Deat Shin

Deat Shin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Deat Shin, Performance Art, Daik, Daik-u.

ဟုတ်ပါ့
29/04/2024

ဟုတ်ပါ့

ဘာတွေကို မက်မောလဲမေးရင် ဘဝရဲ့မပြည့်စုံခြင်းတွေကနေ နှစ်ယောက်အတူတူကြိုးစားပြီး ပြည့်စုံလာမယ့်အနာဂတ်မျိုးကို မက်မောတယ် ချစ်...
22/04/2024

ဘာတွေကို မက်မောလဲမေးရင်
ဘဝရဲ့မပြည့်စုံခြင်းတွေကနေ
နှစ်ယောက်အတူတူကြိုးစားပြီး
ပြည့်စုံလာမယ့်အနာဂတ်မျိုးကို မက်မောတယ်

ချစ်ခြင်းမေတ္တာကို ရွေးချယ်ခဲ့တဲ့ မိန်းမမို့
နှစ်ယောက်တစ်ဘဝ ကို ဒိုးတူဘောင်ဘက်
ကြိုးစားပြီး ပြည့်စုံတဲ့ ဘဝ တစ်ခု ဖန်တီးချင်တယ်

စိန်တွေလည်း မမက်ဘူး
ငွေတွေလည်း မမက်ဘူး
ကိုယ်ရွေးချယ်လိုက်တဲ့ အမျိုးသားဟာ
ဘယ်လို အရာမျိုးကိုမှ မပိုင်ဆိုင်ထားရင်တောင်

အလုပ်လုပ်ချင်တဲ့ အရည်အချင်းတွေ
သူများသားသမီးကိုယူပြီးရင်တာဝန်ကျေချင်တဲ့ စိတ်တွေ
အိမ်ထောင်ဦးစီးကောင်းပီပီ ကာကွယ်ချင်တဲ့စိတ်တွေ
သားသမီးရလာတဲ့အခါ ဖခင်ကောင်း ပီသမှုမျိုးတွေ

ပိုင်ဆိုင်ထားရင်ပဲ ရပါပြီ

ကံဆိုတာ အလုပ်ဆိုပေမယ့်
လုပ်တိုင်း မဖြစ်နိုင်တဲ့ ကံတရားတွေကို
လက်ခံယုံကြည်ထားသူမို့

ကိုယ့်ကို ချမ်းသာအောင်ထားမှ
လိုချင်တာ ဖြည့််ဆည်းပေးနိုင်မှဆိုတဲ့
အတ္တတွေလည်း မရှိပါဘူး

တစ်ခုပဲ အတူတူ အောက်ခြေကနေ ကြိုးစားပြီး
ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို
အခက်အခဲ
အတားအဆီးတွေကို ကျော်ဖြတ်ပြီး
လက်တွဲ မဖြုတ်ပဲ
တစ်ယောက်ကို တစ်ယောက်
အမှီအခိုပြုရင်း၊အားပေးရင်း
လိုချင်တဲ့ ဘဝမျိုး ၊စိတ်ချမ်းသာပျော်ရွှင်ရခြင်းမျိုး ကို
အနာဂတ်မှာပိုင်ဆိုင်ရရင်ပဲ လုံလောက်ပါပြီ

ဒီလိုအရာမျိုးကိုပဲမက်မောပါတယ်….👩‍❤️‍👨👩‍❤️‍💋‍👨🥰

🌻♥️

တကယ်ပါ
15/04/2024

တကယ်ပါ

ဒါတို့ခေတ်
22/03/2024

ဒါတို့ခေတ်

ဒီမှာတန်းလန်းဖြစ်နေပီ
22/03/2024

ဒီမှာတန်းလန်းဖြစ်နေပီ

ဆန် ၁ တင်း  မှာ ၁၆ ပြည် ရှိသလိုရွှေ ၁ ကျပ်သားမှာ ၁၆ ပဲ ရှိတယ် ၊ဆန် ၈ ပြည် ကို  တခွဲ လို့ ခေါ်သလိုရွှေ ၈ ပဲ ကို  ငါးမူး လ...
22/02/2024

ဆန် ၁ တင်း မှာ ၁၆ ပြည် ရှိသလို
ရွှေ ၁ ကျပ်သားမှာ ၁၆ ပဲ ရှိတယ် ၊
ဆန် ၈ ပြည် ကို တခွဲ လို့ ခေါ်သလို
ရွှေ ၈ ပဲ ကို ငါးမူး လို့ ခေါ်တယ် ၊
ဆန် ၄ ပြည် ကို တစိပ် လို့ ခေါ်ကြသလို
ရွှေ ၄ ပဲ ကို တမတ်သား လို့ ခေါ်ကြတယ် ၊
ဆန် ၁ ပြည်မှာနို့ဆီဗူး ရှစ်လုံး ရှိသလို
ရွှေ ၁ ပဲ မှာလည်း ရွေးလေး ရှစ်ရွေး ရှိတယ် ၊
ဆန် ၁ တင်းမှာ နို့ဆီဗူး ၁၂၈ လုံး ရှိသလို
ရွှေ ၁ ကျပ် သား မှာလည်း ၁၂၈ ရွေး ရှိတယ် ။
ဒီဆက်နွယ်မှုဟာ နိုင်ငံအတွင်း‌နေထိုင်ကြသူတွေအဖို့
ဆန် နဲ့ ရွှေ နှစ်မျိုးလုံး အရေးကြီးတာချည်းပဲဆိုတာသိထားဖို့ပါ ။

လောကမှာ......English လို နားမလည်တာကဘာသာပြန်ပေးလို့ရတယ်.......လူလိုနားမလည်တာကဘာသာပြန်ပေးလို့မရဘူး။
20/02/2024

လောကမှာ......
English လို နားမလည်တာက
ဘာသာပြန်ပေးလို့ရတယ်.......

လူလိုနားမလည်တာက
ဘာသာပြန်ပေးလို့မရဘူး။

ဘယ်အဖွဲ့ကလဲ
19/02/2024

ဘယ်အဖွဲ့ကလဲ

အခုအချိန်မှာ ဘယ်မှသွားဖို့လည်း မဖြစ်နိုင်ပဲဒီမှာပဲ ဆက်နေဖို့ တွေးထားသူတွေကဖြစ်ချင်တာတွေကို ပိုက်ထွေးပြီး စိတ်ညစ်နေတာမဖြစ...
18/02/2024

အခုအချိန်မှာ ဘယ်မှသွားဖို့လည်း မဖြစ်နိုင်ပဲ
ဒီမှာပဲ ဆက်နေဖို့ တွေးထားသူတွေက
ဖြစ်ချင်တာတွေကို ပိုက်ထွေးပြီး စိတ်ညစ်နေတာ
မဖြစ်သေးတာတွေကို ကြိုတွေးပြီး
စိတ်ဓာတ်ကျနေမှာထက်
ဖြစ်နိုင်တာတွေ ကိုယ်လုပ်နိုင်တာတွေ
လုပ်ရင်း ဆက်ရွှေ့နေဖို့က အရေးကြီးပါတယ်။

ကိုယ့်အနားမှာရှိတဲ့ ကိုယ်ချစ်ရသူတွေကို
နောင်တရစရာမရှိအောင် ချစ်ပေးဖို့နဲ့
နဂိုကမှ ပူပြီးသားမို့ အပူတွေ ထပ်မပေးမိဖို့လိုတယ်။
ဘာလို့လဲဆိုတော့ မနက်ဖြန်တွေက
ဘာမှန်းမသိဘူးလေ
လာမယ့်ဘေး ပြေးတွေ့ရုံပဲ ရှိတာပဲ

ကိုယ့်ထက် အဆင်မပြေသူတွေ
ခက်ခဲကျပ်တည်းနေသူတွေ
တစ်နေ့တစ်နေ့ စားဖို့တောင် အနိုင်နိုင် ဖြစ်နေရသူတွေ
အများကြီး ရှိတာမို့
မင်းအခုအချိန်မှာ ကောင်းသောနိုးထခြင်းနဲ့ နိုးထလာပြီး
ပုံမှန်လေး စားသောက်နေနိုင်ရင်
တော်ပါသေးတယ်တွေးပါ။

လက်ရှိအခြေအနေမှာ အနာဂါတ်အကြောင်းတွေ
တွေးတောပူပန်မနေပါနဲ့။ ဘာလို့လဲဆိုတော့
အနာဂါတ်က လှမ်းမျှော်ကြည့်လို့ မမြင်ရအောင်
အမှောင်တွေ ဖုံးနေတယ်လေ။
ဟိုးးးးးအဆုံးထိ တွေးကြည့်လိုက်ရင်
အသက်ရှင်ကျန်ရစ်ဖို့က အဓိကပဲမလား။
Crd

🙎 တချို့လူတွေရဲ့ "နား"တွေက" ငွေ " ကြောင့် ပင်းကန်း သွားကြတယ်..🙎 တချို့လူတွေရဲ့ "ပါးစပ်"တွေက" ငွေ " ကြောင့် ပိတ် သွားကြတယ...
17/02/2024

🙎 တချို့လူတွေရဲ့ "နား"တွေက
" ငွေ " ကြောင့် ပင်းကန်း သွားကြတယ်..

🙎 တချို့လူတွေရဲ့ "ပါးစပ်"တွေက
" ငွေ " ကြောင့် ပိတ် သွားကြတယ်..

🙎 တချို့လူတွေရဲ့ "မျက်စေ့"တွေက
" ငွေ " ကြောင့် ကန်း သွားကြတယ်..

crd

ငါမို့ပါ
13/02/2024

ငါမို့ပါ

Address

Daik
Daik-u

Website

Alerts

Be the first to know and let us send you an email when Deat Shin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share