20/12/2022
☘️ စိတ်ကောင်းနှလုံးကောင်းထားမယ်
ကိုယ်ကျင့်တရား ကောင်းမယ်ဆိုရင်
ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကောင်းရာသုဂတိ
ရောက်ဖို့ရာတော့ မခဲယဥ်းဘူး... 🍀💐🌿
ကံ ကံ၏အကျိုးကို လက်ခံယုံကြည်ပြီး
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်ဆိုတဲ့
အများကို ကူညီချင်တဲ့စိတ် အများရဲ့အကျိုးကို လိုလားတဲ့ မေတ္တာစိတ်ရှိရင် ဘယ်ပုဂ္ဂိုလ်မျိုးပဲ ရှိရှိ ဘယ်ဘာသာဝင်ပဲ ရှိရှိ ဘာသာနဲ့မဆိုင်ဘူး အဲဒါကျတော့... 🌿
စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ကို ထိုစိတ်ကောင်းနှလုံးကောင်းက ကောင်းတဲ့ဘဝကို ပို့ပေးမှာ၊ God က ကယ်တင်တာတော့ မဟုတ်ဘူးပေါ့ ဟုတ်ကဲ့လား...🍀
ဗုဒ္ဓဘာသာဝင်ကလည်း စိတ်ကောင်းနှလုံးကောင်း ရှိမယ်ဆိုရင် ထိုစိတ်ကောင်းနှလုံးကောင်းလေးက ကယ်တင်မှာ၊ ဘုရားက ကယ်တင်တာမဟုတ်ဘူး၊ သို့သော် ဘုရားက ဒီလိုထားရမယ်လို့ သင်ကြားပေးထားတယ် ဆုံးမဩဝါဒပေးထားတယ်ပေါ့...💐
#ပါချုပ်ဆရာတော်ဘုရားကြီး🪷🙏🌿
🙏🌿