Icemmsub.com

Icemmsub.com Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Icemmsub.com, TV/Movie Award, https://www. google. com/maps/place/Myanmar+(Burma)/@18. 8012617, 87. 6286849, 5z/data=, 3m1, 4b1, 4m5, 3m4, 1s0x305652a7714e2907:0xba7b0ee41c622b11, 8m2, 3d21. 916221, 4d95. 955974, Dagon.

VOGUE Magazine Cover ရိုက်ကူးခွင့်ရတဲ့ ပထမဆုံး 2k born actress ဖြစ်လာတဲ့ Zhang Zifeng **********************************...
07/09/2023

VOGUE Magazine Cover ရိုက်ကူးခွင့်ရတဲ့ ပထမဆုံး 2k born actress ဖြစ်လာတဲ့ Zhang Zifeng
*****************************************

၁၀လပိုင်းက ဖက်ရှင်မဂ္ဂဇင်းတွေအတွက် အရမ်းအရေးကြီးတဲ့ လတစ်လလို့ဆိုရမှာပါ ဒီလိုလမျိုးမှာ အသက်၂၂နှစ်ပဲရှိသေးတဲ့ကျန်းဇစ်ဖုန်းက VOGUE လိုအရှိန်အဝါကြီးတဲ့ မဂ္ဂဇင်းမှာ ပါဝင်ရိုက်ကူးခွင့်ရတယ်ဆိုတော့ သူ့ရဲ့ဇကလည်း မသေးဘူးဆိုရမယ် အသက်ငယ်သေးပေမယ့် ရုပ်ရှင်တွေကိုသာ အဓိကရိုက်ကူးတဲ့သူက သရုပ်ဆောင်ပိုင်းမှာလည်း လူအများချီးကျူးမှုအတော်လေးရရှိနေသူတစ်ယောက်ပါ ဒီမှာတော့သူ့ကို Upcoming Summer, The Heart of Genius, Sister စတဲ့ဇာတ်ကားတွေနဲ့ ပိုတွဲသိလောက်မယ် admin ကတော့သူ့ကိုလူငယ်သရုပ်ဆောင်တွေကြား တော်တော်လေးမျက်စိကျတဲ့ထဲပါပါတယ် သရုပ်ဆောင်ပိုင်းလည်းမဆိုးဘူး ရှေ့ဆက်ပြီး လက်ရာကောင်းတွေချပြသွားဦးမယ်လို့ယုံကြည်ပါတယ်

Bi Gan ရိုက်ကူးပြီး  Jackson Yee နဲ့ Shu Qi တို့ပါဝင်သွားမည့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် "Resurrection" တရုတ်ရုပ်ရှင်လောကရ...
06/09/2023

Bi Gan ရိုက်ကူးပြီး Jackson Yee နဲ့ Shu Qi တို့ပါဝင်သွားမည့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် "Resurrection"

တရုတ်ရုပ်ရှင်လောကရဲ့ ဒိတ်ဒိတ်ကျဲ ဒါရိုက်တာ Bi Gan ရိုက်ကူးပုံဖော်မယ့် "Resurrection" ရုပ်ရှင်မှာ လူငယ်မင်းသား Jackson Yee, ဟုန်းဟုန်းတောက်မင်းသမီးကြီး Shu Qi တို့ပါဝင်သွားမယ်လို့သိရပါတယ်

ဇာတ်လမ်းလေးကတော့ ခွဲစိတ်ကုသမှုတစ်ခုအတွင်း မိမိရဲ့ ဝိညာဉ်က " Eternal Time Zone " ထဲမှာပိတ်မိသွားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းရိုက်ကူးထားတာပါ သူမက အိမ်မက်ပေါင်းများစွာမှာပိတ်မိပြီး ကိုယ့်ရဲ့ရုပ်ခန္ဓာကို ပြန်လည်နှိုးဖို့ ဇာတ်လမ်းပေါင်းများစွာကိုပြောရင်း ရုပ်ခန္ဓာကဇာတ်လမ်းတွေကြား တဖြည်းဖြည်းနိုးထလာပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်

Zhang Yuqi ကိုသိကြလား သူ့ကိုမသိလည်း စတီဗင်ချောင်ရဲ့ CJ7 ရုပ်ရှင်ကိုတော့သိမှာပေါ့ အဲ့ထဲမှာပါတယ် အဲ့တာမှမသိသေးရင် ICE ရယ်လ...
06/09/2023

Zhang Yuqi ကိုသိကြလား သူ့ကိုမသိလည်း စတီဗင်ချောင်ရဲ့ CJ7 ရုပ်ရှင်ကိုတော့သိမှာပေါ့ အဲ့ထဲမှာပါတယ် အဲ့တာမှမသိသေးရင် ICE ရယ်လို့ဖြစ်လာစေတဲ့ Ice Fantasy ရဲ့အဆက်S2 Ice Fantasy Destiny မှာ လီလော့နေရာကနေ ပါထားတဲ့သူပေါ့

သူကဒီနေ့ ကောင်လေးတစ်ယောက်နဲ့ living together နေတယ်ဆိုပြီး ဖော်ထုတ်ခံရတာ
ဒီသတင်းကိုဖော်ထုတ်တဲ့ ပါပါရာဇီ သုန်းကွားကွား ဆိုတဲ့တစ်ယောက်က သူ့ကို"85 Top Flower" ဆိုပြီးသုံးထားလို့တဲ့ ချိုင်းနားကပရိသတ်တွေရဲ့ ဝေဖန် လေကန်ခံနေရတယ်ပေါ့ ဘာ Top လဲ ရုပ်ရည်လား အရည်အချင်းလား အသက်လား ဘာညာသာရကာပေါ့

Sinaကတင်ထားတဲ့ပိုစ့်ရဲ့ ထိပ်ဆုံး Ment မှာတော့ "အခု အချစ်ရေးအတင်းအဖျင်းတွေကို တကယ်စိတ်မဝင်စားတော့ဘူး ဖောက်ပြန်တာတို့ အဖမ်းခံရတာတို့ကမှသာ ဖရဲသီးကြီးပဲ" တဲ့ 🙂
တကယ်လည်း သူ့ရဲ့ Living Together နေတဲ့ကိစ္စထပ် ပါပါရာဇီသုံးနှုန်းလိုက်တဲ့ " Top" ဆိုတဲ့စာလုံးလေးက ပိုပြဿနာတက်နေတာပါ သူ့ဘက်ကတော့ ဘာမှမဖြေရှင်းထားသေးပါဘူး

" ထာဝရအချစ်သစ္စာ /上古情歌 " (အပိုင်း _1-34)  A Life Time Love Review—————————————ချစ်ယွင်ဟာ တောထဲမှာကြီးပျင်းလာတဲ့ ကျွမ်းကျ...
30/06/2023

" ထာဝရအချစ်သစ္စာ /上古情歌 " (အပိုင်း _1-34)
A Life Time Love Review
—————————————
ချစ်ယွင်ဟာ တောထဲမှာကြီးပျင်းလာတဲ့ ကျွမ်းကျင်သိုင်းသမားတစ်ယောက်ပါ။ သူဟာ မုချင်းမော့တစ်ဖြစ်လဲ ရွှမ်းယန်ချော့ကို မြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။ နှစ်အနည်းကြာပြီးနောက် သူတိုပြန်တွေ့ကြတဲ့အခါ သူဟာမုချင်းမော့ကို ပွင့်ပွင့်လင်းလင်းပိုးပန်းပါတော့တယ်။ မုချင်းမော့လည်းသူ့ကိုပြန်ကြိုက်ခဲ့ပေမယ့် သူမဟာလင်ယွင်ရှန့်လွင်နဲ့ စေ့စပ်ထားတာရှိနေခဲ့ပါတယ်။ ရှန့်လွင်က သူတိုရဲ့စေ့စပ်ထားမှုဟာ မဟာမိတ်ရည်ရွယ်ချက်သက်သက်ဆိုတာကိုနားလည်တဲ့အတွက် သူတိုကြားမှာအရောင်မဆိုးတဲ့ဖြူစင်မှုသက်သက်သာရှိဖို ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်နောက်ဆုံးမှာတော့ သူဟာ မုချင်းမော့ကိုသဘောကျသွားခဲ့ပြီး သူမကိုသူ့ဘေးမှာထာဝရထားဖို ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။
Source:mydramalist

Reviewed by ShaKhunNoe (BlueyCloud)
Translated by ICE Team
Encoded by ချွန်းဖိုlay & May Chan Mon(王's)

Download Link cmtမှာကြည့်ပါနော်

'' တိတ်တခိုးအချစ် '' / 偷偷藏不住  (𝟐𝟎𝟐𝟑) မြန်မာစာတန်းထိုး 𝐇𝐃 𝐋𝐢𝐧𝐤အသည်းရဲ့ဒိုင်ယာရီ ကိုကိုအချစ်ဦးတအားချစ်ခဲ့ ရင်တွေခုန်လာလွန်...
27/06/2023

'' တိတ်တခိုးအချစ် '' / 偷偷藏不住 (𝟐𝟎𝟐𝟑) မြန်မာစာတန်းထိုး 𝐇𝐃 𝐋𝐢𝐧𝐤

အသည်းရဲ့ဒိုင်ယာရီ ကိုကိုအချစ်ဦး
တအားချစ်ခဲ့ ရင်တွေခုန်လာလွန်းလို့ ~~~~

C Dramaပရိသတ်တွေတင်မကဘူး တစ်ကမ္ဘာလုံးကကောင်မလေးတွေကိုပါ “ ကိုကို ” “ ကိုကို ” ဖြစ်စေခဲ့တဲ့ 《偷偷藏不住》 Hidden Loveဆိုတဲ့ အချစ်ဇာတ်လမ်းကောင်းလေးကို ICEပရိသတ်တွေအတွက် ICE Chinese Series Pageမှဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ

Hidden Loveဟာ နာမည်ကြီးစာရေးဆရာမ 竹已ရဲ့လက်ရာမြောက်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ 《偷偷藏不住》ကို ပြန်လည်ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်

ကောင်လေးတစ်ယောက်ကို ငယ်ငယ်ကတည်းကနေ တိတ်တခိုးသဘောကျနေခဲ့တဲ့မိန်းကလေးတစ်ယောက်အကြောင်း
သွမ့်ကျားရွှီရဲ့အသက်၂၀ဦးပိုင်းအချိန်တွေကနေ စန်းကျစ်ရဲ့အသက်၂၀နှောင်းပိုင်းအချိန်တွေအထိ အတူဖြတ်သန်းခဲ့ကြတဲ့သူတို့နှစ်ဦးအကြောင်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်း
အတန်းထဲမှာဆရာစာသင်တာကိုလိုက်နားမထောင်လို့ ခဏခဏအဆူခံရတဲ့စန်းကျစ်ကို အုပ်ထိန်းသူခေါ်ခဲ့ဖို့သတိပေးခံရတာ ၃ကြိမ်မြောက်ရှိခဲ့ပြီ
ဒီတစ်ခါပါ မိဘထပ်ခေါ်ရင် အဆူခံရမှာစိုးတဲ့စန်းကျစ်တစ်ယောက် အစ်ကိုအရင်းကိုခေါ်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အစ်ကိုရဲ့အခန်းဖော်သူငယ်ချင်းဖြစ်သူသွမ့်ကျားရွှီကိုခေါ်လာခဲ့ဖို့အကြောင်းဖန်လာခဲ့ပါတယ်
ညီမလေးစန်းကျစ်နဲ့ကိုကိုသွမ့်ကျားရွှီတို့ဟာ ဒီလိုနဲ့စတင်သိကျွမ်းခဲ့ပြီး သွမ့်ကျားရွှီကလည်းစန်းကျစ်ကို ညီမအရင်းတစ်ယောက်လိုအမြဲဂရုစိုက်ပေးခဲ့တယ်
ကိုကိုသွမ့်ကျားရွှီ ဘွဲ့ရအပြီးမှာ တချို့သောအထင်လွဲမှုတွေကြောင့် ၂ဦးသားအနေဝေးသွားကြပြန်တယ်
အရွယ်ရောက်လာခဲ့တဲ့စန်းကျစ်ဟာ သူဆန္ဒရှိခဲ့တဲ့အတိုင်း ကိုကိုရဲ့မြို့မှာသူတို့၂ဦးပြန်လည်ဆုံစည်းခဲ့ပါတယ်
အရင်ကထက်အနေနီးလာပြီးပိုရင်းနှီးလာတဲ့နောက်မှာ ကိုကိုအမြဲစိတ်ပင်ပန်းနေရတဲ့အကြောင်းအရင်းကို စန်းကျစ်တစ်ယောက်သိသွားခဲ့လို့ ကိုကို့ကိုကာကွယ်ပေးချင်လာတယ်
သူ့အပေါ်အမြဲစိတ်ရင်းအမှန်နဲ့ဂရုစိုက်ပေးနေတဲ့စန်းကျစ်ကို ကိုကိုသွမ့်ကျားရွှီက ညီမလေးလိုပဲမြင်နေဦးမှာလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
စန်းကျစ်နဲ့သွမ့်ကျားရွှီကြားက အချစ်ကြိုးအနှောင်အဖွဲ့လေးကလည်းသဘောကျစရာကောင်းသလို စန်းယန်နဲ့စန်းကျစ်တို့မောင်နှမ၂ယောက်ရဲ့သံယောဇဉ်လေးကလည်း ချစ်ဖို့ကောင်းတာမလို့ လက်မလွှတ်တမ်းစောင့်ကြည့်ကြဖို့မမေ့နဲ့ဦးနော်

Review by... ts_sansan

Translated by.... Poe Poe & Poe Yu & Roronoa baby & Aè🍀

Encoded By... ချွန်းဖိုlay

Drama: Hidden Love
Country: China
Episodes: 25
Aired: Jun 20, 2023 - Jul 11, 2023
Aired On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network: Youku
Duration: 45 min.

Yesterday Once More /  倒数说爱你 (2023) မြန်မာစာတန်းထိုး Movie 𝐇𝐃 𝐋𝐢𝐧𝐤Telegram >>>https://t.me/ICEMoviesNewကလေးဘဝရဲ့ မမှတ်မထ...
02/06/2023

Yesterday Once More / 倒数说爱你 (2023) မြန်မာစာတန်းထိုး Movie 𝐇𝐃 𝐋𝐢𝐧𝐤

Telegram >>>https://t.me/ICEMoviesNew

ကလေးဘဝရဲ့ မမှတ်မထင်တွေ့ဆုံမှုကနေတစ်ဆင့် မမျှောင့်လင့်ဘဲချည်နှောင်မိခဲ့တဲ့သူတို့နှစ်ဦးရဲ့သံယောဇဉ်
နှစ်ပေါင်းများစွာကုန်လွန်ပြီးတဲ့နောက်မှာ ကံတရားကသူတို့နှစ်ဦးကိုထပ်မံဆုံစည်းစေခဲ့ပြန်တယ်
ဒုတိယအကြိမ်ဆုံတွေ့မှုမှာတော့ သာယာအေးချမ်းပြီးချိုမြိန်တဲ့အချစ်တွေကိုအတူဖန်းတီးခဲ့ကြတဲ့သူတို့နှစ်ဦး
တစ်ဦးကိုတစ်ဦး အချစ်ကြိုးတွေနဲ့ခိုင်မာစွာချည်နှောင်ထားပြီးခါမှ ရွေးချယ်ခွင့်မရှိဘဲ ကံကြမ္မာရဲ့လှိုင်းခက်မှုတွေကိုကြုံတွေ့ရပြန်တယ်
ပြန်တွေးမကြည့်ရဲလောက်အောင် ကြောက်စရာကောင်းတဲ့ကံစီမံမှုတွေကို ကူယွီရွှမ်းနဲ့ဟန်ရှူးယန်တို့ချစ်သူနှစ်ဦးရှောင်လွှဲနိုင်ပါ့မလား
အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးအဖြစ် မင်းသားချောလေးချန်ဖေးယွီနဲ့ မင်းသမီးအလှလေးကျိုးယဲ့တို့မှ သရုပ်ဆောင်ထားတဲ့ " Yesterday Once More " ရုပ်ရှင်လေးကို ရေခဲတုံးလေးတို့အတွက် ICE Chinese Series Pageမှဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်

Review By ...ts_sansan(ဖေးယွီရဲ့ပူတူးအူကြူးလေးစံစံ)
Translated By ... ts_sansan(ဖေးယွီရဲ့ပူတူးအူကြူးလေးစံစံ) & ပေါက်စီမြေမှ မင်းသားအားလုံး၏ ချစ်ဇနီးလေး နှင်းမြတ်မြတ်လှိုင်
Encoded By... ချွန်းဖိုlay

Movie: Yesterday Once More
Country: ChinaRelease Date: Apr 28, 2023
Duration: 1 hr. 41 min

Provoke /招惹 (2023) မြန်မာစာတန်းထိုး 𝐇𝐃 𝐋𝐢𝐧𝐤အချစ်ရဲ့ဆွဲငင်ရာနှစ်ဆယ်ရာစုအစောပိုင်းအချိန် ထန်မြို့က ရှင်းရှန်းလင်ရဲ့အဓိကအဆိ...
17/04/2023

Provoke /招惹 (2023) မြန်မာစာတန်းထိုး 𝐇𝐃 𝐋𝐢𝐧𝐤

အချစ်ရဲ့ဆွဲငင်ရာ

နှစ်ဆယ်ရာစုအစောပိုင်းအချိန်
ထန်မြို့က ရှင်းရှန်းလင်ရဲ့အဓိကအဆိုတော်မလေးကျန်းယင်း( 𝐋𝐢 𝐌𝐮 𝐂𝐡𝐞𝐧 )က ကုန်သည်သူဋ္ဌေးကြီးသုကျင်ချွမ်းကို ကလဲ့စားချေဖို့အတွက် အသေးစိတ်သေချာအကွက်ချပြီး လက်ထပ်ယူခဲ့ပါတယ်။
သို့ပေမယ့် သုကျင်ချွမ်ရဲ့သား သုရွှင်ယွီ( 𝐙𝐡𝐚𝐨 𝐘𝐢𝐪𝐢𝐧 )ကတော့ ကျန်းယင်းရဲ့အကြံအစည်တွေအပေါ်မှာသံသယမကင်းခဲ့ပေ။
တစ်ဖက်မှာ သားအရင်းမဟုတ်ဘူးဆိုတဲ့သရုပ်မှန်ကို ဖော်ထုတ်ခံရလုဆဲဆဲဖြစ်နေခဲ့တယ်။
ဒီလိုနဲ့ တစ်မိုးတည်းအောက်မှာအတူရှိနေတဲ့ မိထွေးနဲ့မွေးစားသားတို့ တိုက်ခိုက်စပြုလာကြပေမယ့်လည်း
အချိန်ကြာလာတာနဲ့အမျှ အတိတ်ကရင်းနှီးခဲ့ကြဖူးတာကို တစ်ဦးနဲ့တစ်ဦးခံစားသတိပြုမိလာခဲ့ကြတယ်။
ကလဲ့စားချေမှုကြောင့် နှစ်ဦးသားမသင့်မြတ်ခဲ့ကြရာနေ အချင်းချင်းမှီခိုစောင့်ရှောက်ဖို့ အကြောင်းဖန်လာခဲ့ပြန်တယ်။
ဒါပေမယ့်လည်း ဒီအရာတွေအားလုံးကိုအမှောင်ထဲကနေ သုကျင်ချွမ်းတစ်ယောက်စောင့်ကြည့်နေတဲ့အခါ...

Translated/Review by... ts_sansan

Encoded By... ချွန်းဖိုlay

Douluo Dalu /Soul Land (𝟐𝟎𝟏𝟗/𝟐𝟎𝟐𝟎) သုန့်လော်တိုက် အပိုင်း (၂၂၅) ရပါပြီDownload Link cmtမှာကြည့်ပါနော်
16/01/2023

Douluo Dalu /Soul Land (𝟐𝟎𝟏𝟗/𝟐𝟎𝟐𝟎) သုန့်လော်တိုက်

အပိုင်း (၂၂၅) ရပါပြီ

Download Link cmtမှာကြည့်ပါနော်

冰 𝐈𝐂𝐄ရဲ့ fanလေးတွေက တအားတောင်းဆိုနေကြလို့ The Blood of Youth ကို မင်တို့ ဘက်ကနေ တင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါမျိုး wux...
10/01/2023

冰 𝐈𝐂𝐄ရဲ့ fanလေးတွေက တအားတောင်းဆိုနေကြလို့ The Blood of Youth ကို မင်တို့ ဘက်ကနေ တင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။
ဒါမျိုး wuxia seriesတွေ မကြည့်ရတာလဲကြာပြီဆိုတော့ သိုင်းလောကမှာကျင်လည်‌နေတဲ့ သိုင်းလောကသား အစစ်အမှန်‌တွေဆိုရင် မဖြစ်မနေကို ကြည့်ရှုသင့်တဲ့seriesတစ်ခုပါ။

𝐈𝐂𝐄 teamတစ်ခုလုံးကလဲ ကြိုးစားပြီးအတတ်နိုင်ဆုံး မြန်မြန်လေးတင်ပေးသွားမှာမို့ 冰 𝐈𝐂𝐄ရဲ့ telegram နဲ့ page လေးကို like & subscribe လုပ်ပေးသွားပြီး အဆင်ပြေနှစ်သက်ရာကိုလဲ မျှဝေပေးပါဦးလို့။

Channel Link
------------
https://t.me/IceChineseSeries
https://t.me/the_blood_of_youth_by_ice


Douluo Dalu /Soul Land (𝟐𝟎𝟏𝟗/𝟐𝟎𝟐𝟎) သုန့်လော်တိုက် အပိုင်း (၂၂၃+၂၂၄) ရပါပြီDownload Link cmtမှာကြည့်ပါနော်
07/01/2023

Douluo Dalu /Soul Land (𝟐𝟎𝟏𝟗/𝟐𝟎𝟐𝟎) သုန့်လော်တိုက်

အပိုင်း (၂၂၃+၂၂၄) ရပါပြီ

Download Link cmtမှာကြည့်ပါနော်

Address

Https://www. Google. Com/maps/place/Myanmar+(Burma)/@18. 8012617, 87. 6286849, 5z/data=, 3m1, 4b1, 4m5, 3m4, 1s0x305652a7714e2907:0xba7b0ee41c622b11, 8m2, 3d21. 916221, 4d95. 955974
Dagon

Alerts

Be the first to know and let us send you an email when Icemmsub.com posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Icemmsub.com:

Share

Category