Ocean lu

Ocean lu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ocean lu, Kya-in Seikkyi.

ကိုယ့်ကိုယ်ကိုယ် ဒီထက် နည်းနည်း ပိုကောင်းအောင် မျှော်လင့်မိပါတယ်။တခြားသူရဲ့ ချစ်ခင်မှုကိုယုံကြည်မှုရှိရှိ လက်ခံနိုင်အောင...
01/11/2025

ကိုယ့်ကိုယ်ကိုယ် ဒီထက် နည်းနည်း ပိုကောင်းအောင် မျှော်လင့်မိပါတယ်။

တခြားသူရဲ့ ချစ်ခင်မှုကို
ယုံကြည်မှုရှိရှိ လက်ခံနိုင်အောင်

ပြီးတော့ ဒီချစ်ခင်မှု တည်မြဲပါ့မလားလို့
ဘယ်တော့မှ စိတ်ပူစရာမလိုအောင်

ပိုကောင်းတဲ့လူဖြစ်ဖို့ ကြိုးစားနေပါတယ်။


💌
#နိုင်းနိုင်းစနေ
#ဖတ်မိတဲ့စာစုလေး

နှစ်ဦးနှစ်ဖက်မှ မဟုတ်ရင်တဖက်သတ် မဖက်တွယ်ရဘူးသိက္ခာလည်း ရှိရသလိုဥပေက္ခာလည်း ထားရတယ်စွန့်လွှတ်စိတ်လည်း တွေးရမယ်ခွင့်လွှတ်စ...
17/10/2025

နှစ်ဦးနှစ်ဖက်မှ မဟုတ်ရင်
တဖက်သတ် မဖက်တွယ်ရဘူး

သိက္ခာလည်း ရှိရသလို
ဥပေက္ခာလည်း ထားရတယ်

စွန့်လွှတ်စိတ်လည်း တွေးရမယ်
ခွင့်လွှတ်စိတ်လည်း မွေးရမယ်

ချစ်ခြင်းမေတ္တာ ဆိုတာ
တိုက်ယူလည်း မရဘူး
ထိုက်သူပဲ ရတာပါကွယ် ။ ။

🤍🍂🍀

#ဖတ်မိတဲ့စာစုလေး

🎉 အဆင့် ၃ ကို အခုပဲ ပြီးစီးသွားပြီး Facebook ပေါ်မှာ ဖန်တီးသူတစ်ဦးအနေနဲ့ အောင်မြင်မှုတွေ ဆက်ရရှိနိုင်ဖို့ အရမ်းကို စိတ်လ...
11/10/2025

🎉 အဆင့် ၃ ကို အခုပဲ ပြီးစီးသွားပြီး Facebook ပေါ်မှာ ဖန်တီးသူတစ်ဦးအနေနဲ့ အောင်မြင်မှုတွေ ဆက်ရရှိနိုင်ဖို့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။

လူတိုင်းမှာ  သဘောကျတဲ့ လူတစ်ယောက်ရှိတယ်။သဘောကျရတဲ့သူနဲ့ ချစ်သူဖြစ်ချင်တာမျိုး မဟုတ်ဘူး။ဘာရယ်မဟုတ်ဘူးကွာ အဲ့လူရဲ့အပြောအဆိ...
10/10/2025

လူတိုင်းမှာ သဘောကျတဲ့ လူတစ်ယောက်ရှိတယ်။

သဘောကျရတဲ့သူနဲ့ ချစ်သူဖြစ်ချင်တာမျိုး မဟုတ်ဘူး။

ဘာရယ်မဟုတ်ဘူးကွာ အဲ့လူရဲ့
အပြောအဆို အပြုအမှုလေးတွေကအစ
ကိုယ့်အတွက် သဘောကျစရာဖြစ်နေတာမျိုး။

သူနဲ့ စကားပြောနေရရင်
သူ့အကြောင်း‌တွေးမိရင်
သူ့အကြောင်းတစ်စုံတစ်ခုကြားမိရင် ကျေနပ်နေတာမျိုးလေး။

အဲ့လူဟာ ပညာတွေအများကြီး တတ်ချင်မှ တတ်လိမ့်မယ်
စည်းစိမ်တွေ ရှိချင်မှ ရှိလိမ့်မယ်
ရုပ်လည်း ချောချင်မှ ချောလိမ့်မယ်။

သို့ပေမဲ့ အဲ့လူဟာ ကိုယ့်အတွက်တော့ အရာရာပြည့်စုံနေတယ်လို့ ခံစားရနေတာမျိုး။

ကံကြမ္မာအလှည့်အ‌ပြောင်းအခွင့်ကြုံခဲ့ရင် သဘောကျရတဲ့သူနဲ့ အေးဆေးတွေ့ရရင်

စကားတွေအများကြီးပြောမယ်
ဆွေးနွေးမယ် တိုင်ပင်မယ် ရင်ဖွင့်မယ်
စိတ်ခံစားချက်တွေကို မခြွင်းမချန်ပြောပြမယ်။

အဲ့ဒီလူနဲ့ ချစ်သူဖြစ်ချင်တာမျိုးမဟုတ်ဘူး
သူငယ်ချင်းထက်လည်း ပိုတယ်
ချစ်သူလည်းမဟုတ်ဘူး Just Friend လိုမျိုးအနေအထားလေးပဲ ဖြစ်ချင်တာ။

မညာပါနဲ့ သင့်မှာလည်း သဘောကျရတဲ့တစ်စုံတစ်ယောက်ရှိတယ် မဟုတ်လား...။

#အေးချမ်းစွာရှင်သန်ခြင်း စာအုပ်
#သဟာဆွေလှိုင်း
#ဖတ်မိတဲ့စာစုလေး

မင်းကိုစိတ်တိုင်းမကျတိုင်းငါ့ကိုယ်ငါပိုပြီးရင်းနှီးမြှုပ်နှံမိတာ၊✨️ငါ့စိတ်နဲ့မကိုက်တာတွေဖြစ်လာတိုင်း ငါ့အရည်အချင်းတွေ ပိ...
25/09/2025

မင်းကိုစိတ်တိုင်းမကျတိုင်း
ငါ့ကိုယ်ငါပိုပြီးရင်းနှီးမြှုပ်နှံမိတာ၊

✨️
ငါ့စိတ်နဲ့မကိုက်တာတွေဖြစ်လာတိုင်း
ငါ့အရည်အချင်းတွေ ပိုပိုတိုးသွားတာက

✨️
ငါကိုယ်တိုင်ထက် ကြီးမားတဲ့
မကောင်းဆိုးဝါးတစ်ကောင် (သို့မဟုတ်)
ငါကိုယ်တိုင်ထက် ကောင်းမွန်ထူးခြားတဲ့
အံ့ဖွယ်တစ်ပါးဟာ
ဒီလောကမှာ ရှိမနေဘူးဆိုတာကို ရိပ်မိသွားလို့ပါ..... အချစ်ရယ်.....။

✨️
တခါတလေတော့
မင်းရဲ့ ပထမနေရာမှာ ငါမရှိခြင်း၊
ငါ့ရဲ့ပထမနေရာကနေ
မင်းလျှောကျရခြင်းတွေဟာ

✨️
ချစ်ခြင်းမေတ္တာတွေလျော့သွားတာမဟုတ်ဘဲ
ဥာဏ်ပညာတွေထပ်တိုးလာခြင်းသာဖြစ်ကြောင်း
✨️
မင်းနားလည်လက်ခံလာတဲ့တနေ့
မင်းစေ့သွားတဲ့တံခါးက.........မင်းပြန်ဝင်ခဲ့ပါ။

စာလေးတော့ ဖတ်မှ============စိတ်ကောင်းရှိနေရုံနဲ့ မရဘူးဗဟုသုတလည်း ရှိဦးမှစိတ်ကောင်းသာ ရှိပြီး ဗဟုသုတ မရှိရင်လုပ်သာ လုပ်ပ...
24/09/2025

စာလေးတော့ ဖတ်မှ
============

စိတ်ကောင်းရှိနေရုံနဲ့ မရဘူး
ဗဟုသုတလည်း ရှိဦးမှ

စိတ်ကောင်းသာ ရှိပြီး ဗဟုသုတ မရှိရင်
လုပ်သာ လုပ်ပေးချင်ပေမဲ့
ဘယ်လိုလုပ်ပေးရမလဲဆိုတာ မသိဘူး

ဗဟုသုတရှိနေရုံနဲ့လည်း မပြီးဘူး
စိတ်ကောင်းလေးလည်း ရှိဦးမှ

ဗဟုသုတသာ ရှိပြီး စိတ်ကောင်းမရှိရင်
လုပ်ပေးချင်တဲ့ စေတနာတွေ၊
ကောင်းစားစေချင်တဲ့ မေတ္တာတွေ
ဖြစ်မလာနိုင်ဘူး

ဒါကြောင့်...
သမ္မတဖြစ်ဖြစ်
သူတောင်းစားဖြစ်ဖြစ်
ခေါင်းဆောင်ဖြစ်ဖြစ်
နောက်လိုက်ဖြစ်ဖြစ်
စာလေးတော့ ဖတ်မှ

လင်ကွန်း စာဖတ်တယ်
ဗိုလ်အောင်ဆန်း စာဖတ်တယ်
ဂန္ဓီ စာဖတ်တယ်
သီအိုဒိုရုစဗဲ့ စာဖတ်တယ်
ဝင်စတန်ချာချီ စာဖတ်တယ်

သူတို့ဟာ စာဖတ်ခြင်းက ရလာတဲ့
ဗဟုသုတတွေကို ကောင်းမွန်တဲ့
စိတ်ထားနဲ့ ပေါင်းစပ်ပြီး
သမိုင်းလှလှတွေ ဖန်တီးနိုင်ခဲ့ကြတယ်

အီလွန်မတ် စာဖတ်တယ်
ဇူကာဘတ် စာဖတ်တယ်
ဘီဂိတ် စာဖတ်တယ်
ဂျက်မား စာဖတ်တယ်
သူတို့ဟာ စာဖတ်ရင်း
ဘဝကို အကောင်းဆုံး ပုံဖော်နိုင်သွားကြတယ်

စိတ်ကောင်း ဘယ်လောက်ရှိရှိ
စာမဖတ်ဘူးဆိုရင်
ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုရင်တောင်
သေချာတယ်
ဘယ်သူ့ကိုမှ ကူညီနိုင်မှာ မဟုတ်ဘူး

ဘာပဲဖြစ်ဖြစ် စာလေးတော့ ဖတ်မှ

)

#ဖတ်မိတဲ့စာစုလေး

တကယ့် ထူးချွန်ထက်မြက်မှုဆိုတာအသိပညာ ဘယ်လောက်ရှိတယ်၊စကား ဘယ်လောက်တတ်တယ်နဲ့  မဆိုင်ဘူး။အရေးကြီးတဲ့ အခိုက်အတန့်မှာနောင်တမရတ...
24/09/2025

တကယ့် ထူးချွန်ထက်မြက်မှုဆိုတာ
အသိပညာ ဘယ်လောက်ရှိတယ်၊
စကား ဘယ်လောက်တတ်တယ်နဲ့ မဆိုင်ဘူး။

အရေးကြီးတဲ့ အခိုက်အတန့်မှာ
နောင်တမရတဲ့ ရွေးချယ်မှုကို
လုပ်နိုင် မလုပ်နိုင်ဆိုတာပါ။

***

ကိုယ်ဘာလိုချင်လဲ..
ဘာဖြစ်ချင်လဲ..ဆိုတာကို သိထားရမှာပေါ့။
မရွေးရင် မဖြစ်တဲ့ အခြေအနေမျိုး ကြုံလာပြီး
တကယ်တမ်း ရွေးချယ်လိုက်ပြီ ဆိုရင်လည်း
နောင်တမကျန်အောင် အကောင်းဆုံး ကြိုးစားရမှာပေါ့။


💌
#နိုင်းနိုင်းစနေ
#ဖတ်မိတဲ့စာစုလေး

04/09/2025

ဘဝက ပြည့်စုံခြင်းတွေနဲ့
မွေးဖွား မလာတော့
နွေခေါင်ခေါင် စိုက်ပျိုးတဲ့ သစ်ပင်လိုပဲ။
ရေလောင်းလိုက် စိုလာလိုက်
နေပူလိုက် ပြန်ခြောက်သွားလိုက်နဲ့
ကိုယ့်ကိုယ်ကို ဂရုစိုက်ရင်း ရှင်သန်နေရတယ်။

တဖြည်းဖြည်း အသက်ကြီးလာတော့ ...တစ်ကိုယ်ရည်ဘဝရဲ့ အရသာဟာ ပိုပေါ်လာတယ် ...ဘဝမှာ နေရတာ ကြာလေလေ အဖော် ဆိုတာထက်မိတ်ကောင်းဆွေကော...
03/09/2025

တဖြည်းဖြည်း အသက်ကြီးလာတော့ ...
တစ်ကိုယ်ရည်ဘဝရဲ့
အရသာဟာ ပိုပေါ်လာတယ် ...

ဘဝမှာ နေရတာ ကြာလေလေ
အဖော် ဆိုတာထက်
မိတ်ကောင်းဆွေကောင်းကိုသာ
ပိုလိုချင်မိလေပါပဲ ...

အိုမင်းမစွမ်း ဖြစ်ရမှာ မကြောက်မိပါဘူး ....
မိတ်ကောင်းဆွေကောင်းနဲ့အတူ မအိုရမှာကို
ပိုကြောက်မိတယ် ....

ဘဝမှာ ငါ ဘယ်လောက်များများ
ပျော်သွားသလဲ .. လို့ မမေးပါဘူး .....
လောကကြီးကို
ကိုယ်ပေးနိုင်သလောက် ပြန်ပေးပြီး ...
အိုမင်းတဲ့ဘဝလေးကို
ညင်ညင်သာသာလေး နေသွားချင်တာပါ ...

ပြီးတော့ ဘယ်သူမှ မသိခင် ...
တိတ်တိတ်လေးသာ
ထွက်ခွာသွားချင်တာပါ ...

မသေခင် နေရအုံးမယ့် အချိန်လေးတွေမှာ ....

ဆိတ်ဆိတ်ငြိမ်ငြိမ် စကားပြောတတ်ပြီး ...
ကိုယ်ဟန်မူရာ ငြိမ်းချမ်းသူနဲ့
စကားလက်ဆုံကျချင်တယ် ....

တိုးတိုးဖွဖွ မေးမြန်းတတ်လို့ ...
အသံမမြည်အောင် နေတတ်သူနဲ့
အတူနေချင်တယ် ....

သာသာယာယာ စာဖတ်ပြပြီး ...
ဉာဏ်ပါပါ ရယ်မောတတ်သူနဲ့
အိုမင်းချင်တယ် ..

လုပ်စရာရှိတာ မညည်းမညူလုပ်လို့ ...
မငြူမစူ နေတတ်သူရဲ့
ပြုစုမှုကို လိုချင်တယ်

လဲကျသွားရင် ဖေးမထူလို့ ....
သိမ်ငယ်သွားအောင် မပြောတဲ့သူ
အနားမှာ ရှိစေချင်တယ် .....

ကိုယ့်ကိုယ်တွင်းမှာ
ကိုယ့်ကွန်းခိုရာ ရှာတွေ့ပြီး ...
ကိုယ့်ကိုယ်ကိုယ်ထက် သာလွန်တဲ့
တစ်စုံတစ်ရာ ဖန်တီးရေး ..
ဘဝတစ်ခုလုံး ပုံပေးထားတဲ့သူနဲ့ ....
အကျွမ်းတဝင် ရှိချင်တယ် ......

ငါမျှော်မှန်းမိတာ
ဒါလောက်ပါပဲ ..

ဒါလောက်ကလေးပါပဲ ....

Credit~🌿🌸

စာဖတ်သူတစ်ဦး

အစကောင်းမှ အနှောင်းသေချာ"ဆိုသလို ‌ေအာက်ခြေခိုင် မှ နောက်တဆင့်တက်ဖို့ မျှော်မှန်း ...ဥပမာပြောရရင်..ဝါးပင်တွေရဲ့ကြီးထွားမှ...
03/09/2025

အစကောင်းမှ အနှောင်းသေချာ"ဆိုသလို ‌ေအာက်ခြေခိုင် မှ နောက်တဆင့်တက်ဖို့ မျှော်မှန်း ...

ဥပမာပြောရရင်..

ဝါးပင်တွေရဲ့ကြီးထွားမှုပုံစံကိုကြည့်ပါ။ ဝါးစေ့ ကို ၃-၅နှစ် လုံးလုံး ရေပုံမှန်လောင်းပေးမှ ဝါး ပင်အညှောင့်က မြေကြီးပေါ်ကို စထွက်လာ တာ ဖြစ်ပေမယ့် ၆ပတ်အတွင်းမှာ အဲ့ဒီဝါးပင်ဟာ ပေ(၈၀)ကျော်ထိ မြင့်တက်ကြီးထွားနိုင်ပါတယ်။ ဘာကိုပဲ လုပ်လုပ် အစကတည်းကသေချာ စီစဉ် ပြီးမှ လုပ်တာက အကောင်းဆုံးပါ။

ရည်မှန်းချက်ထားပါ - ကိုယ်ဘာလုပ်ချင်တာလဲ၊ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ တွေးပြီးမှ လုပ်ပါ။ သေသေချာချာ

ကိုယ့်ရဲ့ အချိန်တွေကို တန်ဖိုးထားပါ - ကိုယ့် အတွက် မလိုအပ်တဲ့၊ အကျိုးမရှိတဲ့နေရာတွေ လူ တွေနဲ့ အချိန်မဖြုန်းပါနဲ့။

အကောင်းမြင်စိတ်မွေးပါ - ကိုယ့်ပတ်ဝန်းကျင် က ဘယ်အရာကိုမဆို အကောင်းမြင်တဲ့ မျက်လုံး နဲ့ပဲကြည့်ပါ။ ဒီလိုမှ မဟုတ်ဘဲ ကိုယ့်အတွက် ရောက်လာတဲ့ အခွင့်အရေးတွေကိုတောင် အတားအဆီး လိုမြင်မိသွားရင်တော့ တက်လမ်း တွေ ပိတ်ကုန်လိမ့်မယ်။

ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် ဒီအချက် (၃) ချက်ကို အမြဲတမ်းခေါင်းထဲထည့်ထားဖို့ အကြံပေး ချင်ပါတယ်။

စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လုပ်စရာရှိတာလုပ်တဲ့သူတွေပဲ တိုးတက်သွားတာ။မိုးရွာလို့ မလုပ်သေးဘူး၊ နေပူလို့မလုပ်သေးဘူးလုပ်န...
02/09/2025

စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လုပ်စရာရှိတာလုပ်တဲ့သူတွေပဲ တိုးတက်သွားတာ။

မိုးရွာလို့ မလုပ်သေးဘူး၊ နေပူလို့မလုပ်သေးဘူး
လုပ်နေသူ တွေက တစ်ခုခုဆို အလုပ်ဖြစ်အောင်
လုပ်ဖို့ထက် ဆင်ခြေ တွေနဲ့တင် ရပ်တန့်နေတတ်ကြတယ်။

ကိုယ်လုပ်ရမယ့်အရာ၊ လုပ်မယ်လို့
ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့အရာကို
ဖြစ်အောင်လုပ်တာက Self-discipline ပဲ။

တစ်ပတ် လေးရက်
လေ့ကျင့်ခန်းလုပ်မယ်ဆို လုပ်ဖြစ်အောင်
လုပ်တာ၊ တစ်ရက် တစ်နာရီစာဖတ်မယ်ဆို ဖတ်
ဖြစ်အောင်ဖတ်တာ Self-discipline ပဲ။

ကိုယ့်စည်းကမ်းကိုယ် လိုက်နာဖို့အရေးကြီးတယ်။
လုပ် စရာရှိတာကို ဖြစ်အောင်လုပ်တဲ့သူတွေက
အမြဲတမ်း အလုပ်ပြီးမြောက်တတ်ပြီး
လုပ်စရာရှိတာကို နေ့ရွှေ့ ညရွှေ့
ရွှေ့တတ်တဲ့သူတွေက ဘယ်အရာမှာမှ
ဖြစ်မြောက်လာမှာမဟုတ်ဘူး။

တိုးတက်သူနဲ့ သာမန်လူတွေကြား အဓိက
ကွာခြားသွားစေတာSelf-discipline ပဲ။

လေးစားစွာဖြစ်
#စာဖတ်သူတစ်ဦး

Address

Kya-in Seikkyi

Alerts

Be the first to know and let us send you an email when Ocean lu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Ocean lu:

Share