Galaxy By Zay

Galaxy By Zay Hello မဂၤလာပါ

07/04/2024

ဒဲဖြုတ်တာဗျာ

15/02/2023

ဘိုကျားသေနတ်ကိုယ်ကြိုက်တာကိုယ်လုပ်😂😂

24/12/2022

New Xsuitကြီးနဲ့

24/12/2022

ကဲကဲ

ဂျပန်သွားတော့မယ်ဆိုရင် မရှိမဖြစ်သိထားသင့်တာကတော့ ခေါက်ဆွဲပြုတ်နည်းပဲဖြစ်ပါတယ်။●●●မပြုတ်တတ်ရင် ခေါက်ဆွဲက အပေါ်မနူး အောက်မန...
27/11/2022

ဂျပန်သွားတော့မယ်ဆိုရင် မရှိမဖြစ်သိထားသင့်တာကတော့ ခေါက်ဆွဲပြုတ်နည်းပဲဖြစ်ပါတယ်။
●●●

မပြုတ်တတ်ရင် ခေါက်ဆွဲက အပေါ်မနူး အောက်မနူး၊ တစ်ကမ္ဘာလုံးမာမီး၊ ယမ်ယမ်စားနေကြတာမဟုတ်လေတော့ ခေါက်ဆွဲပြုတ်ပုံပြုတ်နည်းက သိထားဖို့လိုပါသေးတယ်။

ရေနွေးလေးထည့်ပြီး သုံးမိနစ်ပဲစောင့်ဆိုပြီး ဘာမှဖြစ်မလာတဲ့ ခေါက်ဆွဲမျိုးတွေ ဝယ်မိပြီး သုံးမိနစ်ကြာတဲ့ အခါ ဗိုက်တအားဆာနေတာမျိုးတွေ မဖြစ်ကြစေဖို့ ရည်ရွယ်ပါတယ်။

တကယ်က ခေါက်ဆွဲ ခြောက်ကို ဂျပန်နိုင်ငံက စတင်တီထွင်ခဲ့တာပါ။ မိုမိုဖုကု အန်းဒို ဆိုတဲ့ ပုဂ္ဂိုလ်က တီထွင်ခဲ့တာပါ။ စစချင်း ချစ်ကင်းလားမဲန်း ဆိုတဲ့ ကြက်သားအရသာခေါက်ဆွဲပြုတ်ပါ။ နိဆင် ကုမ္ပဏီအနေနဲ့ တီထွင်ခဲ့တာပါ။ ခြောက်ဆွဲခြောက်ဟာ အခြောက်ခံထားတာမဟုတ်ပါဘူး။ 【Flash frying】 ဆိုတဲ့ လျှပ်တစ်ပြက် ဆတ်ကနဲကြော်နည်းနဲ့ ကြော်ထားတာပါ။ ဘာသာပြန်မှားတယ်မပြောနဲ့။ 😁

ထားပါ။ ဂျပန်ထဲက ခြောက်ဆွဲခြောက်ထုပ်တွေထဲ မြန်မာပါးစပ်နဲ့ အလိုက်ဆုံးက ကိုရီးယားက ရှင်းန်း လားမဲန်း ကိုရိးယားကင်ချီချဉ်ဖတ်ခေါက်ဆွဲပါ။ ကျနော်က အချဉ်ကြိုက်တော့ သံပုရာသီးထပ်လိုက်ရပါတယ်။ တကယ့်သံပုရာသီးမဟုတ်ပါ။ ကဂိုမဲ တံဆိပ် သံပုရာသီးအရည်လို့ တံဆိပ်ကပ်ထားတဲ့ ဘူးထဲ တစ်ဆယ်နဲ့ခြောက်စက်တိတိကို ထပ်လိုက်တာပါ။

●●●

ခေါက်ဆွဲပြုတ်နည်းရေးပါမယ်။

ရှေးဦးစွာ လက်ကို စင်စင်ဆေးပါ။ အနည်းဆုံး တစ်မိနစ်ခန့်ဆေးသင့်ပါတယ်။ လက်ထဲကနေ မမြင်နိုင်တဲ့ ပိုးမွှားလေးတွေ ပါးစပ်ထဲဝင်လာနိုင်ပါတယ်။ ဆေးတဲ့အခါ ရေနွေးလေးနဲ့ဆေးသင့်ပါတယ်။ ဆပ်ပြာသို့မဟုတ် အာလုကောလု လို့ခေါ်တဲ့ အရက်အနည်းငယ်ရောထားတဲ့ လက်ဆေးရည်တွေရှိပါတယ်။ ဆေးပြီးတဲ့နောက်မှာ လက်ကိုခြောက်သွေ့သန့်ရှင်းနေရအောင် သေသေချာချာ သုတ်သင့်ပါတယ်။ ခေါက်ဆွဲခြောက်အရသာမှုန့်ထုပ်တွေ ဖောက်တဲ့အခါ လက်မှာကပ်နေနိုင်လို့ပါ။

ရေ နှစ်ရာ့ငါးဆယ် စီစီခန့်ကို တစ်မိနစ်ခန့် ၁၀၀ ဒီဂရီစင်တီဂရိတ်ရောက်အောင် အပူပေးပါ။ ရေက တစ်ရာတိတိရောက်မှ ဆူပါတယ်။ တဟဲဟဲအငွေ့လေးထွက်ရုံက ဆူတဲ့အဆင့်မရောက်သေးပါဘူး။ ရေဆူမဆူ မသိကြတဲ့သူတွေများပါတယ်။ ရေဆူလာပြီဆိုလျှင် ခေါက်ဆွဲကိုထည့်ပါ။ မခြေပစ်ပါနဲ့။ ခေါက်ဆွဲရှည်ရှည်လေးတွေက အသက်ရှည်ရာရှည်ကြောင်းအယူအဆနဲ့ အရှည်ကြီးစားကြတာပါ။

ခေါက်ဆွဲသားရေကိုထိတာနဲ့ညသုံးမိနစ်တိတိကို စမှတ်ပါ။ ဒါက ရှင်းလားမဲန်းအတွက်ပြောတာဖြစ်ပါတယ်။ ခေါက်ဆွဲ အပေါ်အောက်ကို တစ်မိနစ်တိတိမှာလှန်ပါမယ်။ လှန်တဲ့အချိန် ကြက်သားနဲ့ မိုယယှိကို ထည့်ပါမယ်။ အသီးအရွက်စားပေးပါ။ အဲကနေ နောက်ထပ်တစ်မိနစ်တိတိမှ ကြက်သားကိုအောင်ထဲထည့်ပြီး ခိနို့ကို ထည့်ပါမယ်။ ပမာဏ မိမိဗိုက်ဆံ့သလောက်ပါ။ သတိထားရမှာက မျက်စိအကျင့် ဝမ်းအချင့်ပါ။ မျက်စိဆာနေပေမယ့် ဗိုက်မဆံ့တာဖြစ်တတ်ပါတယ်။

နောက်ထပ်တစ်မိနစ်တိတိမှာ အရသာအမှုန့်တွေထည့်ပြီး အဖုံးတစ်မိနစ်အုပ်ပါမယ်။ အချဉ်အပေါ့ မြည်းကြည့်ပါ။ စတီးဇွန်းနဲ့ မမြည်းရပါ။ လျှာကျက်တတ်ပါတယ်။ လက်ညှိုးနှိုက်ထည့်မမြည်းရပါ။ လက်အပူလောင်တတ်ပါတယ်။ ရွံဖို့လည်းကောင်းပါတယ်။

ခေါက်ဆွဲသားအကျက်ညီအောင်မွှေပေးပါ။ လေးမိနစ်တိတိမှာ မီးပိတ်ပါတယ်။ မီးပိတ်ပြိးတာနဲ့ ပန်းကန် တူ စသဖြင့်ကို တစ်မိနစ်အတွင်းပြင်ဆင်ပါ။ ကြိုပြင်ထားရင် အမှိုက်၊ ဆံပင်မွှေး အစရှိသဖြင့် ဝင်နေနိုင်ပါတယ်။ ခေါက်ဆွဲစားနေတုန်း အမွှေးပါလာရင် အန်ထွက်နိုင်ပါတယ်။

ခေါက်ဆွဲကို လက်ကိုင်းအိုးထဲကနေ လောင်းထည့်ပါ။ ဒီအဆင့်က အရေးကြိးပါတယ်။ စားကာနီးမှောက်ကျသွားနိုင်သလို၊ အပူငွေ့မျက်နှာဟပ်တတိပါတယ်။

ငါးမိနစ်တိတိပြည့်ပြိဆိုရင်တော့ သုံးဆောင်လို့မရသေးပါဘူး။

ခဏထိုင်ပြီး အော် တော်တော်စားကောင်းမယ့်ပုံ
『အိုအိရှိဆိုး......』လို့ ပြောပေးပါ။

ပြိးတာနဲ့ သန်တဲ့လက်က တူကိုင်ပြီး ဇွန်းကို မသန်တဲ့ဘက်ကကိုင်ပါ။

「အိတဒခိမစု」 လို့ အားရဝမ်းသာပြောပြိး သုံးဆောင်နိုင်ပါပြိ။

ဇွန်းမရှိသူများ ဟင်းရည်ကို ပန်းကန်လုံးထဲက မော့သောက်ခွင့်ရှိပါတယ်။

ပျော်ရွှင်ဖွယ်ရာ ခေါက်ဆွဲပြုတ်လေးပါ။

\⁠(⁠๑⁠╹⁠◡⁠╹⁠๑⁠)⁠ノ⁠♬

住所

Chuo2-23/5
Edogawa-ku, Tokyo

電話番号

+817074639878

ウェブサイト

アラート

Galaxy By Zayがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Galaxy By Zayにメッセージを送信:

共有する