05/07/2020
✅ လစဉ် ၅ သောင်းကျပ် သွင်းရုံဖြင့် Digital Marketing Diploma သင်တန်းကို အွန်လိုင်းကနေ တက်ရောက်နိုင်ပါပြီ။
🎯 Digital Marketing သင်တန်းကို တက်ချင်ရဲ့သားနဲ့ သင်တန်းတွေက ဝေးနေတာက တကြောင်း၊ စေျးနှုန်းတွေက ကြီးနေတာက တကြောင်း၊ အလုပ်တွေ မအားတာက တကြောင်း၊ ကိုယ့်ကိုကိုယ် လိုက်နိုင်ပါ့မလားလို့ တွေးနေတာက တကြောင်း စတဲ့ အကြောင်းကြောင်းတွေကြောင့် သင်တန်းမတက်ဖြစ်သေးတဲ့သူတွေ အတွက် အခွင့်အလမ်းတစ်ခုလာပါပြီ။ အဲဒါကတော့ Diploma in Digital Marketing သင်တန်းကို အွန်လိုင်းကနေ တက်ရောက်လို့ရပြီ ဆိုတာပါပဲ။
🎯 ကျွန်တော်လည်း ဖွင့်မယ် ဖွင့်မယ် နဲ့ပြင်လာတာ အခုမှပဲဖွင့်ဖြစ်တော့တယ်။ ပထမက ထင်ထားတာ အွန်လိုင်းက သင်တန်းပေးရင် ထိရောက်ပါ့မလားပေါ့။ အပြင်မှာ တိုက်ရိုက်သင်တာပဲ အကောင်းဆုံးပဲလို့ ထင်ထားခဲ့တာ။ အခုတော့ ကျွန်တော်ထင်တာနဲ့ တခြားစီဖြစ်နေတယ်။ အွန်လိုင်းသင်တန်းမှာ အားသာချက်တွေ အများကြီးရှိနေတယ်ဗျ။
🎯 အဲဒီလို အားသာချက်တွေရှိတဲ့ အွန်လိုင်းသင်ကြားမှုစနစ်တွေ ထဲကမှ ကိုယ်ဘာသာရပ်နဲ့ ကိုက်ညီပြီး ထိရောက်မယ် စနစ်လေး တစ်ခုကို ရွေးချယ်ထားပါတယ်။ သင်ကြားမှု ပုံစံကဘယ်လိုလဲဆိုတော့ Zoom Application ကို အသုံးပြုပြီးတော့ Face to Face တိုက်ရိုက်သင်ကြားမှာ ဖြစ်သလို၊ ကြိုတင်ရိုက်ကူးထားတဲ့ Prerecorded Video သင်ခန်းစာတွေကို Google Class Room ထဲမှာ ထည့်ထားပေးမှာ ဖြစ်တဲ့အတွက် သင်တန်းလွတ်သွားလည်း ပူစရာမလိုဘူး၊ Google Classroom ထဲမှာ သင်ခန်းစာ အပြည့်အစုံက ရှိထားပြီးသား။ စာမရှင်းတာတွေ၊ သိချင်တာတွေ ရှိရင် တခါတည်းမေးလို့ရအောင် Face to Face သင်ကြားချိန်မှာ Question and Answer အချိန်တွေလည်း အများကြီးထည့်ထားပေးသလို အချိန်မရွေး စာမေးနိုင်အောင် Messenger Group လေးလည်း ဖွဲ့ထားပေးပါသေးတယ်။ ကဲ ဘယ်လောက် အဆင်ပြေလိုက်လဲ။ 😊
🎯 အွန်လိုင်းသင်တန်းတက်ခြင်းရဲ့ အားသာချက်တွေကတော့ အချိန်ကုန် ငွေကုန်သက်သာတယ်၊ မမှတ်မိသေးရင် အခေါက်ခေါက် အခါခါ ပြန်ကြည့်နိုင်တယ်၊ ကိုယ်လိုက်နိုင်ရင်လိုက်နိုင်သလောက် သင်ခန်းစာတွေ အများကြီး တခါတည်းလေ့လာနိုင်တယ်၊ အိမ်မှာ သက်တောင့်သက်သာ လေ့လာနိုင်တယ်၊ ဆရာက ဘေးနားကနေ အနီးကပ် သင်ကြားသလို ခံစားရတယ် အစရှိတဲ့ အားသာချက်တွေအများကြီး ရှိတာပေါ့ဗျာ။ :-)
✅ အခုခေတ်ကလည်း သိတဲ့အတိုင်းပဲ ဘယ်လုပ်ငန်း၊ ဘယ်စီးပွားရေးမဆို Digital Marketing မပါရင် မပြီးတဲ့ခေတ်ဆိုတော့ လူတိုင်းတက်ထားသင့်တယ်လို ပြောရင်တောင် မမှားဘူး။ မားကတ်တင်းနဲ့ သက်ဆိုင်တဲ့ ဝန်ထမ်းတွေကော၊ လုပ်ငန်းတွေရဲ့ Management Level တွေကော၊ လုပ်ငန်းရှင်တွေကော ဒီသင်တန်းက တက်ထားသင့်တယ်။
🎯 ဒီသင်တန်းမှာ သင်ကြားမယ့် အလန်းစား သင်ခန်းစာတွေကို ကြည့်လိုက်ဉီး။ Facebook Marketing, Messenger Chatbot Marketing, SMS Marketing, Email Marketing, SEO, SEM, YouTube Marketing, Display Marketing, Instagram Marketing, Content Marketing, Consumer Behaviour, Customer Journey Marketing, Hidden Marketing Concept, Competitor Analysis, Content Plan, Budget Plan, Reporting Plan, Remarking Plan အစရှိတဲ့ ဘာသာရပ်တွေကို လူတိုင်းနားလည်စေမယ့် မြန်မာဘာသာနဲ့ ဆွေးနွေး သင်ကြားသွားမှာပါ။
✅ ဟုတ်တယ် ကျွန်တော်တို့ ဒီသင်တန်းမှာက One Way Method လို ဆရာကပဲ စာသင်ကြားတဲ့ပုံစံမျိုးမဟုတ်ပဲ။ အပြန်အလှန် ဆွေးနွေးမှုတွေ၊ သင်တန်းသားများမှ နားလည်ထားတာတွေကို ပြန်လည်တင်ပြမှုတွေ စတဲ့သင်ကြားမှု ပုံစံမျိုးတွေနဲ့ လေ့လာကြမှာဆိုတော့ ပျင်းစရာမကောင်းတော့ဘူးပေါ့။
ကဲ တော်ပီ လေမရှည်တော့ဘူး။
🎯 သင်တန်းက တစ်ပတ်ကို တနင်္ဂနွေ တစ်ရက်ပဲ တက်ရမှာ၊ အွန်လိုင်းကနေ သင်ကြားမှာ။ အချိန်ကလည်း ညနေ ၅ နာရီကနေ ၈ နာရီအထိ။ သင်တန်းကာလက ၄ လကြာမယ်။ 😊
🔶 ပုံမှန်သင်တန်းကြေးက ၂ သိန်းဖြစ်ပေမယ့် Covid ကာလအတွင်း ၅ သောင်း Discount ဆိုတော့ သင်တန်းကြေး တစ်သိန်းခွဲပဲ သွင်းရမယ်။ ခွဲသွင်းလို့လည်းရသေးတယ်။ တစ်ခုတော့ရှိတယ် ခွဲသွင်းမယ့်သူတွေအတွက် Discount ခံစားခွင့်မရှိဘူး။
🎓 UK Diploma လက်မှတ်ယူချင်ရင်တော့ ၇၅ ပေါင် မြန်မာငွေနဲ့ဆိုရင်တစ်သိန်းခွဲ ထပ်သွင်းရမယ်။ Diploma လက်မှတ်ကို ဘွဲ့နှင်းသဘင် အခမ်းအနားနဲ့ ပေးအပ်မှာပါ။ Diploma လက်မှတ်ကို ဘယ်ကနေပေးမှာလဲဆိုရင် နှစ်ပေါင်း ၁၇ဝ သက်တမ်းရှိ အစဉ်အလာကြီးမားတဲ့ NCFE လို့ခေါ်တဲ့ ပညာရေးအဖွဲ့အစည်းက ပေးမှာ ဖြစ်ပါတယ်။
🎯 သင်တန်းက 5.7.2020 ရက်နေ့စမှာပါ။ သင်တန်းသား ၅ဝ ယောက်ပဲ လက်ခံမှာ။ များသွားရင် မထိရောက်မှာလည်း မဖြစ်စေချင်ဘူး။ အမှန်က သင်တန်းမကြေငြာခင်ကတည်းက ၁ဝ ယောက်ကျော်လောက်က နာမည်စာရင်သွင်းထားပြီးသားပါ။ သင်တန်းတက်ဖို့ သေချာတယ်ဆိုရင် စောစော စာရင်းသွင်းထားဖို့ လိုပါမယ်။ နောက်ကျသွားရင် သင်တန်းမတက်လိုက်ရမှာ ဆိုးလို့ပါ။
09799501800 ကို ဖုန်းဆက်မေးလို့လည်းပါရတယ်။
မသိဘူး သင်တန်းအပ်တော့မယ် ဆိုတဲ့သူတွေကတော့
09799501800
ရဲ့ Viber ကို ဆက်သွယ်ပေး။ ငွေလွှဲရမယ့် အကောင့်တွေ Application ဖောင်တွေပို့ပေးမယ်။ 😊
လူကိုယ်တိုင် သင်တန်းလာအပ်ချင်ရင်လည်း
PN IT Centre
အမှတ် 66-68, အင်းစိန်လမ်းမ၊ လှည်းတန်း စဎရိပ်ငြိမ်မှတ်တိုင်အနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့မှာ လာအပ်လို့ရပါတယ်။