Feeling Star

Feeling Star I wanna share music and video

24/01/2026

သင်္ကြန် mood ကဝင်နေပြီ😍

18/08/2025

အိုဗာတင်းတွေ ချောကလက်တွေ 😁

23/11/2023

..ငါ..အဝေးကြီးကပဲ..ငေးပြီးချစ်နေမယ်.😔

17/09/2023

🙂🙂

 #လူငယ်တစ်ယောက်ရဲ့တန်ဖိုး လူငယ်တစ်ဦး ဖြစ်နေလျှက်နဲ့အယူသီး လွန်းနေရင်အတွေးအခေါ်နည်းရာ ရောက်တယ်လူငယ်တစ်ဦးဖြစ်နေလျှက်နဲ့အတ္...
02/09/2023

#လူငယ်တစ်ယောက်ရဲ့တန်ဖိုး

လူငယ်တစ်ဦး ဖြစ်နေလျှက်နဲ့
အယူသီး လွန်းနေရင်
အတွေးအခေါ်နည်းရာ ရောက်တယ်

လူငယ်တစ်ဦးဖြစ်နေလျှက်နဲ့
အတ္တတွေကြီးလွန်းနေလျှင်
အသိဥာဏ်နည်းရာ ရောက်တယ်

လူငယ်တစ်ဦး ဖြစ်နေလျှက်နဲ့
အာဃာတတွေ များလွန်းနေလျှင်
သဘောထားမပြည့်ရာ ရောက်တယ်..

လူငယ်တစ်ယောက် ဖြစ်နေလျှက်နဲ့
ငါ့ကျမှ ကံဆိုးလေခြင်းဆိုပြီး
တညည်းညည်းတညူညူ
အတွေးတွေနဲ့
လက်ရှော့အရှုံးပေးနေရင်
စိတ်ဓာတ်ပျော့ညံ့ရာရောက်တယ်

လူငယ်တစ်ဦး ဖြစ်နေလျှင်နဲ့
ဖြစ်သမျှအကြောင်း အကောင်းပေါ့လေဆိုပြီး
ကံကြမ္မာရဲ့ အမိန့်အောက်မှာ
ဒူးထောက်ပေးနေခဲ့ရင်
ကိုယ်ဇွဲလုံလကို မယုံကြည်ရာ ရောက်တယ်

ပုဇွန်လုံးမှာ ဦးခေါင်းမပါဘူး
သိုပေမယ့် ချမ်းချမ်း သာသာနေဖို့အတွက်
ကိုယ်တွင်းကိုယ်တူးတက်တယ်
ဦးခေါင်းပါတဲ့ လူက
နေရာတကာ ဟိုလူမှီခို ဒီလူမှီခို လိုက်လုပ်နေရင်
ပုဇွန်လုံးကို အားနာဖို့ကောင်းတယ်

ဘဝဆုတ်ယုတ်နေတဲ့
လူငယ်တွေကို အကဲခတ်ကြည့်
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေရှိတယ်
အဆိုးလောကဓံနှိပ်စက်ခံရလို့
လက်လျော့အရှုံးပေးနေသူတွေရှိတယ်
တခါရှုံးရုံနဲ့ လုံးဝရှုံးသွားပြီလို့
သတ်မှတ်လိုက်ရင်
တိုးတက် ဖို့ အခွင့်ဆိုတာ
ပျောက်ကွယ်သွားမှာပါ

အတောင်ပံမခတ်တဲ့ ပိုးစုံကြူးမှာ
အရောင်ထွက်ဖို့ ခက်တယ်
ရည်းမှန်းချက်နဲ့ကြိုးစားမှုမရှိတဲ့
လူငယ်မှာလည်း တိုးတက် လာဖို့ခက်မှာပါဘဲ

လူငယ်တစ်ယောက်ရဲ့
အနှစ် အမြုတေဆိုတာ
မျော်လင့်ချက်နဲ့အိမ်မက်ပါ
ဘဝမှာမော့ကြည့်ရတဲ့ အိမ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေါ့

ထူးချွန်ထက်မြက်တဲ့ လူငယ်ဆိုတာ
ကိုယ်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင်ပေးနိုင်စွမ်းရှိတယ်

စာနာစိတ်ရှိတဲ့လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို
တစ်ပါးသူတို့ရဲ့ စိတ်ပင်းပန်းမှုကိုလည်း
မျှဝေခံစားပေးနိုင်တက်ကြတယ်

အသားဖြူခြင်း……မဖြူခြင်း
ရုပ်ရည်လှခြင်း……မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးမဟုတ်ပါဘူး
ဘယ်လောက်အစွမ်းအစရှိမရှိ
ဘယ်လောက် လုပ်နိုင်……မလုပ်နိုင်ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ

#ဆရာကြီးဦးအောင်သင်း

''ပညာမတတ်ရင် မင်းတို့ခွေးဖြစ်မယ်''လို့မပြောမိဖို့ ကြိုးစားရမယ်။''ကျောင်းမနေချင်ဘူး။ ပညာတတ်မဖြစ်ချင်ဘူးဆိုရင် မင်းတော့ခွေ...
26/08/2023

''ပညာမတတ်ရင် မင်းတို့ခွေးဖြစ်မယ်''လို့
မပြောမိဖို့ ကြိုးစားရမယ်။

''ကျောင်းမနေချင်ဘူး။ ပညာတတ်မဖြစ်ချင်ဘူးဆိုရင် မင်းတော့
ခွေးဖြစ်ပြီ။ ဟိုဘက်အိမ်က ကျင်ခါးမောင်ကို ကြည့်စမ်း။
သူများလို စာလေးဘာလေး ကျက်ဖို့ မကြိုးစားဘူး။
အားအားနေ
အလေလိုက်နေဖို့ပဲကြိုးစားနေတယ်။
ခွေးဖြစ်မယ့်အကောင်'' လို့

အိမ်ဘေးအိမ်က ပွစိပွစိအဒေါ်ကြီး စာမကျက်တဲ့သူ့သားကို
ပြောပြောလေတိုင်း ကလေးဘာသာဘာဝ ကျွန်တော့်ကို
မြှောက်နေမှန်းသိလို့ တမင် စာကျက်သံကိုမြှင့်ပြီး
အော်ခဲ့တာကို ပြန်အမှတ်ရမိပါတယ်။

အဲ့ဒီငနဲကလေးက မခံချင်စိတ်ရှိရော့လေသလား
မသိပါ။ ကျောင်းပါအပြီးထွက်လိုက်ပါတော့တယ်။
ကျွန်တော်က
စာအုပ်ထဲကစာတွေ အပိုင်ကျက်ပြီးဆုတံဆိပ်တွေပိုက်နေချိန်။
ဆုပေးစင်မြင့်ထက်မှာ လက်ခုပ်သံတွေကို ပြုံးဖြီးဖြီးနဲ့
စာသုံးနေချိန် ထိုငနဲက ငါးပိ၊ငါးခြောက်အနံ့တွေနဲ့ ငါးဒိုင်၊ ငါးပိ
ငါးခြောက်ဒိုင်တွေကြားမှာ မထင်မရှားကျင်လည်နေခဲ့တာပေါ့။

ရက်တွေကတရွေ့ရွေ့။ပြက္ခဒိန်တွေက တဖျက်ဖျက်
လွင့်လူးခဲ့တယ်။ ခွေးမဖြစ်ဖို့အရေးမိဘရဲ့ချွေးနှဲစာကလေးနဲ့
ခြိုးခြိုး ခြံခြံ ကျွန်တော်ပညာကို ဆည်းပူးခဲ့ပေါ့

ဘွဲ့တွေဘာတွေရ ။ အလုပ်တွေဘာတွေရပေါ့။ဘွဲ့ရ ရင်တော့
မိဘကိုပြန်ထောက်ပံ့နိုင်ပြီဆိုတဲ့ အတွေးဟာအကောင်အထည်
ဖော်ဖို့လုပ်တိုင်း ထွက်ထွက်ပြေးသွားတာ အခါခါ။

လူပျိုဘဝကတောင်ကိုယ့်လစာတစ်လစာဟာကိုယ့်အတွက်
မလောက်ငတဲ့ကောင်ဟာအိမ်ထောင်တွေ ဘာတွေကျတော့
ပိုပြီးအသက်ရှူကျပ်ခဲ့တာ အမှန်။

အိမ်အရွဲ့အစောင်းလေးကို ၁၅ နှစ်လုံးလုံး
စုဆောင်းထားတဲ့ ဆုတံဆိပ်လေးတွေနဲ့
ဘွဲ့တံဆိပ်တစ်ခုကကျားမကန်နိုင်ခဲ့ဘူးလေ။ရတဲ့လခက
၁၈၀၀၀၀ ။အပိုဝင်ငွေလေးရအောင် အပိုအလုပ်လေး
လုပ်ဖို့ကလည်း ကျွန်တော်က ဘာမှ လုပ်မတတ်။
လုပ်ဖို့အချိန်ကလည်းမရှိ။

ဝန်ထမ်းဆိုတာက ခုခေတ်မှာ မနိုင်ဝန်ကို
ထမ်းနေရတယ်လို့ ယူဆမိတယ်။
ဒီအချိန်မှာတော့ အရင်က ခပ်နုပ်နုပ် ဘေးအိမ်လေးဟာ
သုံးထပ်တိုက်ကြီးအသွင်ကို ပြောင်းသွားပြီ။
''စာမတတ်ရင်ခွေးဖြစ်မယ်''
ဆိုတဲ့ပွစိပွစိ အဒေါ်ကြီးအသံကို မကြားရတော့။

ကျွန်တော်နဲ့နှိုင်းပြီး ဆူပူခံခဲ့ရတဲ့ ငနဲသားကတော့
ကားအကောင်းစားကြီး
တစ်စီးပြီးတစ်စီးပြောင်းစီးလို့။
ငါးပိ၊ငါးခြောက်လုပ်ငန်းနဲ့ ကြီးလို့ ပွားလို့လေ။သူဝယ်ဝယ်
လာပေးတဲ့ ခေါက်ဆွဲကြော်ထုပ်တွေဟာ ငါးပိနံ ငါးခြောက်နံ့
ကင်းသလောက်
ကျွန်တော်တို့စားနေတဲ့ နေ့စဉ်ထမင်းဝိုင်းကတော့ ငါးပိနံ့
ငါးခြောက်နံ့မလွတ်။

ကျွန်တော်စီးနေတဲ့ ချိုင်းနားမိဒ် ဆိုင်ကယ်ကလေးနဲ့ သူ့ရဲ့ကားနဲ့
မယှဉ်ဝံ့။
ကျွန်တော်က ကျောင်းက စာရင်းဇယားတွေကိုညနက်တဲ့အထိ
ထိုင်လုပ်နေရတဲ့အချိန်မှာသူက ဇိမ်ကျကျ အိပ်စက်အနားယူ
နေခဲ့တယ်လေ။

''ကျောင်းဆရာအကူအညီလိုရင် ပြောနော်''ဆိုတဲ့ စကားက
သူ့အတွက် ရိုးသားပေမယ့်ကျွန်တော့်အတွက် နာကျင်စရာ။
အားငယ်စရာ။

တကယ် ခွေးဖြစ်သွားခဲ့တာက သူလား။
ကျွန်တော်လား။
ပညာတတ်ဖြစ်သွားခဲ့တဲ့ကျွန်တော်က
ဒီအချိန်မှာ ဖုတ်လူး ပြာလူး။
ကျွန်တော့်သားသမီးကျရင်
''ပညာမတတ်ရင် မင်းတို့ခွေးဖြစ်မယ်''လို့
မပြောမိဖို့ ကြိုးစားရမယ်။

ခု ကျွန်တော်ဆယ်တန်းစာစစ်အတွက်
ရုံးမှာ အလုပ်လုပ်နေတယ်။
အမှားကလေးတစ်ချက်ဖြစ်တာနဲ့၊သတိကလေးတစ်ချက်
လွတ်တာနဲ့အလုပ်ပြုတ်ရုံတင်မကထောင်ပါကျနိုင်တယ် လို့
ဝန်ခံကတိပါ ထိုးထားရတယ်။

ငါးပိ ငါးခြောက်တွေ မှိုတက်သွားလို့
အိမ်ဘေးက ငနဲက စီးပွားပျက်မသွား။
အလုပ်ပျက်မသွား။ထောင်ကျမသွား။

ဒီအချိန်မှာခုံနံပါတ်လေးတစ်ခုမှားသွား၊ကျား၊မ လေးမှားသွား
တာနဲ့ မောင်ကျင်ခါးတို့ထောင်နှုတ်ခမ်းနားနီးပြီဆိုတာ။ ။

( ကျင်ခါးမောင်)

11/07/2023

မင်းဘက်က ကစားခဲ့တော့သိပ်ပျော်နေမာပေါ့ကွာ...🙂

27/06/2023

ရှာဖွေနေတာ... အစစ်

27/06/2023

💔

30/05/2023

ရှမ်းပွဲလေး တစ်ခုမှာ

Address

ดอยเหมย เชียงตุง, Loi Mwe, Kyaing Tong
Kengtung

Website

Alerts

Be the first to know and let us send you an email when Feeling Star posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category