Zambiar Gaming

  • Home
  • Zambiar Gaming

Zambiar Gaming Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zambiar Gaming, Game Publisher, .

တွေးထားသလို ဖြစ်မလာတဲ့ ဇာတ်သိမ်း...နီးပြီးမှတော့ ဘယ်သူက ဝေးချင်မှာလဲ... ပြီးတော့ ပိုင်ဆိုင်ပြီးမှတော့ ဘယ်သူက ဆုံးရှုံးချ...
06/07/2023

တွေးထားသလို ဖြစ်မလာတဲ့ ဇာတ်သိမ်း...

နီးပြီးမှတော့ ဘယ်သူက ဝေးချင်မှာလဲ... ပြီးတော့ ပိုင်ဆိုင်ပြီးမှတော့ ဘယ်သူက ဆုံးရှုံးချင်မှာလဲ... တစ်ခါတစ်လေကျတော့ လောကကြီးက ဆန်းကျယ်တယ် လူတွေက လှည့်စားတတ်လွန်းတယ် တစ်ထစ်ချကြီးမျှော်လင့်ခဲ့ပြီးမှ သေသေချာချာကြီး လွဲချော်ခဲ့ရတာတွေမှ အများကြီးပါပဲ ။

ဒီလူတော့... ငါ့ကို နားလည်ပေးမှာပါဆိုပြီး ယုံကြည်ခဲ့မိတာ သူတော့ ငါ့အနားတစ်သက်လုံးရှိနေမှာဆိုပြီး မျှော်လင့်ခဲ့မိတာ တခြား ဘယ်သူမှ မရှိချင် နေပါစေ သူတော့ ငါ့အနားရှိနေမှာဆိုပြီး တစ်လောကလုံးကို ပုန်ကန်ခဲ့မိတာလေ ။

ဒါပေမယ့်... အိပ်မက်တွေ အရှည်ကြီးမက်ရသလောက် ပြတ်တောက်သွားဖို့ကျပြန်တော့လဲ လွယ်လိုက်တာ... စကားလုံးတစ်ခွန်းနဲ့လဲ အေးစက်ချင် အေးစက်သွားတတ်တာပဲ... အချိန်ကာလလေး နာ်းနည်းလေးနဲ့လဲ နှစ်တွေအကြာကြီး ပျက်စီးချင် ပျက်စီးသွားတတ်ပါပဲ ။

အခုလေ... ပျော်ရွှင်စွာပေါင်းဖက်ရလေခြင်းဆိုပြီး ကြိုမျှော်လင့်ထားမိတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်က ဆက်လျှောက်နေရင်းက အဆုံးသတ်သွားခဲ့ရတယ် ။ ကိုယ်မျှော်လင့်ထားသလို ကိုယ်တွေးထားသလို သူနဲ့ကိုယ်နဲ့ ပေါင်းဖက်ပြီး ဇာတ်သိမ်းခဲ့ရတာမျိုး မဟုတ်ဘူးလေ ။ သူစိမ်းတွေလိုမျိုး တစ်ယောက်တစ်လမ်းစီနဲ့ တစ်ယောက်ကို တစ်ယောက် ကျောခိုင်းပြီး ဇာတ်သိမ်းသွားခဲ့တာ ။

မျှော်ချင်ပါသေးတယ်ဆိုရင်တောင် သေချာပါတယ် သူ ပြန်မလာတော့ဘူး ။ ကိုယ်မရှိတဲ့အရပ်မှာ သူက ပိုပြီးတော့ ပျော်နေပြီ ။ သိပ်ချစ်တာပဲလို့ အကျယ်ကြီးအော်ရင်တောင် သူမကြားတော့ဘူး ကိုယ်နဲ့ပတ်သက်သမျှ အရာအားလုံးကို သူ Block လုပ်ထားခဲ့ပြီ ။

အရာရာက တကယ်ပဲ အဆုံးသတ်သွားခဲ့ပါပြီ ။ ကိုယ်တွေးထားသလို မဖြစ်ခဲ့တာလေ တစ်ခုပါပဲ ။ ခုလေ... ဇာတ်ကားတစ်ကားမကြည့်ခင် အဆုံးသတ်ကို ကြိုပြီးတော့ ကြည့်တယ် မပေါင်းရဘူးဆို အဲ့ဒီဇာတ်ကား မကြည့်ချင်တော့ဘူး ဝတ္ထုတစ်အုပ်မဖတ်ခင်လဲ အဲ့အတိုင်းပဲ ။ သီချင်းဆိုလဲ အရမ်းဆွေးတဲ့ သီချင်းသံတွေဆို နားထောင်နိုင်လောက်တဲ့ ထိ မျက်ရည် မခိုင်တော့ဘူး ။

ကိုယ် ကွဲကြေခဲ့ရတဲ့ ဇာတ်လမ်းမျိုး နောက်တစ်ခေါက် ပြန်နားမထောင်နိုင်လောက်တဲ့ အင်အားတွေက ရှိမနေဘူးလေ ။ နောက်တစ်ခေါက်ပြန်နာကျင်ရမှာကို ကြောက်နေမိတာ။

#ကျေးကို

(ရင်နှင့်ရင်း၍ ရေးသည်)

Address


Website

Alerts

Be the first to know and let us send you an email when Zambiar Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your establishment to be the top-listed Arts & Entertainment?

Share