Fight For Fear

Fight For Fear Gaming Video Creator

28/02/2026

Battle For Freedom
Season 2
Group Stage Day 3
Group D
AND Vs GE 7:00Pm
Team Enigma Vs Luxlife 8:00Pm
One match Vs Luxlife 9:00 Pm
SNG Vs Team Enigma 10:00Pm
SNG Vs One Match 11:00Pm



28/02/2026

Battle For Freedom
Season 2
Group Stage Day 3
Group D
AND Vs GE 7:00Pm

Team Enigma Vs Luxlife 8:00Pm

One match Vs Luxlife 9:00 Pm

SNG Vs Team Enigma 10:00Pm

SNG Vs One Match 11:00Pm




မဂ်ါလာပါ ခမျာ ကျနော်တို့ ကြောက်ခေတ်ကိုမှောက်ပစ်မယ် ညီကိုများမှ "သက်ကယ်ကျည်ကာ သိန်း၂၅၀၀" ကမ်ပိန်းအောက်ကနေ ကျင်းပပြုလုပ်သေ...
16/12/2025

မဂ်ါလာပါ ခမျာ ကျနော်တို့ ကြောက်ခေတ်ကိုမှောက်ပစ်မယ် ညီကိုများမှ

"သက်ကယ်ကျည်ကာ သိန်း၂၅၀၀" ကမ်ပိန်းအောက်ကနေ ကျင်းပပြုလုပ်သော

“FIGHT FOR FEAR Season-7 MLBB “ တော်လှန်ဂိမ်းပြိုင်ပွဲကြီးကတော့ အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်ခမျာ

FFF Season-7မှာတော့ အသင်းဝင်ကြေးအလှူငွေနှင့်
စပွန်ဆာ ရရှိငွေ စုစုပေါင်း 12440000 Won(တစ်ရာနှစ်ဆယ့်လေးသိန်းလေးသောင်း ဝမ်) ရရှိခဲ့ပါတယ်

FFF Season-7မှာ ပါဝင်ပေးခဲ့ကြတဲ့ အသင်းတစ်သင်းချင်းဆီတိုင်း player တစ်ယောက်ဆီတိုင်း နှင့် စပွန်ဆာအဖြစ် ပါဝင်ပေးခဲ့ကြသော ညီကိုမောင်နှမ တစ်ယောက်ချင်းဆီတိုင်းကိုလည်း ကျေးဇူးအထူးတင် ဂုဏ်ပြုပါတယ်ခမျာ🫶

ရရှိလာသောအလှူငွေများကိုလည်း ပြိုင်ပွဲဆုကြေးနဲ့ ကုန်ကျစရိတ်များအသုံးပြုပြီး မြေပြင်ရဲဘော်တွေအတွက် အသက်ကယ်ကျည်ကာ တပ်ဆင်ရေးနဲ့ စစ်ဘေးရှောင်မိဘပြည်သူ လိုအပ်ချက်များ ဖြည့်ဆည်းရာတွင် အသုံးပြုသွားပါမယ်ခမျာ

ရှင်းတမ်းအသေးစိတ်ကိုလည်း ထပ်မံတင်ပြပေးပါမယ်ခမျာ 🥰🫶

Fight For Fear Season-7 ရဲ့CHAMPIONS ဆုကိုတော့ RUMBLEအသင်း က ထိုက်ထိုက်တန်တန်နဲ့ 4-0ဆိုတဲ့ ပြတ်သားတဲ့ ရလာဒ်နဲ့ CHAMPIONS...
07/12/2025

Fight For Fear Season-7 ရဲ့

CHAMPIONS ဆုကိုတော့

RUMBLEအသင်း က ထိုက်ထိုက်တန်
တန်နဲ့ 4-0ဆိုတဲ့ ပြတ်သားတဲ့ ရလာဒ်နဲ့ CHAMPIONS ဆုကိုတော့ ခွတ်ခူးသွားခဲ့ပါပြီ

Congratulations ပါ RUMBLE ESPORT 🥰🫶

GGWP MAXIMUM IDIOTS 🫶🥰

REAL WORLD REAL CHAMPIONS Land Of Down မှာ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ၊ အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေကို ဖြတ်သန်းပြီးတဲ့နော...
07/12/2025

REAL WORLD
REAL CHAMPIONS

Land Of Down မှာ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ၊ အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ "Fight For Fear Season 7" ဟာ ၎င်းရဲ့ အဆုံးသတ် ခရီးစဉ်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။
ယနေ့ညမှာတော့ RUMBLE အသင်းနဲ့ MAXIMUM IDIOTS အသင်းတို့ဟာ Season 7 ရဲ့ချန်ပီယံဆုဖလားကို ဆွတ်ခူးဖို့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်သွားကြမှာပါ။ ဒီSeason တစ်လျှောက်လုံးမှာ နှစ်သင်းစလုံးရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့Individual Skill တွေ၊ အသင်းအလိုက် Battle set up တွေ၊ ရင်သပ်ရှုမောဖွယ် ကစားဟန်တွေကြောင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှိမယ့် Grand Final BO7 ပွဲစဉ်ကြီးဖြစ်လာပါလိမ့်မယ်။ အင်မတန် တိကျပြီး စိတ်ဝင်စားဖွယ်ရှိတဲ့ Caster တွေရဲ့ Casting တွေနဲ့အတူ Fight For Fear Season 7 GRAND FINAL ပွဲစဉ်ကြီးကို ဒီည၇နာရီမှာ ကျနော်တို့နဲ့အတူစောင့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

See You Soon 💥🔥

ဒုတိယမ္ပိမကျေပွဲ(သို့)KGK VS MAXIMUM IDIOTS KGK တို့အနေနဲ့ Lower Final မှာ MI အသင်းနဲ့ပြန်ဆုံကြပါပြီ။ ဒီနှစ်သင်းဟာ Upper...
07/12/2025

ဒုတိယမ္ပိမကျေပွဲ
(သို့)
KGK VS MAXIMUM IDIOTS

KGK တို့အနေနဲ့ Lower Final မှာ MI အသင်းနဲ့
ပြန်ဆုံကြပါပြီ။ ဒီနှစ်သင်းဟာ Upper Brackets ပွဲစဉ်မှာ တွေ့ဆုံဖူးပြီး KGKတို့အနေနဲ့ အနိုင်ရရှိထားခဲ့ပါတယ်။ အခုတစ်ခေါက်မှာရော MIတို့အနေနဲ့
ပြီးခဲ့တဲ့ ရှုံးကြွေးကို ဒီပွဲမှာဆပ်ပြနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမယ်။
KGKရဲ့ တောင့်တင်းတဲ့ ကစားဟန်၊ Individual Skill
မြင့်မားတဲ့ Player တွေကိုရော MIတို့ကျော်ဖြတ်နိုင်မလား။ MIရဲ့ Battle Set up တွေ၊ အချိတ်အဆက်မိမိ
Team form တွေကိုရော KGKတို့ ဘယ်လိုကျော်လွှားမလဲ စတဲ့မေးခွန်းတွေလည်းရှိနေပြန်တယ်။
မကြာခင်မှာပဲ Fight For Fear Season 7 ရဲ့
Lower Final BO5 ပွဲစဉ်ကြီးကို မြိုင်မြိုင်ဆိုင်ဆိုင်
ကြည့်ရှုရတော့မယ်ဗျာ။
Grand Final မှာ မိန်မိန့်ကြီးထိုင်စောင့်နေတဲ့
RUMBLE TEAM ဆီကို ဘယ်အသင်းက တက်လှမ်းသွားမလဲ ဆိုတာ ကျနော်တို့နဲ့အတူ စောင့်ကြည့်ကြပါစို့။

ချန်ပီယံတို့လာရာလမ်း(သို့မဟုတ်)RUMBLE VS KGKSunday 6.Dec.2025အသင်းနာမည်တွေကြားလိုက်တာနဲ့စိတ်ဝင်စားသွားတယ်မလား။ အစဉ်အလာကြ...
03/12/2025

ချန်ပီယံတို့လာရာလမ်း

(သို့မဟုတ်)

RUMBLE VS KGK

Sunday 6.Dec.2025

အသင်းနာမည်တွေကြားလိုက်တာနဲ့
စိတ်ဝင်စားသွားတယ်မလား။ အစဉ်အလာကြီးမားတဲ့
Fight For Fear Season အဆက်ဆက်မှာ အကောင်းဆုံးစွမ်းဆောင်ရည်၊ အကြမ်းဆုံးလက်စွမ်းတွေကို
ဒီအသင်းတွေဆီမှာ တွေ့မြင်ရပါမယ်။ ဒီပွဲက
FFF Season 7 တစ်လျှောက် အမြိုင်ဆုံးပွဲတစ်ပွဲ
ဖြစ်လာပါလိမ့်မယ်။
မြင့်မားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ရှယ်ကြမ်းနေတဲ့ Rumble အသင်းဟာ Upper Final မှာတော့
KGKအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံပါပြီ။
ဒီပွဲအကြောင်း မဆွေးနွေးမီ
FFF Season 5ရဲ့ Grand Final ပွဲအကြောင်းကို
ပြန်လည် တူးဆွကြည့်ရပါမယ်။
ထိုစဉ်က KGK ဟာ MegalondonX အသင်းကို သူတပြန်ကိုယ်တပြန်( BO7) အကြိတ်အနယ်ယှဉ်ပြိုင် အနိုင်ယူခဲ့ပြီး ချန်ပီယံဆုဖလားကို ဆွတ်ခူးသွားပါတယ်။
လက်ရှိ Rumble အသင်းရဲ့Line Up Player အချို့ဟာ MegalondonX အသင်းသားဟောင်းတွေမို့
Rumble Vs KGK ပွဲဟာ ကြွေးဟောင်းဆပ်မယ့်ပွဲများ ဖြစ်သွားလေမလား ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။
အစဉ်အလာကြီးမားတဲ့ အသင်း ၂သင်း။
Korea Regionရှိ မြန်မာအသင်းတွေထဲ
အကြမ်းဆုံး၂သင်း။ ကစားသမားတွေရဲ့ မြင့်မားတဲ့
ပွဲအတွင်း လက်စွမ်းတွေ၊လုံးဝအမှားမခံတဲ့ Micro Spell Casting တွေ၊ တဦးချင်းစီရဲ့ Epic Outplayတွေ၊
Teamwork အလိုက် Battle Set Upတွေကို
ရင်သပ်ရှုမော ကြည့်ရှူရပါလိမ့်မယ်။
ပြိုင်ပွဲရဲ့ Tempo အမြင့်ဆုံး တွေ့ဆုံမှုမှာ
ကြွေးဟောင်းဆပ်ရမယ့် မကျေပွဲဖြစ်လာမလား။
BO5 series ဖြစ်တာနဲ့အညီ
Upper Finalရဲ့ ပြယုဂ်ကို Game 5အထိဆွဲခေါ်သွားမလား စိတ်ဝင်တစား စောင့်ကြည့်ရပါမယ်။
Rumbleအသင်းမှာ Lord Instaa, J, Jess,Yamji,Ko Thaw တို့လို Korea Serverရဲ့အကြမ်းဆုံးကစားသမား‌တွေ ပါဝင်လာနိုင်ပြီး
KGK မှာတော့ Liz,General Wizz,Sana,Coca,Tai Laung,Ant Man,Ame စတဲ့ တကယ်ကြမ်းတဲ့ အစုအဖွဲ့ကို တွေ့မြင်ရမှာပါ။
ဘယ်အသင်းက Grand Finalကို တက်လှမ်းသွားပြီး
ဘယ်အသင်းကတော့ Lower ကို ဆင်းရမလဲဆိုတာ
လာမယ့် Sundayမှာ စောင့်ကြည့်ကြပါစို့။
ကျနော်တို့အနေနဲ့ ဒီပွဲဟာ သမိုင်းသစ်ရေးထိုးရမယ့်
ချန်ပီယံလောင်းတွေအနေနဲ့ "အသည်းကောင်းလို့တောင်းတဲ့ပွဲ မို့ ချန်ပီယံတို့လာရာလမ်း"ကို လုံးဝလက်မလွတ်စတမ်း စောင့်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။
သင်တို့အမြင်ရော ဘယ်လိုရှိပါသလဲ။
Comment မှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။
(နှစ်ဖက်ကစားသမားများနဲ့ ရန်ပုံငွေပြိုင်ပွဲရဲ့
ပုံရိပ်ကို မထိခိုက်စေဖို့ ပြင်းထန်သော ကွန့်မန့်များ
မမန့်ဖို့ မေတ္တာရပ်ခံပါတယ်)

BiggZ

MAXIMUM IDIOTS Vs G7 ESPORT (Saturday 6.Dec.2025)ကျားနဲ့ဆင် လယ်ပြင်မှာတွေ့တဲ့ပွဲလို့ဆိုရမယ်။MI တို့အနေနဲ့ အစုအဖွဲ့အားကော...
03/12/2025

MAXIMUM IDIOTS Vs G7 ESPORT

(Saturday 6.Dec.2025)

ကျားနဲ့ဆင် လယ်ပြင်မှာတွေ့တဲ့ပွဲလို့ဆိုရမယ်။
MI တို့အနေနဲ့ အစုအဖွဲ့အားကောင်းပြီး ပုံစံကောင်းတွေ ပြန်လည်ရရှိနေချိန်မှာ ချန်ပီယံလမ်းကြောင်းအတွက် အစစ်ခံရမယ့်ပွဲပါပဲ။
တစ်ဖက်က G7တို့အနေနဲ့ Lower Bracketမှာ တစ်ပွဲမှ
မရှုံးနိမ့်ဘဲ Upper ကဆင်းလာတဲ့အသင်းကြီးမှန်သမျှကို ရိုက်ခွဲပြနေချိန်ပါ။G7တို့ရဲ့ Mentality အမြင့်ဆုံးအနေအထားမှာရှိနေပါတယ်။
MIအသင်းရဲ့ အရည်အသွေးမြင့်ကစားသမားတွေဖြစ်တဲ့ Choco Shanji, Mg Kyoung Thar,Kuzan,
Asher နဲ့ SBlack Pinky တို့လိုတောင့်တင်းတဲ့ Line Up
ကိုရော G7တို့အနေနဲ့ ကျော်ဖြတ်နိုင်မလား ဆိုတဲ့
မေးခွန်းတွေလည်းရှိနေပါတယ်။
တစ်ဖက်မှာလည်း Mr Karton, Lu Aye, RUN, Gold Roger နဲ့ Super Vynn တို့လို Teamwork ကောင်းမွန်ပြီး Individual Skill မြင့်မားတဲ့ ကစားပုံတွေကြောင့်
MI အနေနဲ့လည်း လွယ်ကူမနေပါဘူး။
ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ အုပ်စုပွဲစဉ်မှာ
ရှိခဲ့ဖူးပြီး 1-1 Result (BO2) နဲ့ မပြတ်သားတဲ့အဖြေပဲ
ရရှိခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ချန်ပီယံလမ်းကြောင်းအဖြစ် Lower Final ကိုဘယ်အသင်းက
တက်လှမ်းသွားမလဲ။ FFF Season 7ကနေ ဘယ်အသင်းက လက်ပြနှုတ်ဆက်ရမလဲ စောင့်ကြည့်ရမယ့်ပွဲဖြစ်ပါတယ်။
ဒို့တစ်ရွာလုံးက ကြမ်းမှ ကြိုက်တာ ဆိုသူများအတွက်
လက်မလွှတ်စတမ်း စောင့်ကြည့်ရမယ့် ပွဲကောင်း
တစ်ပွဲဖြစ်ပါတယ်။

အမေးအဖြေကဏ္ဍ။
မေး။။ ။လာမယ့်ပွဲစဉ်မှာ ပြိုင်ဘက်အသင်းရဲ့ အားသားချက်အားနည်းချက် ဘယ်လိုရှိလဲ။
ပြိုင်ဘက်အသင်းမှာ အထူးဂရုစိုက်ရမယ့် ကစားသမားရှိလား။
ပြိုင်ဘက်အသင်းအပေါ် ပွဲကြိုစကားတစ်ခွန်း။

Gold Roger(G7)။ ။MI ဟာ အသင်းကောင်းတစ်သင်းပါ။
SBlack Pinky ။
ပွဲကောင်းတစ်ပွဲဖြစ်အောင် ပြင်ဆင်ခဲ့ပါ။

Mg Kyoung Thar(MI)။ ။G7အားသာချက်ကတော့အသင်းဖွဲ့စည်းမှုကောင်းတာပေါ့ဗျာအသင်းသားတစ်ယောက်ချင်းစီတိုင်းကလက်ရည်ညီကြပါတယ်အားနည်းချက်ကတော့မရှိသလောက်ပါပဲကောင်းကြပါတယ်။
သတိထားရမယ့်သူရယ်လို့မရှိပါဘူး။အားလုံးကသူ့ဟာနဲ့သူတော့ကောင်းကြပါတယ်။
ကျနော်တို့ အနိုင်မခံအရှုံးမပေး တီးသွားမှာပါ။

သင်တို့ရဲ့အမြင်ကိုလည်း Comment မှာ
ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။
(နှစ်ဖက်ကစားသမားများနဲ့ ရန်ပုံငွေပြိုင်ပွဲရဲ့ ပုံရိပ်မထိခိုက်စေဖို့ ပြင်းထန်သော ကွန့်မန့်များ မရေးကြဖို့ မေတ္တာရပ်ခံပါတယ်။)

BiggZ

FFF Season-7. ပြိုင်ပွဲတွေ ပွဲပြီးဆုံးဖို့ နီးကပ်လာတာနဲ့အမျှ တကယ်မြိုင်ဆိုင်လာတဲ့ ပွဲတွေ ကြည့်ရမဲ့အပြင် ဒီပတ် Saturday ည...
29/11/2025

FFF Season-7. ပြိုင်ပွဲတွေ ပွဲပြီးဆုံးဖို့ နီးကပ်လာတာနဲ့အမျှ တကယ်မြိုင်ဆိုင်လာတဲ့ ပွဲတွေ ကြည့်ရမဲ့အပြင်

ဒီပတ် Saturday ည မှာ Top6 ဝင်ဖို့ ရှယ်ကြုံးကြမဲ့ ပွဲတွေအပြင်

Sunday မှာလည်း Upper Finalရောက်ဖို့ရှယ်ကြုံးကြမဲ့ပွဲတွေရှိလို့ လာရောက်အားပေးကြပါအူးဗျာ 🫶🖤

Sundayမှာတော့ FFF Season-7ရဲ့ Upper Backup ရဲ့ ကြမ်းကြမဲ့ပွဲစဥ်တွေ ရှိလို့ မနက်ဖြန်မှာ လာအားပေးကြပါအူးခမျာ🥰🫶
22/11/2025

Sundayမှာတော့

FFF Season-7ရဲ့ Upper Backup ရဲ့ ကြမ်းကြမဲ့ပွဲစဥ်တွေ ရှိလို့ မနက်ဖြန်မှာ လာအားပေးကြပါအူးခမျာ🥰🫶

ပြိုင်ပွဲကနေ မထွက်ခွါရဖို့ အပြင်းထန် ကြုံးကြရတော့မဲ့ Lower Backup ပွဲစဥ်တွေကိုSat ည 7:00မ စယှဥ်ပြိုင်ပါမယ်ခမျာ
22/11/2025

ပြိုင်ပွဲကနေ မထွက်ခွါရဖို့ အပြင်းထန် ကြုံးကြရတော့မဲ့ Lower Backup ပွဲစဥ်တွေကိုSat ည 7:00မ စယှဥ်ပြိုင်ပါမယ်ခမျာ

FFF Season-7Super Sundayမှာ Upper Backup ပွဲကောင်းတွေလည်း ကြည့်ရမှာဖြစ်သလ်ု Lowerမှာလည်း ပြိုင်ပွဲကနေ မထွက်ခွါဖို့  ကြမ်...
16/11/2025

FFF Season-7

Super Sundayမှာ Upper Backup ပွဲကောင်းတွေလည်း ကြည့်ရမှာဖြစ်သလ်ု

Lowerမှာလည်း ပြိုင်ပွဲကနေ မထွက်ခွါဖို့ ကြမ်းကြမဲ့
ပွဲစဥ်တွေရှိလို့ လာအားပေးကြပါအူးဗျ🫶🥰🖤

Address

Hwaseong

Website

Alerts

Be the first to know and let us send you an email when Fight For Fear posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category