29/05/2026
❝ မြန်မာနိုင်ငံဓာတ်ပုံအသင်းက ကြီးမှူးမည့် အခြေခံဓာတ်ပုံသင်တန်းမကြာမီဖွင့်မည် ❞
ထူးချွန်ဓာတ်ပုံပညာရှင်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံဓာတ်ပုံအသင်းက ကြီးမှူးဖွင့်လှစ်မည့်အခြေခံဓာတ်ပုံသင်တန်းမကြာမှီဖွင့်လှစ်တော့မယ်လို့သိရပါတယ်။
ဓာတ်ပုံပညာအသိပညာပြန့်ပွါးရေးအတွက်ရည်ရွယ်၍ တနှစ်တကြိမ်သာဖွင့်လှစ့်သည့်အခြေခံဓာတ်ပုံသင်တန်းစာတွေ့/လက်တွေ့သင်တန်းဖြစ်ပါတယ်။ နိုင်ငံကျော်ဓာတ်ပုံ ပညာရှင်ကြီးများက စာလက်တွေ့သင်တန်းပို့ချပေးမှာဖြစ်ပြီး ထိပ်တန်းဓာတ်ပုံ ပညာ ရှင်ကြီးများကလည်း ဟောပြောပို့ချပေးမယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းရဲ့ ပညာပြန့်ပွားရေးအစီအစဥ်အရ အမှတ်စဥ် (၅၁) အခြေခံဓာတ်ပုံသင်တန်းကိုဇူလိုင်လ (၁)နေ့မှစတင်ဖွင့်မှာဖြစ်ပြီး ဇွန်လ(၁)ရက်နေ့မှာ စာရင်း စတင်လက်ခံသွားမယ်လို့သိရပါတယ်။ သင်တန်းသားလူဦးရေကန့်သတ်ထားတာကြောင့် အချိန်မီစာရင်းပေးသွင်းဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာ နိုင်ငံ ဓါတ်ပုံအသင်း အမှတ်(၂၇/၂၉ ပထမထပ်) ၃၅လမ်း(အောက်ဘလောက်)
အိန္ဒိယသံရုံးအနီးဘဏ်လမ်းနှင့်ကုန်သည်လမ်းကြား ကျောက်တံတားမြို့နယ် ၊ရန်ကုန်မြို့၊ ဖုံး 09420355570အသင်းရုံးသို့ ရုံးချိန်အတွင်းအမြန်စာရင်းပေးသွင်းနိုင်ကြောင်း မြန်မာနိုင်ငံဓာတ်ပုံအသင်း၊အမှုဆောင်အဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။