MM FILMS

MM FILMS You're probably used to the movie descriptions rolled out by production companies to try and get you to go see their films.

14/09/2022

ယခုည ကျောက်ပန်းတောင်း မိတ္ထီလာအကြား
ဇီးဖြူကုန်းရွာအနီး အဆိုးရွားဆုံး ယာဉ်တိုက်မှု‼️
(ကုန်ကား၊ သန်မြန်သူ Express နှင့် ပုဂံမင်းသား Express တို့ ၃ စီးတိုက်)
CrdVD 📌
KoThetWin

11/04/2020
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၀-၄-၂၀၂၀) ရက်နေ့၊ ည (၁၀:၁၅) နာရီ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
10/04/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၀-၄-၂၀၂၀) ရက်နေ့၊ ည (၁၀:၁၅) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၀-၄-၂၀၂၀)ရက်နေ့၊ ည ဓာတ်ခွဲစစ်ဆေးမှုများအရ စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာ နေရာများ တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသူများ စုစုပေါင်း (၇၉) ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) ၌ ဖော်ပြထားရှိသော လူနာ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာများနှင့် စောင့်ကြပ်ကြည့်ရှုလျက်ရှိသူ (၇၈) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-028) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင် သော အသက် (၆၃) နှစ်အရွယ် အမျိုးသား (၁) ဦးဖြစ်ပြီး ၎င်းမှာ ဓာတ်ခွဲအတည်ပြုလူနာ (Case-008) နှင့် အနီးကပ်ထိတွေ့မှုရာဇဝင်ရှိသော မိသားစုဝင်တစ်ဦးဖြစ်သဖြင့် (၂၈-၃-၂၀၂၀) ရက်နေ့မှစ၍ နေအိမ်တွင် အသွားအလာ ကန့်သတ်ထားရှိခဲ့ပါသည်။ (၇-၄-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် (၉-၄-၂၀၂၀) ရက်နေ့တွင် လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါလူနာတွင် သွေးတိုးရောဂါ နှင့် ဆီးချိုရောဂါအခံရှိကြောင်းသိရှိရပြီး ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပို့ဆောင်၍ အထူးကြပ်မတ် ကုသမှုပေးသွားမည်ဖြစ်ပါသည်။

၃။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၀-၄-၂၀၂၀)ရက်နေ့၊ ည (၈:၃၀)နာရီအချိန်အထိ မြန်မာ နိုင်ငံ တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၈) ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးရုံများတွင် လက်ရှိတွင် သီးခြား ထားရှိ ကုသမှုခံယူနေသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် (၂)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၄) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ မြောက်ဥက္ကလာပအထွေထွေ ရောဂါကုဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၁) ဦး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၂) ဦး၊ မွန်ပြည်နယ်၊ ကျိုက်မရောပြည်သူ့ဆေးရုံမှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၁) ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းရန် စီစဉ်လျက်ရှိသည့် လူနာ (၁) ဦး၊ စုစုပေါင်း (၂၂) ဦး တို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကု ဆေးရုံ ကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၅။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

Myanmar News : Covid 19 case -more 4 persons COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၀-၄-၂၀...
09/04/2020

Myanmar News : Covid 19 case -more 4 persons
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၀-၄-၂၀၂၀) ရက်နေ့၊ နံနက် (၃:၀၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၉-၄-၂၀၂၀)ရက်နေ့၊ ညပိုင်းတွင် စောင့်ကြည့်လူနာများနှင့် ဆေးရုံများနှင့် သက်ဆိုင်ရာ နေရာများတွင် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံနေသူ စုစုပေါင်း (၄၆) ဦး၏ ဓာတ်ခွဲနမူနာများအား (ဒုတိယအသုတ်အနေဖြင့်) စစ်ဆေးခဲ့ရာ (ဇယား-၁) ၌ ဖော်ပြထားရှိသော လူနာ(၄)ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ)ရပြီး ကျန်လူနာများနှင့် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံနေသူ (၃၉)ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။ ကျန်ရှိသည့် ဓာတ်ခွဲနမူနာ (၃)ခုအား ဆက်လက်စမ်းသပ်စစ်ဆေးသွားမည် ဖြစ်ပါ သည်။

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-024) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော အသက် (၃၂)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး ၎င်းသည် စင်္ကာပူနိုင်ငံတွင် သွား‌ရောက်အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါသည်။ (၁၉-၃-၂၀၂၀)ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၁-၄-၂၀၂၀)ရက်နေ့မှစ၍ ဖျားခြင်း၊ မောပန်းခြင်း၊ ခံစားခဲ့ရကာ (၆-၄-၂၀၂၀)ရက်နေ့တွင် လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းများ ဆက်လက်ဖြစ်ပွားခဲ့သဖြင့် (၈-၄-၂၀၂၀)ရက်နေ့၊ နေ့လယ်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ဒေသန္တရကျန်းမာရေးဌာနသို့ သွားရောက်ပြသခဲ့ပြီး ထိုမှတစ်ဆင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့၍ စောင့်ကြည့် လူနာအဖြစ်သတ်မှတ်ကာ သီးခြားထားရှိကုသမှု‌ ဆောင်ရွက်ခဲ့ပြီး လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။
၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-025) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် (၅၅)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄)ရက်အတွင်း ခရီးသွားရာဇဝင် မရှိသော်လည်း (၂-၄-၂၀၂၀)ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း ခံစားခဲ့ရသဖြင့် (၉-၄-၂၀၂၀)ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက် ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိပြီး ကုသမှု‌ပေးခဲ့ကာ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလူနာတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်း သိရှိရပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-026) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် (၅၆)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄)ရက်အတွင်း ခရီးသွားရာဇဝင် မရှိသော်လည်း (၁-၄-၂၀၂၀)ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် (၈-၄-၂၀၂၀)ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိပြီး ကုသမှု‌ပေးခဲ့ပြီး ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလူနာတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်း သိရှိရပါသည်။

၅။ ဓာတ်ခွဲအတည်ပြုလူနာ (Case-027) သည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နေထိုင်သော အသက် (၂၄)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေရန် တစ်လခန့် သွားရောက်နေထိုင်ခဲ့စဉ် ဗိုက်အောင့်ဝေဒနာခံစားခဲ့ရသဖြင့် ထိုင်းနိုင်ငံ၌ (၁) လခန့်ကြာ ဆေးရုံတက်ရောက်ကုသခဲ့ပါသည်။ (၂၀-၃-၂၀၂၀)ရက်နေ့တွင် မြဝတီမြို့မှတစ်ဆင့် ၎င်းနေထိုင်ရာ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာသို့ပြန်လည်ရောက်ရှိခဲ့ကာ နေအိမ်တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံနေရာမှ (၂၉-၃-၂၀၂၀)ရက်နေ့တွင် သတ်မှတ်နေရာသို့ ပို့ဆောင်၍ အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း (Facility Quarantine) အဖြစ် ပြောင်းလဲ ဆောင်ရွက်ခဲ့ပါသည်‌။ ထိုသို့ဆောင်ရွက်ထားရှိစဉ် ဗိုက်အောင့်ဝေဒနာ ထပ်မံခံစားခဲ့ရသဖြင့် (၃၀-၃-၂၀၂၀)ရက်နေ့တွင် ပြည်သူ့ဆေးရုံ၊ ကျိုက်မရောမြို့သို့ ပို့ဆောင်ကာ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုကုသမှု (Hospital Quarantine) ဆောင်ရွက်ခဲ့ပြီး (၈-၄-၂၀၂၀) ရက်နေ့တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

၆။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၀-၄-၂၀၂၀)ရက်နေ့၊ နံနက် (၃:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၇)ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

၇။ သို့ဖြစ်ပါ၍ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ ဆေးရုံတွင် (၂)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၅)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် (၂)ဦးနှင့် ပြည်သူ့ဆေးရုံ၊ ကျိုက်မရောမြို့တွင် (၁)ဦး၊ စုစုပေါင်း (၂၂)ဦးတို့ ဖြစ်ပြီး မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ လူနာ (၁) ဦးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး လူနာ (၂)ဦးတို့အား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုမှုများလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနေဖြင့် နီးစပ်ရာကျန်းမာရေး ဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားစေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။

ထပ်မံတွေရှိ 3 ဦး 28.3.2020 ( 00- 26 ‌‌မနက်ပိုင်း ) ထုတ် ပြန် ချက် စုစုပေါင်း 8 ဦး
27/03/2020

ထပ်မံတွေရှိ 3 ဦး 28.3.2020 ( 00- 26 ‌‌မနက်ပိုင်း ) ထုတ် ပြန် ချက် စုစုပေါင်း 8 ဦး

What emotion do you feel today ?Pls Comment ......
16/01/2020

What emotion do you feel today ?
Pls Comment ......

29/11/2019

Minion Scouts 2019 ( အသစ်လာပြီဗျာ minion ဖန်တွေအတွက် )

When Margo, Agnes and Edith return from Badger Scout camp, three of the Minions are entranced by the girls' merit badges. Their own attempt at scout camp results in attracting a bear, eating poison berries and eventually blowing up a dam, creating a massive flood. But, when they arrive back home, the girls share their badges, encouraging the rest of the Minions to try their hand at scouting.

Margo, Agnes နှင့် Edith တို့သည် Badger Scout စခန်းမှပြန်လည်ရောက်ရှိလာသောအခါ Minions သုံးခုသည်မိန်းကလေးများ၏အရည်အချင်းတံဆိပ်များကိုနှစ်သက်ကြသည်။ ကင်းထောက်စခန်းကိုသူတို့၏ကိုယ်ပိုင်ကြိုးပမ်းမှုကဝက်ဝံကိုဆွဲဆောင်ရန်၊ အဆိပ်သီးများစားရန်နှင့်နောက်ဆုံးတွင်ရေကာတာအကြီးအကျယ်ပေါက်ကွဲစေရန်အတွက်ဖြစ်သည်။ သို့သော်သူတို့အိမ်ပြန်ရောက်သောအခါမိန်းကလေးများသည်သူတို့၏တံဆိပ်များကိုမျှားပြီးကျန်ကြွင်းကျန်သတ္တုများကိုကင်းထောက်တွင်သူတို့၏လက်ကိုကြိုးစားရန်အားပေးကြသည်။

translate by ဂူဂဲလ်လီ

11/11/2019

ဒီည ခိုး လို့ ရရင် မင်း ကို ခိုး ချင် တယ် 💛.......

Address

Bahan
Dagon
11121

Telephone

+959691252496

Website

Alerts

Be the first to know and let us send you an email when MM FILMS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to MM FILMS:

Share