Vlog by Htar

Vlog by Htar Mingalrpr ;

11/04/2023

အရင်က ဘာသာစကားတစ်ခုလေ့လာရင် စကားလုံးတွေ သဒ္ဒါအမှားတွေကြောင့် skillမတက်လာဘူးလို့ တွေးမိဘူးတယ်
ဒါပေမယ့် စကားလုံးမှားမှာကြောက်တာရယ် သဒ္ဒါမှားမှာကြောက်တာရယ်ကြောင့်တော့ ကိုယ့်ကိုကိုယ် အပြစ်မမြင်လိုက်နဲ့နော် ။

My English learning journey 🇬🇧

Be yourself 💭လွန်ခဲ့‌တဲ့ ရက်တွေတုန်းက အတွေးတွေထဲ ပိတ်မိနေခဲ့ပြီးတော့ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိပဲ Bad Habitsတွေ လုပ်...
10/04/2023

Be yourself 💭

လွန်ခဲ့‌တဲ့ ရက်တွေတုန်းက အတွေးတွေထဲ ပိတ်မိနေခဲ့ပြီးတော့ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိပဲ Bad Habitsတွေ လုပ်မိနေခဲ့တယ်။ ကိုယ့်ကိုကိုယ်သတိထားမိလိုက်တဲ့ အခါကျတော့ Bad Habits တွေက Good Habits တွေနေရာကို ယူနေကြပြီး အချိန်တွေဖြုန်းနေမိတာပါပဲ။

အတွေးကို မထိန်းချုပ်နိုင်လေ အတွေးတွေက ကောင်းတဲ့ ဘက်ကို သွားတာ နည်းတယ် ပြီးတော့ အဆိုးဘက်ကိုပဲ ဦးတည်နေတော့တာ ။အဲဒါကြောင့် ထား သတိထားပြီး Positive Thoughts လေးတွေ ရှာဖတ်မိတဲ့ Positive Quotes လေးတွေကို ပြန်မျှဝေပေးချင်လို့ အခုလို စာရေးလိုက်ရခြင်းဖြစ်ပါတယ်။

အကယ်၍များ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်နေတယ်ဆိုရင်၊ ပျော်ရွှင်စရာကိစ္စတွေ ရှာမတွေ့ဘူးဆိုရင်
ဒီစာလေးတွေကို ဖတ်ကြည့်ပါ။

Be yourself quotes💕

“Be yourself; everyone else is already taken.”
― Oscar Wilde

“Imperfection is beauty, madness is genius and it's better to be absolutely ridiculous than absolutely boring.”
― Marilyn Monroe

“To be yourself in a world that is constantly trying to make you something else is the greatest accomplishment.”
― Ralph Waldo Emerson

“You may not control all the events that happen to you, but you can decide not to be reduced by them.”
― Maya Angelou

“Follow your heart, listen to your inner voice, stop caring about what others think.”
― Roy T. Bennett

“Don't compromise yourself - you're all you have.”
― John Grisham

“To shine your brightest light is to be who you truly are.”
― Roy T. Bennett

“When you are content to be simply yourself and don't compare or compete, everyone will respect you.”
― Lao Tzu

Internet က ဆောင်းပါးလေးတစ်ပုဒ်ဖတ်ရင်း ကောက်နုတ်ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
credit to Gratitude🤍

Hello Everyone 🤗🇰🇷If you don't mind please like and share my posts for all KOREAN learners 🤍ဒီနေ့မှာတော့ ထားက  Korean La...
16/03/2023

Hello Everyone 🤗🇰🇷
If you don't mind please like and share my posts for all KOREAN learners 🤍

ဒီနေ့မှာတော့ ထားက Korean Language Intermediate ကိုလေ့လာနေတဲ့သူတွေအတွက် တစ်ပါတ်တာ စာလေ့လာဖို့ Study Plan လေးကို ပြောပြပေးရင်းနဲ့ အတူတူစာလေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင့် 🤗🇰🇷

Intermediate levelဖြစ်တာကြောင့် စာလေ့လာချိန်ကိုလည်း အရင်ကထက် ပိုတိုးဖို့ အကြံပြုချင်ပါတယ် ။
Speaking 🗣️လေ့ကျင့်ဖို့ အခက်အခဲရှိနေတယ်ဆိုရင်တော့ စိတ်မပူပါနဲ့ ဒီchallengeမှာ Speaking skillပါ တိုးတက်သွားနိုင်မှာပါနော်
လုံဝမမေ့ပါနဲ့
လေ့လာမှုတိုင်းမှာ အချိန်ပေးရပါတယ်။

နေ့တစ်နေ့စီရဲ့ ပုံလေးတွေအောက်မှာ တစ်နေ့တာ လေ့လာရန် သင်ခန်းစာတွေကို လမ်းညွှန်းပေးထားပါတယ်နော်

အခုလို Study plan ပုံစံလေးနဲ့ နောက်ထပ် နောက်ထပ် ရက်သတ္တပါတ်တွေကိုလည်း လေ့လာသွားနိုင်မယ်လို့မျှော်လင့်ပါတယ် ။
ထားက အပါတ်တိုင်းအတွက် အစီအစဉ်တော့ ဆွဲမပေးတော့ဘူးနော် ဘာလို့လဲဆိုတော့ ဒီစာကို ဖတ်နေတဲ့ တစ်ယောက်ချင်းစီရဲ့ လုပ်နိုင်တယ်ဆိုတဲ့ passion ကိုယုံကြည်တာကြောင့်ပါပဲ 🤗

Remember to practice consistently and have fun while learning Korean! Good luck!🤗

Like and share please ☺️

Hello Everyone 🤗ဒီနေ့မှာတော့ ထားက  Korean Language Basic ကိုလေ့လာနေတဲ့သူတွေအတွက် တစ်ပါတ်တာ စာလေ့လာဖို့ Study Plan လေးကို...
15/03/2023

Hello Everyone 🤗

ဒီနေ့မှာတော့ ထားက Korean Language Basic ကိုလေ့လာနေတဲ့သူတွေအတွက် တစ်ပါတ်တာ စာလေ့လာဖို့ Study Plan လေးကို ပြောပြပေးရင်းနဲ့ အတူတူစာလေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင့် 🤗🇰🇷

နေ့တစ်နေ့စီရဲ့ ပုံလေးတွေအောက်မှာ တစ်နေ့တာ လေ့လာရန် သင်ခန်းစာတွေကို လမ်းညွှန်းပေးထားပါတယ်နော်

အခုလို Study plan ပုံစံလေးနဲ့ နောက်ထပ် နောက်ထပ် ရက်သတ္တပါတ်တွေကိုလည်း လေ့လာသွားနိုင်မယ်လို့မျှော်လင့်ပါတယ် ။
ထားက အပါတ်တိုင်းအတွက် အစီအစဉ်တော့ ဆွဲမပေးတော့ဘူးနော် ဘာလို့လဲဆိုတော့ ဒီစာကို ဖတ်နေတဲ့ တစ်ယောက်ချင်းစီရဲ့ လုပ်နိုင်တယ်ဆိုတဲ့ passion ကိုယုံကြည်တာကြောင့်ပါပဲ 🤗

Remember to practice consistently and have fun while learning Korean! Good luck!🤗

Like and share please ☺️

ပင်ပန်းနေတဲ့ တစ်ယောက်ချင်းစီအတွက် 🤍ကြိုးကြိုးစားစား လေ့လာနေတဲ့ မင်းက တကယ်ကို ချစ်စရာကောင်းပြီး လှတယ်ဆိုတာ သိပါရဲ့လား?မင်...
11/03/2023

ပင်ပန်းနေတဲ့ တစ်ယောက်ချင်းစီအတွက် 🤍

ကြိုးကြိုးစားစား လေ့လာနေတဲ့ မင်းက တကယ်ကို ချစ်စရာကောင်းပြီး လှတယ်ဆိုတာ သိပါရဲ့လား?
မင်းဟာ မင်းရဲ့အနာဂတ်အတွက် အမြဲကြိုးစားနေတယ်သူ‌လေး။
မင်းရဲ့ အဲဒီ ကြိုးစားမှုနဲ့ စိတ်အားထက်သန်မှု‌လေးက မင်းကို ပို ပိုပြီးတောက်ပစေတယ်လို့ ထားထင်ပါတယ်🤍
တခါတရံမှာ မင်းဟာ စာကျက်ရတာ ပင်ပန်းပြီး အရှုံးမပေးချင်ပေမယ့် အချိန်တိုင်း ပြန်ထပြီး ပန်းတိုင်ကို အရောက်လှမ်းဖို့ ကြိုးစားနေတာလေးက အရမ်းချစ်ဖို့ကောင်းတယ်။
ပြီးတော့ မင်းရဲ့ဇွဲလုံ့လနဲ့ စိတ်အားထက်သန်မှုက တခြားသူတွေကိုလည်း တစ်နည်းတစ်ဖုံနဲ့ လှုံ့ဆော်မှုပေးနေတယ်ဆိုတာကို မမေ့နဲ့နော်

မင်းရဲ့ အိပ်မက်တွေနဲ့ အနာဂတ်ပန်းတိုင်တွေဆီ ပြေးနေတာကို ထားက အမြဲ ဆက်ကြည့်ချင်ပါတယ်‌နော်
သင်ဟာ အရမ်းကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး အလုပ်ကြိုးစားတဲ့ပုံ‌လေးက တခြားသူတွေထက် ပိုချစ်စရာကောင်းတယ်ဆိုတာ မမေ့ပါနဲ့

ခုနေ့ ကြိုးစားနေရတာနဲ့ ပင်ပန်းသွားရောပေါ့ တာဝန်ကြေသွားပါပြီ
မနက်ဖြန်မှာ အားအင်အသစ်နဲ့ မင်းပီသတဲ့ ပုံစံလေးနဲ့ ရှေ့ဆက်လျှောက်သွားပါ 🤍

ဘယ်လိုအာရုံစိုက်ကြမလဲ ? စိတ်ထဲကတော့ စာလုပ်မယ့်စိတ်နဲ့ စပြီး စားပွဲဆီသွားလိုက်တာပဲ ခနကြာတော့ အာရုံမစိုက်နိုင်တော့တာမျိုးက...
10/03/2023

ဘယ်လိုအာရုံစိုက်ကြမလဲ ?

စိတ်ထဲကတော့ စာလုပ်မယ့်စိတ်နဲ့ စပြီး စားပွဲဆီသွားလိုက်တာပဲ
ခနကြာတော့ အာရုံမစိုက်နိုင်တော့တာမျိုးက
ဘယ်လိုဘာသာရပ်ကိုမဆို လေ့လာနေသူတိုင်း
ကြုံနေရတဲ့ ပြဿနာတစ်ခုပဲ

Htarလည်း အတူတူပါပဲ ပုံမှန်စာလုပ်ချိန် ၂နာရီဆိုရင်
အပြည့်အဝအာရုံမစိုက်ထားတဲ့ အခါကျတော့
စာသာမရသေးတာ ၂နာရီ ကဘယ်လိုကုန်သွားမှန်းမသိလိုက်ဘူး ဖြစ်တဲ့ နေ့တွေရှိတယ်

Htar အသုံးပြုတဲ့ စာလုပ်တဲ့ အခါ အာရုံစိုက်မှု မြင့်မားအောင် ပြုလုပ်နည်း လမ်း အနည်းငယ်ကို ပြောပြပေးပါမယ်။

📝계획을 세우세요:
ပထမဆုံး အစီအစဉ်ရွေးဆွဲပါ။

공부할 때 무엇을 얼마나 해야 하는지 계획을 세우는 것이 중요합니다. 예를 들어, 하루에 몇 시간을 공부할 것인지, 어떤 순서로 공부할 것인지 등을 정해두면 시간을 효율적으로 활용할 수 있습니다.
စာကျက်တဲ့အခါ ဘာတွေလုပ်ရမလဲဆိုတာ စီစဉ်ဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့် တစ်နေ့ကို သင်ဘယ်နှစ်နာရီစာလေ့လာမယ်၊ ဘယ်လို အစဉ်အလိုက် သင်လေ့လာမယ်ဆိုတာ ဆုံးဖြတ်ရင် သင့်အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ပါတယ်။

🛋️공부환경을 조성하세요:
စာလေ့လာမယ့် ပတ်ဝန်းကျင်ကို ဖန်တီးပါ

공부하기 좋은 환경을 만드는 것도 중요합니다. 조용하고 밝은 장소에서 공부하면 집중력이 높아질 수 있습니다. 또한, 습관적으로 공부를 하는 장소를 만들어두면 마음이 공부에 집중하기 쉬워집니다
ထားတို့က လေ့လာမှုအတွက် အဆင်ပြေတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ကလည်း အရေးကြီးပါတယ်
တိတ်ဆိတ်ပြီး အလင်းရောင်ကောင်းကောင်းရတဲ့ ဧရိယာမှာ လေ့လာခြင်းက သင့်အာရုံစူးစိုက်မှုကို တိုးစေနိုင်ပါတယ်
နောက်တစ်ခုက ကိုယ်ပုံမှန်လေ့လာနေကျ နေရာတစ်ခုကို သတ်သတ်မှတ်မှတ် နေရာထားမယ်ဆိုရင် အာရုံစိုက်လေ့လာဖို့ ပိုမိုလွယ်ကူလာမှာပါ။

🎯목표를 세우세요:
Targetထားပါ

공부할 때 목표를 세우는 것도 중요합니다. 예를 들어, 오늘 공부할 분량을 다 마치기, 시험에서 특정 점수를 받기 등의 목표를 세우면 공부에 목적을 부여할 수 있습니다.
နောက်တစ်ချက်က လေ့လာတဲ့အခါမှာလည်း ပန်းတိုင်ထားဖို့ အရေးကြီးပါတယ်
ဥပမာအားဖြင့်၊ အခုနေ့အတွက် သတ်မှတ်ထားတဲ့ လေ့လာမှုအားလုံးကို ပြီးမြောက်ရန် လေ့လာခြင်း သို့မဟုတ် စာမေးပွဲတစ်ခုတွင် တိကျသောရမှတ်တစ်ခုရရန် ပန်းတိုင်များသတ်မှတ်ခြင်းက ထားတို့ ဦးတည်ချက်မရှိ တောင်စဉ်ရေမရ လေ့လာတာထက် လေ့လာမှုရည်ရွယ်ချက်ကို ပို အလေးပေးနိုင်တာကြောင့် အာရုံပိုစိုက်နိုင်တယ်
ဆိုလိုတာက အရေးကြီးဖြေစရာ စာမေးပွဲရှိရှိမရှိရှိ daily targetတစ်ခု ထားရမယ်

💆‍♀️적절한 휴식을 취하세요:
သင့်တင့်လျောက်ပတ်တဲ့ အနားယူချိန် ထားပါ

공부를 하다보면 집중력이 떨어지는 순간이 올 수 있습니다. 이때는 강제적으로 공부를 이어가는 것보다는 적절한 휴식을 취하는 것이 좋습니다. 휴식을 취하면 머리가 여유로워져 다시 집중할 수 있습니다.
စာကျက်နေရင်းနဲ့ အာရုံစူးစိုက်မှု ပျက်သွားတဲ့ အခိုက်အတန့်တွေ ရှိလာနိုင်ပါတယ်။အဲ့လိုအချိန်တွင် အတင်းအကြပ်လေ့လာခြင်းထက် သင့်လျော်တဲ့ အားလပ်ချိန်ယူဖို့ကို အကြံပေးချင်ပါတယ်
အနားယူခြင်းက ခေါင်းအေးသွား စေပြီး အာရုံစူးစိုက်နိုင်စေပါလိမ့်မယ်

🕺스트레칭을 하세요:
Stretching ပြုလုပ်ပါ

스트레칭을 하면 몸의 긴장을 풀어주고 혈액순환을 돕습니다. 이를 통해 머리를 더 많은 산소와 영양소로 공급해 집중력을 높일 수 있습니다.
ဆန့်ထုတ်ခြင်းသည် ခန္ဓာကိုယ်တွင်း တင်းမာမှုကို သက်သာစေပြီး သွေးလည်ပတ်မှုကို အကူအညီပေးတာကြောင့် ပိုပြီး အာရုံစူးစိုက်နိုင်စေရန် ကူညီပေးရန်အတွက် သင့်ဦးနှောက်ကို အောက်ဆီဂျင်နှင့် အာဟာရပိုမိုရရှိစေတယ်

🫶

09/03/2023

Day 1 🇰🇷
하루의 시작

🌞
တစ်နေ့တာကို ဘယ်လိုစတင်ဖြစ်ကြသလဲ?
တစ်နေ့တာရဲ့ အစက နေ့တစ်နေ့ကို ဘယ်လို သက်ရောက်သလဲ ?
အေးချမ်းတဲ့ နေ့တစ်‌နေ့ဖြစ်ဖို့ ဘယ်လိုစတင်ရမလဲ ?
ထားရဲ့ အတွေးကိုတော့ podcast လေးထဲမှာ မျှဝေထားပါတယ် ။

YouTube မှာလည်း တင်ထားပါတယ်ရှင့်
https://www.youtube.com/

ဝင်ပြိုင်ကြည့်သင့်တယ်နော်
08/03/2023

ဝင်ပြိုင်ကြည့်သင့်တယ်နော်

Korean language ကိုလေ့လာနေတဲ့သူတွေအတွက် ထား ကိုယ်တိုင် သုံးဖြစ်တဲ့ YouTube Channel အချို့ကို ညွန်းပေးလိုက်ပါတယ်နော်။ထား ...
08/03/2023

Korean language ကိုလေ့လာနေတဲ့သူတွေအတွက်
ထား ကိုယ်တိုင် သုံးဖြစ်တဲ့ YouTube Channel အချို့ကို ညွန်းပေးလိုက်ပါတယ်နော်။
ထား ဆိုရင် self study လုပ်ရင်း 2022က Topik 84ကြိမ်မြောက်Examမှာ level 6အထိ ဖြေနိုင်ခဲ့တာက ဒီ channel တွေက လေ့လာခဲ့တာတွေလည်း အများကြီးအကျုံးဝင်တာ မလို့
တစ်ကယ် တစ်စိုက်မတ်မတ်လေ့လာရင် ‌အကျိုးရှိမှာဖြစ်တာ‌ကြောင့် မျှဝေပေးလိုက်ပါတယ်နော် 🤍

🤍Talk To Me In Korean (TTMIK)
ဒီ channelမှာက ဘာတွေလေ့လာနိုင်သလဲဆိုရင်
ကိုရီးယားစာBeginner level ကနေ Advanced levelအထိ video lesson တွေအပါအဝင် ယဉ်ကျေးမှု ကွာခြားချက်အကြောင်းတွေပြီးတောာ့ ဝေါဟာရကို မှတ်သားလွယ်အောင် ပြုလုပ်ပေးထားတဲ့ သင်ခန်းစာ အစုံရှိပါတယ်။
ထားက ဘာလို့ ဒီchannelကို ညွှန်းပေးလဲဆိုရင်
Speaking 🗣️skillအတွက်အရမ်းကောင်းတဲ့ channel မလို့ပါ ထားကိုယ်တိုင်လည်း နေ့တိုင်းဝင်လေ့လာဖြစ်တဲ့ Channel တစ်ခုဖြစ်နေလို့ပါပဲယောရောဘွန်းတို့ရေ။
Link 🔗
https://www.youtube.com/user/talktomeinkorean

🤍Korean Unnie
ဒီ channel လေးကတော့ ကိုရီးယားလူမျိုး ဆရာမ Sun Hyunwooရဲ့ Chayဖြစ်ပြီးတော့ ဆရာမရဲ့ သင်ကြားတဲ့ ပုံစံက easy-to-follow ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး နားထောင်ရင်း သင်ယူနိုင်မှာပါ။
ဒီမှာကတော့ beginners ကနေ intermediateအထိ လေ့လာနိုင်ပါတယ်။
Link 🔗
Korean Unnie
https://youtube.com/

🤍Learn Korean with GO! Billy Korean
channel က Korean-American လူမျိုး Billyရဲ့ channelပါ။
ဒီမှာကတော့ ကိုယ်လေ့လာတာတွေကို မမေ့အောင် quizzလေးတွေနဲ့ ပြန်စစ်ပေးတာမလို့ စာလုပ်ပြီး မေ့မေ့သွားတတ်ရင် သူ့channelလေးက အထောက်အကူပြုမှာပါ။

Link 🔗
Learn Korean with GO! Billy Korean - https://www.youtube.com/c/GoBillyKorean

🤍Seemile Korean
ဒီ channel လေးက animated video လေးတွေကြိုက်နှစ်သက်တဲ့ သူတွေအတွက်လည်း little princeဆိုတဲ့ စာအုပ်ကို animated video ဖန်တီးထားတာကိုပါ လေ့လာနိုင်မှာပါ။
ပျော်စရာကောင်းပြီး မှတ်သားလွယ်တဲ့ သင်ခန်းစာတွေကို basic ကနေadvancedအထိ လေ့လာနိုင်ပါတယ်။
Link 🔗
Seemile Korean https://www.youtube.com/c/Seemilecom

🤍Learn Korean with KoreanClass101.com
Clasa101ကတော့ ဘာသာစကားအကုန်သင်ကြားလို့ရတာမလို့ ကိုရီးယားစာအပြင် တခြားဘာသာတွေလေ့လာချင်တယ်ဆိုရင်လည်း အရမ်းအဆင်ပြေတဲ့ channelလေးပါ
Link 🔗
https://youtube.com/

I hope you find these resources helpful in your Korean learning journey!🤍
I hope these links are helpful to you!


'sVlog

Address

Bago

Website

Alerts

Be the first to know and let us send you an email when Vlog by Htar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category