29/07/2023
အဆက်အသွယ်ဖြတ်ဖို့..ကြိုးစားလိုက်တယ်..။
ကျွန်တော် နေနိုင်လွန်းလို့တော့..မဟုတ်ဘူး..။
ဒီလိုပဲ..အသည်းမာလွန်းလို့..လည်း..မဟုတ်ဘူး.။
ရှေ့လျှောက် ဒဏ်ရာတွေ..အများကြီး..ထပ်မရချင်တော့လို့..။
နာကျင်မှု့တွေ..ပွေ့ပိုက်မထားချင်တော့လို့..။
ခဏတာ..နာကျင်မှု့ကိုပဲ..
ကျွန်တော်...ရွေးချယ်လိုက်ပါ့မယ်..။
အချိန်ဆိုတာ..အကောင်းဆုံး..သမားတော်..တဲ့..
အခု..အဆင်မပြေလည်း..နောက်တော့..အဆင်ပြေသွားမှာလို့..
ကျွန်တော် ယုံကြည်ထားတယ်..။
နူတ်မဆက်ပဲ..တိတ်တိတ်ကလေး.ထွက်ခွာသွားခြင်းက.ခံစားရ သက်သာစေမှာပါ..။
ဒါကြောင့်..
ကျွန်တော်.နူတ်မဆက်တော့ဘူး..။
အစစ အရာရာ..ခင်ဗျား.အဆင်ပြေ ပျော်ရွှင်ပါစေ..ဆိုတဲ့..စိတ်..ဆန္ဒလေး..တစ်ခုနဲ့.ပါပဲ....။