06/09/2024
အွန်းလိုင်းကနေ ဈေးရောင်းချမှုဖြင့် မြန်မာ ၁၀ ဦးကို ထိုင်းရဲဖမ်းဆီး
စက်တင်ဘာလ ၆ ရက်
ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်၊ ဘန်ယိုင်မြို့နယ်၊ ဘန်မွမ့်ကျေးရွာမှာ နေထိုင်ပြီး အွန်လိုင်းကနေ ဈေးရောင်းချနေတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို စက်တင်ဘာ ၅ ရက်နေ့ ညနေ ၆ နာရီအချိန်မှာ ထိုင်းရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၅ ဦး၊ အမျိုး သမီး ၅ ဦး ပါဝင်ပါတယ်။ အဲဒီ ဖမ်းဆီးခံရသူတွေအနက်က ၂ ဦးသာ တရား ဝင်နေထိုင်ခွင့် အထောက်အထားရှိပြီး ကျန်တဲ့ ၈ ဦးကတော့ တရားမဝင်လမ်းကနေ ဝင်ရောက်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးမှုအတွင်း အွန်လိုင်းကနေ ဈေးရောင်ချရာမှာ အသုံးပြုတဲ့ I Pad Gan 5 အမျိုးအစား ၁ လုံး၊ I Phone 13 အမျိုးအစား ၁ လုံးနဲ့၊ ထိုင်းဘဏ်စာရင်း ၁ အုပ်တို့ကိုသိမ်းဆည်းခဲ့ပြီး ထိုင်းဘဏ်စာရင်းစာအုပ်မှာ အွန်လိုင်းဈေးရောင်းချရာမှာ အသုံးပြုလည်ပတ်နေတဲ့ ထိုင်းဘတ်ငွေ ၂ သိန်း စစ်ဆေးတွေ့ရှိရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို ဘန်ယိုင်ရဲစခန်းမှာ ထိန်းသိမ်းထားကာ သူတို့ကို ထိုင်းဥပဒေအရအရေးယူဆောင်ရွက်ပြီးတာနဲ့ နယ်စပ်ကတဆင့် မြန် မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမှာဖြစ်တယ်လို့ ဘန်ယိုင်မြို့နယ် လဝကမှူး ဖာ့တ် စလီဝနစ်က ပြောပါတယ်။
#ထိုင်းရောက်မြန်မာ #ထိုင်းမြန်မာ
Crd