Dear Little Pai: A Life Diary

Dear Little Pai: A Life Diary Myanmar girl living in Vietnam🇻🇳
🇲🇲 🇻🇳 🇱🇦 🇹🇭 🇸🇬 🇮🇩 🇲🇻 Advertising/marketing

25/08/2026
ခရီးသွားတယ်ဆိုရင်…ပိုင်ကတော့လေ ခရီးသွားတယ် ဆိုရင် အဓိကက နေရာတခုကို explore လုပ်ချင်တာရယ် ခရီးသွားရတာကို ကြိုက်တာ ရယ်ကြော...
23/08/2026

ခရီးသွားတယ်ဆိုရင်…
ပိုင်ကတော့လေ ခရီးသွားတယ် ဆိုရင် အဓိကက နေရာတခုကို explore လုပ်ချင်တာရယ် ခရီးသွားရတာကို ကြိုက်တာ ရယ်ကြောင့် သွားတာ။
ကိုယ် မသိတဲ့ နေရာတခု ဖြစ်ဖြစ် ရောက်ဖူးတဲ့ နေရာ ဖြစ်ဖြစ် အဆင်မပြေတာ ဆိုတာကတော့ ရှိတာပဲလေနော်။ ကိုယ့်အိမ်မှ မဟုတ်တာကို။
ပိုင်ကတော့ ခရီး သွားရင် ဘယ်လို အရာပဲ ကြုံတွေ့ရ တွေ့ရ အတွေ့အကြုံ တခုအနေနဲ့ enjoy လုပ်တယ်။ တော်ရုံ အခန်း အဆင်မပြေတာ service အဆင်မပြေတာ အစားအသောက် အဆင်မပြေတာ တွေ သိပ်မတွေးဘူး။ ခရီးပါး ဝ သွားတာလားပဲ။
ခရီးသွားတာ များသောအားဖြင့် စိတ်အပန်းဖြေရင်း မသိတဲ့နေရာတခုကို သွားကြတာပဲလေနော်။ ဘာလို့ အဆင်မပြေတဲ့ အရာသေးသေးလေးတွေကြောင့် ကိုယ့် ပျော်ရွှင်မှု ကို ရပ်တန့်ရမှာလဲ။
မုန်တိုင်းကြားထဲလည်း သွားဖူးတယ်… ရေတွေ ပေါင်လောက် ရှိတဲ့နေရာတွေ သွားတာပဲ။ ပိုင်တို့မှာ အကျင့်တခုရှိတယ်။ အဆင်မပြေတာ တခုခု ရှိလာရင် ဟာသ လုပ်ပြီး ရယ်ပလိုက်တာပဲ။ မိုးရွာရွာ နေပူပူ ပျော်ကို ပျော်တာ( နေပူရင်တော့ သိပ်မပျော်ဘူး 🤭🤭)
အဲ့ဒါကြောင့် ပိုင့် vlog တွေ မြင်ရင် လှလိုက်တာ ပျော်စရာကြီး ဆိုတာတွေ ပြောထားတာ များတယ်။ အဆင်မပြေတာတွေ ရှိပေမယ့် ခေါင်းထဲ မထည့်လို့လား မသိဘူး သွားလေရာ ပျော်နေတာ…
ပိုင့်လိုမျိုး ခရီးသွားရရင်ကို ပျော်တတ်တဲ့ သူတွေ ရှိကြလား။ ဘယ်လို ပုံစံ ခရီးသွားကြတာ ကြိုက်လဲ ပြောပေးခဲ့ကြပါဦး 😁😁






#ဗီယက်နမ်ခရီးသွား
#ဗီယက်နမ်ရောက်မြန်မာ

22/08/2026

Vietnam က Hội An မြို့လေးကို တချို့က “scam” လို့ပြောကြတယ်။ တကယ်ပဲလား?

တကယ်ဟုတ်၊ မဟုတ် Video ထဲမှာ ကြည့်ကြည့်နော်။

ကိုယ်တိုင်ရောက်သွားတဲ့အချိန်မှာတော့ ပထမဆုံးသဘောကျမိတာက အဝါရောင်အဆောက်အအုံဟောင်းလေးတွေနဲ့ ရောင်စုံမီးပုံးတွေအောက်က မြို့ဟောင်းလမ်းလေးတွေပါ။

ညရောက်လာရင် မြို့လေးတစ်မြို့လုံး မီးပုံးရောင်စုံတွေနဲ့ လှသွားပြီး ဓာတ်ပုံရိုက်လို့ကောင်းသလို လမ်းလျှောက်ရတာလည်း အရမ်းသဘောကျတာပဲ။

ဒါပေမဲ့ လူသိများတဲ့ခရီးသွားနေရာဖြစ်တာကြောင့် လူအရမ်းများတယ်၊ ဆိုင်တချို့မှာ ဈေးနှုန်းတွေက ပုံမှန်ထက်မြင့်နိုင်တယ်။ လှေစီးတာ၊ မီးပုံးမျှောတာနဲ့ ပစ္စည်းဝယ်တာတွေမှာလည်း မလုပ်ခင် ဈေးနှုန်းကိုသေချာမေးထားတာကောင်းပါတယ်။

တချို့သူတွေအတွက်တော့ အရမ်းစီးပွားရေးဆန်ပြီး tourist trap လို ခံစားရနိုင်တယ်။ ဒါပေမဲ့ ပိုငိ့အတွက်တော့ လာလည်ရတဲ့အတွေ့အကြုံတစ်ခုလုံးကို “scam” လို့ခေါ်ရလောက်အောင် မဆိုးပါဘူး။

မြို့လေးရဲ့သမိုင်းဝင်အငွေ့အသက်နဲ့ ညဘက်မီးပုံးရောင်စုံအလှကို ကိုယ်တိုင်တစ်ခေါက်မြင်ရတာတော့ တန်ပါတယ်နော်…

ဒါပေမဲ့ လူအရမ်းများတာမကြိုက်ဘူး၊ အရာအားလုံးဈေးသက်သာမယ်လို့မျှော်လင့်ထားတယ်ဆိုရင်တော့ နည်းနည်းစိတ်ပျက်နိုင်ပါတယ်။

အကျဉ်းချုပ်ရရင် Hội An က scam မဟုတ်ပါဘူး။ နာမည်ကြီးလာလို့ စီးပွားရေးပိုဆန်လာတဲ့ ခရီးသွားမြို့တစ်မြို့လို့ပဲ ပိုင်ကတော့မြင်ပါတယ်။

Hội An ကို လာလည်ဖူးလား? Scam လို့ထင်လား၊ သွားရကျိုးနပ်တယ်လို့ထင်လား?

22/08/2026

ဟွေအမ်းမြို့လေးကို tourist trap လို့ ပြောကြတယ် … တကယ် အမှန်ပဲလား 🇻🇳🇻🇳🇻🇳

ဗီယက်နမ်မှာ ၁နှစ်ကျော်နေပြီးတဲ့နောက် သတိထားမိတဲ့ မြန်မာနဲ့မတူတဲ့ တချို့ အချက်လေးတွေ ပြောပြမယ်နော်…နံပါတ်တစ် — သူတို့ လူမ...
20/08/2026

ဗီယက်နမ်မှာ ၁နှစ်ကျော်နေပြီးတဲ့နောက် သတိထားမိတဲ့ မြန်မာနဲ့မတူတဲ့ တချို့ အချက်လေးတွေ ပြောပြမယ်နော်…

နံပါတ်တစ် — သူတို့ လူမျိုးတွေက ဇွတ်တွေများတယ်။

ငယ်ငယ်ထဲက No ဆိုတာမျိုး နဲ့ မကြီးပြင်းခဲ့ရလို့လား မသိဘူး။ သူတို့ လုပ်ချင်တာပဲ လုပ်တာ များတယ်။ ဥပမာ ပိုင်တို့ တရက်က အကင် သွားစားကြတယ်။ အသားနဲ့ ကြက်ဥ နဲ့ စိမ်ပြီး စားရင် အသားနူးညံ့လို ပိုင်တို့ အဲ့လို စားနေကြ။ အဲ့နေ့ကြတော့ သူတို့ လုပ်ပေးမယ် ဆိုပြီး လုံးဝ ကိုယ်စားချင်သလို ထည့်ကင်စားလို့ မရဘူး။ ဘေးကနေ စောင့်ကြည့်နေပြီးတော့ကို အဲ့လို မလုပ်နဲ့ ဆိုပြီး ကြည့်နေတာ 🤭
တခြား တခေါက်ကျတော့လည်း ထမင်းနဲ့ စားချင်လို့ ထမင်း အရင် ချပေးပါပြောလည်း သူတို့ ဟင်းတွေ အရင် အကုန်စုံမှ ချပေးတာမျိုး။ နောက်တခုက border သွားတုန်းက တည်းခိုခန်း တည်းတာ အပြင် ခန သွားချင်လို့ပါ ပြောတာကို အသွားမခံဘူး။ မနက်မှ သွားဆိုပြီး တံခါး မဖွင့်ပေးတာမျိုး 🤭 အဲ့လိုမျိုး သူတို့လုပ်ချင်တဲ့ အရာကိုပဲ လုပ်တာ customers ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဂရုကို မစိုက်တာ 😁😁😁

နံပါတ်နှစ် — လမ်းဘေးကော်ဖီဆိုင်ယဉ်ကျေးမှု။

ညရောက်တာနဲ့ ခုံပုလေးတွေနဲ့ လမ်းပေါ်ထိုင်ပြီး ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေး စကားပြောနေကြတာ နေရာတိုင်းနီးပါးတွေ့ရတယ်။

အစပိုင်းမှာ ကိုယ့်အတွက်ထူးဆန်းပေမယ့် အခုတော့ ညရောက်ရင် ကော်ဖီဆိုင်လေး ထိုင်လိုက်ရမှ… ဒီပုံစံလေးကို သဘောကျနေပြီ။

နံပါတ် သုံး - street food ရွေးချယ်စရာ သိပ်မရှိတာ
ပိုင်တို့ ရန်ကုန်မှာ ဆို ညနေ ၅/၆နာရီလောက်ဆို တို့စိတို့စိ စားချင်တာ။ အကင်စားမလား။ အသုတ်စားမလား။ မုန့်တွေ စားမလား။ ထိုင်းတို့ ဘာတို့ ဆို ပိုများ တိုလီမုန့်စ စားပါလေ့။ ဒီရောက်စတုန်းက အဲ့ချိန်ဆို Banh Mi စားကြတာ သူတို့က။ ပြီးရင် နာမည် မခေါ်တတ်တာ rice paper နဲ့ အသား အရွက်တွေ ကိုယ့်ဘာသာ လိပ်စားရတာမျိုးစား ကြတယ်။ ပြီးရင် ဝက်ကောင်လုံးကင် တို့ ကြက်ကောင်လုံး ဘဲကောင်လုံးကင်တို့ စားကြတာ။ ပေါ့ပေါ့ပါးပါး သိပ်မတွေ့ရဘူး။

မြန်မာနဲ့ဗီယက်နမ် မတူတဲ့အရာ နောက်ထပ်ဘာတွေရှိသေးလဲ? ကိုယ်သတိထားမိတာ Comment မှာပြောခဲ့ပေးကြပါဦး။ နောက်မှ တခြား အချက် ကြုံတွေ့ရတာလေးတွေ ထပ်ပြောပြဦးမယ် … ပိုင့် အကောင့်လေးကို follow လုပ်ပေးထားကြဦးနော် 🤗🤗🤗






#ဗီယက်နမ်ခရီးသွား
#ဗီယက်နမ်ရောက်မြန်မာ

19/08/2026

လူအများသိပ်မသိသေးတဲ့ ဗီယက်နမ်နယ်စပ်မြို့လေးမှာ နေထိုင်ရတဲ့ သာမန်တစ်နေ့က ဘယ်လိုဖြစ်မလဲ?

မနက်နိုးလာရင် ပြတင်းပေါက်အပြင်ဘက်က တောင်တန်းတွေနဲ့ အေးအေးဆေးဆေးမြို့မြင်ကွင်းကို အရင်ဆုံးတွေ့ရတယ်။

ဒီနေ့တော့ မနက်စာစားဖို့ ဆိုင်ကယ်လေးနဲ့ အပြင်ထွက်ဖြစ်တယ်။

Lạng Sơn က မြို့ကြီးတွေလို အရမ်းမရှုပ်ဘူး။ သွားလာရတာလွယ်ပြီး လမ်းဘေးမှာ ထိုင်စားလို့ရတဲ့ဆိုင်လေးတွေလည်း အများကြီးရှိတယ်။

မနက်စာစားပြီးရင် ကော်ဖီတစ်ခွက်ဝယ်၊ လိုအပ်တာလေးတွေဈေးဝယ်ပြီး မြို့ထဲမှာ အေးအေးဆေးဆေးလျှောက်ဖြစ်တယ်။

ဒီမြို့မှာ ကိုယ်အကြိုက်ဆုံးအရာကတော့ လူမရှုပ်တာနဲ့ ဘယ်နေရာသွားသွား သိပ်မဝေးတာပါပဲ။

နာမည်ကြီးခရီးသွားမြို့တစ်မြို့မဟုတ်ပေမယ့် ရိုးရှင်းပြီးအေးချမ်းတဲ့ နေ့စဉ်ဘဝလေးကို ခံစားရတယ်။

ဒီလို အေးချမ်းတဲ့ နယ်မြို့လေးမှာ နေချင်လား၊ ဒါမှမဟုတ် စည်ကားတဲ့ မြို့ကြီးမှာနေချင်လား?

18/08/2026

ဒီ ခေါက်ဆွဲ တစ်ပွဲကို မြန်မာငွေနဲ့ဆို ဘယ်လောက်ကျမယ်ထင်လဲ?

သူ့နာမည်က Bún trộn ပါ။

ပုံမှန် Phở လို ဟင်းရည်ပူပူနဲ့မဟုတ်ဘဲ ချဉ်ချဉ်၊ ချိုချို၊ အငန်အရသာလေးတွေနဲ့ ရောထားတာပါ။

ခေါက်ဆွဲ၊ အသား၊ မြေပဲ၊ ကြက်သွန်ကြော်နဲ့ ဟင်းသီးဟင်းရွက်တွေ ပါပြီး စားလိုက်ရင် အရသာမျိုးစုံကို တစ်ခါတည်းခံစားရတယ်။

အစပိုင်းမှာ အရသာက ဘယ်လိုဖြစ်မလဲဆိုပြီး နည်းနည်းစိုးရိမ်ပေမယ့် စားကြည့်လိုက်တော့ ထင်ထားတာထက်ပိုကြိုက်သွားတယ်။

ဒီတစ်ပွဲကို 45.000 VND ပါ။ ဝက်သားကင် က မီးခိုးနံ့သင့်သင်းလေးနဲ့ မုန့်ဖတ်နဲ့ ချိုချဉ် အရသာလေးရယ်က အရသာ မျှတတယ် ပြောရမယ်။

ဗီယက်နမ်ရောက်ရင် ဒီဟာကို စမ်းစားကြည့်မလား၊ မစားရဲဘူးလား?

17/08/2026

ဒီ လန်ဆွန်မြို့လေးကလေ ခုလို ရိုးရာ ပွဲလေးတွေ လတိုင်းနီးပါးကို ရှိတာ… ဒီပွဲလေးကို အမှတ်မထင် ပါဝင်ဆင်နွှဲခဲ့ရတာရယ်။
ဒီပွဲလေးကိုက စစ်ပွဲအတွင်းမှာ အသက်ဆုံးရှုံးသွားတဲ့သူတွေကို ရည်စူးပြီး လှူပေးတဲ့ ပွဲလေးတဲ့…
ပိုင်တို့ မြနိမာပြည် ထမင်းရည်ချောင်းစီး လှူသလို ပြောရမယ်။ ပေ၁၀၀လောက်ကို ရှည်တဲ့ စားပွဲဝိုင်းကြီးတွေ ဆက်ထားပြီး လှူဖွယ် ပစ္စည်းတွေ အပြည့်ကို လှူပေးတာ။
မုန့်တွေ အဝတ်အစားတွေ ပိုက်ဆံတွေ အသုံးဆောင်ပစ္စည်းတွေ တကယ့်ကို အကြီးအကျယ်လှူတာ။
ဘုရားပွဲ နတ်ပွဲ လည်း အကြီးအကျယ်ကို လှူတာ။
ပိုင်တို့လည်း ချောင်းထဲကို ကြာပန်းမီးလေးတွေ လည်း ပါဝင်မြှောပြီး ဆုတောင်းခဲ့သေးတယ်။
သားရွှေအိုးထမ်းတဲ့ ဆုတောင်းပြောရမလား စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံရပါစေလို့ 🏮🏮🏮
ဒီမြို့လေးမှာ နေနေရင်းနဲ့ကို ဒီမြို့လေးက ခွဲရမှာ စိုးရိမ်နေရတဲ့ထိကို သံယောစဉ် တွယ်ရတဲ့ မြို့လေး…
ဘယ်ချိန် ဘယ်လောက်ထိ နေရဦးမယ် မသိပေမယ့် ပိုင်တို့ကို နွေးထွေးစွာ လက်ခံပေးထားတဲ့ မြို့လေး…
သူငယ်ချင်းတယောက်က မေးဘူးတယ်။ နင်ဘယ်မှာလဲ တဲ့။ ငါအိမ်မှာ လို့ ပြောတော့ ဘယ်အိမ်မှာလဲတဲ့။
လန်ဆွန်အိမ် မှာလို့ပြောတော့… အော် အဲ့နေရာကို အိမ်လို့တောင် သတ်မှတ်လိုက်ပြီလား လို့ မေးတယ်။ ဒီနေရာလေးမှာ ချစ်ရတဲ့ မိသားစု ရှိတယ်။စိတ်အေးချမ်းစွာ နေရတယ်။ ဒါနဲ့တင် အိမ်လို့ သတ်မှတ်လို့ရပြီပဲလေနော်။
ပွဲလေးအကြောင်းကတော့ video ထဲ ကြည့်ပေးနော်။ ဒီစာလေးကတော့ ဒီမြို့လေးအကြောင်းကို အမွှန်းတင်ထားတဲ့ အကြောင်းပေါ့ ☺️☺️☺️

Vietnam မှာက ကြိုက်သလောက်ယူ ကျသလောက်ရှင်းတွေ များတယ်နော် 🍦🍦🍦ဒီဆိုင်လေးက YoMaMa ဆိုတဲ့ အသီးစုံနဲ့ ရေခဲမုန့်ဆိုင်လေး… အသီး...
16/08/2026

Vietnam မှာက ကြိုက်သလောက်ယူ ကျသလောက်ရှင်းတွေ များတယ်နော် 🍦🍦🍦

ဒီဆိုင်လေးက YoMaMa ဆိုတဲ့ အသီးစုံနဲ့ ရေခဲမုန့်ဆိုင်လေး… အသီးတွေကို ကြိုက်သလောက်ထည့်ပြီး gram ချိန်နဲ့ ရောင်းပေးတာမျိုးလေး။
ခု ပိုင်တို့ရွေးထားတဲ့ တခွက်ဆို VND 40.000 ဝန်းကျင်လောက် မြန်မာငွေ ၆၀၀၀ဝန်းကျင်လောက်ကျတယ်။ ရေခဲမုန့်လေးလည်း add-on ထပ်ထည့်ပေးတယ်။
အရသာကလေ အရမ်း မချိုဘဲ ချိုချဉ်လေး… သူက probiotic ပါပါတော့ ဝမ်းအတွက်လည်း ကောင်းတာပေါ့… အသီးအနှံတွေ ကလည်း လတ်လတ်ဆတ်ဆတ် နဲ့ topping လေးတွေကလည်း quality ကောင်းကောင်းလေး သုံးပေးထားတာ ရယ် 🍓🍇🍎🍉🍑
ပိုင်ကတော့ နောက်တခေါက် ထပ် try မယ့် lists ထဲမှာ ထပ်ထည့်လိုက်ပြီ။
ပိုင့်လို ရေခဲမုန့်သရဲ အတွက်ကတော့ must try 🤭🤭🤭


Address

Kamayut
310147

Telephone

+959965531067

Website

Alerts

Be the first to know and let us send you an email when Dear Little Pai: A Life Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Dear Little Pai: A Life Diary:

Shortcuts

Share