CFK-Art Platform

CFK-Art Platform An independent cultural company that curates exhibitions, connects artists with businesses, and creates meaningful cultural experiences across Myanmar

ကျွန်မတို့ ComingFromKalaw_Art Space မှာ လက်ရှိပြသနေသည့် "Skirting The Issue" ပန်းချီပြပွဲမှ လုံချည်ပန်းချီကားများ၏ နောက...
16/08/2026

ကျွန်မတို့ ComingFromKalaw_Art Space မှာ လက်ရှိပြသနေသည့် "Skirting The Issue" ပန်းချီပြပွဲမှ လုံချည်ပန်းချီကားများ၏ နောက်ကွယ်ရှိ အမျိုးသမီးများ၏ မျှဝေစကားသံ

"Skirting the Issue" ပန်းချီပြပွဲတွင် ပြသထားသည့် ပန်းချီဆရာ ထိန်လင်း၏ ထမီနှင့် လုံချည်ပန်းချီကားများကို ကြည့်ရှုရင်း ၎င်းအနုပညာဖန်တီးမှုများ၏ စိတ်ကူးအမြင်များကို ပုံဖော်ပေးခဲ့ကြသည့် အမျိုးသမီးများ၏ အသံများ -

ဒေါ်မြင့်မြင့်ကြည်
"ထဘီပုဆိုး ဆိုတာတွေ ပညတ်အခေါ်တွေပါ။ အရေးကြီးတာကအစွန်းမရောက်ဘို့ပါ၊ ကိုယ်ကျင့်သီလကောင်း ဘို့ပဲလိုပါတယ်။"

သူသူရှိန်
"ပိတ်စတစ်စသာဖြစ်တဲ့ ထဘီနဲ့ ယောကျာ်းတစ်ယောက်ရဲ့ဘုန်းကံ ဘာမှမပတ်သတ်ဘဘူး။ ကျားဝတ် မဝတ်အကုန်လုံးရော လျှော်တယ်"

စကားဝိုင်းများနှင့် အတူတူမျှဝေခဲ့ကြသည့် အမှတ်တရများမှတစ်ဆင့် ဒီအမျိုးသမီးနှစ်ဦးက "ထမီ" ကို သာမန်အဝတ်အထည်တစ်ခုအဖြစ် မဟုတ်ဘဲ အမျိုးသမီးများ၏ အမှတ်သညာ၊ နေ့စဉ်ဘဝ၊ ရိုးရာဓလေ့၊ လုပ်ငန်းခွင်နှင့် ကိုယ်တွေ့အတွေ့အကြုံများနှင့် ဒွန်တွဲနေသည့်အရာတစ်ခုအဖြစ် ပြန်လည်သုံးသပ်မျှဝေထားကြခြင်း ဖြစ်ပါတယ်။

Skirting the Issue
အနုပညာရှင် - ဦးထိန်လင်း
ComingFromKalaw_Art Space တွင် လက်ရှိပြသလျက်ရှိပါတယ်။

Voices of Women Behind the Longyi Paintings: “Skirting the Issue” at ComingFromKalaw_Art Space

For our ongoing exhibition “Skirting the Issue,” we look beyond the canvas of artist Htein Lin’s longyi paintings to honor the voices and personal reflections of the women who inspired these works.

Daw Myint Myint Kyi
“Words like 'htamein' and 'pasoe' are just names. The
important thing is not to be extreme. Having good moral virtue is all that matters.”

Thu Thu Shein
“Woman's longyi is just a piece of cloth, nothing to do
with man's hpone. I launder all the clothes together.”

Through intimate conversations and shared memories, these two women reflect on the htamein not merely as a garment, but as an emblem deeply tied to female identity, daily life, tradition, labor, and personal experience.

Skirting the Issue
Solo Exhibition by Htein Lin
Now showing at ComingFromKalaw_Art Space

ကျွန်မတို့ ComingFromKalaw_Art Space မှာ လက်ရှိပြသနေသည့် "Skirting The Issue" ပန်းချီပြပွဲမှ လုံချည်ပန်းချီကားများ၏ နောက...
12/08/2026

ကျွန်မတို့ ComingFromKalaw_Art Space မှာ လက်ရှိပြသနေသည့် "Skirting The Issue" ပန်းချီပြပွဲမှ လုံချည်ပန်းချီကားများ၏ နောက်ကွယ်ရှိ အမျိုးသမီးများ၏ မျှဝေစကားသံ

"Skirting the Issue" ပန်းချီပြပွဲတွင် ပြသထားသည့် ပန်းချီဆရာ ထိန်လင်း၏ ထမီနှင့် လုံချည်ပန်းချီကားများကို ကြည့်ရှုရင်း ၎င်းအနုပညာဖန်တီးမှုများ၏ စိတ်ကူးအမြင်များကို ပုံဖော်ပေးခဲ့ကြသည့် အမျိုးသမီးများ၏ အသံများ -

စန္ဒာ
"ကျွန်မကအယူမရှိပေမဲ့ ယောက္ခမဆန္ဒအရထမီနဲ့ တခြားအဝတ်စတွေကို ရောမလျှော် မလှန်းရဘူး။"

စိုးအေးထက်
"လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားဟာ ထမိန်တစ်ထည်ပေါ်မှာ မူမတည်ဘူး လျှော်တဲ့အခါ ရောလျှော်တယ်။"

စကားဝိုင်းများနှင့် အတူတူမျှဝေခဲ့ကြသည့် အမှတ်တရများမှတစ်ဆင့် ဒီအမျိုးသမီးနှစ်ဦးက "ထမီ" ကို သာမန်အဝတ်အထည်တစ်ခုအဖြစ် မဟုတ်ဘဲ အမျိုးသမီးများ၏ အမှတ်သညာ၊ နေ့စဉ်ဘဝ၊ ရိုးရာဓလေ့၊ လုပ်ငန်းခွင်နှင့် ကိုယ်တွေ့အတွေ့အကြုံများနှင့် ဒွန်တွဲနေသည့်အရာတစ်ခုအဖြစ် ပြန်လည်သုံးသပ်မျှဝေထားကြခြင်း ဖြစ်ပါတယ်။

Skirting the Issue
အနုပညာရှင် - ဦးထိန်လင်း
ComingFromKalaw_Art Space တွင် လက်ရှိပြသလျက်ရှိပါတယ်။

Voices of Women Behind the Longyi Paintings: “Skirting the Issue” at ComingFromKalaw_Art Space

For our ongoing exhibition “Skirting the Issue,” we look beyond the canvas of artist Htein Lin’s longyi paintings to honor the voices and personal reflections of the women who inspired these works.

Sandar
“I have no fanaticism about woman's htamein but my mother-in law always told me to wash and dry woman's htamein separately from any other clothes.”

Soe Aye Htet
“The moral standards of a person do not depend on a woman's htamein. I wash woman's htamein and other clothes together.”

Through intimate conversations and shared memories, these two women reflect on the htamein not merely as a garment, but as an emblem deeply tied to female identity, daily life, tradition, labor, and personal experience.

Skirting the Issue
Solo Exhibition by Htein Lin
Now showing at ComingFromKalaw_Art Space

07/08/2026

Exhibition Tour!

CFK မှာဘာတွေရှိလဲ၊ ခုလက်ရှိမှာ ဘာပန်းချီကားတွေပြထားလဲဆိုတာကို အတူတူ လှည့်လည်ကြည့်ရှုလိုက်ရအောင် ✨

ဒီ Exhibition Tour Video လေးမှာ ပြပွဲနေရာအပြင်အဆင်များ၊ ပြသထားတဲ့ ပန်းချီဦးထိန်လင်းရဲ့ အနုပညာလက်ရာများနဲ့ လာရောက်ကြည့်ရှုသူများအတွက် ဖန်တီးထားတဲ့ အတွေ့အကြုံတွေကို တစ်စိတ်တစ်ပိုင်းမျှဝေပေးထားပါတယ်။

အနုပညာလက်ရာတစ်ခုချင်းစီရဲ့ အဓိပ္ပာယ်နဲ့ ပြခန်းရဲ့ အငွေ့အသက်တွေကို ဒီဗီဒီယိုလေးကနေတစ်ဆင့် ခံစားကြည့်ရှုနိုင်ပါတယ်။

Exhibition Tour!

Let’s take a look around together and explore what’s currently on display at CFK, including the artworks that are being exhibited at the moment. ✨

In this Exhibition Tour Video, we are sharing a glimpse of the exhibition space, the artworks by artist U Htein Lin that are currently on display, and the experience created for our visitors.

Through this video, you can explore the meaning behind each artwork and experience the atmosphere of the gallery space.

ကျွန်မတို့ ComingFromKalaw_Art Space မှာ လက်ရှိပြသနေသည့် "Skirting The Issue" ပန်းချီပြပွဲမှ လုံချည်ပန်းချီကားများ၏ နောက...
05/08/2026

ကျွန်မတို့ ComingFromKalaw_Art Space မှာ လက်ရှိပြသနေသည့် "Skirting The Issue" ပန်းချီပြပွဲမှ လုံချည်ပန်းချီကားများ၏ နောက်ကွယ်ရှိ အမျိုးသမီးများ၏ မျှဝေစကားသံ

"Skirting the Issue" ပန်းချီပြပွဲတွင် ပြသထားသည့် ပန်းချီဆရာ ထိန်လင်း၏ ထမီနှင့် လုံချည်ပန်းချီကားများကို ကြည့်ရှုရင်း ၎င်းအနုပညာဖန်တီးမှုများ၏ စိတ်ကူးအမြင်များကို ပုံဖော်ပေးခဲ့ကြသည့် အမျိုးသမီးများ၏ အသံများ -

ဇင်မာ (ရှော်ချောင်းရွာ)
"သမီးတို့ရွာမှာ ထမီတန်းအောင်အမျိုးသားဝင်ရင် ဘုန်းကံနိမ့်တယ်ယုံကြည်ကြတယ်။ ဒါကြောင့်ထမီကို အိမ်နောက်မှာဘဲ လှမ်းကြတယ်။"

သင်းသင်း
"ဘုန်းကံမြင့်တာ ၊ နိမ့်တာကိုယ်ကျင့်သီလနဲ့ပဲဆိုင်တယ်။ ကိုယ်ကျင့်သီလ ကောင်းတဲ့သူကတော့ ထမီအောက်ဝင်လည်း သူ့ဘုန်းကံကမြင့်နေမှာပါပဲ။"

စကားဝိုင်းများနှင့် အတူတူမျှဝေခဲ့ကြသည့် အမှတ်တရများမှတစ်ဆင့် ဒီအမျိုးသမီးနှစ်ဦးက "ထမီ" ကို သာမန်အဝတ်အထည်တစ်ခုအဖြစ် မဟုတ်ဘဲ အမျိုးသမီးများ၏ အမှတ်သညာ၊ နေ့စဉ်ဘဝ၊ ရိုးရာဓလေ့၊ လုပ်ငန်းခွင်နှင့် ကိုယ်တွေ့အတွေ့အကြုံများနှင့် ဒွန်တွဲနေသည့်အရာတစ်ခုအဖြစ် ပြန်လည်သုံးသပ်မျှဝေထားကြခြင်း ဖြစ်ပါတယ်။

Skirting the Issue
အနုပညာရှင် - ထိန်လင်း
ComingFromKalaw_Art Space တွင် လက်ရှိပြသလျက်ရှိသည်။

Voices of Women Behind the Longyi Paintings: "Skirting the Issue" at ComingFromKalaw_Art Space

For our ongoing exhibition "Skirting the Issue," we look beyond the canvas of artist Htein Lin’s longyi paintings to honor the voices and personal reflections of the women who inspired these works.

Zin Mar
"In my village, people believe that a man loses his “hpone”(spiritual power) if he goes under a woman’s htamein line, so we usually hang our htameins in the backyard."

Thin Thin
"The fact that a person having hpone (spiritual power) or losing hpone depends on his morality. A moral person still has his hpone even if he goes under a woman’s htamein line; "

Through intimate conversations and shared memories, these two women reflect on the htamein not merely as a garment, but as an emblem deeply tied to female identity, daily life, tradition, labor, and personal experience.

Skirting the Issue
Solo Exhibition by Htein Lin
Now showing at ComingFromKalaw_Art Space

ကျွန်မတို့ ComingFromKalaw_Art Space မှာ လက်ရှိပြသနေသည့် "Skirting The Issue" ပန်းချီပြပွဲမှ လုံချည်ပန်းချီကားများ၏ နောက...
02/08/2026

ကျွန်မတို့ ComingFromKalaw_Art Space မှာ လက်ရှိပြသနေသည့် "Skirting The Issue" ပန်းချီပြပွဲမှ လုံချည်ပန်းချီကားများ၏ နောက်ကွယ်ရှိ အမျိုးသမီးများ၏ မျှဝေစကားသံ

"Skirting the Issue" ပန်းချီပြပွဲတွင် ပြသထားသည့် ပန်းချီဆရာ ထိန်လင်း၏ ထမီနှင့် လုံချည်ပန်းချီကားများကို ကြည့်ရှုရင်း ၎င်းအနုပညာဖန်တီးမှုများ၏ စိတ်ကူးအမြင်များကို ပုံဖော်ပေးခဲ့ကြသည့် အမျိုးသမီးများ၏ အသံများ -

နီနွယ်မင်း
"အလွန်ရှေးကျတဲ့အဖွားတွေနဲ့နေခဲ့ရလို့ ထမီနဲ့ပတ်သတ်ပြီး သွန်သင်ခဲ့တာတွေရှိခဲ့ပေမယ့် ဘုန်းနိမ့်တယ်ဆိုတာကိုတော့ လက်မခံနိုင်ခဲ့ဘူး။ ထမီဆိုတာ အဝတ်စတစ်စထက် မပိုဘူး။"

မမို့မို့
"ပန်းချီဆွဲဖို့ ထမီအဟောင်းတောင်းတာမှန်ပေမယ့် ပန်းချီဆွဲမယ့်သူက ယောကျာ်းဖြစ်နေလို့ ဘုန်းနိမ့်မှာစိုးလို့ ထမီအသစ်ကိုပဲ ပေးလိုက်ပါတယ်။"

စကားဝိုင်းများနှင့် အတူတူမျှဝေခဲ့ကြသည့် အမှတ်တရများမှတစ်ဆင့် ဒီအမျိုးသမီးနှစ်ဦးက "ထမီ" ကို သာမန်အဝတ်အထည်တစ်ခုအဖြစ် မဟုတ်ဘဲ အမျိုးသမီးများ၏ အမှတ်သညာ၊ နေ့စဉ်ဘဝ၊ ရိုးရာဓလေ့၊ လုပ်ငန်းခွင်နှင့် ကိုယ်တွေ့အတွေ့အကြုံများနှင့် ဒွန်တွဲနေသည့်အရာတစ်ခုအဖြစ် ပြန်လည်သုံးသပ်မျှဝေထားကြခြင်း ဖြစ်ပါတယ်။

Skirting the Issue
အနုပညာရှင် - ဦးထိန်လင်း
ComingFromKalaw_Art Space တွင် လက်ရှိပြသလျက်ရှိပါတယ်။

Voices of Women Behind the Longyi Paintings: “Skirting the Issue” at ComingFromKalaw_Art Space

For our ongoing exhibition “Skirting the Issue,” we look beyond the canvas of artist Htein Lin’s longyi paintings to honor the voices and personal reflections of the women who inspired these works.

Ni Nwe Min
I have lived together with my grandmothers who are old fashioned. They used to teach me the custom that a man’s “hpone”(spiritual power) depends on a woman htamein, but I didn’t accept that idea. Woman’s htamein is just a piece of cloth.

Ma Moh Moh
“It’s true the artist requested our old ‘htamein’ to paint on, but since he’s a man, I gave him a new one. I was worried his ‘hphone’ would be affected.”

Through intimate conversations and shared memories, these two women reflect on the htamein not merely as a garment, but as an emblem deeply tied to female identity, daily life, tradition, labor, and personal experience.

Skirting the Issue
Solo Exhibition by Htein Lin
Now showing at ComingFromKalaw_Art Space

30/07/2026

TASTE — Coming From Kalaw (CFK) ရဲ့ creative service တစ်ခုဖြစ်ပြီး အနုပညာ၊ အစားအစာနဲ့ ဘဝဇာတ်ကြောင်းတွေကို ပေါင်းစပ်ပြီး အနုပညာကို ခံစားနိုင်မယ့် အတွေ့အကြုံအသစ်တစ်ခုကို ဖန်တီးပေးနေပါတယ်။

ဒီဗီဒီယိုမှာ TASTE Session 03 — အနုပညာရှင် ကိုခင်ဇော်လတ် နဲ့အတူ ဖန်တီးခဲ့တဲ့ မှတ်တမ်းအတွေ့အကြုံရဲ့ နောက်ကွယ်က အကြောင်းအရာတွေ ကို ကြည့်ရှုနိုင်ပါတယ်။ ဒီ Session အတွက် သူ့ရဲ့ အနုပညာခရီး၊ ပန်းချီလက်ရာတွေနောက်ကွယ်က အမှတ်တရတွေ၊ အတွေးအမြင်တွေနဲ့ ဖန်တီးမှုဖြစ်စဉ်တွေကို လေ့လာပြီး အဲ့ဒီအကြောင်းအရာတွေကနေ အစားအစာအတွေ့အကြုံတစ်ခုအဖြစ် ပြန်လည်ဖန်တီးခဲ့ပါတယ်။ ပန်းချီကားတွေ၊ ကိုယ်ပိုင်အမှတ်တရတွေ၊ စကားဝိုင်းတွေကနေတစ်ဆင့် ဘဝအတွေ့အကြုံတွေဟာ အနုပညာဖန်တီးမှုတွေအဖြစ် ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို မျှဝေခဲ့ပါတယ်။

ECHO Dining နဲ့ ပူးပေါင်းပြီး Chef Orng Joitamoi က အနုပညာရှင်တစ်ဦးချင်းစီရဲ့ ဘဝဇာတ်ကြောင်းနဲ့ ဖန်တီးမှုအမြင်တွေကို အခြေခံကာ အစားအစာတစ်ပွဲချင်းစီအဖြစ် ဖန်တီးပေးခဲ့ပြီး အရသာနဲ့ အနုပညာကြားက ဆက်နွယ်နေမှုကို ဖော်ပြပေးခဲ့ပါတယ်။

TASTE 03 ရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Private events, curated dining concepts နဲ့ collaborations များအတွက် Coming From Kalaw သို့ 09897705377 မှ ဖုန်းခေါ်၍ဖြစ်စေ www.comingfromkalaw.com မှလည်း ဆက်သွယ်နိုင်ပါတယ်။

TASTE, a creative service by Coming From Kalaw (CFK), is a curated dining experience that creates new connections between art, food, and storytelling.

This video takes you behind the creation of TASTE Session 03 with artist Khin Zaw Latt, exploring the memories, ideas, and artistic journey that shape his practice, and transforming them into a carefully curated sensory experience. Through paintings, personal reflections, and conversations, Khin Zaw Latt shared the stories behind his creative journey — revealing how moments from life become the foundation of artistic expression.

In collaboration with ECHO Dining, Chef Orng translates each artist’s story and creative perspective into a sequence of dishes, creating a dialogue between taste, memory, and visual expression.

Experience the story behind TASTE 03 through this behind-the-scenes journey.

For private events, curated dining concepts, and collaborations, contact Coming From Kalaw via 09897705377 or
www.comingfromkalaw.c

Captured by Green Culture Production

26/07/2026

We invite you to listen to the artist’s insights and discover the journey behind how these paintings came to life.

Exhibition open through August 30th.
Hours: Open Wednesday – Sunday (Closed Mondays & Tuesdays)

Close-up looks from TASTE: Session 03 — works by artist Khin Zaw Lattယခုပန်းချီကားများက သူ၏ဖန်တီးမှု လမ်းကြောင်းသစ်တစ်ခု...
23/07/2026

Close-up looks from TASTE: Session 03 — works by artist Khin Zaw Latt

ယခုပန်းချီကားများက သူ၏ဖန်တီးမှု လမ်းကြောင်းသစ်တစ်ခုကို မီးမောင်းထိုးပြနေခြင်းဖြစ်ပါတယ်။ သေချာပုံဖော်ထားပြီးသား ရုပ်ပုံတစ်ပုံကနေ စတင်ခြင်းမဟုတ်ဘဲ ပြန့်ကျဲသွားအောင် ရေရောထားသော အနက်ရောင် acrylic ဆေးများကို ကင်းဗတ်စ်ပေါ်သို့ စီးကျစေကာ ကမ္ဘာ့ဆွဲအား၊ ရေ၏ စီးဆင်းမှုနှင့် မတော်တဆ ပေါ်ထွက်လာမှုတို့မှတစ်ဆင့် ပထမဆုံးသော အမှတ်အသားများကို ပုံဖော်စေခဲ့ပါတယ်။ ထို့နောက်မှ တဖြည်းဖြည်း ပေါ်လာသော ပုံရိပ်များကို ကြည့်ရှုကာ တုံ့ပြန်ပုံဖော်သွားခြင်း ဖြစ်ပါတယ်။

သူ့အတွက် ပန်းချီဆွဲခြင်းဆိုတာ ထိန်းချုပ်ကွပ်ကဲနေခြင်းထက် လက်လွှတ်လိုက်ခြင်း သဘောတရားတစ်ခုပင် ဖြစ်တယ်လို့ ပြောဖြစ်ကြပါတယ်။ သဘာဝရှုခင်း ဆိုတာဟာလည်း ကြိုတင်စီမံထားခြင်းမျိုး မဟုတ်ဘဲ စောင့်ကြည့်လေ့လာမှု၊ အမှတ်တရများ၊ စိတ်ကူးစိတ်သန်းတို့မှတစ်ဆင့် ပုံရိပ်အဖြစ် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခြင်း ဖြစ်ပြန်ပါတယ်။

မိုးရာသီရဲ့ တိတ်ဆိတ်ငြိမ်သက်သော အငွေ့အသက်နှင့် မိုနေး (Monet) ၏ ကြာကန်ကဲ့သို့သော နေရာများအပေါ် ရင်ထဲကျန်ရစ်သည့် အဝေးမှ ခရီးသွားအမှတ်တရများ၏ စိမ့်ဝင်လှုံ့ဆော်မှုဖြင့် ဖန်တီးထားသော ယခုပန်းချီကားများက ပထဝီသဘောသဘာဝ နေရာဒေသတစ်ခုဆိုတာထက် ခံစားချက်နဲ့သက်ဆိုင်တဲ့ ရှုခင်းမြင်ကွင်းများ (emotional landscapes) သာလျှင် ဖြစ်ကြပါပေတယ်။

These works mark a new direction in his practice. Rather than beginning with a fixed image, he starts by pouring diluted black acrylic onto the canvas, allowing gravity, water, and chance to shape the first marks. He then responds to what gradually appears.

For him, painting is an act of letting go rather than taking control. The landscape is not planned; it slowly emerges through observation, memory, and imagination.

Inspired by the quiet atmosphere of the rainy season and distant memories of places like Monet’s lotus pond, these paintings become emotional landscapes rather than geographical ones.

ရန်ကုန်က အနုပညာနှစ်သက်ကြသူတွေအတွက် Coming From Kalaw နဲ့ ECHO Dining တို့ ပူးပေါင်းစီစဉ်တဲ့ “TASTE session 03” က အတွေ့အက...
21/07/2026

ရန်ကုန်က အနုပညာနှစ်သက်ကြသူတွေအတွက် Coming From Kalaw နဲ့ ECHO Dining တို့ ပူးပေါင်းစီစဉ်တဲ့ “TASTE session 03” က အတွေ့အကြုံသစ်တစ်ခု ဖြစ်ခဲ့မယ်လို့ မျှော်လင့်ပါတယ်။

ရယ်မောသံတွေ၊ စကားဝိုင်းတွေနဲ့ နွေးထွေးခဲ့တဲ့ အဲ့ဒီနေ့ခင်းမှာ... အနုပညာရှင် ကိုခင်ဇော်လတ်ရဲ့ ဘဝအမှတ်တရများနဲ့ ပန်းချီကားတွေကို အခြေခံပြီး Chef Orng Joitamoi က ထူးခြားတဲ့ ဟင်းပွဲ ၅ မျိုးကို ဖန်တီးပေးခဲ့ပြီး Coming From Kalaw ကနေ Curate လုပ်ပေးထားတာပါ။

ဒီနေ့လည်စာ စားပွဲရဲ့ ဟင်းလျာတစ်ခုချင်းစီက အနုပညာရှင်ရဲ့ ခရီးစဉ်ကို အခုလို ပုံဖော်ထားပါတယ်

• Shared Beliefs (တူညီသောယုံကြည်ချက်များ)
• Remembered Landscapes (အမှတ်ရနေသောရှုခင်းများ)
• A Memory that Stays (စွဲကျန်နေသောအမှတ်တရ)
• Changing Ways of Seeing (ပြောင်းလဲစွာရှုမြင်ခြင်း)
• What Remains (ကျန်ရစ်သောအရာများ)

TASTE ဆိုတာ Session တစ်ခုချင်းစီတိုင်းမှာ အနုပညာရှင်တစ်ယောက်ရဲ့ ဘဝခရီးလမ်းနဲ့ လက်ရာတွေကို အစားအသောက်တွေကနေတစ်ဆင့် ပြန်လည်ခံစားကြည့်နိုင်မယ့် Curated Dining Series တစ်ခု ဖြစ်ပါတယ်။

ဒီပွဲလေးကို ပိုပြီးအဓိပ္ပာယ်ရှိအောင် တက်ရောက်ပေးခဲ့ကြတဲ့သူတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ထပ် Session တွေမှာ ပြန်တွေ့ကြမယ်နော်။

We’re really happy that TASTE – Session 03, a collaboration between Coming From Kalaw (CFK) and .ygn , could offer a different kind of experience for art lovers in Yangon.

It was a warm afternoon full of conversations, laughter, and good food. Chef Orng created a special five-course menu inspired by the life stories, memories and paintings of artist , with the overall narrative curated by Coming From Kalaw.

The courses followed the artist’s journey:
• Shared Beliefs
• Remembered Landscapes
• A Memory that Stays
• Changing Ways of Seeing
• What Remains

TASTE is a curated dining series where each session focuses on one artist, their journey, and their work, translated into food and shared around the table.

Thank you to everyone who joined us and made the afternoon meaningful.
We’ll see you at the next one.

ရန်ကုန်၊ တိုကျိုနဲ့ ဟောင်ကောင်မြို့တွေမှာ ပြသခဲ့ဖူးတဲ့ ပန်းချီဦးထိန်လင်းရဲ့ “Skirting The Issue Series” ပြန်လည်ပြသပွဲကို...
18/07/2026

ရန်ကုန်၊ တိုကျိုနဲ့ ဟောင်ကောင်မြို့တွေမှာ ပြသခဲ့ဖူးတဲ့ ပန်းချီဦးထိန်လင်းရဲ့ “Skirting The Issue Series” ပြန်လည်ပြသပွဲကို လာရောက်အားပေးကြည့်ရှုခဲ့ကြတဲ့ ဧည့်သည်များရဲ့ အမှတ်တရ ပုံရိပ်အချို့ ဖြစ်ပါတယ်ရှင်။
ဒီပြပွဲမှာ ပန်းချီကားတွေအပြင် ပန်းပုလက်ရာတစ်ခုကိုပါ အတူတကွ ရှုစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလက်ရာတွေကို ဘယ်လိုအကြောင်းရာတွေကြောင့် ဖန်တီးဖြစ်ခဲ့လဲဆိုတဲ့ အကြောင်းတွေကိုပါ လေ့လာခံစားနိုင်ဖို့ ကျွန်မတို့ရဲ့ ComingFromKalaw_Art Space ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

Here are some memories and photos of visitors who came to see U Htein Lin’s "Skirting The Issue Series" art exhibition, which has been shown in Yangon, Tokyo, and Hong Kong.
At this exhibition, you can see both paintings and a sculpture together. Also, you can learn about the stories and inspirations behind these artworks. We warmly invite you to visit our ComingFromKalaw_Art Space!

Address

No. 50, Nawarat Road, 3rd Quarter, East Bogyone
Kalaw
06021

Opening Hours

Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00
Saturday 10:00 - 16:00
Sunday 10:00 - 16:00

Telephone

+959770174647

Alerts

Be the first to know and let us send you an email when CFK-Art Platform posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to CFK-Art Platform:

Shortcuts

Share

Category