11/06/2026
ချစ်သူဟာ မိန်းမကောင်းလေးမို့ ၆ နှစ်လုံးလုံး ပရိသတ်တွေမသိအောင်မျိုသိပ်ထားခဲ့ရတဲ့ သရုပ်ဆောင်ထွန်းထွန်း
လူပျိုကြီးထွန်းထွန်းကတော့ ပရိသတ်တွေ အားလုံးမထင်ထားတဲ့အချိန်မှာ လက်ထက်ခွင့်တောင်းပြီး ချက်ချင်းမင်္ဂလာပွဲစီစဉ်ပြီး ချစ်ပြသွားခဲ့တာ အားလုံးလည်းသိကြမှာပါ။ ထွန်းထွန်းအနေနဲ့ကတော့ အရှုပ်အရှင်းသတင်းတွေအတော်လေး မရှိတာကြောင့် ပရိသတ်တွေအားလုံးက ထွန်းထွန်းကို အိမ်ထောင်မပြုတော့ဘူးလို့တောင် ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေအားလုံး အံ့ဩသွားအောင်လုပ်လိုက်နိုင်တဲ့ သရုပ်ဆောင်ထွန်းထွန်းကတော့ ချစ်သူ သက်တမ်း ၆ နှစ်လုံးလုံး ပရိသတ်တွေမသိအောင်ဖုံးထားခဲ့သလို သူ့ရဲ့ အမျိုးသမီးလေးဟာ သာမာန်အရပ်သူလေးတစ်ယောက်ဖြစ်ကြောင်း ပြောပြလာခဲ့ပါတယ်။ထွန်းထွန်းအနေနဲ့ကတော့ ဒီအမျိုးသမီးလေးနဲ့စစတွေ့ချိန်အချိန်မှာကတည်းက လက်ထက်ဖို့ရည်ရွယ်ထားခဲ့တာဖြစ်ပြီး စိတ်လှုပ်ရှားလွန်းတဲ့အတွက် ဖိနပ်တွေလည်း မှားစည်းခဲ့ရကြောင်းရင်ဖွင့်လာခဲ့ပါသေးတယ်။ ခုချိန်ထိ ထွန်းထွန်းဟာ ဒီအမျိုးသမီးလေးအပေါ်မှာ စိတ်ညစ်အောင် တစ်ခါမှမလုပ်ဖူးသလို အမြဲတမ်းလည်း ကလေးတစ်ယောက်လိုမျိုး အစစအရာရာ ဂရုစိုက်ပေးတတ်တာကြောင့် အိမ်ထောင်ကျ ကံကောင်းခဲ့တယ်ဆိုပြီးတော့တောင်ပြောလာခဲ့ပါတယ်။ ပရိသတ်တွေကတော့ ယောကျာ်းတစ်ယောက်သာ တကယ်ချစ်ပြီဆိုရင်ခုလိုမျိုး လိုလေသိမ်းမရှိ အစစအရာရာ ဂရုစိုက်တတ်တယ်ဆိုတဲ့အဖြစ်မျိုးကို ထွန်းထွန်းမှာတင်မက ၊ ငယ်ငယ်ချောချော ချစ်မဝလေးကိုအပိုင်သိမ်းသွားတဲ့ သရုပ်ဆောင်ဇေယျမှာထဲက အတော်လေး သိနေခဲ့ကြပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ခုလိုမျိုး နေနဲ့လ ရွှေနဲ့မြလိုမျိုး လိုက်ဖက်ညီနေကြတဲ့ ထွန်းထွန်းတို့ ဇနီးမောင်နှံအတွက်ဆုတောင်းပေးသွားကြပါအုံးရှင်။ ゚viralfbreelsfypシ゚viral —