Lumos Me

Lumos Me စာဖတ်မယ် စာရေးမယ် ဝေမျှမယ်

စိတ်ချင်း အမြဲအတူရှိနေတာပဲကွယ်...ဘယ်မှာဝေးလို့လဲ...။
13/10/2023

စိတ်ချင်း အမြဲအတူရှိနေတာပဲကွယ်...
ဘယ်မှာဝေးလို့လဲ...။

Sharing is caring ❣️
25/03/2021

Sharing is caring ❣️

25/03/2021

ဖယ်ဒရယ်ဆိုတဲ့စကားလုံးနဲ့အနှစ်သာရကို အတော်များများ awareness ရစေပြီး တကယ်အကောင်အထည်ဖော်ခွင့်ရလာဖို့မျှော်လင့်လျက်ပါ။ အခုရက်ပိုင်း ဒီစကားလုံးကို ခဏခဏ ကြားကြရတယ်မလား။
ဒီလိုအာဏာသိမ်းတာဟာ မအလရဲ့အားနည်းချက်ဖြစ်ပြီး ကျမတို့ တိုင်းရင်းသားပြည်သူလူထုအားလုံးအတွက်တော့ အားသာချက်ဖြစ်အောင် လုပ်ကိုလုပ်ရမှာပါ။
အလျော်အစားကြီးခဲ့ပါတယ်.. ဖယ်ဒရယ်။

ဒီနွေဦးမှာ ပွင့်လန်းကြတဲ့ ပန်းမျိုးစုံတို့အလှကို ငါတို့မခံစားနိုင်ကြဘူး..ဒါပေမဲ့..ပန်းမျိုးစုံနဲ့သက်ရှိသက်မဲ့အားလုံးကတော...
25/03/2021

ဒီနွေဦးမှာ ပွင့်လန်းကြတဲ့
ပန်းမျိုးစုံတို့အလှကို ငါတို့မခံစားနိုင်ကြဘူး..
ဒါပေမဲ့..
ပန်းမျိုးစုံနဲ့သက်ရှိသက်မဲ့အားလုံးကတော့
ငါတို့ရဲ့တော်လှန်ရေးကို ရှုစားနေကြမှာ..။
တကယ့်သတ္တိရဲ့အလှ..
စည်းလုံးညီညွတ်ကြတဲ့ ကာရံ..
ကြည်နူးစရာဝေမျှမှုရဲ့ တင့်တယ်ဟန်..
သူတို့အားကျနေကြမှာ..။
ပြီးတော့..
လက်နက်တွေအောက်က ကြောက်စိတ်..
မဲမှောင်လွန်းတဲ့ မိစ္ဆာစရိုက်..
အလိမ်အညာတွေရဲ့ ကောက်ကွေ့မှု..
သူတို့ မဲ့ရွဲ့ရှုတ်ချနေကြမှာ..။
အဖြူနဲ့အမဲ သဲကွဲသွားတဲ့ အားပြိုင်မှုကို
သူတို့လည်း ခံစားမိကြမှာပါ။

photo

25/03/2021

CDM ဆိုတာ ဝန်ထမ်းတွေမှ လုပ်လို့ရတာမဟုတ်ပါဘူး..
ဝန်ထမ်းတွေနဲ့ပဲဆိုင်တာမဟုတ်ပါဘူး...
ကျမတို့ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လို့ရနေပါတယ်။
အစောပိုင်းတုန်းကလည်း အတော်များများပြောခဲ့ကြပြီးသားပဲဖြစ်ပါတယ်။ အခွန်မဆောင်ပဲနေဖို့၊ ထီမထိုးဖို့ စသည်ဖြင့်။
အမိန့်ဟူသမျှ၊ ညွှန်ကြားတာမှန်သမျှ၊ မေတ္တာရပ်ခံတာလိုလိုနဲ့ ခြိမ်းခြောက်တာမှန်သမျှ အားလုံးကို ကျမတို့ ဖီဆန်ရမှာပါ။ သူတို့မှာ သေနတ်ရှိလို့ကြောက်စရာမလိုပါဘူး ကျမတို့မှာ ဉာဏ်ရှိပါတယ်။ ထိပ်တိုက်တွေ့ဖို့ပြောနေတာမဟုတ်ပါဘူး..။
အခုက ကာကွယ်ဆေးထို့ပေးတာကို သွားထိုးကြတာ စည်ကားနေမှုကြီးက အတော်ရုပ်ဆိုးလွန်းပါတယ်။ သူတို့ကိုထောက်ခံကြတဲ့လူတွေချည်းပဲလား၊ ကျမတို့ Gene Lee တွေလည်း ပါနေဦးမလား တကယ်စိတ်ပျက်စရာပါ။
အချိုသပ်နေတာ... မြင်ကြပါရှင်။
အခုချိန်မှာ Covid 19 ကြောက်စရာကောင်းတာ ဘာလဲဆိုတာ သိကြပါ။
ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံး Covid 19 ကို ကြောက်လွန်းလို့ ရန်ကုန်မြို့ကြီး ခြောက်ကပ်သွားခဲ့ပေမဲ့ အခု လမ်းပေါ်အားလုံးထွက်နေကြတာဟာ အဲဒီကပ်ကြီးပြီးသွားလို့မှမဟုတ်တာ.. သူ့ထက်ကြောက်စရာကောင်းတာကို တော်လှန်မှ ဖြစ်မှာမို့လို့ပါ။
သေနိုင်တာသိသိရက်နဲ့ စိတ်ဓာတ်လေးတစ်ခုနဲ့ ရှေ့တန်းက တိုက်ပွဲဝင်နေကြတဲ့ လူငယ်လေးတွေ၊ ရက်ရက်စက်စက် အသတ်ခံ၊ အနှိပ်စက်ခံသွားကြရတဲ့ လူတွေမှ အားမနာ Covid ကိုကြောက်နေတာ မရှက်ကြဘူးလားရှင်။

24/03/2021

မနက်ဖြန်လည်း စစ်မိစ္ဆာတွေကို အမြစ်ဖြုတ်တော်လှန်ရမယ်ဆိုတဲ့စိတ်နဲ့ အားမွေးကြပါစို့။

နွေဦးတော်လှန်ရေးအချိန်ဆိုတော့ ဖတ်ချင်တဲ့စာတွေတောင် တော်လှန်ရေးနဲ့ပတ်သက်တဲ့စာတွေ၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့စာတွေပဲ ဖတ်ချင်မိ...
24/03/2021

နွေဦးတော်လှန်ရေးအချိန်ဆိုတော့ ဖတ်ချင်တဲ့စာတွေတောင် တော်လှန်ရေးနဲ့ပတ်သက်တဲ့စာတွေ၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့စာတွေပဲ ဖတ်ချင်မိတယ်။ ကိုယ်မသိတဲ့၊ ကိုယ်နဲ့မဆိုင်ဘူးထင်ခဲ့တဲ့၊ ကျမတို့ မြန်မာပြည်ကြီးရဲ့ သနားစဖွယ် သမိုင်းတွေကို အခုမှ ပြန်ရှာဖွေလှန်လှောနေမိတယ်။ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့လွတ်လပ်ရေး၊ အမေစုလက်ထက်မှာ ၅ နှစ်လောက်မြည်းစမ်းခွင့်ရခဲ့တဲ့ ဒီမိုကရေစီ၊ အခု ကျမတို့ ကွင်းလုံးကျွတ် ရဖို့သင့်ပါပြီ။
#အရေးတော်ပုံအောင်တော့မည်

Address

No. 1
London

Website

Alerts

Be the first to know and let us send you an email when Lumos Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share