Phyo Thiha Kyaw .Agriculture

Phyo Thiha Kyaw  .Agriculture AWBA

20/08/2024
မိုးစပါး ရာသီရောက်လာပြီမို့ တောင်သူများ  အနာနဲ့ဆေးမလွဲစေရန် သတိပြုသင့်..
19/06/2022

မိုးစပါး ရာသီရောက်လာပြီမို့
တောင်သူများ အနာနဲ့ဆေးမလွဲစေရန် သတိပြုသင့်..

ဟင်္သာတမြို့   ကြွက်ကျွန်းကျေးရွာအုပ်စု  ငရုပ်စိုက်ခင်းများသို့ သွားရောက်ကွင်းဆင်းကြည့်ရှု့ပေးခဲ့....... ကျေးဇူးရှင်တောင...
22/11/2021

ဟင်္သာတမြို့ ကြွက်ကျွန်းကျေးရွာအုပ်စု ငရုပ်စိုက်ခင်းများသို့ သွားရောက်ကွင်းဆင်းကြည့်ရှု့ပေးခဲ့....... ကျေးဇူးရှင်တောင်သူများကော ယခုလို အပင်လေးတွေ ဖြစ်နေကြလားဗျ..... 🤔

စပါးပင်၏ သက်တမ်းအလိုက် ပွါးစီးကြီးထွားပုံ-------------------------------------------------စပါးစေ့ အညှောက်ထွက်သည်မှ သီးပွ...
23/07/2021

စပါးပင်၏ သက်တမ်းအလိုက် ပွါးစီးကြီးထွားပုံ
-------------------------------------------------

စပါးစေ့ အညှောက်ထွက်သည်မှ သီးပွင့်ရင့်မှည့်သည်အထိ ဇီဝကမ္မသဘောအရ စပါးပင်၏ သက်တမ်းတစ်လျှောက်တွင် အဆင့်(၃)ဆင့်ဖြင့် ပွါးစီးကြီးထွားပါသည်။ ယင်းတို့မှာ..

(၁) အပင်ပွါးစီး ကြီးထွားမှုအဆင့်
(Vegetative Phase)
(၂) အနှံသန္ဓေ ကြီးထွားမှုအဆင့်
(Reproductive Phase)
(၃) သီးပွင့် ရင့်မှည့်မှုအဆင့်
(Ripening Phase)

(၁) အပင်ပွါးစီး ကြီးထွားမှုအဆင့်
(Vegetative Phase)
------------------------------------
အပင်ပွါးစီး ကြီးထွားမှုအဆင့်သည် စပါးအညှောက်ပေါက်သည့်နေ့မှ အနှံသန္ဓေတည်စအထိ ဖြစ်သည်။ စပါးပင်၏ သက်တမ်းတိုခြင်းနှင့် သက်တမ်းရှည်ခြင်းသည် အပင်ပွါးစီး ကြီးထွားမှုအဆင့်၏ သက်တမ်းတိုခြင်းနှင့် ရှည်ခြင်းပေါ်တွင် တည်နေပါသည်။ အထူးသဖြင့် အပင်ပွါးစီး ကြီးထွားမှုအဆင့်ကို (၂)ပိုင်းခွဲခြားထားသည့် အခြေခံအပင်ကြီးထွားမှုအဆင့်နှင့် အလင်းရောင်တုန့်ပြန်မှုအဆင့်၏ သက်တမ်းတိုခြင်း၊ သက်တမ်းရှည်ခြင်းပေါ်တွင် မူတည်နေပါသည်။ ဒေသစပါး(ရာသီစပါး)များ သက်တမ်းရှည်ရခြင်းမှာ နေ့တာတိုသောရက်များသို့ မရောက်မချင်း အနှံသန္ဓေလောင်း(မှို့)မတည်သဖြင့် ဒေသ/ရာသီစပါးမျိုးများသည် သက်တမ်းရှည်ရပါသည်။
အပင်ပွါးစီး ကြီးထွားမှုအဆင့်တွင် အောက်ပါ တိုးတက်မှုများ ဖြစ်ပေါ်ပါသည်။

(က) အစေ့မှ အညှောက်ပေါက်ကာ
အပင်ကြီးထွား ပွါးစီးလာခြင်း။
(ခ) ရွှေ့ပြောင်းစိုက်ခြင်း၊ အမြစ်စွဲခြင်း၊
အပင်လှန်ခြင်း။
(ဂ) အပင်ပွါးများခြင်း၊ အရွက်ပွါးစီးခြင်း၊
အပင်ရပ် မြင့်မားလာခြင်း။
(ဃ) အနှံသန္ဓေ စတည်ခြင်း။

ဤအဆင့်သည် အနည်းဆုံး(၂၅)ရက်မှ (၆၅)ရက်အထိ သာမန်အားဖြင့် ကြာမြင့်တတ်ပါသည်။

(၂) အနှံသန္ဓေ ကြီးထွားမှုအဆင့်
(Reproductive Phase)
-----------------------------------
ဤအဆင့်သည် အနှံသန္ဓေစတင်တည်သည့်နေ့မှ အနှံထွက်သည့်နေ့အထိ ဖြစ်ပါသည်။ စပါးမျိုးအားလုံးအဖို့ ဤအဆင့်တွင် သက်တမ်းကွာခြင်းမှုများ ယေဘူယျအားဖြင့် မရှိပါ။ ဤအဆင့်တွင် အောက်ပါတိုးတက်မှုများ ဖြစ်ပေါ်ပါသည်။

(က) ဒေသ/ရာသီစပါးမျိုးများတွင်
အဆစ်တက်ခြင်း(ရှည်လာခြင်း)၊
ပင်စည်သည် မူလကပြားရာမှ
စတင်လုံးလာခြင်းတို့သည်
အနှံသန္ဓေစတင်မတည်မီကပင်
ဖြစ်ပေါ်တတ်ပြီး
သက်တမ်းစပါးမျိုးများသည်
အနှံသန္ဓေတည်စတွင် ပင်စည်စ၍
လုံးလာတတ်ပါသည်။
(ခ) အနှံသန္ဓေလောင်း စတည်ခြင်း
(စပါးနှံ၏အောက်ခြေအဆစ်
စ၍တည်ခြင်း)
(ဂ) အနှံခက်များ တည်ဆောက်ခြင်း
(အမျှင်နုကလေးများအဖြစ်
စတင်မြင်ရသည် - မှို့ကပ်ခြင်း)
(ဃ) အနှံသန္ဓေ စတည်ခြင်း။
(င) အနှံထွက်၍ ပန်းပွင့်ခြင်း၊
အပင်အရပ်မြင့်မှု ရပ်ဆိုင်းခြင်း
တို့ဖြစ်ပေါ်ပါသည်။

ဤအဆင့်သည် သက်တမ်းအားဖြင့် (၃၀)ရက်မှ (၃၅)ရက်အထိ ကြာတတ်ပါသည်။

(၃) သီးပွင့် ရင့်မှည့်မှုအဆင့်
(Ripening Phase)
-------------------------------
ဤအဆင့်သည် အနှံထွက်သည်မှ အဆန်ပြည့် ရင့်မှည့်သည်အထိ ဖြစ်သည်။ ဤအဆင့်တွင် စပါးနှံသည် အောက်ခြေအဆစ်များ ရှည်လာသဖြင့်လည်းကောင်း၊ စပါးနှံကြီးထွားမှုအရလည်းကောင်း စပါးရွက်ဖုံးထဲမှအနှံသည် တဖြည်းဖြည်းအပေါ်သို့ တိုးထွက်လာပါသည်။ အနှံထွက်ချိန် အအေးမိပါက အချို့စပါးမျိုးများသည် အပင်ကြီးထွားမှုနှေးကွေးပြီး အနှံတစ်ခုလုံးမထွက်နိုင်ဘဲ တစ်လစ်ထွက်လျက် ရှိတတ်ပါသည်။ ဤအဆင့်တွင် အောက်ပါတိုးတက်မှုများ ဖြစ်ပေါ်ပါသည်။

(က) အနှံများထွက်ခြင်း (ခေါင်နှံ
ပထမဆုံးထွက်ပြီး ဘေးသားတက်များမှ
အနှံများဆက်၍ ထွက်ပါသည်)
(ခ) ပန်းများပွင့်ခြင်း (အနှံ၏ထိပ်ဆုံးမှ
အနှံရင်းသို့ တဖြည်းဖြည်း
ပန်းများပွင့်ပါသည်။ ၇ ရက်မှ ၁၀
ရက်ခန့် ကြာပါသည်။ ပန်းပွင့်ပြီး
အဖိုဝတ်မှုန်နှင့် အမဝတ်ဆံတို့
ကူးယှက်ပါသည်။)
(ဂ) စပါးစေ့၏အခွံများအတွင်း
ဖိုမကူးယှက်ပြီးနောက်
သကြားရည်ကြည်များ
စတင်တည်ပါသည်။ ထို့နောက်
နို့ရည်အရောင်ပြောင်းပြီး နို့ရည်ခဲခြင်း၊
ဆန်သားကြည်ခြင်း(ရင့်မှည့်ခြင်း)တို့
ဖြစ်ပေါ်ပါသည်။

ဤအဆင့်သည် သက်တမ်း (၂၅)ရက်မှ (၃၀)ရက်အထိ ကြာပါသည်။

အနှံသန္ဓေတည်မည့်ရက် (သို့) မှို့ကပ်မည့်ရက်ကို ခန့်မှန်းတွက်ချက်ခြင်း
----------------------------------------------
စပါးမျိုးအားလုံးတွင် အနှံသန္ဓေကြီးထားမှုအဆင့် (၃၅)ရက်နှင့် သီးပွင့်ရင့်မှည့်မှုအဆင့် (၃၀)ရက်၊ နှစ်ခုပေါင်း (၆၅)ရက်သည် ကွဲပြားမှုမရှိဘဲ တူညီကြသဖြင့်…

သက်တမ်းစပါး

ကြဲခင်းတွင် စပါးစေ့အညှောက်ပေါက်သည်မှ စတင်ရေတွက်လျှင်..
မှို့ကပ်မည့်ရက်= စပါးမျိုး၏သက်ရက် - ၆၅ ရက်

ပျိုးထောင်စိုက်ခင်းတွင် ပြောင်းရွှေ့စိုက်သည့်ရက်မှ စတင်ရေတွက်လျှင်..
မှို့ကပ်မည့်ရက်= စပါးမျိုး၏သက်ရက် - ( ၆၅ ရက် + ပျိုးသက်ရက်)

ဒေသ/ရာသီစပါး

ရာသီစပါးမျိုးများမှာကား မည်သည့်အချိန်တွင် စိုက်ပျိုးသည်ဖြစ်စေ နေ့တာတို၊ ညတာရှည်သည့် ရာသီရောက်မှသာ မှို့ကပ်ကြမည်ဖြစ်ရာ စပါးပင်သက်ရက်(၁၅၀)ရက်ထက် မကျော်အောင်၊ မလျော့အောင် ချိန်ဆစိုက်ပျိုးတတ်ကြရန် အရေးကြီးပါသည်။ ယေဘူယျအားဖြင့် ရာသီစပါးမျိုးများသည် စက်တင်ဘာလကုန်နှင့် အောက်တိုဘာ(၁၅)ရက်အတွင်း မှို့ကပ်ကြမည်ဖြစ်ရာ ရှိသင့်သည့်သက်ရက်ထက် နည်းခြင်း၊ များခြင်းများကြောင့် အထွက်နှုန်းမလျော့ကျစေရန် ဇူလိုင်လ(၁၅)ရက်ထက် မစောအောင်၊ နောက်မကျအောင် ပြောင်းရွှေ့စိုက်နိုင်ကြဖို့ ချိန်ဆပျိုးထောင်ကြရမည် ဖြစ်ပါသည်။ ။

Crd #

နှင်းဆီပင် အိုးဖြင့်စိုက်ပျိုးနည်း ယနေ့ခေတ်မှာ နှင်းဆီပန်းပင်လေးတွေကို အိမ်တွင်းတစ်ပိုင်တစ်နိုင်အဖြစ် ပန်းအိုးတွေနဲ့ စို...
23/07/2021

နှင်းဆီပင် အိုးဖြင့်စိုက်ပျိုးနည်း

ယနေ့ခေတ်မှာ နှင်းဆီပန်းပင်လေးတွေကို အိမ်တွင်းတစ်ပိုင်တစ်နိုင်အဖြစ် ပန်းအိုးတွေနဲ့ စိုက်ပျိုးတဲ့အလေ့အထကို တွေ့မြင်လာရပါတယ်။ ဝါသနာပါ၍စိုက်သည်ဖြစ်စေ၊ အလှစိုက်သည်ဖြစ်စေ ပန်းပွင့်တွေဝေဆာနေသည့်အပင်ကို မြင်တွေ့လိုသည်မှာတော့ လူတိုင်းလိုလိုပင်ဖြစ်ပါတယ်။ ထို့အတွက် နှင်းဆီပင်တွေကို ပန်းအိုးနဲ့စိုက်တဲ့အခါမှာ ကောင်းစွာရှင်သန်ပွင့်ဖူးနိုင်ရန်အတွက် ပြုစုစောင့်ရှောက်ပေးဖို့က အရေးကြီးလှပါပေတယ်။ ယနေ့မှာတော့ နှင်းဆီပင်ကိုအိုးနဲ့စိုက်တဲ့အခါ ကြုံရတတ်တဲ့ပြဿနာတွေနဲ့ ကာကွယ်ပြုစုနည်းတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

အိုးနဲ့စိုက်တဲ့အခါ ဘယ်လိုပြဿနာတွေဖြစ်လာနိုင်သလဲ?

စိုက်ပျိုးချိန်ကြာလာတဲ့နောက် ဖြာထွက်လာတဲ့အမြစ်တွေက အိုးနံရံရောက်တဲ့အခါ ဆက်လက်ကြီးထွားနိုင်စွမ်းမရှိတော့ပဲ အိုးထဲမှာအမြစ်တွေလုံးထွေးလာပြီးတော့ မြေလုံးကို ပိုက်ကွန်ပုံစံ ရစ်ပတ်လာပါတော့တယ်။ အဲ့နောက်မှာတော့ အမြစ်တွေညိုမဲလာပြီး အပင်ကြီးထွားမှု ရပ်တန့်ကာ အိုးကြပ်ခြင်း (Pot-bound) ကိုဖြစ်စေပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ အိုးထဲမှာ မြေပမာဏလျော့နည်းလာတဲ့အတွက် အာဟာရချို့တဲ့လာခြင်းဖြစ်ပေါ်စေပါတယ်။ ထို့အပြင် ရေလောင်းမှုပမာဏများတဲ့အခါ အိုးအတွင်းမှာရှိတဲ့ အာဟာရဓါတ်တွေက ရေနဲ့အတူ ပျော်ဝင်စိမ့်ဆင်းသွားခြင်းတို့ ဖြစ်ပေါ်စေပါတယ်။ ရေမကြာခဏလောင်းခြင်းကလည်း မြေကျပ်စေပြီးတော့ ရေစီးဆင်းမှုညံ့ဖျင်းခြင်းကို ဖြစ်စေတတ်ပါတယ်။

ဒီလိုပြဿနာတွေမဖြစ်အောင် ဘယ်လိုကာကွယ်ပြုစုရမလဲ?

အပင်အိုးကျပ်ခြင်း လျော့နည်းစေရန်အတွက် အဝအကျယ် ၁၂ လက်မအရွယ်အိုးများဟာ အသင့်တော်ဆုံးဖြစ်ကြပါတယ်။ ၎င်းအရွယ်အစားကို အသုံးပြုခြင်းဖြင့် နှစ်စဉ်အိုးပြောင်းခြင်း ပြုလုပ်ရန်မလိုပါဘူး။ အကယ်၍သင်က ကိုင်းဖြတ်လိုပါက ကိုင်းဖြတ်ခြင်းမပြုလုပ်မီ အပေါ်ယံမြေသား အဟောင်း ၃ လက်မခန့်ကို ဖယ်ထုတ်ပြီး မြေဆွေးမြေဩဇာ လတ်လတ်ဆတ်ဆတ် ပြန်ဖြည့်ပေးသင့်ပါတယ်။ ဤနည်းဖြင့် လျော့နည်းသွားသော အာဟာရဓါတ်များကို ပြန်ပြည့်စေပါတယ်။ ၁၀ လက်မအရွယ်အိုးကို အသုံးပြုပါက နှစ်စဉ်မိုးအကုန်မှာ အိုးလဲပေးသင့်ပါတယ်။ နေ့စဉ်ရေလောင်းပေးခြင်းဖြင့် မြေကျပ်စေနိုင်တာကြောင့် သုံးရက်တစ်ကြိမ်လောက်သာ ရေကိုအသင့်အတင့်လောင်းပေးသင့်ပါတယ်။ ရေလောင်းတဲ့အခါမှာလည်း ညနေခင်းရေလောင်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ မြေကျပ်သည့်အခါ အပင်ခြေမှခွာပြီး လက်ထိုးခက်ရင်းဖြင့် မြေဆွပေးတာမျိုး လုပ်သင့်ပါတယ်။ အပင်စိုက်တဲ့အခါ အသုံးပြုမည့်အိုး၏ အောက်ခြေအလယ်တွင် ရေထွက်ပေါက်တစ်ပေါက်တည်းပါသည်ထက် အောက်ခြေတစ်ဝိုက် ၃ - ၄ ပေါက်ပါရှိခြင်းက ပိုကောင်းပါတယ်။ ရေစီးဆင်းမှုကို ပိုကောင်းစေရုံသာမက အိုးကျပ်၍ပိုလျှံနေသော အမြစ်များ ၎င်းအပေါက်များမှ ထွက်လာခြင်းဖြင့် နှင်းဆီပင်အား အိုးပြောင်းသင့်ပြီဖြစ်ကြောင်းကိုလည်း သိနိုင်ပါတယ်။ အိုးပြောင်းပြီး မြေဆီဩဇာအသစ်ထည့်ပြီးတိုင်း ကိုင်းဖြတ်ပေးပါ။

အိုးဖြင့်နှင်းဆီစိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမြေကို အောက်ပါအတိုင်းရောစပ်နိုင်ပါတယ်။
• နုံးမြေ - သုံးဆ
• နွားချေးဆွေး - တစ်ဆ
• သစ်ရွက်ဆွေး - တစ်ဆ
• ပြာ - တစ်ဆ
• အရိုးမှုန့် - လက်ဆုပ်တစ်ဝက်

၎င်းတို့ကို မသုံးမီ တစ်ပတ်ခန့်ကြိုပြီး ရောစပ်၍နှပ်ထားပါ။ မြေမထည့်မီ အိုးအောက်ခြေ ရေထွက်ပေါက်အား အိုးခြမ်းပဲ့များဖြင့် သေချာစွာပိတ်ပြီး ၎င်းအပေါ်၌ ကျောက်စရစ်ခဲများကို နှစ်လက်မအထူခန့် ထားပေးရပါမယ်။ ရေလောင်းရန်အတွက် အိုးနှုတ်ခမ်းမှ တစ်လက်မ နှစ်လက်မခန့် ချန်ပြီး မြေထည့်ပါ။ အိုးထဲ၌ အပင်ကို ခပ်နက်နက် မစိုက်သင့်ပါ။ အဖူးမြှုပ်ထားသော သို့မဟုတ် အကိုင်းဆက်ထားသော နေရာအား မြေအောက်၌ လက်မဝက်ခန့် မြုပ်ရုံသာစိုက်ပါ။

စပါးပန်းပွင့်ချိန် မိုးမိရင် ကျရောက်တတ်တဲ့ မှိုသီးရောဂါ သတိပြု ကာကွယ်နှိမ်နှင်းပါစပါးမှိုသီးရောဂါဟာ စပါးပန်းပွင့်ချိန် မ...
23/07/2021

စပါးပန်းပွင့်ချိန် မိုးမိရင် ကျရောက်တတ်တဲ့ မှိုသီးရောဂါ သတိပြု ကာကွယ်နှိမ်နှင်းပါ

စပါးမှိုသီးရောဂါဟာ စပါးပန်းပွင့်ချိန် မိုးရွာလိုက်လို့ ပန်းပွင့်မိုးမိသွားရင် မိုးရေအစိုဓာတ် ရေငွေ့တွေဟာ စပါးပွင့်အတွင်း ခိုအောင်းပြီး အမဝတ်ဆံအိမ်၊ အဖိုဝတ်ဆံတိုင်များကို ငုံ၍တည်နေပါတယ်။ ဒီရေငွေ့ကြောင့် အဖိုအမဝတ်ဆံဟာ မှိုရဲ့ ဝါးမြိုမှုကို ခံလိုက်ရပါတယ်။
ဆန်သားမဖြစ်လာတော့ပါဘူး။
အနှံတခုလုံးရဲ့ စပါးစေ့တွေမှာ မဲမဲရောင် အသီးလုံးလေးတွေ ဖြစ်လာပါတယ်။ ဒီမှိုသီးလုံးတွေ ရင့်လာပြီဆိုရင် ကွဲထွက်တဲ့ မှိုမှုန်မဲမဲလေးတွေဟာ စပါးပင်အရွက်ပင်စည် တစ်ပင်လုံးပေါ် ကျပြီး စပါးတစ်ပင်လုံး မှိုမှုန်တွေနဲ့ မဲကုန်ပါတယ်။
စပါးတစ်ဧကမှာရှိတဲ့ စပါးပင်ရဲ့ ၈၀% မှိုသီးကျရောက်ဖျက်ဆီးရင် စပါးအထွက် ၇၀-၈၀% ကျပြီဆိုတာ သေချာပါတယ်။

မှိုမှုန်တွေ လွင့်ထွက်လာရင် နီးစပ်ရာ စပါးပင်အပြင် လေနဲ့လွင့်ပြီး စပါးတစ်ခင်းလုံးရော ပတ်ဝန်းကျင် စပါးခင်းတွေပါ ကူးသွားတယ်။ မှိုသီးကျပြီဆိုတာနဲ့ ကာကွယ်နှိမ်နှင်းမှသာ ဆုံးရှုံးမှု သက်သာပါမယ်။ ကျယ်ကျယ်ပြန့်ပြန့် များများကျရောက်ပြီဆိုရင်တော့ ကာကွယ်နှိမ်နှင်းရန် နောက်ကျသွားပြီ ဖြစ်တယ်။

မှိုသီးရောဂါ ကာကွယ်နှိမ်နှင်းဖို့
- မိုးလေဝသ ထုတ်ပြန်တဲ့ တနှစ်စာ မိုးရွာသွန်းမဲ့ အခြေအနေ လေ့လာပါ။
- မိုးနှောင်းကောင်းမဲ့နှစ်ဆိုရင် စပါးပန်းပွင့်ချိန်နဲ့ မိုးရွာမဲ့အချိန် မတိုက်ဆိုင်အောင် တွက်ချက်စိုက်ပျိုးပါ။ သက်ငယ်စပါး စောစော မစိုက်သင့်ပါ။ သက်လတ်စပါးမျိုးများ ဇွန်လဒုတိယအပတ်မှာ စိုက်ပါ။
- စပါးပန်းပွင့်ချိန်နဲ့ မိုးရွာမဲ့အချိန် တိုက်ဆိုင်နေပါက မိုးရွာပြီးနောက်ရက် မှိုသီးရောဂါ စွဲကပ်မှုရှိမရှိ ကွင်းဆင်းစစ်ဆေးပါ။
- ပန်းပွင့်တွင် မှိုသီးအနည်းငယ် စတင်စွဲကပ်မှု တွေ့ရှိပါက မှိုသတ်ဆေးနဲ့ ကာကွယ်နှိမ်နှင်းပါ။
- အဇိုစီစတိုဘင် ၊ ဒိုင်ဖန်နိုကွန်နာဇိုး
ဟက်ဆာကွန်နာဇိုး စသည့် မှိုသတ်ဆေးများကို ဆေးဗူးပါ အညွှန်းအတိုင်း သုံးစွဲပါ။
- မှိုသီးရောဂါ ကျထားတဲ့ စပါးခင်း ရိုးပြတ်ကောက်ရိုးများကို မီးရှို့ပါ။
- မှိုသီးရောဂါ ကျထားတဲ့ စပါးခင်းမှ မျိုးစေ့များကို ပျိုးအဖြစ်မသုံးမိစေရန် သတိပြုပါ။

ကွမ်းရိုးမဲအတွက် ကာကွယ်ဖို့ မှိုသတ်ဆေး ၂ မျိုးထဲက Cymoxanil ကို ညွှန်းလိုက်တဲ့ အကြောင်းနဲ့ပက်သက်လို့ မေးခွန်းလေး ရထားတာက...
23/07/2021

ကွမ်းရိုးမဲအတွက် ကာကွယ်ဖို့ မှိုသတ်ဆေး ၂ မျိုးထဲက Cymoxanil ကို ညွှန်းလိုက်တဲ့ အကြောင်းနဲ့ပက်သက်လို့ မေးခွန်းလေး ရထားတာကြာပြီ။ မအားတာနဲ့ မရေးဖြစ်နေဘူး။
အဲဒီနေ့က ဆေးမေးသူဘက်က Cymoxanil နဲ့ Fosetyl-Aluminium ကို မေးတဲ့အခါ ကွမ်းခြံရဲ့ အခြေအနေကိုကြည့်ပြီး Cymoxanil ကိုသုံးဖို့ပြောဖြစ်တယ်။ သုံးမသုံးမသိသလို အခြေအနေကိုအကြောင်းပြန်တာတော့မရှိဘူး။ ကိုယ်လည်း ပြန်မမေးဖြစ်ဘူး။
သို့သော် အခု ရေးချင်တာက Cymoxanil ရဲ့အကြောင်းအနည်းငယ်ပါ။
ဒီမှိုသတ်ဆေးကို မြေဆောင်ရောဂါအချို့အတွက်အဓိကထုတ်လုပ်တာဖြစ်တဲ့အကြောင်း ယခင် post မှာရေးထားဖူးပါတယ်။
ယေဘုယျအားဖြင့် ဓာတုဆေးအများစုသည် ရေကိုအခြေခံပြီးထုတ်ထားတာဖြစ်သလို ပြိုကွဲမှုမှာလည်း ပေါင်းသတ်ဆေးအများစုကလွဲရင် Hydrolysis လို့ခေါ်တဲ့ H2O အကူအညီနဲ့ပြိုကွဲတာများပါတယ်။
Cymoxanil ကတော့ တမူထူးခြားပြီး Photolysis လို့ခေါ်သော အလင်းရောင်အကူအညီနဲ့ ပြိုကွဲနိုင်တဲ့ဆေးအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် သီးနှံပင်တွေအတွက် မြေဆောင်မှိုရောဂါကိုကာကွယ်ဖို့ ဒီဆေးကိုသုံးမယ်ဆိုရင် crop canopy လို့ခေါ်သော အပင်ရဲ့အရွယ်အစားဖြန့်ကျက်မှုနည်းစဉ်၊ တနည်းအားဖြင့် ပင်ခြေကိုအလင်းရောင်ကောင်းစွာဝင်နိုင်ချိန်၊ အပင်ခြေမှာအစိုဓာတ် ၅၀% အောက်ရှိနေချိန်တွေအတွက် သုံးစွဲရန်ညွှန်းနိုင်ပါတယ်။
Cymoxanil ကိုသုံးတဲ့အခါမှာ သတိပြုရမယ့်နောက်တချက်ကတော့ သူသည် ဖျော်စပ်သောရေ၏ pH 7.5 နဲ့အထက်မှာ ပြိုကွဲမှုကောင်းမွန်ပြီး မြေကြီးထဲမှာတည်မြဲမှု soil stability အရ ၂ ပတ်မှ ၃ ပတ်အထိ ရှိနိုင်တာမို့ မြေဆောင်မှိုအမျိုးအစားများအတွက် စပိုးထုတ်လုပ်မှုကို တိုက်ခိုက်ရန် အချိန်အားဖြင့် လုံလောက်တယ်လို့ မှတ်သားရမှာပါ။
သို့သော် ဒီဆေးသည် မှိုမျှင်များ၏ ပွါးများမှုကိုဟန့်တားခြင်းအတွက်ဆိုရင်တော့ Fosetyl လောက် မထိရောက်ပါဘူး။ ဒါကြောင့်လည်း မြေဆောင်မှိုအုပ်စုအချို့အတွက်လို့သာ ရည်ညွှန်းနိုင်တာဖြစ်ပါတယ်။ fusarium လိုမှိုမျိုးအတွက်ဆိုရင်တော့ သိပ်အဆင်မပြေလှတာကို ဖြည့်စွက်မှတ်သားဖို့လိုမှာဖြစ်ပါတယ်။

Photolysis နဲ့ ပြိုကွဲနိုင်သောဆေးဖြစ်တာမို့တနေ့အတွက် လင်းတာ ၇ နာရီ ကောင်းစွာရရှိတဲ့အခြေအနေ၊ အစိုဓာတ်များစွာမရှိတဲ့အခြေအနေမှာ သုံးစွဲဖို့သင့်လျှော်ပါတယ်။ မှိုအုပ်စုများရဲ့သဘာဝယေဘုယျအားဖြင့် အစိုဓာတ်ရရှိမှုအပေါ်မူတည်ပြီး မှိုမျှင်ပွါးများမှုကိုအားပေးသလို အစိုဓာတ်လိုသလိုမရတဲ့အခါ စပိုးထုတ်လုပ်မှုကိုအားပေးတာမို့ ဒီဆေးကို ညွှန်းရခြင်းဖြစ်ပါတယ်။
အကယ်၍ Cymoxanil ကိုသုံးပြီး မိုးရွာခြင်း၊ အစိုဓာတ် ၈၀%အထက်ကို ရရှိခြင်းဖြစ်ပါက ဆေးသည် မြေကြီးမှာကုပ်တွယ်နိုင်စွမ်းနည်းက run off အားဖြင့် ဆုံးရှုံးမှုကိုဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် အလင်းရောင်အားဖြင့် ပြိုကွဲမှုရှိသော်ငြားလည်းပဲ အပူချိန် ပျှမ်းမျှ ၃၇ ဒီဂရီစင်တီဂရိတ်ကို ၅ နာရီကြာရရှိခဲ့ရင်တော့ အပင်ငယ်ဆေးလောင်ခြင်းပြသနာလည်းရှိတတ်ပါတယ်။ ဒါဟာ Cymoxanil ကိုအသုံးပြုတဲ့အခါ သတိထားရအုံးမယ့်အချက်တခုပါ။
နောက်ဆုံးမှတ်သားသင့်တဲ့တချက်ကတော့ Cymoxanil သည် localized systemic ဖြစ်တာမို့ ဆေးဖျန်းတဲ့အခါ ရောဂါကျရောက်ရာနေရာကို သေချာထိမိအောင်ဖျန်းမှ အာနိသင်ကောင်းစွာရရှိမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

ကျေးဇူးတင်ပါသည်။

crd.Dr.DaDa
2002 B.Agr.Sc
Ph.D Entomology

23/07/2021

ကပ်ဆိုး ဘေးဆိုးမှ အားလုံးကျော်လွှားနိုင်ကြပါစေဗျာ...🙏🙏🙏

ဝါဆိုလပြည့်
ဓမ္မစကြာ အခါတော်နေ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့ နေ့ဝင်လထွက်အချိန်၌ “အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ ပဉ္စဝဂ္ဂီငါးဦးတို့ကို ဘုရားဖြစ်တော်မူကြောင်း ဝန်ခံ၍ စမ္မစကြာတရားတော်ကို အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တောဝယ် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာ တရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ “ပဉ္စဝဂ္ဂိယ ကထာအမည်ဖြင့် လာရှိပြီး ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနဝါ” အမည်ဖြင့် လာရှိကာ မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနသုတ္တ” အမည်ဖြင့် လာရှိပါသည်။ ဓမ္မစကြာတရားတော်သည် သစာ္စလေးပါး မြတ်တရားကိုညွှန်းဆိုသော ဒေသနာတော်ဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု အဌကထာဆရာကြီးများက ညွှန်းဆိုကြပါသည်။

ဓမ္မစက္ကပဝတ္တန၏ အဓိပ္ပာယ်မှာ “တရားတည်းဟူသော စက်ကို ဖြစ်စေခြင်း၊ လည်စေခြင်း” ဟု အဓိပ္ပါယ်ရပါသည်။ ( ဓမ္မစက္က= တရားတော်+ပတဝတ္တန=ဖြစ်စေခြင်း၊ လည်စေခြင်း)
ဂေါတမဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ခြောက်နှစ်တာ ကာလပတ်လုံး လူသာမန်တို့ ကျင့်ဖို့ရာ ခဲ့ယဉ်းလှသည့် ဒုက္ကရစရိယာအကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ရာ နောက်ဆုံး၌ မဇ္ဈိမပဋိပဒါခေါ် သည့် အလယ်အလတ် အကျင့်တရားလမ်းစဉ်ကို တွေ့မြင်ပြီး ကာမ အာရုံခံစားမှု လက်ယာအစွန်းနှင့် အတ္တဘော ပင်ပန်းစေသည့် လက်ဝဲအစွန်းတည်းဟူသော အစွန်းတရားနှစ်ပါးကို ရှောင်ကြည်ကာ သစ္စာလေးပါး တရားတော်ကို သိမြင်တော်မူပါသည်။ “ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ” ဟူသော ထိုသစ္စာလေးပါး မြတ်တရားတော်သည် “ဓမ္မစကြာတရားတော်”ပင် ဖြစ်ပါသည်။

ဓမ္မစကြာတရားတော်သည် မြတ်ဗုဒ္ဓ၏ တိကျခိုင်မာသော သဘောတရားကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ရှင်တော်မြတ်ဘုရားသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီတော် အဟုန်တို့ကြောင့် ရရှိခဲ့သည့် သဗ္ဗညုတ ရွှေဉာဏ်တော်စွမ်းအားဖြင့် ဓမ္မစကြာတရားတော်ကို ဟော်ဖော်ညွှန်ပြခဲ့ခြင်းဖြစ်ပါသည်။

ဘုရားရှင်ကိုယ်တော်မြတ်သည် ထိုးထွင်း၍ သိမြင်တော်မူအပ်သော သစ္စာလေးပါးကို မြင်တတ်သော၊ ပညာမျက်စိကို ပြုတတ်သော၊ သစ္စာလေးပါးကို သိခြင်းကို ပြုတတ်သော၊ အကြင်အလယ်အလတ်ဖြစ်သော ၊အကျင့်သည် ကိလေသာငြိမ်းခြင်းတည်းဟူသော သဥပါဒိသေသနိဗ္ဗာန် အကျိုးငှာ သစ္စာလေးပါးကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှာ၊ သစ္စာလေးပါကို ကောင်းစွာသိခြင်းငှာ၊ အနူပါဒိသေသ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏။ ထိုအလယ်အလတ် အကျင့်သည် အဘယ်နည်းဟု သိသာထင်ရှားစွာ ဟောဖော်ညွှန်ပြတော်မူပါသည်။

• သမ္မာဒိဌိ = ကောင်းစွာ မြင်ခြင်း

• သမ္မာသင်္ကပ္ပ = ကောင်းစွာကြံခြင်း

• သမ္မဝါစာ = ကောင်းစွာဆိုခြင်း

• သမ္မကမ္မန္တ =ကောင်းစွာပြုခြင်း

• သမ္မာအာဇီဝ =ကောင်းစွာ အသက်မွေးခြင်း

• သမ္မဝါယမ =ကောင်းစွာအားထုတ်ခြင်း

• သမ္မာသတိ = ကောင်းစွာအောက်မေ့ခြင်း

• သမ္မာသမာဓိ = ကောင်းစွာတည်ကြည်ခြင်း

(ဒိဌ် သင် ဝါစာ၊ ကမ္မံ အာနှင့်၊ ဝါယာ သတိ၊ သမာဓိ၊ ရှစ် သိ သမ္မာ မဂ္ဂင်များ - ရွာမဆရာတော်)

ဤအကျင့်မြတ်သည်ကား အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် မဂ္ဂင်တရားမြတ်ဖြစ်ကြောင်း ဟောကြားတော်မူပါသည်။

ထိုမှတဖန် ရှင်တော်မြတ်ဘုရားသည် ဇာတိ ပဋိသန္ဓေနေရခြင်း ဆင်းရဲမှ၊ အိုမင်းရင့်ရောခြင်း ဆင်းရဲ၊ ဖျားနာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကင်းရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်လိုအပ်သော သတ္တဝါတို့နှင့် ကွေကင်းရခြင်း ဆင်းရဲ၊ ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊ ခန္ဓာငါးပါးတို့၏ ဆင်းရဲ စသော ဇာတိသဘောတရားသည် ဒုက္ခဖြစ်သော အရိယာတို့၏ သိအပ်သော သစ္စာမည်၏ဟူ၍ ဒုက္ခသစ္စာကို ဟောကြားတော်မူပါသည်။

ပဉ္စဝဂ္ဂီရဟန်းတို့အား တဏှာလောဘသည် တဖန်ဘဝသစ်ကို ဖြစ်စေတတ်၏။ နှစ်သက်ခြင်း၊တပ်မက်ခြင်းနှင့် တကွ ဖြစ်၏။ ထိုထိုဘဝ ထိုထိုအာရုံ၌ အလွန်နှစ်သက်တတ်၏။ ဤတဏှာဟူသည် အဘယ်နည်း။

• ကာမတဏှာ = ရူပါရုံစသော ဝတ္ထုကာမကို တပ်မက်သော တဏှာ။

• ဘဝတဏှာ = သဿတဒိဌိနှင့် တကွဖြစ်သော တဏှာ။

• ဝိဘဝတဏှာ = ဥစ္ဆေဒဒိဌိနှင့်တကွဖြစ်သော တဏှာ။ ဟူ၍ ဤတဏှာဟူသော သဘောတရားသည် ဒုက္ခအကြောင်းဖြစ်သော အရိယာတို သိအပ်သော သစ္စာမည်၏ဟု သမုဒယသစ္စာအကြောင်းကို ဟောကြားတော်မူပါသည်။

ထိုတဏှာလောဘ၏ အကြွင်းမဲ့ တပ်မက်ခြင်းကင်းရာ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ စွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဝေးစွာစွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ လွတ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ကပ်ငြိခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။

ဤနိဗ္ဗာန်ဟူသော သဘောတရားသည် ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာမည်သော နိရောဓသစ္စာ ကို ဟောကြားတော်မူပါသည်။ မဂ္ဂသစ္စာနှင့်စပ်၍ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည်သာလျှင် ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု ဟောကြားတော်မူပါသည်။

ဒုက္ခသစ္စာ၌ သစ္စဉာဏ်၊ ဒုက္ခသစ္စာ၏ ကိစ္စဉာဏ်၊ ဒုက္ခသစ္စာ၌ ကတဉာဏ် သမုဒယ သစ္စာ၌ သစ္စဉာဏ်၊ သမုဒယသစ္စာ၌ ကိစ္စဉာဏ်၊ သမုဒယသစ္စ၏ ကတဉာဏ် နိရောဓသစ္စာ၌ သစ္စဉာဏ်၊ နိရောဓသစ္စာ၏ ကိစ္စဉာဏ်၊ နိရောဓသစ္စာ၌ ကတဉာဏ် မဂ္ဂသစ္စာ၌ သစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကတဉာဏ် စသည့် ဘုရားမဖြစ်မီ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရာ သစ္စာတရားတို့ကို ဟောကြားတော်မူပါသည်။

ဤသစ္စာလေးပါးတို့၌ ဤသို့သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်အားဖြင့် သုံးပါးသော အပြန်ရှိသော သုံးပါးလေးလီဖြစ်၍ တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ဟုတ်မှန်တိုင်းဖြစ်သော ဉာဏ်အမြင်သည် ငါ့အားအလွန်သန့်ရှင်းစင်ကြယ်၏။ လူနှင့်တကွ သတ္တလောက၌ အတုမရှိသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်တော်မူပြီး၍ ဘုရားဖြစ်ကြောင်း ဝန်ခံတော်မူပါသည်။

ဝါဆိုလပြည့်နေ့သည် ထူခြားသည့် အကြောင်းအရာများ ရှိပါသည်။ ဂေါတမဘုရားအလောင်းတော် ပဋိသန္ဓေနေသောနေ့ဖြစ်ခြင်း၊ ဂေါတမ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်သော နေ့ဖြစ်ခြင်း။ ဓမ္မစကြာ တရားဦးကို စတင်ဟောတော်မူသော နေ့ဖြစ်ခြင်း ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်ခြင်း။ ဘုရားအဖြစ်ဝန်ခံတော်မူသော နေ့ဖြစ်ခြင်း။ တရားရတနာ စတင်ပေါ်ပေါက်သော နေ့ဖြစ်ခြင်း။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်ခြင်း။ “ဧဟိဘိက္ခု” ဟူသော စကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းတို့ ဖြစ်ပါသည်။

ဂေါတမ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူသည့် ဓမ္မစကြာတရားတော်ကို ကြားနာရသည့် ပဉ္စဝဂ္ဂီငါးဦးတို့သည် ဝါဆိုလပြည့်နေ့တွင် အရှင်ကောဏ္ဍည၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ဝါဆိုလပြည့်ကျော် ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ဝါဆိုလပြည့်ကျော် ၃ ရက်နေ့တွင် အရှင်အဿဇိ မဟာထေရ်မြတ်ကြီးများ အသီးသီး သောတပန်ဖြစ်တော်မူပြီး တရားထူး၊ တရားမြတ်ကို ရရှိတော်မူကြပါသည်။

ထိုနေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့တွင် ရဟန်းရှင်လူ အများပြည်သူတို့သည် ဘုရားစေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံစသည်တို့တွင် ဝတ်အသင်းများ၊ ဓမ္မာစကြာအသင်းများက ဓမ္မစကြာ တရားတော်ကို ပူဇော်ခြင်းဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားများကို ကျင်းပကြပါသည်။ [၁] ဓမ္မစကြာ တရားတော်ကို အစီအစဉ်ဖြင့် ရွှတ်ဆို ပူဇော်ကြကုန်၏။ ၎င်းအစီအစဉ်များမှာ

• နမောတဿ ၃ ကြိမ် ရွတ်ဆိုပူဇော်ရန်

• နတ်ဗြဟ္မာများအား ဖိတ်ကြားရန်

• ငါးပါးသီလ (အတိုကောက်) ပြိုင်တူ ခံယူကြရန်

• စုပေါင်း ဓမ္မစကြာ ရွတ်ဆိုပူဇော်ကြရန်

• အလုံးစုံသော သတ္တဝါ၊ သက်ရှိသက်မဲ့တို့အား မေတ္တာပြိုင်တူ ဖြန့်ဝေရန်

• စုပေါင်းအမျှဝေရန်

• ရတနာသုံးပါးအား ပူဇော်ခြင်းနှင့် ဆုတောင်းရန်

• ဗုဒ္ဓသာသနံ စိရံ တိဌတုဖြင့် နိဂုံးချုပ် ဆုတောင်းကြရန် တို့ဖြင့်ကြသည်။

ပြည်သူအများ ကပ်ဆိုးဘေးဆိုးမှ ကင်းဝေးကြပါစေ..🙏🙏🙏
20/07/2021

ပြည်သူအများ ကပ်ဆိုးဘေးဆိုးမှ ကင်းဝေးကြပါစေ..🙏🙏🙏

Address

Hinthada

Telephone

+959765410135

Website

Alerts

Be the first to know and let us send you an email when Phyo Thiha Kyaw .Agriculture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category