24/05/2026
VAN & PHYU PHYU ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်
=======================================
မေလ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် CRC ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အခမ်းအနားမှာ အထူးဧည့်သည်တော်အနေဖြင့်နိုင်ငံ့ဂုဏ်ဆောင်ကမ္ဘာကျော် UFC Fly Weigh Champion Joshua "the fearless" Van နှင့် နိုင်ငံကျော်အဆိုတော် Phyu Phyu Kyaw Thein တို့တက်ရောက်သွားမှာဖြစ်ပါသည်။
ဒီအခမ်းအနားသည် Public Show ၊ ရန်ပုံငွေရှာဖွေပွဲမဟုတ်ပဲ အထိမ်းအမှတ်ပွဲသာဖြစ်သည့်အားလျှော်စွာ၊ ခန်းမရဲ့အခြေအနေကြောင့် လာရောက်အားပေးလိုသူအားလုံး ဆံ့မှာမဟုတ်သည့်အတွက် ဒီပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်လေးကို ကျွန်တော်/ ကျွန်မတို့၏ CRC မှ မေလ ၂၅ ရက်နေ့တွင် သီးသန့် စီစဉ်ပေးခြင်းဖြစ်ပါသည်။
VAN နှင့် PHYU PHYU တို့၏အထူးပရိသတ်တွေ့ဆုံပွဲသို့ မလေးရှားရောက်ရွှေမြန်မာညီအစ်ကိုမောင်နှမများအားလုံးမည်သူမဆို လွတ်လပ်စွာ လာရောက်နိုင်ပါသည်။
Date: 25/05/2026 (Monday)
Place: Level 6, ICC Pudu Hall, Kuala Lumpur
Time: 7 PM - 10 PM
ဝင်ကြေး - အခမဲ့
မှတ်ချက်။ ပွဲအမှတ်တရ T-Shirt လေးတွေ ရောင်းချပေးသွားမှာဖြစ်လို့၊ အမှတ်တရဝယ်ယူ သိမ်းဆည်းလိုသူများ RM 50 ဖြင့် ပွဲနေ့မှာ တခါတည်းဝယ်ယူနိုင်ပါသည်။ မဝယ်မနေရမဟုတ်ပါ။
fans Joshua “The Fearless” Van Phyu Phyu Kyaw Thein Chin Refugee Committee, Malaysia