ အစိတ်အပိုင်းဖြစ်သည် (အခြားနည်းလမ်းမဟုတ်)။ ဥပမာအားဖြင့်၊ Apple လိုဂိုသည် အထင်ကရဖြစ်ပြီး ချက်ချင်းမှတ်မိနိုင်သော်လည်း ၎င်းသည် ၎င်း၏ကြော့ရှင်းသော၊ အသုံးပြုရလွယ်ကူပြီး ဝယ်ယူသူဖော်ရွေသောအမှတ်တံဆိပ်ကို ဖန်တီးပေးသည့်တစ်ခုတည်းသောအရာမဟုတ်ပါ။ ယင်းအရည်အသွေးများကို ကြော်ငြာဘုတ်ကြော်ငြာများ၊ ကြော်ငြာများ၊ ဝဘ်ဒီဇိုင်းနှင့် ဆိုင်အပြင်အဆင်များတွင် ၎င်းတို့၏ ဒီဇိုင်းရွေးချယ်မှုများမှတစ်ဆင့် ဖော်ပြသည်။ လိုဂိုသည် ထိုအရာများနှင့် အမြင်အာရုံ ဆက်စပ်မှုကို ရိုးရှင်းစွာ ထိန်းထားသည်။ ထို့အပြင် ၎င်းကို ရင်ဆိုင်ကြပါစို့၊ Apple သည် အလွန်ချစ်စရာကောင်းသော၊ တစ်စိတ်တစ်ပိုင်းစားထားသော Apple မရှိလျှင် တူညီမည်မဟုတ်ပေ။

What is a logo?လိုဂိုသည် လုပ်ငန်းတစ်ခုအား ခွဲခြားသတ်မှတ်ပေးသည့် စာသားနှင့် ရုပ်ပုံများဖြင့် ဖွဲ့စည်းထားသည့် သင်္ကေတတစ်ခု...
01/06/2023

What is a logo?

လိုဂိုသည် လုပ်ငန်းတစ်ခုအား ခွဲခြားသတ်မှတ်ပေးသည့် စာသားနှင့် ရုပ်ပုံများဖြင့် ဖွဲ့စည်းထားသည့် သင်္ကေတတစ်ခုဖြစ်သည်။ ကောင်းမွန်သော လိုဂိုတစ်ခုသည် ကုမ္ပဏီတစ်ခု၏ လုပ်ဆောင်ချက်နှင့် အမှတ်တံဆိပ်တန်ဖိုးများကို ဖော်ပြသည်။

Logo ဒီဇိုင်းသည် ကုမ္ပဏီတစ်ခုအတွက် ပြီးပြည့်စုံသော အမြင်အာရုံအမှတ်တံဆိပ်ကို ဖန်တီးခြင်းနှင့် ပတ်သက်သည်။ အမျိုးအစားပေါ်မူတည်၍ လိုဂိုတစ်ခုသည် အများအားဖြင့် အမှတ်အသား သို့မဟုတ် အမှတ်တံဆိပ်တစ်ခုနှင့် လိုဂိုအမျိုးအစား၊ တံဆိပ်တစ်ခုနှင့်အတူ ပါဝင်ပါသည်။

logo / coverတစ်ခါဆွဲ 4000 ပါခင်ဗျာ🌸လူကြီးမင်းတို့ရဲ့ လုပ်ငန်းများအတွက် ✨နံပါတ်တစ် အရေးပါ တန်ဖိုး​ ကြီး​တဲ့ Logo Design မ...
01/06/2023

logo / coverတစ်ခါဆွဲ 4000 ပါခင်ဗျာ

🌸လူကြီးမင်းတို့ရဲ့ လုပ်ငန်းများအတွက်

✨နံပါတ်တစ် အရေးပါ တန်ဖိုး​ ကြီး​တဲ့ Logo Design များကို စိတ်တိုင်းကျ ဖြစ်ဖို့အတွက်

မင်မင်တို့ဆီမှာ အပ်နှံလိုက်ရုံနဲ့ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့

Logo လေးက်ို ပိုင်ဆိုင်နိုင်ပါပြီခင်ဗျာ

လူ​​ ကြီးမင်းတို့ရဲ့ Logoကို တခါမြင်ရုံနဲ့ ထင်းကနဲမှတ်မိစေဖို့

မင်မင်တို့မှ တာဝန်ယူပေးနေပါပီ

Online Market အတွက် မရှိမဖြစ် အသက်

တစ်ခုဖြစ်တဲ့

Logo လား? Cover လား? စိတ်ကြိုက် Design တွေကို ဆွဲပေးပါတယ်ဗျ🎈

Logo ရမဲ့ အချိန်လေးကတော့ ငွေလွဲဝင်ပြီး 24h အတွင်းပါဗျ🌺
customer စိတ်တိုင်းကျ အသေးစား ပြင်ဆင်ခွင့်ရှိတာမို့ စိတ်ကြိုက်Design မရမှာကို မပူပါနဲ့နော် 🥰

လုပ်ငန်း😘 နာမည်ပြောတာနဲ့ အကိုက်ဆုံး Design 😘

ဆွဲပေးသလို

😘ကာကာတို့ရဲ့ Idea လေးနဲ့လည်း

မင်မင်က ဆွဲပေးပါတယ်နော်😘

ဘယ်လိုဆွဲဆွဲ စိတ်ကြိုက်ဆွဲ 4000ကျပ် မို့ ကဲ….ချစ်

ရသော ကာကာတို့ရေ မြန်မြန်အပ်ဖို့ မမေ့ပါနဲ့နော်📞☎09690773290

Logo အမှတ်တံဆိပ်တစ်ခု ဆိုတာ လုပ်ငန်းစတင်ချိန်မှာ အချိန်ပေးပြီး  brand တစ်ခုအဖြစ်  ရေရှည်အသုံးပြုနိုင်အောင် သေချာရွေးချယ်...
01/06/2023

Logo အမှတ်တံဆိပ်တစ်ခု ဆိုတာ
လုပ်ငန်းစတင်ချိန်မှာ အချိန်ပေးပြီး
brand တစ်ခုအဖြစ် ရေရှည်အသုံးပြုနိုင်အောင်
သေချာရွေးချယ်သင့်သော
လုပ်ငန်းအတွက်အရေးကြီးသော
အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။

6. Combination markCombination ဆိုတဲ့အတိုင်း (word-mark သို့မဟုတ် letter-mark) နဲ့ (pictorial mark, abstract mark သို့မဟ...
31/05/2023

6. Combination mark

Combination ဆိုတဲ့အတိုင်း (word-mark သို့မဟုတ် letter-mark) နဲ့ (pictorial mark, abstract mark သို့မဟုတ် mascot) တွေကို ပောင်းစပ်ဖန်တီးခြင်းမျိုးဖြစ်တယ်။ အတိုပြောရရင် စာနဲ့ပုံ ပေါ့ဗျာ။

များသောအားဖြင့် ပုံအထဲ သို့မဟုတ် ပုံအပေါ်မှာ ထပ်၍ရေးကြပါတယ်။

လူသိများတဲ့ Burger King၊ Doritos (မြန်မာနိုင်ငံတွင်မရနိုင်သေး)၊ Lacoste, Lacoste ဆိုရင်စဉ်းစားကြည့်ပါ မိကျောင်းမပါဘဲ စာချည်းပဲဆိုရင် မှတ်မိရန် ခဲရင်းနိုင်ပါတယ်။ မိကျောင်းနဲ့ စာနဲ့ တွဲပေးလိုက်တော့ Lacoste လို့ပြောလိုက်တာနဲ့ မိကျောင်းစိမ်းစိမ်းလေးကို သွားသွားမြင်တယ်မဟုတ်လား။

Combination mark ကိုတော့ ဘယ် company အမျိုးအစားမဆို အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်လည်း combination mark logo အသုံးပြု company တွေအနှံ့အပြားတွေ့နိုင်ပါတယ်။

7. Emblem logo

နောက်ဆုံးအမျိုးစားကတော့ emblem ပဲဖြစ်ပါတယ်။ symbol တစ်ခုထဲအား နာမည်တစ်ခုခုကို အစီအရီ ထည့်သွင်းရေးဆွဲထားခြင်းမျိုးဖြစ်တယ်။ ဘောလုံးအသင်း logo၊ ကျောင်း logo တွေမှာတွေ့ရများပါတယ်။

Emblem အမျိုးအစား logo မျိုးကိုဆွဲဖို့စဉ်းစားနေပြီဆိုရင် symbol မှာပါမယ့်စာကို font အသေးမသုံးရပါဘူး။ ဘာလို့လဲဆိုတော့ logo တွေဟာတစ်ခါတစ်လေမှာသေးငယ်သွားနိုင်ပါတယ်။ business card လိုမျိုးမှာ print မယ်ဆိုရင် font သေးသေးလေးတွေကို မမြင်နိုင်ဘဲ ဖြစ်တဲ့ပါတယ်။ ထိုကြောင့် mascot နည်းတူ marketing material အကုံးနည်းပါးမှာ မသုံးပြုနိုင်ပါဘူး။

4. Abstract markAbstract mark logo တွေဟာ အပေါ်မှာပြောခဲ့တဲ့ Pictorial mark (or logo symbols) တွေပဲဖြစ်တယ်။ ဘာမတူတာလဲဆိုတ...
31/05/2023

4. Abstract mark

Abstract mark logo တွေဟာ အပေါ်မှာပြောခဲ့တဲ့ Pictorial mark (or logo symbols) တွေပဲဖြစ်တယ်။ ဘာမတူတာလဲဆိုတော့ ပန်းသီးတို့၊ twitter ရဲ့ ငှက်တို့လို မှတ်မိလွယ်တဲ့ ရိုးရိုးရှင်းရှင်း icon တွေမဟုတ်တော့ဘဲ ပိုပြီးကျစ်လစ်တဲ့အရောင်၊ စိတ္တဇဆန်တဲ့ ဒီဇိုင်းတွေပါဝင်လာပါတယ်။

နာမည်ကျော် ဥပမာအနည်းငယ်ပြောရမယ်ဆိုရင်တော့ Pepsi, bp oil and gas company, adidas ရဲ့ အစင်းကြောင်းလေးတွေပါတဲ့ ပန်း, Royal Dutch Shell တို့ဖြစ်တယ်။

5. Mascot logo

တစ်ခါတစ်လေ အရောင်စုံတယ်၊ တစ်ခါတစ်လေ ကာတွန်းဆန်တယ်။ များသောအားဖြင့် ချစ်စရာကောင်းကြပါတယ်။ Character တစ်ခုကို illustrate လုပ်ဖန်တီးကြပါတယ်။

အဲ့လို logo မျိုးကျတော့ company ကိုတည်ထောင်ခဲ့တဲ့သူ သို့မဟုတ် company ရဲ့အရေးပါတဲ့သူ၊ ကိုယ့်ရဲ့ company or business or type တစ်ခုခုကို ကိုယ်စားပြုမည့် အရာ သို့မဟုတ် လူတစ်ဦးတစ်ယောက်အား ရွေးချယ်နိုင်ပါတယ်။

အထင်ရှားဆုံးကို ပြောရရင်တော့ ကျွန်တော်တို့ စားနေကြဖြစ်တဲ့ KFC (Kentucky Fried Chicken) logo, Premier Leagues Lion logo, Pringles တို့သာပြောရမှာပါ။ မြန်မာနိုင်ငံမှာဆိုရင်တော့ အာလူးကြော်လိုမုန့်အမျိုးအစားတွေမှာ တွေ့ရနိုင်ပါတယ်။ ကလေးတွေအတွက် ချစ်စရာကောင်းတဲ့ဖန်တီးမှုမျိုးဖြစ်ကြပါတယ်။

တစ်ခုစဉ်းစားရမှာက ဒီလို logo type မျိုးက marketing material အကုန်လုံးမှာသုံးဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဥပမာ Highly detailed ဆွဲထားတဲ့ illustration မျိုးတွေကို print လုပ်ဖို့ ခက်ခဲနိုင်ပါတယ်။

1. Letter-mark logoLetter-mark logo ဆိုတာကတော့ typography-based design ဖြစ်ပြီးတော့ စာအနည်းငယ်၊ အထူးသဖြင့် company နာမည်...
31/05/2023

1. Letter-mark logo

Letter-mark logo ဆိုတာကတော့ typography-based design ဖြစ်ပြီးတော့ စာအနည်းငယ်၊ အထူးသဖြင့် company နာမည်ရဲ့ထိပ်စည်းစာလုံးများကို ယူ၍ဖန်တီးထားခြင်းများဖြစ်တယ်။

ဥပမာအနေဖြင့် မြန်မာနိုင်ငံရဲ့ နာမည်ကြီး ကွန်ပျူတာသင်တန်းကျောင်း KMD, NASA (National Aeronautics and Space Agency), Superman logo တို့ဟာ letter-mark logo များဖြစ်ပါတယ်။

2. Word-mark logo

ဥပမာ SAMSUNG, VISA, Google, Coca Cola တို့ဟာ ထင်ရှားတဲ့ work-mark logo များဖြစ်ကြပါတယ်။

Company ၏နာမည်ကိုပဲ focus လုပ်ကာ ဖန်တီးခြင်းမျိုးဖြစ်တယ်။ များသောအားဖြင့် ကွဲပြားပြီး နားဝင်ချို မှတ်မိလွယ်တဲ့ နာမည်မျိုးရှိသော company တွေအတွက်သင့်တော်ပါတယ်။

Letter-mark logo လိုမျိုးပဲ typography-based ဖြစ်တဲ့အတွက် font ရွေးချယ်ရာမှာ အထူးအရေးကြီးပါတယ်။ Company ၏ business အမျိုးအစားလိုက် font ကို ရွေးချယ် သို့မဟုတ် create လုပ်နိုင်ရပါမယ်။ ဆိုပါစို့ Power ဆိုတဲ့ company name အတွက် font ပါးပါးလေးရွေးချယ်တာဟာ မှားရွင်းနိုင်ပါတယ်။ Power ဆိုတာ အင်အား ခွန်အား ဖြစ်တဲ့အတွက် ဘယ်လို font မျိုးသုံးရမလဲ Designer တစ်ယောက်အနေနဲ့ ကောင်းကောင်းကြီး နားလည်ဖို့လိုပါတယ်။

3. Pictorial mark
(or logo symbols)

Brand marks သို့မဟုတ် Logo Symbols လို့လဲခေါ်ကြပါတယ်။

Icon တစ်ခု သို့မဟုတ် graphic-based design များသာဖြစ်ပါတယ်။

ဥပမာ Iconic Apple Logo, Nike ရဲ့ အမှန်ခြစ်ကလေးတို့ဟာ Pictorial mark
(or logo symbols) တို့ဖြစ်ပါတယ်။

ဒီလို logo type မျိုးဖန်တီးမယ်ဆိုရင်တော့ ဘယ် image, ဘယ် icon ကိုရွေးချယ်ရမလဲဆိုတာ အရေးကြီးပြီး ကိုယ်ရွေးချယ်လိုက်တဲ့ icon က ဘယ်လိုအဓိပ္ပယ်ကို ဖော်ကြူးသလဲဆိုတာ အရေးကြီးဆုံးတစ်ချက်ဖြစ်ပါတယ်။

"Logo တို့၏အကြောင်း" (သို့မဟုတ်)"Logo 7 မျိုး""Logo ဘယ်လို ရွေးချယ်မလဲ"Logo ဆိုတာ brand နဲ့ customer ကို ဆက်သွယ်ပေးထားတဲ...
31/05/2023

"Logo တို့၏အကြောင်း" (သို့မဟုတ်)
"Logo 7 မျိုး"

"Logo ဘယ်လို ရွေးချယ်မလဲ"

Logo ဆိုတာ brand နဲ့ customer ကို ဆက်သွယ်ပေးထားတဲ့ တံတားလေးတစ်ခုပါ။
Brand တစ်ခု သို့မဟုတ် Product, company တစ်ခုရဲ့ feel, confidence, trust အရာအားလုံးဟာ logo တစ်ခုထဲမှာပါဝင်ပါတယ်။

ကဲ အဲ့ဆိုတော့ logo အကြောင်းလေ့လာကြည့်ရအောင်။

Logo ဆိုတာ ရှေးခေတ် (Greek) ဂရိမျိုးတွေ စတင်တီထွင်သုံးစွဲခဲ့ကြတယ်လို့ ဆိုပါတယ်။ Greek ဘာသာစကားအရလဲလည်း The Word, The Reason, The Plan လို့ခေါ်ကြပါတယ်။ ယခုအခါမှာ ကမ္ဘာ အနံ့အပြားမှာသုံးစွဲနေကြပြီပဲဖြစ်ပါတယ်။ သင်ဟာ Graphic Designer သို့မဟုတ် Logo အကြောင်းစိတ်ဝင်စားရင်တော့ အောက်မှာဖော်ပြမည့် အကြောင်းတွေအားသိထားရမှာဖြစ်ပါတယ်။

Logo ကို အသေးစိတ်ခွဲထုတ်ရင်တော့ 7 မျိုးရှိပါတယ်။ ဘာတွေလဲဆိုတော့
1. Letter-mark logo
2. Word-mark logo
3. Pictorial mark logo
4. Abstract mark logo
5. Mascot logo
6. Combination logo
7. Emblem logo။

အကျယ်လေ့လာရအောင်နောက်ပို့မှာခွဲတင်ပေးပါ့မယ်။

Address

Myanmar/Mandalay
Kyaukse
12345678

Website

Alerts

Be the first to know and let us send you an email when Logo Design & Kit Seller posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category