TayThwin's poem and review book

TayThwin's poem and review book Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TayThwin's poem and review book, Poet, Hinthada.

01/04/2026

ဒီနေ့အိမ်မှာမင်းကြိုက်တဲ့ကံ့ကော်တွေပွင့်တယ်
သိလားအချစ်
ပြီးတော့မင်းလိုပဲသိပ်လှတယ်

01/04/2026

မင်းကိုဒီနေ့အမှတ်မထင်တွေ့လိုက်ရတော့
ငါအံ့ဩသွားတယ်
ဒီတစ်သက်ဒီမျှပဲပေါ့လို့တွေးခဲ့တဲ့ငါ့စိတ်တွေက
မင်းကိုခုလိုမတော်တဆလေးတွေ့ခွင့်ရတာနဲ့တောင်ချက်ချင်းပျောက်သွားတာ
တကယ်ထူးဆန်းတာပါပဲ
ကိုယ့်အပေါ်တစ်ချက်ကလေးမှလှည့်မကြည့်ခဲ့တဲ့သူကိုလေ
ကိုယ်က…ကိုယ်ကပြန်လိုချင်နေသေးတာ
မင်းအတွက်အမှတ်တမဲ့ဆိုပေမယ့်
ကိုယ့်အတွက်တော့ဘဝတစ်သက်စာဖြစ်ခဲ့တာပါပဲအချစ်ရယ်ဘဝတစ်သက်စာဖြစ်ခဲ့တာပါပဲ

01/04/2026

အကြောင်းပြချက်တွေမရှိပါဘူး
မင်းမို့လို့ချစ်တာလို့
ပြောရအောင်လည်း
ကိုယ့်မှာအခွင့်မရှိ။

02/09/2024

ကိုယ့်ကိုငဲ့မကြည့်တတ်တဲ့လူကိုချစ်ရတာ
မီးပူပူကိုပူမှန်းသိရက်နဲ့
ဖြတ်လျှောက်နေတဲ့လူတစ်ယောက်လိုပဲ
သိပ်ပူလောင်တာ

02/09/2024

မင်းမဖြေပေးခဲ့တဲ့ကွက်လပ်တွေဟာ
အစကတည်းကအဖြေမရှိနေခဲ့တာမျိုးပေါ့
ဥပမာ-ငါနင့်ကို.....ဆိုပြီးဆက်မရေးခဲ့တဲ့
နင့်ရဲ့‌အဖြေတွေ၊ကွက်လပ်တွေ....

22/06/2024

သေပြစ်လိုက်ချင်တဲ့အခိုက်တန့်တွေမှာတောင်
အစ်ကို့ကိုပဲသတိရနေတဲ့ဒီအမျိုးသမီးဟာ
ဘယ်ဘုရားဆင်းချွတ်ချွတ်ကျွတ်မှာမဟုတ်ပါဘူးလေ။

18/05/2024

ဘုရင်တစ်ပါးဟာမိန်းမများစွာကို
လက်ထပ်ရတာသဘာဝဆို
မိဘုရားတစ်ပါးဟာလည်းဘုရင်ကို
တစ်ပါးသူလက်ထဲရောက်မှာစိုးထိတ်တာကလည်း
သဘာဝပဲမဟုတ်လား

05/05/2024

မင်းကိုယ်မင်းဘာလို့မပျော်တာလဲဆိုပြီးမေးဖူးလားမေးဖူးတယ်ဆိုရင်အဲ့အဖြေကိုကျွန်‌ေတာ်ဖြေပေးနိုင်လိမ့်မယ်ထင်ပါတယ်ဘာလို့ဘာပဲလုပ်နေပါစေ‌မပျော်ရလဲဆိုရင်တစ်ခုတည်းသောအကြောင်းပြချက်ကမင်းဟာဘာလုပ်‌ေန‌ေနငါမပျော်နိုင်တော့ဘူးလို့သတ်မှတ်ထားလို့ပါပဲဒါကြောင့်ငါတို့ငါပျော်ရွှင်ဖို့အတွက်လိုအပ်တာငါတို့ကိုယ်တိုင်ပဲမို့လားတစ်ခြားသူမဟုတ်ဘူးလေအဲ့ကြောင့်ဘဝမှာရှင်သန်ရတာကိုအလဟသမလုပ်နဲ့ပျော်နိုင်သလောက်ပျော်အောင်နေမနေပျော်တော့ရင်နေပျော်မယ့်နေရာမှာအေးချမ်းစွာသာနေထိုင်ပြီးတော့ဘဝကြီးမှာပျော်ပျော်နေကြရ‌ေအာင်ပါ👀💪💪

မင်းကိုချစ်မြတ်နိုးတဲ့သူရင်ခွင်မှာနေရင်တော့မင်းဟာအချစ်ခံလေးဖြစ်မှာပဲမင်းကိုမချစ်တဲ့သူရင်ခွင်မှာနေရင်တော့မင်းဟာအမြဲတမ်းအတ...
25/04/2024

မင်းကိုချစ်မြတ်နိုးတဲ့သူရင်ခွင်မှာနေရင်တော့
မင်းဟာအချစ်ခံလေးဖြစ်မှာပဲ
မင်းကိုမချစ်တဲ့သူရင်ခွင်မှာနေရင်တော့
မင်းဟာအမြဲတမ်းအတွက်အပယ်ခံတစ်ယောက်ဖြစ်နေမှာပဲ
ဘဝမှာအချစ်ခံချင်ရင်တစ်ခုတည်းသောလုပ်ရမယ့်အရာက
မင်းကိုမြတ်နိုးတန်ဖိုးထားတတ်တဲ့လူတစ်ယောက်ကိုချစ်ဖို့ပဲလိုတယ်

06/04/2024

အများကြီးချစ်ပါကြောင်းနဲ့
အများကြီးမြတ်နိုးပါကြောင်း
ပြောခွင့်ရှိရင်ပြောချင်ပါသေးရဲ့
ကိုယ့်အချစ်ရယ်

09/03/2024

ချစ်မိခြင်းဟာကျရှုံးခြင်းပဲ
မင်းဟာနိုင်ရမှန်းသိတော့ကိုယ့်အပေါ်သိပ်ဆိုးတယ်
မနေနိုင်မှန်းသိတော့ကိုယ့်အပေါ်သိပ်ရက်စက်တတ်တယ်
ဟုတ်မှာပေါ့လေကိုယ်ကမင်းချစ်တဲ့သူနဲ့တော့ဘယ်တူမလဲ
သူ့အပေါ်တော့မင်းကိုယ့်အ‌ေပါ်လိုမဆိုးနေနဲ့နော်
မင်းအပေါ်ကိုယ့်လောက်သည်းမခံနိုင်ရင်ထွက်သွားလိမ့်မယ်ကလေးမရဲ့
နားလည်ရဲ့လားဟင်

Address

Hinthada

Website

Alerts

Be the first to know and let us send you an email when TayThwin's poem and review book posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category