20/02/2026
Inner Child Healing👧🏻🤍
အသက်ကြီးသွားလည်း ဟေသီတို့ လူတိုင်းရင် ကိုယ်ထဲမှာ ငယ်ငယ်တည်းက ကိုယ် (inner child) က အမြဲရှိပါတယ်
လူကြီးဖြစ်ပြီးတာတောင် တခါတရံမှာ စိတ်ညစ်ရတာ စိတ်ရှုပ်ရတာ စိတ်ပူပန်တာတွေရဲ့ အများစုက inner child healing ကို သေချာ မသိခဲ့တဲ့ အတွက်ကော mental care နဲ့ပတ်သက်ပြီးတော့ ဟေသီတို့လို့ မြန်မာအများစု (asians) တွေက စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ဆေးကုတာတို့ therapy ယူတာတို့ဆို မကောင်းတာလို့ မြင်တဲ့ ပတ်ဝန်းကျင်မို့ ဖြစ်မယ်ထင်ပါတယ်
Experience အရဆို ဟေသီက အခု mids 20 အတိမှာကိုတောင် ခုထိ inner child healing ကို လုပ်နေတုန်းပါဘဲ တစ်လ နှစ်လနဲ့ ပြီးတဲ့ အရာလည်းမဟုတ်တဲ့ အတွက် အချိန်ယူပြီး ကိုယ့်ကိုကိုယ် care လုပ်ပေးရတယ်
Inner child healing မလုပ်နိုင်ရင် ဟေသီတို့က ကိုယ်ကိုယ်တိုင်နဲ့ relationship with myself ကော relationship with others ကော ကောင်းကောင်း မလုပ်ဆောင်နိုင်ပါဘူး အဲ့အခါ toxic situations တွေကနေ မထွက်နိုင် negative self talk လုပ် ကောင်းတဲ့ သူနဲ့ တွေ့ရင်တောင် ကိုယ်က toxic ဖြစ်တာတွေလည်း ဖြစ်တာပါ (ဥပမာ ကိုယ်ကမှားနေလည်း လက်မခံတာတွေလည်း အတူတူပါဘဲ)
ဟေသီကို positive thinking ဘဲ တွေးတယ်လို့ ထင်လောက်ပေမယ့် တခါတရံမှာ ဖြစ်လာတဲ့ စိတ်မွန်းကြပ်တာတွေ how do people think about me? စသဖြင့် အတွေးတွေ များတတ်တယ် friendships တွေနဲ့ဆိုလည်း တခါတလေ ကိုယ်က outsider လား am I being neglected? အဲ့လို အတွေးတွေ ဝင်လာတတ်တယ် ပုံစံတူတဲ့ situations တွေမှာ ပိုပြီး သိသာတာမျိုးပေါ့ အဲ့လိုဆို inner child က ခုထိ heal မလုပ်နိုင်သေးတာပါ
ကိုယ့်ကိုကိုယ် ယုံကြည်တာ ကိုယ့်ကိုကိုယ်ချစ်တာတွေထက် inner child healing ကကြ တစ်ယောက်နဲ့ တစ်ယောက် ကြီးလာတဲ့ ပတ်ဝန်းကျင် ကြုံလာရတဲ့ life events တွေနဲ့အလိုက် မတူတော့ ကိုယ့် inner child ကတော့ ဘယ်လို အခြေအနေလဲဆိုတာကို awareness ထားပြီး ပြန်လေ့လာရတာပါ ဘယ်ရက် ဘယ်အခြေအနေမှာ ဘယ်လို စိတ်ခံစားချက်က ဖြစ်လာတယ် ဆိုပြီး record လုပ်ပြီး အဲ့မှာ အထပ်ထပ် အခါခါ ဖြစ်တဲ့ စိတ် ခံစားချက်ဆို inner child က healed မဖြစ်သေးလို့ ခနခန feelings get overwhelming
ဟေသီဆို ငယ်ငယ်က အရမ်း ဝ လို့ စနောက်တာတွေ ခံရတယ် အကြည့်ခံရတယ် အဲ့တာတွေက အခု ပိန်သွားလည်း တခါတလေ အဲ့တုန်းက ခံစားခဲ့တဲ့ ရှက်ပေမဲ့လည်း စိတ်ဆိုးပေမဲ့လည်း ချစ်လို့ စာတာပါ ဆိုတဲ့ ခင်မင်စိတ်ကြောင့်ပါ ဆိုပြီး သည်းခံ ဝမ်းနည်းရတာတွေက ခုထိ တခါတလေ are they gonna evaluate me? ဆိုတဲ့ စိတ်နဲ့ ဘာလုပ်လုပ် confidence လျော့ကျစေခဲ့တယ်
နောက်တခုကြ မြန်မာမှာဆို စာတော်ရင် ချီးကျူးခံရပြီး စာမလူပ်ရင် အဆူခံရတာတွေက traditional လိုဖြစ်တော့ ဟေသီက ငယ်ငယ်က စာပုံမှန်လုပ်ရကနေ ၄ တန်းလောက်မှာ ရုတ်တရက် အဆင့် ၁ တွေ ကောက်ဖြစ်ရာကနေ အဲ့တုန်းကလည်း ဝဝကစ်ကစ်နဲ့ စာတော်တော့ ဆရာမတွေကော လူကြီးတွေကော ချစ်ကြတော့ do i get love only when I get good grades? ဆိုသလို perfectionism ဖြစ်လာခဲ့တယ်
ခုတော့ အရမ်းကြီး ဂရုမစိုက်ပေမဲ့ ဒါက ဟေသီကိုယ်တိုင်လည်း overcome ထားတာရယ် I know my value and my worth မို့ပါ ဘယ်သူမဆို have their own worth ပါ💗💗 (ကလေးတွေကို စာမလုပ်ခိုင်းနဲ့ ပြောတာတော့ မဟုတ်ပါဘူးနော် စာလုပ်လုပ် မလုပ်လုပ် ထပ်တူထပ်မျှ ချစ်ပေးတာပါ ဟေသီကကြ မိဘတေက မချစ်တာမဟုတ်ပါဘူး ဒီတိုင်း မိဘတွေ အပြင် လူကြီးတွေ ဆရာမတွေ ချစ်တာပါ ခံရတော့ ရတိုင် လိုချင်တဲ့ လူ့သဘာဝလို😆 ခုတော့ it’s okay when someone doesn’t like me)
Overcome ထားတာတောင် တခါတလေ အဲ့ ခံစားချက်တွေက follow me like shadows အဲ့အချိန် ကိုယ်က သိရမှာပါ it’s not reality, just my inner child is telling me she’s abit worried about not getting enough love when she doesn’t get good grades ဆိုပြီး ကိုယ့် inner child ကိို သေချာ re-parenting ပေးတာပါ it’s okay when you didn’t do well,you are still precious and can get love from me (myself)
အကျဉ်းချုပ်ရရင် inner child healing ကို သေချာလုပ်ပြီး negative emotions တွေကို overcome တာပါ အဲ့တာမှ we can get a new version of ourselves, better version not just only in outer appearances,but in your inner mind🤍🤍
နည်းလမ်းတွေကတော့ ခုနက ပြောသလို အရင် ကိုယ်ရဲ့ ခံစားချက်တွေကို awareness သတိထားပြီး လေ့လာတာပါ what kind of emotions that come out in which situation (သေချာ specific situation ကို သိရင်တော့ ပိုကောင်းတာပါ)
ပြီးရင် ငယ်ငယ်က memories တွေကို ပြန်တွေး ပြန်မြင်ယောင်ပေးတာပါ both good and bad memories!
အဲ့တုန်းက ကိုယ့်ကို ပြန်မြင်ယောင် visualize ပြီး ငိုနေတဲ့ ဝမ်းနည်းနေတဲ့ ကိုယ့်ငယ်ငယ်က ကိုယ့်ကို ပြန် အားပေး comfort ပေးတာပါ it’s okay, you are safe.you are worthy etc
Writing letters to your inner child လည်း နည်းထဲက တခုပါ
အသေးစိတ်ကိုတော့ youtube တွေမှာ inner child healing ဆိုပြီး ရှာကြည့်ပါနော် ဒီမှာတော့ ဟေသီ ကြည့်ဖူးတဲ့ထဲက တစ်ခုကိုဘဲ link sharing ထားပါ့မယ် 🤍🤍
https://youtu.be/uKHkq6S3kaU?si=NL_LO6OhM--XQmO8
ပုံလေးကတော့ me and my mom 💖