17/04/2026
"မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်အခါသမယမှာ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းစင်ပြီး စိတ်ကိုယ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
တော်လှန်ရေးခရီးကြမ်းကို ပြည်သူနှင့်အတူ လက်တွဲဖြတ်သန်းခဲ့ရာမှာ ပြည်သူ့မေတ္တာဟာ ကျွန်ုပ်တို့အတွက် အဓိကခွန်အားဖြစ်ခဲ့ပါတယ်။
စ-စ်အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီဆီသို့ အရောက်လှမ်းနိုင်ဖို့ ကျွန်ုပ်တို့ ရဲဘော်များအားလုံးက သ-က်စွန့်ကြိုးပမ်း ဖော်ဆောင်သွားမယ်လို့ အလေးအနက် ကတိပြုပါတယ်။
“အာဏာရှင်ကင်းစင်သော မြေမှာ အားလုံးပျော်ရွှင်စွာ ဆုံတွေ့ကြပါစို့။”