Summer D. Scents

Summer D. Scents Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Summer D. Scents, Mawlamyine, Kalaw.

Prada's L'Homme Intense 🖤ညစာထွက်စားရင်း မိုးအကြီးအကျယ်မိလာလို့ နွေးသွားအောင် ဆွတ်ဖြစ်တဲ့ ရေမွှေးလေးပါ။ အနံ့ပုံစံက earthy...
28/08/2026

Prada's L'Homme Intense 🖤

ညစာထွက်စားရင်း မိုးအကြီးအကျယ်မိလာလို့ နွေးသွားအောင် ဆွတ်ဖြစ်တဲ့ ရေမွှေးလေးပါ။

အနံ့ပုံစံက earthy ဆန်တဲ့ (သစ်ဖုသစ်ဥလို ခံစားချက်မျိုးရတဲ့) Iris ကိုမှ သစ်နံ့ထင်းထင်းရယ်၊ leather နံ့ပါးပါးရယ်၊ ခပ်နွေးနွေးချိုရှရှ Amber + Tonka Bean ရယ်ပေါင်းထားတာပါ။ Fleur De Peau လိုပဲ Iris တအားထင်းတယ်။ သို့ပေသိ manly ဆန်တဲ့ အထာကျတဲ့ အိုင်းရစ်ပါ။ ထင်းချောင်းတွေကို မီးရှို့ချိန်ရတတ်တဲ့ smokiness လည်း ပါးပါးရတယ်။

အဲ့လိုပြောလို့ By the Fireplace နဲ့ရော Jazz Club နဲ့ရောမတူပါဘူးနော်။ ဒီမှာက main player က ကိုယ်အကြိုက်ဆုံး note ဖြစ်တဲ့ Iris ပါ။ ပြီးတော့ ဟိုကောင်တွေလောက် အချိုလည်းမများဘူးရယ်။ ဆွတ်တဲ့အချိန်ရတဲ့ ခံစားချက်ကလည်းမတူဘူး။ Iris ကြောင့် စိတ်ကိုသက်သာရာရစေပြီး clean ဖြစ်တယ်လို့ ခံစားရတာနဲ့တပြိုင်နက် နွေးထွေးပြီးရှတတဲ့ အတွဲအစပ်လေးကိုကျ seductive ဖြစ်တယ်လို့ ခံစားရပြန်ရော။

ညဘက် Night Out တွေမှာ‌ တော်တော်ဆွတ်လို့ကောင်းမှာ။ အခုလို မိုးအေးချိန်တွေနဲ့ ဆောင်းဥတုကတော့ သူနဲ့အလိုက်ဖက်ဆုံးပါပဲ။ ဒီရက်ပိုင်း Drama ကြည့်တာများသွားလို့ထင်တယ်။ Sexy ကျတဲ့ ယောကျာ်းတစ်ယောက်ရဲ့ အနံ့မျိုးပဲ‌ဆိုပြီး ကိုယ့်ဘာကိုယ်သတ်မှတ်နေတာ။ xD

ဒီကောင်လေးကို best designer fragrance for men ဆိုပြီးကို hype ကြတာတွေ့ရတယ်။ တကယ်လည်း တော်တော်ကောင်းပါတယ်။ Iris ကြိုက်တတ်သူများအတွက်‌ကတော့ solid gold ဖြစ်လောက်ပါမယ်။

Performance ကလည်းကောင်းပါတယ်ရှင်။ 🖤

တအားကြိုက်ခဲ့ရတဲ့ Grapefruit+ Rose အတွဲလေး 🤍🌿L'Homme A La Rose နောက်ပိုင်းမှာ ယောကျာ်းလေးသုံးရေမွှေးတွေကို အများကြီးထပ်စ...
28/08/2026

တအားကြိုက်ခဲ့ရတဲ့ Grapefruit+ Rose အတွဲလေး 🤍🌿

L'Homme A La Rose နောက်ပိုင်းမှာ ယောကျာ်းလေးသုံးရေမွှေးတွေကို အများကြီးထပ်စမ်းဖြစ်ခဲ့တာ။ အရင်ကဆို ကိုယ့်ဆီမှာလည်း For Men Perfumes ဆို Men ပဲဆွတ်ရမှာဆိုတဲ့ အတွေးရှိတယ်။ ဒီကောင်က အဲ့အစွဲကို ချွတ်ပေးလိုက်တဲ့အထဲပါတယ်။

ဒါနဲ့လေ အခုတလော ဖြစ်ချင်တာကိုပြောရရင်တော့ ရေမွှေးလည်းမရောင်းချင်တော့ဘဲ အနံ့တွေတစ်ခုပြီးတစ်ခုစမ်း review တွေရေး ခရီး‌တွေသွား ရေမွှေးပုလင်းပုံတွေရိုက်ပြီးပဲနေချင်တော့တယ်။

ဆိုတော့ ဒီကောင်လေးပြန်ရောက်ထားပါတယ်။ ကိုယ့်လက်ထဲတော့မဟုတ်သေးဘူး။ ရေမွှေးတွေက အသစ်အများကြီးထပ်ရောက်ထားပါတယ်။ Decant ပုလင်းခွံတွေလည်း လုံးဝပစ္စည်းပြတ်သွားလို့ ထပ်ဝယ်ထားပေးပါတယ်။ ရောက်တော့မရောက်သေးဘူးနော်။ ရေမွှေးက ဆယ်သိန်းဖိုး ရောင်းရရင် သိန်း ၁၀၀ ဖိုးပြန်ဝယ်တတ်တဲ့ ကိုယ့်အကျင့်ကြောင့် တစ်ခါတလေတော့ ဘာရေမွှေးမှ မရောင်းဘဲ ခြံထဲပဲ အေးအေးလူလူနေနေရင် အကောင်းသားလို့တွေးမိပါတယ်။ 🥲

L’Homme A La Rose ကလေ ကိုယ့်ကောင်လေးဖြစ်လာမယ့်သူကို Signature Scent အနေနဲ့သုံးခိုင်းစေချင်မိတဲ့အထိ အရမ်းသဘောကျရတဲ့ရနံ့ပါ။ ကြိုက်လွန်းအားကြီးလို့ ကိုယ်တိုင်လည်း ခဏခဏဆွတ်တတ်ပေမယ့် ကောင်လေးတစ်ယောက်ယောက်ဆီက ရတဲ့သူ့ရနံ့ကိုပိုသဘောခွေ့မိတာပေါ့နော်။ ^^


ကျော့ရှင်းသိမ်မွေ့တဲ့နှင်းဆီကို အမျိုးသားတွေနဲ့လိုက်ဖက်အောင် အထာကျ​ကျဖန်တီးထားတာလေးက တော်တော်လေး Unique ဖြစ်သလို တစ်ချိန်လုံးအနားကပ်ပြီးတဖွဖွနမ်းရှုံ့ချင်မိတဲ့အထိ ဆွဲဆောင်မှုရှိတာပါ။ရေမွှေးနံ့ကိုပြောတာနော်။ xD
Fresh Green Rose ရနံ့လေး။ Grapefruit
ကြောင့်လတ်ဆတ်တဲ့နှင်းဆီရနံ့ကိုမှ Green Touch လေးနဲ့ စိမ်းသက်သက်လေးဖြစ်နေတာ။


တကယ်ပြောတာ။ အဖွင့်မှာတင် ဝါး အရမ်းမိုက်တယ်ဟဆိုပြီး ဖွင့်ထုတ်ပြောရတဲ့အထိ စိတ်ကိုကြည်မြစေတဲ့ Grapefruit လေးက လှလှပပထွက်လာခဲ့တာ။ Rose လေးကလည်းမခို့တရို့နဲ့လေးနဲ့။ အဲ့ဒီနောက် ဆယ်မိနစ်လောက်ကြာပြီးချိန်ရတဲ့ အနံ့မှာတော့ ဒီပုလင်းကုန်သွားလည်းထပ်ဝယ်ဦးမှာဆိုတဲ့ဆုံးဖြတ်ချက်က ပိုသေချာသွားတော့တာပဲ။ ခပ်စိမ်းစိမ်းလန်းဆန်းမှုနဲ့တစ်ပြိုင်တည်း ချိုမြနွေးထွေးမှုကိုပေးစွမ်းနိုင်တဲ့ နှင်းဆီရနံ့ကိုရလိုက်တာမို့လေ။
Dry Down မှာ woody touch သဲ့သဲ့လေးနဲ့။ သူ့ Note တွေကတော်တော်လေးရိုးရှင်းပါတယ်။ ဒါပေမယ့်လည်း ရနံ့ကမထင်ထားရလောက်အောင်အရမ်းလှပြီးဆွဲဆောင်မှုရှိနေတော့ တအားတွေကြွေဆင်းသွားရလေသတည်းပေါ့။


Performance ကတော်တော်လေးကောင်းတယ်ရယ်။ ပျံလွင့်အားမဆိုးသလို Sillage လည်းမိုက်တယ်။ရနံ့ကြာရှည်ခံမှုကတော့ ၈နာရီနဲ့အထက်လောက်ရှိမယ်။ ဒီတော့ Scent Quality ရော Juice Quality ရော ကောင်းတယ်ပေါ့နော်။နောက်တစ်ပုလင်း Back up ထပ်လိုချင်မိတာ အဆိုးတော့မဆိုသာပါဘူး။

.

ကိုယ့်ဆီမှာ Unisex သုံးလို့ရတဲ့ MFK ၇မျိုးရှိပါတယ်။ အဲ့ထဲက အမျိုးသားတစ်ယောက်ယောက်ကို ဆွတ်စေချင်တဲ့ ကိုယ့်စိတ်ကြိုက်တစ်လုံးကို ရွေးပေးပါဆိုရင် L’Homme A La Rose လေးပဲဖြစ်မှာပါ။ ( MFK ထဲကမှမဟုတ်ဘဲ ကိုယ့် Collection ထဲကတစ်လုံးရွေးခိုင်းရင်လည်းသူပဲ) ဒုတိယကတော့ Petit Matin ပေါ့။
အဲ့လောက်ဆို ဒီကောင်လေးကို ဘယ်လောက်ကြိုက်လဲဆိုတာကိုခန့်မှန်းလို့ရလောက်ပြီထင်တယ်။
အမျိုးသားတွေအနေနဲ့ Unique ဖြစ်ပြီး Fresh ဖြစ်တဲ့ Rose Scent ကိုရှာနေရင် သူ့ကို ညွှန်းချင်တယ်။ ကိုယ့်လို A La Rose ကြိုက်တဲ့ကောင်မလေးဆိုလည်း ကောင်လေးကို ဒါလေးသုံးခိုင်းပြီး Couple ဆွတ်ကြပေါ့။ ဟီးဟီး။ 💚



Rose + Patchouli Combo လေးတွေ 🌹💗Velours က ကောင်မလေးတွေနဲ့ အလိုက်ဆုံး velvety & clean ဖြစ်တဲ့ နှင်းဆီ။ Minimalist လည်းဆန်...
27/08/2026

Rose + Patchouli Combo လေးတွေ 🌹💗

Velours က ကောင်မလေးတွေနဲ့ အလိုက်ဆုံး velvety & clean ဖြစ်တဲ့ နှင်းဆီ။ Minimalist လည်းဆန်တယ်။ တအားလှတယ်။

Rose of No Man's Land Absolu ကတော့ Patchouli ထင်းပြီး earthy & woody ဖြစ်တဲ့ နှင်းဆီ။ Spice ပါတဲ့အတွက် ပြင်းတာမျိုးမဟုတ်ပေမဲ့ ခပ်ရှရှအနံ့တွေ မကြိုက်တတ်ရင် ဒီကောင်ကို မွှန်တယ်လို့ ခံစားနိုင်‌လောက်တယ်။ Spice တွေနဲ့ယဉ်ပါးနေသူအတွက်ဆိုရင်တော့ ဒီကောင်လေးရဲ့ Spicy ဖြစ်မှုက ဘာမှပြောပလောက်တယ်လို့ကို ခံစားရမှာမဟုတ်ဘူး။ နွေးတယ်ဆိုရုံလောက်ပဲဖြစ်မှာ။ သူကတော့အထာကျတဲ့နှင်းဆီပေါ့။

Eau Capitale ကကျ complicated ဖြစ်တဲ့နှင်းဆီ။ သူ့မှာတော့ spice ရဲ့ role ကထင်းတယ်။ Fresh Spicy ဖြစ်တာ။ အချို့အတွက်မွှန်နိုင်တယ်။ ထုံတဲ့အဆင့်အထိတော့မဟုတ်ဘူး။ သူ့ရဲ့ note transition တွေက တအားလှတယ်။ စလယ်ဆုံးကို သေချာလေးခံစားကြည့်။ ဒီထဲကနှင်းဆီက earthy green ဖြစ်ပြီး Unique ဖြစ်တယ်။ တစ်စုံတစ်ယောက်ကတော့ Eau Capitale ကို Diptyque ရေမွှေးတွေထဲ အကြိုက်ဆုံးပါတဲ့။

Performance တွေကတော့ သုံးယောက်စလုံးကြမ်းကြတယ်။ ပျံ့လွင့်အားကောင်းသလို long lasting လည်းဖြစ်ကြတယ်။ Rose of No Man's Land Absolu က beast လို့တောင်ပြောရမလားပဲ။ တော်တော်ကြမ်းပါတယ်။ 🖤

ကိုယ်သိပ်ကိုမှကြိုက်ရတဲ့ Bamboo လေးပြန်ရပါပြီရှင်။  သူ့ရဲ့ floral naunce ကဘယ်လိုလှမှန်းကိုမသိတာ။ ချိုလွင်လွင်လေးနဲ့ ငြိမ...
26/08/2026

ကိုယ်သိပ်ကိုမှကြိုက်ရတဲ့ Bamboo လေးပြန်ရပါပြီရှင်။ သူ့ရဲ့ floral naunce ကဘယ်လိုလှမှန်းကိုမသိတာ။ ချိုလွင်လွင်လေးနဲ့ ငြိမ်ပြီးအေးနေရောပဲ။ powdery မဖြစ်ဘူး။ creamy မဖြစ်ဘူး။ ပန်းနံ့ချိုအေးအေး သီးသန့်ကိုမှ woody ဖြစ်တဲ့ပုံစံလေးပါ။

Bergamot လို citrus ပါတယ်ဆိုပေမဲ့ သူ့ရဲ့ citrus က အခြားအီလောက်မယ် ပြင်းလောက်မယ်ထင်ရတဲ့ note တွေကို tone down လုပ်ပေးလိုက်ရုံသက်သက်ပဲ။ အဲ့ကျ Ylang Ylang ပါပေမဲ့ creamy မဖြစ်တဲ့၊ Vanilla ပါပေမဲ့ မအီတဲ့ ပန်းရနံ့လေးဖြစ်သွားရော။ သူ့ရဲ့ နံ့သာဖြူ စန္ဒကူးနံ့ကလည်း လုံးဝအငြိမ်လေး။ စိတ်အတွင်းပိုင်းထဲအထိကိုပါ အေးချမ်းသွားစေတာ။

ဒါနဲ့လေ ဒါကိုပြန်ဆွတ်တော့ ကိုယ့်စိတ်ထဲ ပုဂံကိုသွားချင်စိတ်နင့်နင့်သီးသီးကို ဖြစ်လာတယ်။ ပုဂံနဲ့သိပ်လိုက်မှာပဲလို့ ခံစားမိလာတာ။ ထည်ဝါကျက်သရေရှိပြီး အေးချမ်းရတဲ့ ခံစားမှုကြောင့်ထင်ပါတယ်။ ပုဂံမရောက်တာလည်း ကြာပြီ။ ပုဂံကိုအတည်ကြီးလွမ်းသွားပြီ။ တကယ် Nostalgia ရစေတဲ့ ရနံ့ပါဆို။ 🥺

Bamboo က longevity လည်းကောင်းပါတယ်။ ၇နာရီဝန်းကျင်လောက်ကတော့ ခံတယ်။ အရင်က ပြောဖူးသလိုပဲ သူ့ဆီမှာ ကောင်းခြင်းဟူသမျှက ပြည့်စုံနေတာပါလို့။

သူကလည်း ကိုယ့်အတွက် မရှိမဖြစ်ရေမွှေးတွေထဲက တစ်ခုပါပဲ။ 🤎

Perfume Review: Speed Legends by Ex Nihilo Bvlgari ရဲ့ Tygar ကုန်ပြီးသွားတည်းက ကိုယ့်ဆီမယ် သူ့လိုပုံစံ citrus scent ကောင...
25/08/2026

Perfume Review: Speed Legends by Ex Nihilo

Bvlgari ရဲ့ Tygar ကုန်ပြီးသွားတည်းက ကိုယ့်ဆီမယ် သူ့လိုပုံစံ citrus scent ကောင်းကောင်းမရှိတော့ဘူးလို့ ခံစားခဲ့ရတာပါ။ ပုံမှန် fresh ဖြစ်တဲ့ citrus scent မဟုတ်ဘဲ Tygar လို ရိုးရိုးရှင်းရှင်းနဲ့ ဆန်းပြား‌လေးနက်တဲ့ သိပ်လှတဲ့ Citrus Scent ကိုပြောချင်တာပါ။ 🤍

PDM ရဲ့ Perseus မှာ အဲ့ Vibe လေးနည်းနည်းရလိုက်ပေမဲ့ သိကြတဲ့အတိုင်း Perseus ရောက်တဲ့အချိန် ကိုယ်ကအချုပ်ထဲရောက်နေပြီ။ အနံ့တောင် အထဲမှာစမ်းခဲ့ရတာရယ်။ Galloway ကိုကျ တအားကြိုက်ရပေမဲ့ Tygar လို ပုံစံမဟုတ်ပြန်ဘူး။ Roja Burlington 1819 ကိုလည်း ကြိုက်ပေမဲ့ သိပ်မဆွတ်ဖြစ်ပြန်ဘူး။

အဲ့ကျ ပြန်လာတဲ့အချိန်မှာ စိတ်ထဲ Tygar လို ကြိုက်ရတဲ့ Citrus Scent ကောင်းကောင်းလေးလိုချင်တယ်ဆိုပြီး ဖြစ်နေခဲ့တာ။

ဒီ Speed Legends က ကိုယ့်အတွက် Tygar အလွမ်းပြေပဲ။ အနံ့ပုံစံချင်းဆင်ကြတာမဟုတ်ဘဲ Vibe ချင်းတူကြတယ်။

အချဉ်မစူးဘဲ ‌ညက်ညက်ကလေးနဲ့ စိတ်ကိုလန်းဆန်းကြည်ရှင်းသွားစေပြီး mood uplifting ဖြစ်စေတာတူသလို ရိုးရှင်းသလိုနဲ့ ထူးခြားကွဲထွက်နေပြီး unique ဖြစ်တဲ့ ခံစားချက်ကိုရဝာာချင်းတူတယ်။ Bonus အနေနဲ့ Speed Legends က Woody Aromatic ဖြစ်တော့ စိတ်ရှုပ်ထွေးစရာတွေများတဲ့ ကိုယ့်အတွက် Signature Scent ထားဖို့အထိ တွေးမိလာတာပါ။

စမ်းကာစက သူ့ရဲ့ Shaving Foam ပုံစံအဖွင့်ကြောင့် Replica ရဲ့ At the Barber's Shop နဲ့ဆင်သလို ခံစားရလို့ ဖြစ်ပါ့မလား တွေးခဲ့ဖူးတယ်။ ဒါပေမဲ့လေ ဆွတ်တဲ့အကြိမ်ရေ များလာလေ သူ့အနံ့ကို တအားကြိုက်လာလေပဲ။ ပျံ့လွင့်လာတဲ့အနံ့ပုံစံ နဲ့ skin ပေါ်မှာကျန်ရစ်တဲ့အနံ့ပုံစံကလေ သိပ်ကိုမှ လှပါတယ်ရှင်။ Masculine ဆန်တဲ့ရနံ့တစ်ခုရဲ့ elegance ကို အလှဆုံးမြင်လာရတာ။

သူ့မှာ သုံးထားတဲ့ Citrus က Bergamot ဆိုပေသိ ကိုယ့်နှာခေါင်းထဲ Grapefruit နံ့လို ပိုပြီးခံစားရတယ်။ အချဉ်မစူးဘူး။ Refreshing ဖြစ်တယ်ဆိုရုံပဲ။ ပြီးတော့ Blackcurrant ရဲ့ ချိုမလို ချဉ်မလို စိမ်းမလိုနဲ့ tangy nuance လေးရယ်၊ Sage ရဲ့ Spa ရောက်နေသလို ခံစားရစေတဲ့ Soothing Aromatic ဆန်မှုလေးရယ်၊ ဒါတွေကိုမှ တည်ငြိမ်အေးချမ်းတဲ့ သစ်နံ့ငြိမ်ငြိမ်လေးရယ် ပေါင်းထားတာပါ။ ဖြတ်ခနဲဆို သမားရိုးကျ ရဖူးနေကျ အနံ့တွေလိုလို ဘာလိုလိုရှိနိုင်ပေမဲ့ စေ့စေ့ရှူကြည့်ရင် သူ့ရဲ့အနံ့က ဘယ်လောက် refined ဖြစ်ပြီး ဘယ်လောက်ကောင်းလဲဆိုတာက အသိသာကြီးထင်ရှားလာတယ်။

ဒီလိုနဲ့ပဲ နောက်ဆုံးတော့ ဒီကောင်လေးကို ကိုယ့်ရဲ့ Signature Scent အနေနဲ့ ယာယီထားဖို့ ဆုံးဖြတ်လိုက်မိ‌သတည်းပေါ့။ 🤍

All about Rose ပေါ့အခုလည်း နှင်းဆီနံ့တွေတော်တော်များနေပြန်ပါပြီ 🌹
25/08/2026

All about Rose ပေါ့
အခုလည်း နှင်းဆီနံ့တွေတော်တော်များနေပြန်ပါပြီ 🌹

ဘယ်သူမှလာမမေးပေမယ့် ပြချင်လို့။ xD
ကိုယ့်ရဲ့ Rose Scent Collection လေးပါ။
စုစုပေါင်း ကိုးလုံးရှိသွားပါပြီ။
အခုရက်ပိုင်းဓာတ်ကျပြီးတအားဆွတ်ဖြစ်နေတာကတော့ MFK ရဲ့ À la rose နဲ့ L’ Homme À la rose ပဲ။ လက်လွန်မယ်ဟဲ့ လက်လွန်မယ်ဆိုပြီးမနည်းထိန်းနေရတယ်။ ပုလင်းလေးတွေကဖြင့်ပုစိလေး။ အခုဒေါ်လာစျေးနဲ့က ကုန်ရင်ထပ်ဝယ်နိုင်တာမဟုတ်ဘူးရယ်။ 🫠
အန်းနီးဝေး ဒီထဲက ငါးလုံးရဲ့အကြောင်းကို ရေးပြီးပြီ။ Page ထဲမှာ ရှာဖတ်လို့ရပါတယ်နော်။
ကျန်တဲ့ ကောင်လေးတွေနဲ့ပတ်သက်ပြီးခံစားရသမျှကိုတော့ ဖြည်းဖြည်းချင်း ထပ်ရေးသွားပေးပါ့မယ်။🤍



စိမ်းတဲ့အနံ့ကို မကြိုက်လို့ရှိရင် Philosykos ကို တော်တော်လေး ခါးခါးသီးသီးဖြစ်လောက်မယ်။ သူက တော်တော်ကြီးကိုစိမ်းတာ။ စိမ်း...
24/08/2026

စိမ်းတဲ့အနံ့ကို မကြိုက်လို့ရှိရင် Philosykos ကို တော်တော်လေး ခါးခါးသီးသီးဖြစ်လောက်မယ်။ သူက တော်တော်ကြီးကိုစိမ်းတာ။ စိမ်းဖန့်ဖန့်ဖြစ်တယ်ဆိုရုံလောက်ကို မဟုတ်ဘူးရယ်။

ဒါပေမဲ့လေ သူစိမ်းတာက အရွက်တစ်ခုခုကိုလုံးချေလိုက်ရာကနေ ထွက်လာတဲ့ စိမ်းပုံမျိုးလည်းမဟုတ်ပြန်ဘူး။ အရွက်အခက်ကို ခူးလိုက် ဖြတ်လိုက်တဲ့အချိန်စိမ်းတဲ့အနံ့။ ကိုယ်ပြောတာကို ကွဲကွဲလွဲလွဲ မြင်မိရဲ့လားတော့မသိဘူး။

အခုလိုမိုးရာသီမှာ တော်တော်များများက မြက်တွေရိတ်ကြဖြတ်ကြတယ်လေ။ သူစိမ်းတာက မြတ်ရိတ်တဲ့အချိန်ထွက်လာတတ်တဲ့ အနံ့မျိုးနံ့လည်း ဆင်တယ်။ လတ်လတ်ဆတ်ဆတ်စိမ်းတာ။ အဲ့ဒီအနံ့ကိုမှ သဖန်းသီးရဲ့ ချိုသလိုဖန်သလိုလေးနဲ့ ရောထားပြီး coconut ရဲ့ milky ဖြစ်တာလေး ပေါင်းထားတာပါ။

လူတိုင်းကြိုက်နိုင်ဖို့တော့ ခက်ပါတယ်။ ‌စိမ်းတဲ့အနံ့တွေကိုမယဉ်ပါးရင် သူ့ကိုမုန်းပါမုန်းလောက်တယ်။ ကိုယ်လည်း ပထမဆုံးစမ်းတဲ့အချိန်တုန်းက လုံးဝနီးပါးကိုမကြိုက်ဘူး။ ဆွတ်လည်းမဆွတ်နိုင်လို့ နောက်ဆုံး decluttering လုပ်လိုက်ရတယ်။ ဒါပေမဲ့ အခုတော့ ကြိုက်ပါတယ်။ ဆိုပေမဲ့ တအားပူတဲ့နေ့မှာတော့ မဆွတ်ဘူး။ စိမ်းတာနဲ့ milky ဖြစ်တာကိုပေါင်းထားတာက ပူတဲ့အချိန်ဆို နည်းနည်း weird ဖြစ်လာတာ။

သူက Diptyque ရဲ့ Ace ဖြစ်တဲ့အပြင် Fig Scent တွေထဲ Legendary Scent လို့လည်းဆိုကြတယ်။ သဖန်းသီးနံ့တွေထဲ ဆရာ့ဆရာကြီးပေါ့။ 1996 တည်းကထွက်တာဆိုတော့ ကိုယ့်ထက်တောင် အသက်ကြီးသေးတယ်။

Creamy Green Fig အနံ့ဆိုတာ ဘယ်လိုမျိုးဖြစ်လိမ့်မလဲသိချင်ရင် စမ်းကြည့်ပါ။ ဒါပေမဲ့ စိမ်းတာလေးတော့ ကြိုက်တတ်ဖို့ မဖြစ်မနေလိုပါတယ်ရှင်။ 🌿

ဒီထဲကနေ လကုန်ရင် နောက်တစ်ခါ ထပ်ရွေးပေးမယ်ဆိုတာလေ အခုမှသတိရလို့ Not A Perfume 10ml လေးတစ်ယောက်ရွေးလိုက်ပါတယ်နော်။ Winner ...
24/08/2026

ဒီထဲကနေ လကုန်ရင် နောက်တစ်ခါ ထပ်ရွေးပေးမယ်ဆိုတာလေ အခုမှသတိရလို့ Not A Perfume 10ml လေးတစ်ယောက်ရွေးလိုက်ပါတယ်နော်။

Winner ကတော့ Thae Su Zin ပါ။

ပို့ပေးရမဲ့ လိပ်စာ ဖုန်းနံပါတ်လေးလာပေးပါဦး နော်။

လကုန်ဆိုပြီး တကယ်မေ့နေတာရယ်။ နောက်ပိုင်း တအား မေ့တတ်လာတာ။ မနေ့ကလည်း ဆိုင်ကယ်ရပ်တာ ဒေါက်ထောက်ထားပြီးပြီမှတ်လို့ ဆိုင်ကယ်ကြီးလွှတ်ချလိုက်တာ လဲပြီး လူပါဆိုင်ကယ်ပိရော။ မှတ်ဉာဏ်က လုံးဝရှယ်ပဲ။ 🥲

ဆွတ်ရတာမခက်ဘဲ လူကြိုက်လွယ်ပြီး ပေးရတဲ့ ဈေးနဲ့ တန်တဲ့ ရေမွှေးလိုချင်သူများအတွက် Versace ရဲ့  Dylan Series က အရွေးမမှားတဲ့...
23/08/2026

ဆွတ်ရတာမခက်ဘဲ လူကြိုက်လွယ်ပြီး ပေးရတဲ့ ဈေးနဲ့ တန်တဲ့ ရေမွှေးလိုချင်သူများအတွက် Versace ရဲ့ Dylan Series က အရွေးမမှားတဲ့ ရေမွှေးလေးတွေဖြစ်လောက်ပါတယ်။ 🩷💜🩵

အထူးသဖြင့် အခုမှရေမွှေးစသုံးကာစ သူတွေအတွက်ပေါ့။ ဒီကောင်တွေက ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့အနံ့က တန်တာထက်ကိုပိုတယ်လို့တောင်ပြောရမယ်။ Synthetic မဖြစ်ဘူး၊ Plasticky မဖြစ်ဘူး၊ ပေါပေါပဲပဲအနံ့ပုံစံမျိုး လုံးဝဟုတ်မနေဘူးရယ်။

သစ်သီးနံ့ချိုချိုအေးအေးလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက်က Dylan Purple ကို အကြိုက်တွေ့လောက်ပါမယ်။ သစ်တော်သီးဖျော်ရည် အချိုဓာတ်ရွှမ်းရွှမ်းလေးလေး အနံ့နဲ့ Freesia ပေါင်းထားတာ။ Note Combination ကိုကြည့်မှ Jo Malone ရဲ့ English Pear & Freesia ကိုသတိရသွားတယ်။ Jo Malone ကိုမစမ်းဖူးတော့ အနံ့ဆင်မဆင်မပြောတတ်ဘူး။ မဆင်လောက်ဘူးထင်ပါတယ်။ Dylan Purple ရဲ့ အနံ့ကတော်တော်လေး ချစ်စရာကောင်းတယ်။ တအားကြီးကလေးဆန်တဲ့အနံ့လည်းမဟုတ်ဘဲ တက်ကြွနုလွင်တဲ့ အနံ့မျိုး။ ‌ပေါ့ပေါ့ပါးပါးကနေ ရုံးတက်ဘာညာအထိဆွတ်လို့ကောင်းပါတယ်။ 💜

Dylan Blush Pink ကတော့ Gourmand Fruity Floral Scent လေး။ သူ့ဆီမှာ စတော်ဘယ်ရီချိုချိုနံ့လေးက တအားထင်းတယ်။ အဲ့ဒါကိုမှ Marshmallow ရယ်၊ Vanilla ရယ်ပေါင်းထားတော့ တဝကြီးပွေ့ဖက်ချင်စရာ နွေးထွေးချိုမြအနံ့လေးဖြစ်သွားရော။ သူ့ရဲ့ ထူးခြားချက်ကတော့ အနံ့ချိုချိုကိုမှ ခေါင်းမကိုက်တာ။ Note တွေအရ အီမယ်ထင်ရပေမဲ့ clean ဖြစ်တဲ့အတွက် မူးနောက်ကြီးမဖြစ်စေဘူးရယ်။ သူလည်း ပေါ့ပေါ့ပါးပါးကနေ ပွဲနေပွဲထိုင်အထိ ဆွတ်လို့ကောင်းပါတယ်။ 🩷

Dylan Turquoise ကတော့ ကြည်တောက်ရှင်းအေးလေးပါ။ Fresh Spicy ဖြစ်တာမို့ ဆွတ်ကာစမှာ ရှိန်းတိန်းဖိန်းတိန်းဖြစ်တယ်။ အချို့အတွက်ကတော့ ပရုတ်ဆီလူးရသလို ခံစားရမလားမသိ။ ကိုယ်ကကျ အဲ့ဒီရှိန်းတာကိုကြိုက်တာ။ သူ့မှာတော့ မာလကာသီးနံ့ကိုမှ လီမွန်တို့ ဘာတို့လို Citrus တွေပေါင်းထားလို့ Fresh ဖြစ်တယ်။ ပြီးရင်တော့ woody ဖြစ်တယ်။ သူ woody ဖြစ်တဲ့ပုံက လေးလေးကြီးမဟုတ်ဘဲ သင်းတဲ့ပုံစံလေးနဲ့ဖြစ်တာ။ သူ့အနံ့ပုံစံတစ်ခုလုံးက လေနုအေး‌လို‌ပဲ။ ပေါ့ပါးကြည်စင်ပြီး လူးလာခတ်လာနဲ့ တို့ထိသမျှအရာရာကို အေးမြသွားစေတာ။ ပူတဲ့ရာသီမှာ တအားလိုက်ပါတယ်။ ကိုယ့်အမြင်တော့ Signature Scent Worthy ဖြစ်တဲ့ အနံ့မျိုးပါ။ 🩵

Dylan Blue ကတော့ မရှိသေးဘူးရယ်။ ပန်းသီးစိမ်းနံ့ဖြစ်တဲ့ သူကလည်း တော်တော်လေးလူကြိုက်များပါတယ်။

တကယ်တော့လေ ဒီလိုင်းက ရေမွှေးပါးအရမ်းဝနေတဲ့ သူတွေအတွက်တော့ မဟုတ်ဘူးလို့ ပြောလို့ရကောင်းရပေမဲ့ ကိုယ်ကတော့ အပြောင်းအလဲအနေနဲ့ ဒီလိုပေါ့ပေါ့ပါးပါးအနံ့တွေကို စိတ်ရှင်းရှင်းအေးအေးနဲ့ အမှားအယွင်းမရှိ ရွေးချယ်ဆွတ်လို့ရတဲ့အတွက် ကြိုက်ပါတယ်။ အခုနောက်ပိုင်း တော်တော်လေးဆွတ်ဖြစ်တယ်။ ‌Niche တွေချည်း Complex ဖြစ်တာချည်း တအားရိုးရှင်းလွန်းတာချည်းဆွတ်ဖြစ်နေရာကနေ ‌ဒီလို အလယ်အလတ်လမ်းမှာရှိနေတာလေးတွေကို ဆွတ်ရတာလည်း စိတ်ပျော်စရာကောင်းပါတယ်ရှင်။

Fleur De Peau နဲ့ Orpheon ကို တအားကြိုက်လွန်းလို့ ခေါင်းအစခြေအဆုံး သူ့အနံ့ပဲသုံးချင်တယ်ဆိုသူများအတွက် Perfumed Body Loti...
23/08/2026

Fleur De Peau နဲ့ Orpheon ကို တအားကြိုက်လွန်းလို့ ခေါင်းအစခြေအဆုံး သူ့အနံ့ပဲသုံးချင်တယ်ဆိုသူများအတွက် Perfumed Body Lotion လေးမှာလို့ရပါပြီနော်။ 🖤

Size -200ml
Price - 375,000 Ks
Waiting Time - 5/6 weeks
Half Prepaid

ခေါင်းအတွက်ကတော့နေဦး
Hair Mist Offer ထပ်ရှာပေးမယ် xD

အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး နူးညံ့‌ချော့မွေ့ စိုပြည်စေရုံသာမက တစ်နေကုန်အနံ့ခံစေတဲ့ Perfumed Lotion ပါတဲ့။

Fleur De Peau ကတော့ ရေမွှေးတစ်မျိုးတည်းနဲ့တင် အနံ့ကတစ်နေကုန်ခံနေပါပြီ။ လိုးရှင်းပါအပါဆို ဘယ်လောက်တောင် အနံ့စွဲနေလိမ့်မလဲပဲ။

တစ်ဘူးစီသာ ရပါမယ်နော်။

Address

Mawlamyine
Kalaw

Telephone

+959253062303

Website

Alerts

Be the first to know and let us send you an email when Summer D. Scents posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share