Double Gaming Pubg Mobile

Double Gaming Pubg Mobile ဝါသနာအ၇ထောင်​သောPage

ဟာ M416 ကြီးး ဂေါ်😁😁
09/02/2019

ဟာ M416 ကြီးး ဂေါ်
😁😁

Gamer Dreams😍
09/02/2019

Gamer Dreams😍

CRD: 😂၇ှိတယ်​ ၇ှိတယ်​ အာ့လို ကြမ်းတဲ့PROတွေ 😁metion လိုက်​၇အောင်​ 😎 ×Y
29/01/2019

CRD: 😂
၇ှိတယ်​ ၇ှိတယ်​ အာ့လို ကြမ်းတဲ့PROတွေ 😁
metion လိုက်​၇အောင်​ 😎
×Y

Apk 😰Double Gaming Pubg Mobile
28/01/2019

Apk 😰
Double Gaming Pubg Mobile

အခု ပြောပြမှာက ပွဲတပွဲမှာ အရေးပါတဲ့ Foregrip တွေအကြောင်းပါ။မှန်ကန်တဲ့ Foregrip ရွှေးချယ်မှုက Gunရဲ့ recoilကို ပိုမိုထိန်...
27/01/2019

အခု ပြောပြမှာက ပွဲတပွဲမှာ အရေးပါတဲ့ Foregrip တွေအကြောင်းပါ။
မှန်ကန်တဲ့ Foregrip ရွှေးချယ်မှုက
Gunရဲ့ recoilကို ပိုမိုထိန်းချုပ်နိုင်ပီး
တိကျမှုတွေ ပိုလာကာ ပစ်ခတ်မှုတေ ပိုကောင်းလာပါလိမ့်မယ်။PUBG ထဲမာ ForeGrip (5)မျိုးရှိပါတယ်။

Light Grip

Light Grip က Foregrip တွေထဲမှာ Recoil
လျော့ချပေးမှု အများဆုံးပါပဲ ။
သူက ကျည်ထွက်နှုန်းမြန်တဲ့ Gun တွေ (UMP9 &
Vector)တို့နဲ တွဲဖက်လိုက်ရင် Target ကို တိကျမြန်ဆန်စွာ ထိမှန်စေမှာပါ ။( ရန်သူတော့ ဘယ်လိုသေသွားမှန်းကိုသိလိုက်မာ မဟုတ်ပါဘူး)
Light Grip တပ်ထားရင် compensators တောင် မလိုတော့ပါဘူး။(တပ်ထားရင်တော့ ပိုကောင်းတာပေါ့)
ဒါပေမယ့် သေနတ်ရဲ့ တည်ငြိမ်မှုများလာတာနဲ့ အမျှ Recoil နဲ့ ပစ်မှတ်ကိုပြန်ချိန်ဖို့ အချိန် ကြာလာမာပါ ။(Tommygun မှာတော့ လုံးဝ မတပ်သင့်ပါဘူး)

Vertical Foregrip

ပေါပေါများတွေ့ရမဲ့ ForeGrip ပါ။
သူက recoil ထိန်းချုပ်မှုမှာ Light Gripထက်
နည်းနည်း လျော့ပါတယ်။
(Light Grip လောက် Recoil မထိန်းနိုင်တာပါ)
ဒါပေမယ့် M762 & Tommygun တို့လို
Vertical recoil များတဲ့ Gun တွေမှာ အကောင်းဆုံးပါပဲ ။(ပစ်လိုက်ရင် မိုးပေါ်ထောင်တက်သွားတဲ့ gunတွေမှာပါ).
SMGတွေထဲမှာ recoil အများဆုံးဖစ်တဲ့ TommyGun အတွက်တော့ အသင့်လျော်ဆုံး
ဖြစ်ပါတယ် ။(ဖြစ်နိုင်ရင် တခြား Grip တွေ မတပ်တာကောင်းပါတယ်)

Thumb Grip

scope တပ်ထားတဲ့ Gunတွေအတွက် အကောင်းဆုံး grip လေးပါ။
သူက scopeဖွင့်ရင် မြန်မြန်ဆန်ဆန် ပွင့်လာစေမှာပါ။
ပြီးတော့ recoil ပေါင်းစုံ ( ဒေါင်လိုက်ရော ဘေးတိုက်ပါ) မသိမသာလျော့ချပေးမာပါ။

Angled Foregrip

သူကတော့ SMG & AR တွေမှာ တော်တော်လေးအဆင်ပြေတယ်ဗျ ။
အထူးသဖြင့် အနီးကပ်နဲ့ အလယ်အလတ်
Target တေကို ပစ်ခတ်ရာမှာ ပိုမို အကူအညီဖြစ်စေမှာပါ။ သူက ရန်သူကို ချိန်ဖို့ ကြာတဲ့ အချိန်ကို လျော့ချပေးပီး သင့်ကို ရန်သူထက်ပိုပီး ပစ်ခတ်ဖို့ အခွင့်အလမ်းသာစေမှာပါ ။

Half Grip

Half Grip ကတော့ တော်တော်လေး ဆိုးရွားပါတယ် ။(ကျွန်တော့ဆိုရင်တော့ မတပ်ပါဘူး)
သူက ဘယ်သေနတ်မှာမှ recoil ကို လျော့ချပေးမာမဟုတ်ပါဘူး။ ဒါပေမယ် recoil recovery ကတော် နည်းနည်းလေးကောင်းပါတယ် (ပစ်လိုက်လို့ မိုးပေါ်ထောင်ပီး target ဆီ ပြန်ကျလာတာကိုပြောတာပါ) original ငြိမ်တဲ့ သေနတ်တွေ( UMP9 , M416 , AUG & Vector)
တို့မှာ လုံးဝ မတပ်သင့်ပါဘူး။

ဟုတ်ကဲ့ ဒီနေ့တော့ ဒီလောက်ပါပဲ နောက်နေ့ တခြား attachment တွေကိုလဲ ရှင်းပြသွားမှာ ဖြစ်တဲ့ အတွက် Page လေးကို LIKE & SHARE လုပ်ပေးပါဦး ခဗျ ။

# # Chicken

သင့်​အကြိုက်​ဆုံး နှစ်​လက်​ 😇မင်​မင်​ကတော့ Kar98 နဲ့ M416 ပဲ😍
27/01/2019

သင့်​အကြိုက်​ဆုံး နှစ်​လက်​ 😇
မင်​မင်​ကတော့ Kar98 နဲ့ M416 ပဲ😍

ကို့Team ထဲမာ အာ့လို ဘော်​ဒါတွေ ၇ှိကို ၇ှိတယ်​😂
27/01/2019

ကို့Team ထဲမာ အာ့လို ဘော်​ဒါတွေ ၇ှိကို ၇ှိတယ်​😂

AWM + 15x 😁😁
27/01/2019

AWM + 15x 😁😁

မတ်​မတ်​ ၇ယ်​ 😍😍😍
27/01/2019

မတ်​မတ်​ ၇ယ်​ 😍😍😍

PUBG weapons , Ammunications and Attatchmentsလက်နက်ခဲယမ်း နှင့် ဖြုတ်တပ်ရသော ပစ္စည်းများ        Attatchments-ဖြုတ်တပ်နိုင...
27/01/2019

PUBG weapons , Ammunications and Attatchments
လက်နက်ခဲယမ်း နှင့် ဖြုတ်တပ်ရသော ပစ္စည်းများ

Attatchments
-ဖြုတ်တပ်နိုင်သော ပစ္စည်းများ

ဖြုတ်တပ်နိုင်တဲ့ပစ္စည်းတွေဆိုတာ လိုရင်တပ်
မလိုရင် ဖြုတ်ထား ကြိုက်တာနဲ့ အစားထိုးလဲလို့
ရတာကိုပြောတာပါ

ဖြုတ်တပ်အကြောင်းပြောပြီဆို
ပစ္စည်းအပြည့်တပ်နိုင်တဲ့ M416ရဲ့ attachment
Diagramပုံလေး ထောက်ပြီးကြည့်ရင် ပိုပြီး နားလည်ရလွယ်ကူစေမှာပါ
သေနတ်ပြောင်းအဝကနေ သေနတ်ဒင်အထိအစဉ်လိုက်ပြောရမယ်ဆို
၁၊ Muzzle- သေနတ်ပြောင်းဝအစွပ်(ပြောင်းစွပ်လို့ခေါ်ပါမယ်)
၂၊ Foregrip-သေနတ်ပြောင်းအထိန်းလက်ကိုင် (ပြောင်းထိန်းလို့ ခေါ်ပါမယ်)
၃၊ Magzine –ကျည်ကဒ်
၎၊Stock - သေနတ် အမြီး (Or)သေနတ်ဒင် (ဒင်)
Scope အကြောင်းကတော့ မပြောတော့ပါဘူး
ကျန်တဲ့ဟာတွေဆိုရင် Shotgunမှာသုံးတဲ့ Choke ရှိပါမယ်
၅၊ Choke -ပြောင်း အကျဉ်းအကျုယ်

၁၊ သေနတ်ပြောင်းမှာ ၃မျိုးရှိပါမယ်
---Suppressor (အသံတိတ်)
---Flash Hider (မီးပွင့်ဖျောက်)
---Compensator (အစားထိုး​ပြောင်းစွပ်)

Suppressor ကအသံတိတ်ပေးပါမယ်
သေနတ်ပစ်တဲ့အခါ မီးပွင့်ထွက်လာတာလည်းဖျောက်ပေးပါတယ်

Flash Hider က မီးဖျောက်ပေးပါတယ်
သေနတ်ပစ်တဲ့အခါဆောင့်ပြီး ခါတာ ထိန်းပေးပါတယ်
ဘာလို့ မီးဖျောက်တာကို အရေးတကြီးပြောနေရသလဲဆိုတော့
ကိုယ်သေနတ်ပစ်လိုက်တဲ့အခါ ပထမအနေနဲ့ကိုယ့်သေနတ်သံက
ရန်သူကိုဆွဲဆောင်ပါတယ် အဲ့အခါကျ ရန်သူက ကိုယ်ရှိနိုင်လောက်မယ့်ဘက်ကိုကြည့်နေရင်
ဒုတိယအချက်အနေနဲ့ သေနတ်က မီးပွင့်နေရင် ကိုယ့်နေရာတန်းသိပါတယ်
ကိုယ်က အသည်းအသန်ပစ်ခတ်နေတုန်း သူတို့က စိမ်ပြေနပြေ ပြန်လှော်သွားမှာပါ

Compensator
သေနတ်ခါတာ ယမ်းတာ လျော့သွားပါတယ်
သေနတ်မီးကတော့ပွင့်မှာပါ
အပေါ်ဆုံးက အသံတိတ်က ကျ​နော်​အကြိုက်​ဆုံးပါ
SRအတွက် ပြောင်းစွပ်တွေက ပုံစံတစ်မျိုး၊
ARအတွက် ပြောင်းစွပ်က တစ်မျိုး၊
SMGအတွက် ကပုံစံတစ်မျိုးနဲ့မတူပါဘူး
တစ်ပုံစံတည်းဖြစ်နေတာ အသံတိတ်ပြောင်းစွပ်ပါ
ARဖြစ်ဖြစ် SRဖြစ်ဖြစ် SMG ဖြစ်ဖြစ် လုံးလုံးရှည်ရှည်လေးနဲ့ပါ
DMR သေနတ်တွေကတော့ ARပြောင်းစွပ်ရော SR ပြောင်းစွပ်ရော
တပ်လို့ရပါတယ်
ပစ္စတိုတွေမှာ အသံတိတ်တစ်ခုတည်းရှိပါတယ်
နံပါတ် (၅)ကို ဒီမှာပဲ တစ်ခါတည်းလက်စဖြတ်လိုက်ကြရအောင်

Choke ဆိုတာ ပုံထဲမှာတော့ လေးထောင့်ဘူးလေးပုံစံနဲ့ပါ
တကယ်တော့ အာ့ Choke ထည့်ထားတဲ့ဘူးပါ
Choke က ပြောင်းစွပ်တွေလိုပဲ Shotgunတွေမှာ တပ်ရတဲ့ဟာပါ
သူကဘယ်လိုအလုပ်လုပ်သလဲဆိုတော့ ယမ်းပေါက်ကွဲလို့ထွက်လာတဲ့ ဘောစေ့လေးတွေကို
စုပြီးထွက်မှာလား ဖွာပြီးထွက်မလားဆိုတာကို ကန်တော့ရှုးပုံစံ (taper)
အဝနဲ့ဘောစေ့ထွက်လာတာကို ထိန်းထားပေးတာပါ
အပြင်လောကမှာတော့ ရွေးချယ်စရာ Chokeတွေအများကြီးရှိပါတယ်
ဒီဂိမ်းထဲမှာတော့ ဘောစေ့ထွက်အဲ့အခါဖွာတာ(Spread) ကို စုပေးတဲ့ အဝရှုးChokeပါ
Shotgun ဆိုတာ မြန်ဆန်တဲ့ အနီးကပ် ပစ်မှတ်ကိုတည့်ကြီးမထိတောင်
အဖျားအနားထိအောင် ဒီဇိုင်းလုပ်ထားတဲ့သေနတ်ပါ
အပြင်လောကမှာ ငှက်ပစ်တဲ့အမဲလိုက်ကစားနည်းမှာသုံးပါတယ်

၂၊ Foregrip
ဒီဟာကြီး အကြောင်းပြောရမယ်ဆိုရင် လေကြောနည်းနည်းရှည်ရပါလိမ့်မယ်
ဗဟုသုတရအောင်ဖတ်ကြည့်ပေါ စာရှည်ရှည်မဖတ်ချင်ရင်လဲကျော်သွားကြပါ
သေနတ်ပြောင်းထိန်းလို့ ခေါ်တဲ့ Foregripဟာ
သေနတ်ပြောင်းရဲ့ အလယ်အောက်ဘက်လောက် မှာ တပ်တဲ့ပစ္စည်းပါ
စဉ်းစားကြည့်ပါ ကျနော်တို့သေနတ်အကြီးတွေ တကယ်ကိုင်ပြီဆိုပါတော့
လေးလွန်းလို့ ဘယ်သူမှ လက်တစ်ဖက်တည်းနဲ့မပစ်နိုင်ပါဘူး
အဲ့တော့ လက်တစ်ဖက် သေနတ်ခလုတ်လေးနဲ့ ဒင်အရင်းလောက်ကိုကိုင်ထားရင်း
နောက်လက်တစ်ဖက်ကနေ သေနတ်တစ်နေရာရာကိုကိုင်ရမှာပါ
ကျည်ကဒ်လား? No! ကျည်ကဒ်သွားကိုင်လို့မရပါဘူး
သေနတ်အချို့က ကျည်ကဒ်တွေကို ဖြုတ်တပ်မြန်အောင်လုပ်ထားတာမို့ ယဲ့ယဲ့လေးပါ
အာ့ကြီးကိုသွားကိုင်မယ်ဆိုရင် သေနတ်ခါတဲ့ဒဏ်ကြောင့်အခန့်မသင့်ရင်ကျည်အကဒ်လိုက်ကြီးကျွတ်ထွက်လာနိုင်ပါတယ်
မထွက်ရင်တောင် နှဲ့နေသလိုဖြစ်တာကြောင့် သေနတ်ပစ်နေတဲ့အခါ ကျည်က
ပြောင်းအဝမြောင်းထဲ ပုံစံမကျ ဖြစ်နိုင်လို့ ကျည်က ဂျမ့် ဖြစ်နိုင်ပါတယ်

ဒီတော့ ပြောင်းအောက်ဘက်အလယ်လောက်ကနေရာကိုသွားကိုင်ပါမယ်
လက်နဲ့ဒီအတိုင်းကိုင်တာမို့ သေနတ် ခါတဲ့ အခါ ချော်ထွက်သွားတာမျိုး
ပစ်တာကြာလာတာနဲ့အမျှ ပူခြစ်လာတာမျိုးဖြစ်တတ်ပါတယ်
အဲ့လိုပြသနာတွေကြောင့် ကျနော်တို့ ပြောင်းထိန်းလက်ကိုင်လေးတပ်ပြီး ကိုင်ကြပါတယ်
အာ့လေးတပ်ပြီးကိုင်တာကြောင့် သေနတ်ကို ပိုင်ပိုင်နိုင်နိုင်ထိန်းကျောင်းနိုင်ပါတယ်
သေနတ်ဆိုတာမျိုးက ပစ်ခတ်တဲ့အခါ ယမ်းပေါက်ကွဲအားနဲ့ အနောက်ကို ကန်တာရယ် မောင်းရိုက်တဲ့ပစ္စည်းက စပရိန်အရှိန်နဲ့ ပြန်ကန်တာရယ်ကြောင့် ဗြောင်းဆန်ပြီး ဦးတည်ရာမရခါယမ်း ( Recoil) ပါတယ် (အံမယ်! ပစ်ဖူးတာ ကျနေတာပဲ 😆 )
ဂိမ်းထဲမှာကတော့ အပေါ်ကိုပဲ ဘယ်ညာ ဇစ်ဇက် ယိမ်းပြီးထောင်တက်သွားတာပါ
အဲ့တော့ အပေါ်ထောင်ထက်သွားတာ Vertical Recoil
ဘယ်ညာ ဇစ်ဇက်ယမ်းတာ Horizontal Recoil
အဲ့လိုယမ်းခါနေတုန်း မသိမသာလေး ခါတာ
Weapon Shake
ခါယမ်းနေလို့ ကျည်တွေ ပြန့်ကျဲကုန်တာ
Spread ( Shotgun Spread က ခါလို့မဟုတ်ဘူးနော်
Choke ကြောင့်)
ရပြီ ! ပြောင်းထိန်းတွေ အကြောင်းဆက်ပြောမယ်
ပြောင်းထိန်း ၅ခုရှိတယ်
---Vertical Foregrip ဒေါင်လိုက်ပြောင်းထိန်းအချောင်း
---Angled Foregrip ဆွေစောင်းနေသော ပြောင်းထိန်း
အဲ့ကောင်က လက်ဖဝါးလေးနဲ့အုပ်ပြီး ဆုပ်ကိုင်ရတာ
---Thumb Grip လက်မထည့်လျှိုရသော ပြောင်းထိန်း
သူက Angled နဲ့ဆင်တယ် လက်မထည့်ဖို့ အပေါက်လေးဖောက်ထားတယ်
ပြောရမယ်ဆိုရင် Vertical ကို စောင်းထားတဲ့ပုံစံမျိုး
---Half Grip တစ်ဝက်ပြောင်းထိန်း
ပြောင်းအရှည်တိုတဲ့သေနတ်တွေမှာ Angle တပ်လို့အဆင်မပြေပါဘူး
အာ့ကြောင့် Half Grip တပ်ရတာ ဥပမာ-SMGလေးတွေ
---Light Grip ပြောင်းထိန်းအသေး

SMGအုပ်စုမှာ Tommy က Verticalတစ်ခုပဲလက်ခံပြီး
Vector က Angled တစ်ခုပဲ တပ်လို့မရတာပါ
ပြောင်းထိန်းတပ်ထားရင် အပေါ်အောက်ခါတာ
ဘယ်ညာယမ်းတာ တို့လျှော့ပြီး Scope ဖွင့်တာမြန်ပါတယ်
ဒါကလည်း တစ်ခုစီမှာ သူ့ကောင်းကွက်လေးတွေနဲ့ပါ
Mobile မှာ ဆော့တာ ဖုန်းက လက်တစ်ဝါးစာပဲမို့ သိပ်မသိသာပေမယ့်
ကွန်ပျူတာသမားတွေက အဲ့ ဒီ ပြောင်းထိန်းတွေ အရေးပါတာ
ကောင်းကောင်းသိကြပါတယ်

၃၊ Magzine ကျည်ကဒ်
Kar ,Win94 ,Shotguns (S12Kမပါ) နဲ့ LMGတွေကလွဲပြီး အကုန်
ကျည်ကဒ်တပ်လို့ရပါတယ်
---Extended Quick Draw Mag ကျည်ပိုဆံ့သောဖြုတ်တပ်မြန်ကျည်ကဒ်
---Extended Mag ကျည်ပိုဆံ့သော ကျည်ကဒ်
---Quick Draw Mag ဖြုတ်တပ်မြန်ကျည်ကဒ်
ARတွေအကုန် ကျည်၃၀ ဆံ့ပြီး
Extended ဖြစ်ဖြစ် Extended Quick နဲ့ဖြစ်ဖြစ်တပ်ရင်
ကျည်အတောင့်၄၀ဆန့်ပါတယ်
SGမကျ AR မကျဖြစ်နေတဲ့ S12K မှာလည်း
AR Mag တပ်နိုင်ပါတယ်
အကောင်းဆုံးက Extended Quick Draw Mag ဖြစ်ပြီး
SR,ARအတွက်ဖြစ်ဖြစ် SMGအတွက်
ဖြစ်ဖြစ် ​တွေ့တာနဲ့​ကောက်ထားပါ
နောက်လိုရင် တပ်နိုင်သလို
ကိုယ့်Teammateတွေကိုပေးနိုင်ပါတယ်

Quick Draw Mag က Extended Magတပ်​ထားတဲ့ရန်​သူ​နဲ့ မျက်​နှာချင်းဆိုင်
ယှဉ်​ပစ်​​ရင်​ ​သေနတ်​ချင်းအတူတူဆို ကျည်​ကဒ်​ပြန်​လဲ ( reload ) တာမြန်​လို့
တပန်းသာပါတယ်
Vector , Mk14 နဲ့ VSS က Extended မရှိမဖြစ်လိုပါတယ် 😇

၅၊ Stock သေနတ်ဖင်တွင်တပ်သောပစ္စည်း
---Cheek Pad ( SR, DMR (Mini14မပါ) များတွင်တပ်၊
---Tact Stock (Vector , M416)
---Stock Micro (Uzi)
---Bullet Loop( Kar, Win94, SG (S12Kမပါ))
---Bullet Loop က သေနတ်ဒင်မဟုတ်ပါဘူး
ဒင်မှာ စွပ်တဲ့ ဟာပါ
ပြောရမယ်ဆို ကျည်အိတ်ပေါ့
ကျည်ကဒ် တပ်လို့မရတဲ့သေနတ်တွေမှာ တပ်တာများတယ်
ဒီအတိုင်းကျည်ဖြည့်နေရတာထက်စာရင်
ကျည်အပိုတွေကို ကျည်အိတ်လေးထဲ အရန်ထားထားတဲ့အတွက်
ကျည်ပြန်ဖြည့်တာပိုမြန်ပါတယ်

M416နဲ့Vector တို့က Fully Attachment ဖြစ်တာကြောင့်
ပစ္စည်းအကုန်စုံရင် ပစ်ရတာအရမ်းငြိမ်ပါတယ်
ကျန်တာတွေက ပြောင်းထိန်းနဲ့ ဒင်(အမြီး) ပါတာရှိသလို မပါတာရှိပါတယ်
Training ထဲစမ်းသပ်နိုင်ပါတယ်
ကိုယ့်အတွက် လိုလောက်မယ် ထင်တာလေးတွေ သေနတ်မရခင်ကြိုစုထားရင်
သေနတ်ရတဲ့အခါ ထပ်ရှာရမယ့်ဒုက္ခ ကင်းဝေးမှာပါ

Notes—Damage အပြင်းဆုံးနဲ့ Rangeအဝေးဆုံး က AWMပါ
ကျည် အများဆုံးဆန့်တာ M249ပါ
ဒုတိယက Tommy Gun ပါ
Burst Mode မှာကျည်၃တောင့်ထွက်ပြီး
ပြောင်းထိန်းနဲ့ ဒင် မပါတာတောင် အငြိမ်ဆုံး
ပစ်နိုင်တဲ့ တစ်ခုတည်းသောARက
M16ပါ ( ကျနော်အကြိုက်ဆုံးသေနတ်😍 )
အဝေးပစ်သေနတ်ထဲ Scopeတပ်လို့မရတဲ့
ဂွတီးဂွကျ Sniper Rifle က Win94ပါ
ပစ်ရတာ skill အလိုဆုံးက VSSပါ
ဟိုမရောက် ဒီမရောက်သေနတ်က
S12Kပါ

အချောဆုံးက အခုဒီစာဖတ်နေတဲ့ သူပါ
( ဟယ်ရ် ! ဘာမှလဲမဆိုင်ဘူး😜)

ကဲ! ကျနော်လည်းရေးရတာ လက်တွေကို ညောင်းကရော😟
အခုမှ စဆော့တဲ့ သူတွေအတွက် အထောက်အကူပြုနိုင်လိမ့်မယ်
လို့ မျှော်လင့်ရင်း ကြက်သားစားရတဲ့ပွဲအရေအတွက် များလာပါစေဆုတောင်းရင်း
ဒီပို့စ်လေးကို အဆုံးသတ်လိုက်ရပါတယ်နော်

Address

Bago
12102002

Telephone

+95 9 682 635342

Website

Alerts

Be the first to know and let us send you an email when Double Gaming Pubg Mobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share