20/12/2023
ဘော်ဒီအလန်းရရန် အသုံးဝင်သည့်နည်းအချို့
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
အသက်အရွယ် အားလုံးအတွက် ကျန်းမာရေးကောင်းခြင်းသည် ဆုလဒ်ကောင်း တခုဖြစ်ပါသည်။ ကျန်းမာရေးကောင်းလျှင် ဘဝ၏ အခက်အခဲ့များကို ရင်ဆိုင် ကျော်လွှားနိုင်ရန် ပိုပြီး အဆင်အသင့်ဖြစ်စေပါသည်။
ကျန်းမာပြီး၊ လူအများစု အားကျ လိုချင်သည့် ဘော်ဒီရရှိရန် အချိန်ပေးရရုံသာမက၊
1️⃣ 𝗱𝗶𝘀𝗰𝗶𝗽𝗹𝗶𝗻𝗲 စည်းကမ်းရှိခြင်း၊
2️⃣ 𝗰𝗼𝗻𝘀𝗶𝘀𝘁𝗲𝗻𝗰𝘆 တစိုက်မတ်မတ်လုပ်ခြင်း၊
3️⃣ 𝗱𝗲𝗱𝗶𝗰𝗮𝘁𝗶𝗼𝗻 နှစ်မြုပ်ထားခြင်း၊
4️⃣ 𝗽𝗮𝘁𝗶𝗲𝗻𝗰𝗲 စိတ်ရှည်ခြင်း
စသည်တို့ အားလုံးလိုအပ်ပါသည်။
အောက်ပါအချက်များသည် ကျန်းမာသည့် 𝗯𝗼𝗱𝘆 ပိုင်ဆိုင်ရန် နေ့စဉ် ကျွန်တော် အဖိုးကြီး အသုံးပြုလေ့ရှိသည့် အရာများဖြစ်ပါသည်။
1️⃣ 𝗽𝗿𝗲𝗽𝗮𝗿𝗲 𝘆𝗼𝘂𝗿𝘀𝗲𝗹𝗳 𝗮 200 𝗰𝗮𝗹𝗼𝗿𝗶𝗲𝘀 𝘁𝗮𝗸𝗲𝗼𝘂𝘁
ကယ်လိုရီ ၂၀၀ ဝန်းကျင်ခန့် ရှိသော အစားအစာကို မိမိ ဗိုက်ဆာသည့် အချိန်တွင် လွယ်ကူစွာ စားနိုင်ရန် အမြဲ ဆောင်ထား သင့်ပါသည်။ ပရိုတိန်း၊ ကစီနှင့် ကောင်းသော အဆီ ၃ မျိုးပါနိုင်လျှင် ပိုကောင်းပါသည်။ ထိုသို့အမြဲ ယူဆောင်နိုင်ပါက၊ ကျန်းမာရေးနှင့် မညီညွှတ်သည့် အားလူးချောင်းကြော်များ၊ 𝗱𝗼𝗻𝘂𝘁𝘀 များနှင့် အခြား 𝗷𝘂𝗻𝗸 𝗳𝗼𝗼𝗱𝘀 အစားအစာများ စားမိခြင်းမှ ကင်းဝေးမည် ဖြစ်ပါသည်။
ဥပမာ။ ပန်းသီးတစ်လုံးနှင့် 𝗵𝗲𝗮𝗹𝘁𝗵𝘆 𝗻𝘂𝘁𝘀 အစေ့အဆံ နည်းနည်း ဆောင်ထားနိုင်ပါသည်။
2️⃣ 𝗲𝗮𝘁 𝗽𝗿𝗼𝗯𝗶𝗼𝘁𝗶𝗰𝘀
အချဉ်တည်ထားသော အစားအစာအချို့မှာ ကျန်းမာစေပြီး၊ ဝိတ်ကျစေရန် ကူညီပေးသည်ဟု ဆိုပါသည်။ ထိုသို့ပြုလုပ်ထားသည့် အစားအစာများတွင် ကျန်းမာရေးအတွက် အကျိုးရှိသည့် ဘက်တီးရီးယား များပါရှိခြင်းကြောင့်ဖြစ်ပါသည်။ အချဉ်တည်ခြင်းကို အိမ်တွင် ကိုယ်တိုင်ပြုလုပ်နိုင်လျှင် ပိုပြီး ကောင်းပါသည်။
ဥပမာ။ ဒိန်ချန်( မချိုသော )၊ 𝗸𝗶𝗺𝗰𝗵𝗶 ကဲ့သို့သော အစားအစားများဖြစ်ပါသည်။
3️⃣ 𝗯𝗲𝗰𝗼𝗺𝗲 𝗮 𝗺𝗲𝗮𝗹 𝗽𝗹𝗮𝗻𝗲𝗿
𝗺𝗲𝗮𝗹 𝗽𝗹𝗮𝗻𝗲𝗿 မိမိစားရန်အစားအစာကို ကိုယ်တိုင် ပြုလုပ်နိုင်လျှင် ဝိတ်ချရန်၊ ဝိတ် ကိုထိန်ထားရန် များစွာ အသုံးဝင်ပါသည်။ ကျွန်တော်တို့ အများစုမှာ ဗိုက်ဆာသည့်အချိန်တွင် အနီးအနားတွင် ရရှိသည့် အစားအစာများကို ဖြစ်သလို စားတတ်ကြပါသည်။ ထိုအကျင့်ကို ဦးစွာ ဖျောက်ရန်လိုပါသည်။
ထို့ကြောင့် အစားအစာများကို ကြိုတင်ဝယ်ယူထားပြီး၊ 𝗺𝗲𝗮𝗹 𝗽𝗿𝗲𝗽 လုပ်နိုင်ပါက၊ မိမိလိုချင်သည့် 𝗯𝗼𝗱𝘆 𝗴𝗼𝗮𝗹 ကို ရရန် အများကြီး အထောက်အကူဖြစ်စေပါသည်။ တနေ့တာ မိမိ စားမည့်အစားအစာ ကြိုတင်ပြီး 𝗽𝗹𝗮𝗻𝗻𝗶𝗻𝗴 ချထားနိုင်လျှင် ပိုပြီး ကောင်းပါသည်။
4️⃣ 𝗽𝘂𝘁 𝘆𝗼𝘂𝗿 𝗳𝗼𝗿𝗸𝘀 𝗱𝗼𝘄𝗻 𝗯𝗲𝘁𝘄𝗲𝗲𝗻 𝗯𝗶𝘁𝗲𝘀
ကျွန်တော်တို့ အများစုမှာ အစားအစာများကို လက်ဖြင့် စားကြပါသည်။ အချိန် တိုတိုအတွင်း စားလေ့ရှိကြပြီး ပိုပြီး စားမိ ကြပါသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် ရည်ညွှန်းပြီး အစာ စားလျှင် ဇွန်း သို့ ခက်ရင်းဖြင့် စားရန် တိုက်တွန်းပါသည်။ အချိန်ယူပြီးစားပါ၊ များများ ဝါးပြီး စားပါ။ ထိုသို့လုပ်ပေးခြင်းဖြင့် ကယ်လိုရီ အဝင် နည်းရုံမက၊ ရေရှည်ကျန်းမာရေးအတွက်လည်း ပိုပြီးအကျိုးရှိပါသည်။
5️⃣ 𝗺𝗮𝗸𝗲 𝘀𝗺𝗮𝗿𝘁 𝘀𝘄𝗮𝗽𝘀
စားချင်သည့် အရာများကို စားသင့်သည့် အစားအစာများဖြင့် အစားထိုး စား ပေးပါ။ ဥပမာ။ 𝗺𝗮𝘆𝗼𝗻𝗻𝗮𝗶𝘀𝗲 ကြိုက်သည့်သူများ မချိုသော ဒီန်ချဉ်ဖြင့် အစားထိုးနိုင်ပါသည်။ 𝗰𝗿𝗮𝗰𝗸𝗲𝗿𝘀 စားတတ်သူများ သခွားသီးခြမ်း၊ မုန်လာဥနီများ ညှပ်ပြီးစားနိုင်ပါသည်။ 𝗰𝗵𝗶𝗽𝘀 ခေါ် 𝗿𝗲𝗮𝗱𝘆 𝗺𝗮𝗱𝗲 အကြော်ကြိုက်သူများ 𝘄𝗮𝗹𝗻𝘂𝘁𝘀 များဖြင့် အစားထိုးပြီး စားနိုင်ပါသည်။ ထမင်း များများ စားတတ်သူများအတွက် ထမင်းကျက်ခါနီးတွင် အရွက်တမျိုးမျိုး ရောထည့်ပြီး စားပေးနိုင်ပါသည်။
6️⃣ 𝗰𝗹𝗲𝗮𝗿 𝗼𝗳𝗳 𝘆𝗼𝘂𝗿 𝗰𝗼𝘂𝗻𝘁𝗲𝗿
အိမ်တွင် သို့ အလုပ်တွင် အမှတ်တမဲ့ လွယ်ကူစွာ လှမ်းယူပြီး စားနိုင်သည့် သကြားလုံးများ၊ ကွက်ကီးများ၊ ဇီးယိုများ၊ အချဉ်များ နှင့် သံဗူး သို့ ဖျော်ရည်ပုလင်းများကို မိမိနှင့် အလှမ်းဝေးသည့်နေရာတွင် ထားပေးပါ။ သို့ မမြင်နိုင်အောင် ထားပါ။ ဖြစ်နိုင်ပါက လွင့်ပြစ်ပါ။ မိမိအိမ်ရှိ ရေခဲ့သေတ္တာတွင် ကျန်းမာရေးနှင့် ပိုပြီး ကိုက်ညီသည့် အစားအစာများကို ဝယ်ယူ၊ 𝗿𝗲𝗮𝗱𝘆 ထားသင့်ပါသည်။
7️⃣ 𝗱𝗿𝗶𝗻𝗸 𝘁𝗲𝗮 𝗶𝗻𝗳𝗿𝗼𝗻𝘁 𝗼𝗳 𝘁𝘂𝗯𝗲
တီဗွီ သို့ ကွန်ပြုတာဖြင့် 𝘆𝗼𝘂𝘁𝘂𝗯𝗲 များ၊ 𝗻𝗲𝘁𝗳𝗹𝗶𝘅 အစီအစဉ်များကြည့်သည့်အချိန် သရေစာ 𝘀𝗻𝗮𝗰𝗸𝗶𝗻𝗴 (အထူးသဖြင့်အာလူးကြော်ထုပ်များ၊ အခြားအကြော်ထုပ်များ) စားသည့် အကျင့်ကို ရှောင်သင့်ပါသည်။ တကယ် ဗိုက်မဆာလျှင် လုံးဝ မစားပါနှင့်။ ရေနွေးကြမ်း သို့ ရေ ကို သောက်သုံးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
8️⃣ 𝘀𝘁𝗶𝗰𝗸 𝘄𝗶𝘁𝗵 𝘄𝗶𝗻𝗲, 𝗹𝗶𝗴𝗵𝘁 𝗯𝗲𝗲𝗿 & 𝘃𝗼𝗱𝗸𝗮 𝘀𝗼𝗱𝗮𝘀
ကျွန်တော်တို့အားလုံး တခါတရံ စားသောက်ပွဲ၊ ပါတီပွဲများနှင့် ကြုံရပါသည်။ အလုပ်ကိစ္စဖြစ်ဖြစ်၊ လူမူရေးအရဖြစ်ဖြစ် မလွဲမရှောင်သာ သောက်ရလျှင် ဝိုင် အနီကို ရွေးပြီး သောက်ပါ။ မရှိလျှင် ဘီယာ အပျော့ကို ရွေးချယ်ပါ။ အထက်ပါများ မရလျှင် မိမိကြိုက်သည့် အရက်ကို ရေဖြင့် ရောပြီး သောက်နိုင်ပါသည်။ အချိုရည်နှင့် ရောထားသည့် 𝗰𝗼𝗰𝗸𝘁𝗮𝗶𝗹 တခွက်လျှင် ကယ်လိုရီ အနည်းဆုံး ၅၀၀ ကျော် ပါရှိသည်ကို သတိထားသင့်ပါသည်။
ပွင့်လင်းစွာ ဝန်ခံရလျှင် ကျွန်တော် ပြိုင်ပွဲဝင် ကစားသမား တယောက် မဟုတ်သလို၊ အလားတူ 𝗳𝗶𝘁𝗻𝗲𝘀𝘀 အားကစားနယ်ပယ်၏ ဆရာ ဂုရု တယောက်လည်း လုံးဝ မဟုတ်ပါ။
ကျန်းမာရေးကောင်းအောင် 𝗴𝘆𝗺 ကို စနစ်တကျ ကစားသည့် သက်ကြီး အပျော်တမ်း ကစားသမား တယောက်သာ ဖြစ်ပါသည်။ လက်ရှိ ခန္ဓာကိုယ်နှင့် ကျန်းမာရေးအခြေအနေကို ဟတ်ချလောင်း ဆိုသလို နေ့ချင်းညချင်း ရရှိလာခြင်းမဟုတ်ပါ။
ဦးစွာ အချိန်၊ ငွေကြေးနှင့် ကျန်းမာရေး ဗဟုသုတများစွာ ကိုစိတ်ရှည်ရှည်ဖြင့် အဆက်မပြတ် လေ့လာသင်ယူပါသည်။ စာတွေ့များကို လက်တွေ့နယ်ပယ်တွင် စနစ်တကျ အသုံးချပြီး၊ ကျန်းမာသည့် ခန္ဓာကိုယ်ကို ပုံဖေါ်ထုဆစ်ထားခြင်း ဖြစ်ပါသည်။
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈
“𝗛𝗲𝗮𝗹𝘁𝗵 𝗶𝘀 𝗪𝗲𝗮𝗹𝘁𝗵"
#အဖိုးကြီး
Aung
MM Gym & Dance Studio - AUNG BAN
☎️-09 780 831 303
📞-09 266 615 527