Mg Ye Lwin - နက္ခတ်

Mg Ye Lwin - နက္ခတ် ငါ့အားကွယ်ရာ၌
မကောင်ကြံသူတို့သည်
သူတို့ကြံစဥ်သမျှသူတို့သာ
ပြန်လည်ခံစားရစေအံ့။ ။

နက္ခတ်

12/03/2024

ကိုယ္ခ်စ္ရတဲ့သူအနားမွာ
ခွေးတစ်ကောင်ဖြစ်ရရင်လည်း
နေပျော်တယ် ဆိုပေမယ့်
အရိုးအရင်းကိုက်ဖို့ထိတော့ဈေးမပေါချင်ပါဘူး။ ။

#နက္ခတ်

ညို။အိပ်ယာနိုးတာနဲ့စိတ်ရဲ့ကစင့်ကလျားအာရုံအားလုံးကစည်းစည်းလုံးလုံးပဲမင်းဆီကိုတည့်မက်စွာဦးတည်သွားတတ်တာမို့ဒီနေ့မနက်ခင်းလည...
04/03/2024

ညို။

အိပ်ယာနိုးတာနဲ့
စိတ်ရဲ့ကစင့်ကလျားအာရုံအားလုံးက
စည်းစည်းလုံးလုံးပဲမင်းဆီကို
တည့်မက်စွာဦးတည်သွားတတ်တာမို့
ဒီနေ့မနက်ခင်းလည်းမင်းကိုချစ်ခြင်းအားဖြင့်
လွမ်းပါတယ်ညို။

မင်းဟာစာဖွဲ့လောက်အောင်လှပနေသူမဟုတ်ပေမယ့်
ကိုယ့်အတွက်တော့အိပ်ယာဝင်သံစဉ်ချိုတေးတစ်ပုဒ်ဖြစ်သလို
အိပ်ယာထမေတ္တာပို့တရားဓမ္မတစ်ပုဒ်ဟာမင်းပါပဲ ညို။

မင်းကိုဘယ်လောက်ထိရူးသွပ်မိသွားတာလည်းဆိုရင်
အရင်ကခလုပ်တိုက်ရင်"ဘုရား" တ, တဲ့ကိုယ့်မှာ
ခုဆိုခလုပ်ပဲတိုက်တိုက်ချော်ပဲလဲလဲ "ညို" လို့ပဲ တ, မိတဲ့အထိ
မင်းကိုမသိစိတ်ထဲထိစွဲလန်းမိအောင်ရူးသွပ်နေမိတာပါ ညို။

တစ်ဖက်သက်ချစ်နေရလည်း
ကိုယ်ကျေနပ်ပါတယ် ညို။

ကော်ဖီဆိုင်ထိုင်ရင်တောင်
နှစ်ခွက်မှာပြီးမင်းအတွက်တစ်ခွက်လို့
စိတ်ကူးယဉ်ရကုသိုလ်ကံကကိုယ့်အတွက်တော့
ဘုရားပေးတဲ့ဆုလာဒ်တစ်ခုပေါ့။

ဆံပင်တိုတိုအသားညိုညိုကောင်မလေးတွေမြင်လိုက်ရင်
မင်းများဖြစ်မလားလို့လိုက်ကြည့်ရတာအမောပဲ ညိုရေ...။

ပြန်မချစ်နိုင်တာသိပေမယ့်
တစ်ဖက်သက်ချစ်ခြင်းမေတ္တာတွေက
ကိုယ်မဟုတ်တဲ့အခြားလူနဲ့မင်းချစ်သွားမှာကိုတော့
သေလောက်အောင်တွေးကြောက်မိတယ် ညို။

ညိုရေ...
ကိုယ့်မှာဘယ်ဘုရားရောက်ရောက်
မင်းပြန်ချစ်လာနိုင်ဖို့ဆုတောင်းရတာတွေလည်းအမောပါပဲ။

လူတစ်ယောက်နဲ့တစ်ယောက်ဆုံတွေ့ခြင်းက
ရှေးဘဝရေစက်ကြောင့်ဆိုရင်
ကိုယ်တို့တွေ့ဆုံမှုမှာ မချစ်ခြင်းတရားရေစက်နဲ့တဲ့လားညို။

ရာဇပုလ္လင်ပေါ်ဘုရင်မဖြစ်ချင်ပါဘူး ညို
မင်းနားပဲတစ်သက်လုံးကိုယ်ရံတော်ဖြစ်ခွင့်ရချင်တယ်။

သံသရာအဆက်ဆက်
ကံမကုန်သ၍မင်းပြန်ချစ်ခံရသူမဖြစ်မချင်း
ဘယ်လိုနိဗ္ဗာန်ကိုမှကိုယ်မရောက်ချင်ဘူး။

မင်းကိုချစ်တဲ့အချစ်ကြောင့်
ငရဲလားရမယ်ဆိုရင်တောင်
ဘယ်လိုငရဲကိုဖြစ်ဖြစ်ဒိုင်ပင်ပစ်ဆင်းမယ့်ကောင်ပါ။

သိပ်ချစ်တယ် ညိုရယ်...။
အပြစ်အနာအဆာတွေမရှိတဲ့
ချစ်ခြင်းမေတ္တာတွေနဲ့ကိုယ့်မှာ
မင်းပြန်မချစ်တဲ့စိတ်နဲ့
နိဗ္ဗာန်ရောက်ရင်တောင်အဲ့နိဗ္ဗာန်ဟာ
ကိုယ့်အတွက်ငရဲခန်းဖြစ်နေအုံးမှာပါပဲ ညိုရယ်။ ။

#နက္ခတ်
4.3.2024

03/03/2024

မောနင်းပါ ညို။

နံနက်ခင်းရဲ့နေရောင်ခြည်တွေ
သိပ်နွေးထွေးတယ်...
(ကိုယ့်စိတ်ကူးအာရုံထဲကမင်းအပြုံးလောက်တော့မဟုတ်ဘူး)

အိပ်ယာဘေးကအဆင်သင့်ဆေးကရက်ကိုကောက်ပြီး
မီးရှို့ရှိုက်ဖွာရင်းမှုတ်ထုပ်လိုက်တဲ့အခိုးငွေ့တွေကြား
ဆံပင်မတိုမရှည်အသားညိုညိုနဲ့ကောင်မလေးကို
ပီပီပြင်ပြင်မြင်တွေ့ရခြင်းက
ကိုယ့်ရဲ့တစ်နေ့တာနိဒါန်းပေါ့...။

အစစအရာရာအဆင်ပြေပါစေ ညို။

မျက်နှာသစ်ပြီးလို့ဘုရားရှိခိုးအမျှဝေပြီးတိုင်း
မင်းအတွက်သီးသန့်မေတ္တာပို့ရခြင်းက
ကိုယ့်ရဲ့တစ်နေ့လုပ်ထုံးလုပ်နည်း
နိစ္စဓူဝတစ်ခု။

ကဲ ညို။
အမူအယာတွေပိုတတ်တဲ့လူတွေကြား
မာယာမုဆိုးများနဲ့ဝေးရာ
မေတ္တာရင်ဘက်ဆီကပို့တဲ့မေတ္တာတွေ
ညို့ဆီ တည့်တည့်မက်မက်ရောက်ပါစေ ညို။ ။

#နက္ခတ်
3.3.2024

02/03/2024

KTV မရောက်ဖူးသော

အဖြူထည်များသာ

ရှဲရန် "

02/03/2024

ကျွန်တော်က​တော့ဘယ်လိုကုသိုလ်ပဲလုပ်လုပ်
ခင်ဗျားဆီ​ရောက်တဲ့စိတ်နဲ့အမြဲဆု​တောင်းဖြစ်တယ်။

ကံဆိုးခြင်းတွေရှိလျှင်ကျွန်တော်မျိုးထံပို့သ၍
ကံကောင်းခြင်းလာဒ်လာဘတွေရှိသော်
သူမထံသယ်ဆောင်သွားပေးပါလို့အမြဲဆုတောင်းခဲ့ပါတယ်။

ဒါသစ္စာစကားတစ်ခုပါ။

ခင်ဗျားအတွက်တော့ဟာသတစ်ခုပေါ့။ ။

#နက္ခတ်
2.3.2024

02/03/2024

2.3.2024
ငြိမ်းရေ...
ကျွန်တော်တို့သာမဝေးခဲ့ရင်
ဒီနေ့ဟာငြိမ်းနဲ့ကျွန်တော်
ချစ်သူသက်တမ်း၂နှစ်ပြည့်တဲ့နေ့ပေါ့။

ခုချိန်ခင်ဗျားတစ်ယောက်
အခြားလူရင်ခွင်မှာအဆင်မှပြေရဲ့လား။ ။

#နက္ခတ်

02/03/2024

ချစ်ခြင်းမေတ္တာဆိုတာ
အနည်း အများနဲ့မှမသက်ဆိုင်တာ
ကိုယ်ချစ်တတ်သလောက်
အပြည့်အဝချစ်ပေးခဲ့တာမို့
ဘယ်လိုလမ်းခွဲခြင်းနဲ့ပဲဝေးဝေး
ကျွန်တော်မမှားခဲ့ဘူးလို့ခံယူပြီး
ကျွန်တော့်နှလုံးသားအတွက်
တစ်သက်လုံးလိပ်ပြာလုံပါတယ်။ ။

#နက္ခတ်
2.3.2024

02/03/2024

"ချစ်တယ်"
တော်ပြီလေ...ဒီလောက်ပဲ
ပိုင်ဆိုင်ခြင်းကိုတော့မမျှော်လင့်တော့ဘူး။ ။

#နက္ခတ်
2.3.2024

27/02/2024

ငြိမ်းရေ...

ဝေးရမယ်မှန်း ကြိုသိခဲ့ရင်...
ခင်ဗျားနဲ့မတွေ့မယ့်
လမ်းကိုပဲကျွန်တော်ရွေးလှမ်းမှာပေါ့

အခုကျ နီးပြီးမှ ဝေးရတယ်လို့ဗျာ😔💔

ငြိမ်းရေ...တစ်ချိန်ကခင်ဗျားမြင်တွေ့ချင်တဲ့သန့်သန့်ရှင်းရှင်းနဲ့လိမ္မာယဉ်ကျေးတဲ့ကျွန်တော်ခုဆိုပေပေတေတေနဲ့လူတွေနဲ့စကားပြောရ...
27/02/2024

ငြိမ်းရေ...

တစ်ချိန်ကခင်ဗျားမြင်တွေ့ချင်တဲ့
သန့်သန့်ရှင်းရှင်းနဲ့လိမ္မာယဉ်ကျေးတဲ့ကျွန်တော်
ခုဆိုပေပေတေတေနဲ့လူတွေနဲ့စကားပြောရင်တောင်
တစ်ခါတလေ စိတ်မရှည်တတ်ပဲ
ရိုင်းတယ် ဆိုတဲ့စာရင်းထဲရောက်ရောက်သွားရတယ်။

ခင်ဗျားကြောင့်ပဲကောင်းမွန်တဲ့ဘဝကို
တည်ဆောက်ခဲ့သလို
ခင်ဗျားကြောင့်ပဲအဲ့ဘဝကို
ကျွန်တော် ကိုယ်တိုင်ရိုက်ချိုးလိုက်တယ်။

ခင်ဗျားကိုဘဝကြီးလို့
သက်မှတ်ခဲ့တဲ့ကောင်မို့
ခင်ဗျားမရှိတော့တဲ့ဘဝကိုကျွန်တော်ကိုယ်တိုင်ပဲ
အဆုံးစီရင်လိုက်ပါတယ်ပေါ့။ ။

#နက္ခတ်

27/02/2024

ငြိမ်းရေ...

ခင်ဗျားပျော်ရွှင်သလောက်
ကျွန်တော်ပြိုလဲရပါတယ်။

ဒါကိုပဲ ဘဝ လို့
ခေါင်းစဉ်တတ်ပါရစေ.......။

#နက္ခတ်

Address

Aunglan

Telephone

+959459757508

Website

Alerts

Be the first to know and let us send you an email when Mg Ye Lwin - နက္ခတ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Mg Ye Lwin - နက္ခတ်:

Share