Seruni Band

Seruni Band Kami adalah band yang berasal dari kota kecil yang memiliki kualitas internasional.

Hello ANGLers!!Welcome Conference & Gathering Camp 2k19 အတွက်ပန်းချီဝါသနာရှင်များအား ခေါ်ယူခြင်းအားလုံးပဲ ရင်​ခုန်​စွာ​စေ...
21/07/2019

Hello ANGLers!!

Welcome Conference & Gathering Camp 2k19 အတွက်ပန်းချီဝါသနာရှင်များအား ခေါ်ယူခြင်း

အားလုံးပဲ ရင်​ခုန်​စွာ​စောင့်​​မျှော်​​နေကြတဲ့ Welcome Conference & Gathering Camp 2k19 ​ရောက်​ဖို့ နှစ်​ပတ်​ပဲလို​တော့တယ်​​နော်​။ ဒီပွဲလေးမှာ မိမိတို့ရဲ့ ပန်းချီအနုပညာ အရည်အသွေးလေးကို ထုတ်ဖော်ပြသခွင့်ရမယ့် အခွင့်အရေးလေး ရှိပါတယ်။
ဒီအခွင့်အရေးကို လက်လွှတ်မဆုံးရှုံးရအောင် ယခုချိန်ကစပြီး ကိုရဲကျော်သူဆီ 23.7.2019ရက်နေ၊့ ည 9 နာရီ နောက်ဆုံးထားပြီး မိမိတို့ရဲ့ ပန်းချီကားလှလှလေးတွေကို ဓာတ်ပုံလေးရိုက်ပီး ပေးပို့လို့ရပါပြီနော်။
ပေးပို့လာတဲ့ဓာတ်ပုံတွေထဲကမှ သင့်တော်တဲ့ပန်းချီကားဓာတ်ပုံတွေကို ရွေးချယ်သွားမှာဖြစ်ပြီး အရွေးခံရတဲ့ပန်းချီကားမူရင်းတွေကို သက်ဆိုင်ရာ uni representative တွေဆီ 24.7.2019 ရက်နေ့၊ ညနေ 3နာရီနောက်ဆုံးထားပြီး ပို့ပေးကြရမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့န်းချီကားတွေကိုWelcome Conference နေ့မှာ ပန်းချီပြခန်းအနေနဲ့ ပြသပေးသွားမှာပါ။
ကဲ ANGLersတို့ရေ…မိမိတို့ရဲ့ ပန်းချီအနုပညာလေးကို ထုတ်ဖော်ပြသလိုက်ရအောင်…🤗

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကင်းထောက် ကတိခံယူပွဲသို့ တက်ရောက်ရန်ကုန်၊ဇူလိုင် ၂၀ယနေ့ ဇူလိုင်လ ၂၀ရက်နေ့ စနေနေ့ နံနက် ...
20/07/2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကင်းထောက် ကတိခံယူပွဲသို့ တက်ရောက်

ရန်ကုန်၊ဇူလိုင် ၂၀

ယနေ့ ဇူလိုင်လ ၂၀ရက်နေ့ စနေနေ့ နံနက် ၉နာရီတွင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကင်းထောက် ကတိခံယူပွဲ အခမ်းအနားကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာနိုင်ငံကင်းထောက် အဖွဲ့ချုပ်နာယကများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကင်းထောက်ချုပ်များ၊ ကင်းထောက်ကြီးများဝန်းရံ၍ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူပြီးနောက် ကင်းထောက်လူငယ်မောင်မယ်များအား လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။

အဆိုပါကတိခံယူပွဲသို့ မျိုးဆက်သစ်လူရည်ချွန်များအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ကိုမင်းပိုင်၊ အထွေထွေ အတွင်းရေးမှူး(၂) မဆုလာဒ်နန္ဒာနှင့် ပြင်ပဆက်ဆံရေးတာဝန်ခံ(၂) မနန်းဆုစန္ဒီမျိုးအောင်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးဆက်သစ်လူရည်ချွန်များအဖွဲ့(ဗဟို)၏ မိုးရာသီဖူဆယ်ပြိုင်ပွဲ မန္တလေးတွင် စတင်ကျင်းပ၂၀၁၉ ဇူလိုင် ၂၀မန္တလေးမျိုးဆက်သစ်လူရည်ခ...
20/07/2019

မျိုးဆက်သစ်လူရည်ချွန်များအဖွဲ့(ဗဟို)၏ မိုးရာသီဖူဆယ်ပြိုင်ပွဲ မန္တလေးတွင် စတင်ကျင်းပ

၂၀၁၉ ဇူလိုင် ၂၀
မန္တလေး

မျိုးဆက်သစ်လူရည်ချွန်များအဖွဲ့(ဗဟို)၏ မိုးရာသီအားကစားပြိုင်ပွဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဖူဆယ်ပြိုင်ပွဲ(မန္တလေး)ကို အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တွင် ဇူလိုင်လ(၂၀)ရက် စနေနေ့ နံနက် (၈:၃၀)တွင် စတင်ဖွင့်လှစ်ခဲ့သည်။အားကစားသမားများ အားကစားသန္ဓဌာန်ရွတ်ဆိုခြင်း၊ (၁၉၆၄-၈၈)လူရည်ချွန်အဖွဲ့ကိုယ်စား ဒေါက်တာမောင်မောင်လေးမှ အမှာစကားပြောကြားခြင်း၊ (၁၉၆၄-၈၈)လူရည်ချွန်အဖွဲ့မှ မိုးရာသီဖူဆယ်ပြိုင်ပွဲ (မန္တလေး)အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းတို့ပြုလုပ်ခဲ့သည်။ထို့နောက် ကစားသမားများ ကွင်းအတွင်းမှ ထွက်ခွာပြီး ပထမပွဲစဉ်အဖြစ် MTU LYC FC နှင့် UMM LYC FC အသင်းတို့မှာ ကစားသမားများ ကွင်းအတွင်းနေရာယူကာ ဒေါက်တာမောင်မောင်လေးမှ စပေးဘောကန်၍ ပွဲကိုစတင်ခဲ့သည်။ဒုတိယပွဲစဉ်တွင် Legends Of LYC(Compound) နှင့် UDMM LYC FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး နောက်ဆုံးတွင် LYC All Stars (MDY) နှင့် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ဆရာအသင်းတို့ ချစ်ကြည်ရေးယှဉ်ပြိုင်ကစားကာ ပထမနေ့ကို ပြီးဆုံးစေခဲ့သည်။

မျိုးဆက်သစ်လူရည်ချွန်များအဖွဲ့(ဗဟို) ရဲ့ မိုးရာသီအားကစားပွဲဟာဆိုရင် မနက်ဖြန် (၂၀.၇.၂၀၁၉) မှာဘဲ မန္တလေးမြို့ အားကစားနှင့်က...
19/07/2019

မျိုးဆက်သစ်လူရည်ချွန်များအဖွဲ့(ဗဟို) ရဲ့ မိုးရာသီအားကစားပွဲဟာဆိုရင် မနက်ဖြန် (၂၀.၇.၂၀၁၉) မှာဘဲ မန္တလေးမြို့ အားကစားနှင့်ကာယပညာသိပ္ပံရှိ ဖူဆယ်ကွင်းမှာ စတင်ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။မျိုးဆက်သစ်လူရည်ချွန်များအဖွဲ့(ဗဟို) မိုးရာသီဖူဆယ်ဘောလုံးပြိုင်ပွဲ (မန္တလေး) ကို အသင်းလေးသင်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ထိုအသင်းလေးသင်းကတော့-
• MTU LYC FC
• UMM LYC FC
• UDMM LYC FC
• Legends Of LYC (Compound) တို့ဘဲဖြစ်ပါတယ်။
ဇူလိုင်လ(၂၀)ရက် နံနက် (၈:၃၀)မှာ ဖွင့်ပွဲကိုပြုလုပ်သွားမှာ ဖြစ်ပြီးတော့ အဖွင့်ပွဲစဉ်အဖြစ် MTU LYC FC နှင့် UMM LYC FC တို့အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ လူရည်ချွန်မောင်နှမများအနေဖြင့် ကိုယ့်သူငယ်ချင်းကိုယ့်မောင်နှမများရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်မှုများကို လာရောက်အားပေးကြဖို့ မမေ့ကြပါနဲ့။
ဆက်လက်ပြီး အခြားဒေသတွေမှာလည်း မကြာခင်ပြုလုပ်တော့မှာဖြစ်လို့ ကြက်တောင်ရိုက်ချင်သူ၊ဖူဆယ်ကစားချင်သူများအနေဖြင့် အမြန်ပြင်ဆင် စာရင်းပေးဖို့ လိုမယ်နော်..

ရန်ကုန် Regionကိုယ်စားပြုအသင်းရွေးချယ်ရေးRegionအဆင့်ပြိုင်ပွဲကို (21.7.2019) နံနက် 9:30 တွင် လှိုင်မြို့နယ် ဓမ္မသုခလမ်းရှိ...
19/07/2019

ရန်ကုန် Regionကိုယ်စားပြုအသင်းရွေးချယ်ရေးRegionအဆင့်ပြိုင်ပွဲကို (21.7.2019) နံနက် 9:30 တွင် လှိုင်မြို့နယ် ဓမ္မသုခလမ်းရှိ Soccer Field ကွင်းတွင် God Fc နှင့် NooB Master 69 အသင်းတို့အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါသည်။ အနိုင်ရရှိတဲ့အသင်းကဗဟိုအဆင့်ဆက်လက်ယှဉ်ပြိုင်ခွင့်ရမှာမို့အကြိတ်အနယ်ရှိသွားမှာဖြစ်ပါသည်။သို့ဖြစ်၍ လာရောက်အားပေးကြဖို့မျှော်လင့်ပါသည်။
အချိန် ။ ။ နံနက် (9:00)
နေရာ ။ ။ လှိုင်မြို့နယ် ဓမ္မသုခလမ်း Soccer Field Stadium
မေတ္တာဖြင့်ရန်ကုန်ပြိုင်ပွဲအတွက်ဖူဆယ်ကွင်းကိုပံ့ပိုးသောA Socca Field(https://www.facebook.com/asoccafield/ )မိသားစုကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

Hello ANGLers,ဒီနှစ်မှာ Gathering က အရင်နှစ်တွေကနဲ့ မတူဘဲ တမူထူးခြားတယ်ဆိုတာ သိပြီးကြပီဟုတ်?lunch box မှာလည်း ကိုယ်မစားတ...
19/07/2019

Hello ANGLers,
ဒီနှစ်မှာ Gathering က အရင်နှစ်တွေကနဲ့ မတူဘဲ တမူထူးခြားတယ်ဆိုတာ သိပြီးကြပီဟုတ်?
lunch box မှာလည်း ကိုယ်မစားတဲ့ အသားတွေ ကိုယ်နဲ့ မတည့်တဲ့ အသားတွေ ပါနေရင် ဘယ်လို လုပ်မလဲဆိုပြီး စိတ်ပူစရာလည်းမလိုတော့ပါဘူး
လူရည်ချွန် ညီအစ်ကို မောင်နှမတွေ ပူးပေါင်းဖွင့်ထားတဲ့ ဆိုင်တွေမှာ ကိုယ်ကြိုက်နှစ်သက်ရာကို ဝယ်ယူသုံးဆောင်နိုင်ပါတယ် 🤩

ဆိုင်ခန်းဖွင့်မယ့် လူရည်ချွန် ချောချောလေးတွေက
Kyi Thar Aye Nyein
https://www.facebook.com/kyithar.ayenyein.3
Kyaw Zaw Hein
https://www.facebook.com/kyaw.zorehein.1
တို့ဆီမှာ စာရင်းပေးသွင်းနိုင်ပါပီ
ဆိုင်ခန်းခ အနေနဲ့ တစ်ခန်းကို ၁၅၀၀၀ သတ်မှတ်ထားပါတယ်
ဆိုင်ခန်းစုစုပေါင်း ၁၀ခန်းပဲရှိပါမယ်
အစောဆုံး စာရင်းလာပေးတဲ့ အဖွဲ့ ၃ဖွဲ့က 20% discount ရပါမယ်
စာရင်းပေးတဲ့အချိန် ကိုယ်ရောင်းမယ့် အစားအစာကိုပါ တခါတည်း စာရင်းပေးရပါမယ်
တစ်ဆိုင်နဲ့ တစ်ဆိုင် မုန့် အမျိုးအမည် မထပ်စေလိုသောကြောင့်ပါ😇 (ပထမအဖွဲ့က စာရင်းပေးထားတဲ့ မုန့်ကို ဒုတိယအဖွဲ့က ရောင်းခွင့်မရှိပါ )
ပွဲကိုလာမယ့်သူအကုန်လုံးက နေ့လည်စာကို ဈေးဆိုင်တွေကနေပဲဝယ်စားရမှာမလို့ ရောင်းမယ့်သူတွေအနေနဲ့ မမြတ်မှာကိုစိုးရိမ်စရာမလိုဘူးနော်😛

😌😌😌နောက်ဆုံးအနေနဲ့ သတင်းကောင်းကတော့ ဆိုင်ခန်းတွေရဲ့ အဝင်ဝမှာ ပုံးတစ်ပုံးချပေးထားပါမယ်
အာ့ပုံးထဲမှာ ကိုယ့်အနေနဲ့ စားကောင်းတယ်လို့ ယူဆတဲ့ဆိုင်ရဲ့ နာမည်ကို စာရင်းပေးသွင်းနိုင်ပါတယ် ( ဆိုင်ခန်းတွေမှာ မုန့်လာဝယ်စားရင် ဆိုင်ခန်းတွေကနေ card လေးပြန်ပေးပါမယ် အာ့card တွေမှာ ဆိုင်က မုန့်တွေက စားကောင်းတယ် / မကောင်းဘူး ရေးပြီး ပုံးလေးမှာ ထည့်ပေးရမှာ ဖြစ်ပါတယ် )
good comments အများဆုံးရတဲ့ဆိုင်က ပထမဆုအနေနဲ့ 20000 ရမှာဖြစ်ပြီး
ဒုတိယနဲ့ တတိယကတော့ 15000 နဲ့ 10000 အသီးသီးရရှိမှာဖြစ်ပါတယ်🤩
သူငယ်ချင်းတွေနဲ့ အတူတူ ဈေးရောင်းခဲ့တာဟာ တစ်ချိန်မှာ အမှတ်တရ အဖြစ် ကျန်ရစ်နေမှာပါ
အမှတ်တရတွေ အတူတူ ဖန်တီးကြစို့😎🎉

ယနေ့ကျရောက်သော၇၂နှစ်မြောက်အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားကျွန်...
19/07/2019

ယနေ့ကျရောက်သော၇၂နှစ်မြောက်အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော
ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ
အာဇာနည်ခေါင်းဆောင်ကြီးများအားကျွန်တော်တို့မျိုးဆက်သစ်လူရည်ချွန်များအဖွဲ့မှ မြန်မာတစ်နိုင်ငံသားလုံးနှင့်အတူ
လွမ်းဆွတ်တမ်းတရင်း ဦးညွှတ်ဂါရဝ ပြုအပ်ပါသည်။

Hello everyone!အားလုံးပဲ ရင်​ခုန်​စွာ​စောင့်​​မျှော်​​နေကြတဲ့ Welcome Conference & Gathering Camp 2019 ​ရောက်​ဖို့ နှစ်​...
18/07/2019

Hello everyone!
အားလုံးပဲ ရင်​ခုန်​စွာ​စောင့်​​မျှော်​​နေကြတဲ့ Welcome Conference & Gathering Camp 2019 ​ရောက်​ဖို့ နှစ်​ပတ်​ပဲလို​တော့တယ်​​နော်​။ မန္တ​လေး - ပုဂံ နှစ်​ညအိပ်​သုံးရက်​ခရီးစဉ်​အတွက်​ budget တွက်​တဲ့အခါ အိမ်​က​ဖေ​ဖေ​မေ​မေဘဏ္ဏာ​ရေးမှူး​တွေကို တင်​ပြတဲ့အခါ အ​ထောက်​အကူဖြစ်​ရ​အောင်​ Registration fee မှာဘယ်​အရာ​တွေပါဝင်​လဲဆိုတာ ​ပြောပြပါမယ်​​နော်​။

Registration fees ​တွေက

Members from Mandalay
Conference - 3,500 mmk
Conference + Camp - 28,000 mmk

Members from Yangon, Magway and Taunggyi
Conference - 12,000 mmk
Conference + Camp - 38,000 mmk

Non-members from Mandalay
Conference - 9,000 mmk
Conference + Camp - 38,000 mmk

Non-members from Yangon, Magway and Taunggyi
Conference - 18,000 mmk
Conference + Camp - 48,000 mmk

Welcome Conference က မန္တ​လေးတက္ကသိုလ်​ ဘွဲ့နှင်းသဘင်​ခန်းမမှာ ခမ်းနားစွာကျင်းပသွားမှာပါ။ နိုင်​ငံ​တော်​အကြီးအကဲ​တွေတက်​​ရောက်​မှာဖြစ်​သလို ယခင်​နှစ်​ကနဲ့မတူပဲ ​လူရည်​ချွန်​သူငယ်​ချင်း​တွေရဲ့ ​ဖျော်​​ဖြေ​ရေးအစီအစဉ်​​တွေအပြင်​ panel discussion လိုမျိုးစိတ်​ဝင်​စားစရာ activity ​တွေပါမှာပါ​။ဒါ့အပြင်​ လူရည်​ချွန်​သူငယ်​ချင်း​တွေ စီစဉ်​ဖွင့်​လှစ်​မယ့်ပြခန်း​တွေ photobooth ​တွေ ဆိုင်​ခန်း​တွေလည်းပါဝင်​မှာမို့ အား​ပေးဖို့အသင့်​ပြင်​ထားပါ​နော်​။

Gathering Camp က​တော့ World Heritage Site တစ်​ခုဖြစ်​တဲ့ ပုဂံသွားရမယ်​ဆိုတာ အားလုံးသိပြီးသားဖြစ်​မှာပါ။ ပုဂံလူရည်​ချွန်​စခန်း​ဝင်​ခဲ့ကြသူ​တွေအတွက်​ အတိတ်​က ​ပျော်​စရာအ​တွေ့အကြုံ​တွေကို သူငယ်​ချင်း​တွေနဲ့ ပြန်​လည်​ခံစားခွင့်​ရ​စေမယ့်​ အခွင့်​အ​ရေးပါပဲ။ Gathering Camp မှာ ပုံမှန်​ဘုရားဖူးခရီးစဉ်​​တွေလို ဘုရားဖူးရုံမဟုတ်​ပဲ မိတ်​​ဆွေသစ်​​တွေလည်းတိုး ​​ပျော်​လည်း​ပျော်​ရ ဗဟုသုတလည်းရမယ့်​ activity များစွာပါ​သေးတာ​နော်​။

Conference only registration fees က
✔ စုရပ်​မှ မန္တ​လေးသို့ အသွားခရီးစရိတ်
✔ ​Conference မတိုင်​မီ ​ခေတ္တနား​နေရန်​ ​နေရာထိုင်​ခင်း

Conference + Camp registration fees က
✔ စုရပ်​မှ မန္တ​လေးသို့ အသွားခရီးစရိတ်
✔ ​Conference မတိုင်​မီ ​ခေတ္တနား​နေရန်​ ​နေရာထိုင်​ခင်း
✔ မန္တ​လေးမှပုဂံသို့ခရီးစရိတ်
✔ ပုဂံတွင်​ တည်း​ခိုစရိတ်​ (ဟိုတယ်​)
✔ Camp နှစ်​ရက်​တွင်​ စား​သောက်​စရိတ်

*မှတ်​ချက်​* မ​ကွေးနှင့်​​တောင်​ကြီးမှ တက်​​ရောက်​မည့်​သူများမှာ သတ်​မှတ်​ထားသည့်​အ​ရေအတွက်​ ​ပြည့်​မှသာ transportation အတွက်​​ထောက်​ပံ​ပေးနိုင်​မှာဖြစ်​ပါတယ်​။

ဒီလိုမျိုး အပြီးအစီးခရီးစဉ်​ကို မန္တ​လေးမှသူများအတွက်​ ၂သောင်း၈ထောင်/၃သောင်း၈ထောင် နဲ့ နယ်​​ဝေးမှသူများအတွက်​ ၃သောင်း၈ထောင်/၄သောင်း၈ထောင် ပဲ​ပေးရမယ်​ဆိုတာ အခြား​ဘယ်​မှာမှ မရနိုင်​ပါဘူး​နော်​။ ဒီ​လောက်​​တန်​တဲ့ခရီးဆို အိမ်​က ဘဏ္ဏာ​ရေးမှူး​တွေက အလွယ်​တကူ budget ချ​ပေးမယ်​​မျှော်​လင့်​ပါတယ်​။

Register လုပ်​ပြီးသူများ ​နောက်​နှစ်​ပတ်​​နေရင်​ ဆုံကြပါမယ်​💕

Register မလုပ်​ရ​သေးသူများကလည်းဒီလိုလက်​မလွှတ်​သင့်​တဲ့ အခွင့်​အ​ရေးမျိုး မလွှတ်​မိ​အောင်​ လာမယ့်​ Third Registeration မှာ sign up လုပ်​လို့ရပါတယ်​​နော်​။

Hello ANGLers တို့ရေ ❤️ဒီတစ်ပတ် စနေနေ့ (20.7.2019) မှာဆိုရင် ANGL Art Club ရဲ့ ပထမဆုံး workshop ဖြစ်တဲ့ handmade worksho...
18/07/2019

Hello ANGLers တို့ရေ ❤️

ဒီတစ်ပတ် စနေနေ့ (20.7.2019) မှာဆိုရင် ANGL Art Club ရဲ့ ပထမဆုံး workshop ဖြစ်တဲ့ handmade workshop လေး တစ်ခုကို စီစဉ်ထားပါတယ် ❣️ခုလိုပိတ်ရက်လေးမှာ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချချင်နေတဲ့ သူငယ်ချင်းတွေအားလုံးတူတူ join ဖို့ ဖိတ်ခေါ်ပါတယ်နော် 🤗
Art Club member မှမဟုတ်ပါဘူး။ ANGL member အားလုံးဝင်ရောက် joinနိုင်ပါတယ် 😍
ကျင်းပမယ့် နေရာကတော့ ရန်ကုန်မှာဆိုရင် YTU ရဲ့ Room No. 9/4-6 မှာ နေ့လယ် ၁၂ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့ မန္တလေးမှာဆိုရင်တော့ MIITရဲ့ Room No. 210 မှာ မနက် ၁၀ နာရီကနေ နေ့လယ် ၃ နာရီထိ လုပ်သွားမှာပဲ ဖြစ်ပါတယ်

ကဲ လူဦးရေ အကန့်အသတ်လဲရှိလို့ registration မြန်မြန်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
ပြီးတော့ ခဲတံ၊ ပေတံ၊ ခဲဖျက် နဲ့ကတ်ကြေးလေးတို့ကို ဖြစ်နိုင်ရင် ယူလာပေးစေချင်ပါတယ်။ ကလပ်က ဝယ်ပေးမှာဆိုပေမယ့် လိုအပ်ရင်လိုအပ်နိုင်လို့ ဖြစ်ပါတယ်နော်။

Registration Link
For Yangon,
Location- Yangon Technological University (YTU) Room No-9/4-6
Time- 12-4 pm
(https://docs.google.com/forms/d/e/1FAIpQLSd5b_7wGTjs84fLu3n4dPwry9Q1PFS3b6nvClmIuWyiRbncAQ/viewform)

For Mandalay,
Location- MIIT , Room No- 210
Time- 10-3 pm
(https://forms.gle/oKYb5mu858GoMgpx5)

Address

Kutoarjo
Purworejo

Website

Alerts

Be the first to know and let us send you an email when Seruni Band posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share