Media Fever 9

Media Fever 9 နိုင်ငံတကာအားကစားသတင်းများ၊ပွဲကြို/ပွဲပြီးသုံးသပ်ချက်များ၊ အားကစားကွင်း လေ့လာရေးအစီအစဥ်ကောင်းများစွာ.
(1)

သမိုင်းစံချိန်တင်တစ်ခု ပိုင်ဆိုင်ခဲ့ပြီ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်တဲ့ ပထမဆုံးအာဖရိကအသင...
20/06/2026

သမိုင်းစံချိန်တင်တစ်ခု ပိုင်ဆိုင်ခဲ့ပြီ

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်တဲ့ ပထမဆုံးအာဖရိကအသင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း မော်ရိုကိုဟာ နောက်ထပ်ဂုဏ်ယူစရာ သမိုင်းမှတ်တမ်းသစ်တစ်ခုကို ထပ်မံပိုင်ဆိုင်ခဲ့ပါပြီ။

စကော့တလန်နဲ့ ကစားခဲ့တဲ့ အုပ်စုဒုတိယပွဲစဥ်မှာ အနိုင်ရရှိခဲ့ပြီးနောက် မော်ရိုကိုဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့် ခြောက်ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ ပထမဆုံး အာဖရိကအသင်းအဖြစ် စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ဒီအောင်မြင်မှုဟာ လွယ်လွယ်ကူကူနဲ့ ရရှိခဲ့တာ မဟုတ်ပါဘူး။

အုပ်စုအတွင်းမှာ စပိန်၊ ခရိုအေးရှား၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဘရာဇီးလ်၊ စကော့တလန်စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး အခုလို ရှုံးပွဲမရှိ မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့တာပါ။ ဒါဟာ မော်ရိုကိုအတွက် သမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်သလို၊ အာဖရိကတိုက်တစ်ခုလုံးအတွက်လည်း ဂုဏ်ယူစရာ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားမှာရော မော်ရိုကို ဘယ်အထိအမြင့်ပျံနိုင်မလဲဆိုတာတော့....



အိမ်ရှင်မက္ကစီကိုကတော့ တောင်ကိုရီးယားကို  ၁ဂိုးဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ယူခဲ့ပါပြီ။ ပွဲချိန်မိနစ်၅၀မှာ တောင်ကိုရီးယား...
19/06/2026

အိမ်ရှင်မက္ကစီကိုကတော့ တောင်ကိုရီးယားကို ၁ဂိုးဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ယူခဲ့ပါပြီ။ ပွဲချိန်မိနစ်၅၀မှာ တောင်ကိုရီးယားဂိုးသမားရဲ့ အမှားကို အခွင့်ကောင်းယူပြီး သွင်းယူခဲ့တဲ့ လူး၀စ်ရိုမိုရဲ့ဂိုးက အိမ်ရှင်တွေဆီ အဖိုးတန် အနိုင်၃မှတ်ကို ဆောင်ကျဉ်းပေးလာခဲ့ပါတယ်။

တစ်ဖက်မှာလည်း ‌ဒီအနိုင်၃မှတ်ကို မဆုံးရှူံးရအောင် မက္ကစိကို ရာအူးရန်ဂျယ်လ်က အကောင်းဆုံးကူညီပေးခဲ့ပါတယ်။ ပွဲချိန်၈၆မိနစ်မှာ သူပြုလုပ်ခဲ့တဲ့ မယုံနိုင်စရာ double save ကြောင့် ပွဲသိမ်းခရာမှုတ်ချိန်မှာ အိမ်ရှင်တွေ ပျော်ရွှင်စွာနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

၂ပွဲကစား၂ပွဲနိုင်ပြီး ရမှတ်၆မှတ်ပိုင်ဆိုင်သွားတဲ့ မက္ကစီကိုကတော့ နောက်တစ်ဆင့်တက်ဖို့ သေချာသွားပြီး ၃၂သင်းအဆင့်ဆီ ပထမဆုံးတက်ရောက်နိုင်ခဲ့တဲ့ အသင်းဖြစ်လာပါပြီ။ ရှူံးပွဲတွေ့သွားတဲဘ တောင်ကိုရီးယားကတော့ လက်ကျန်ပွဲမှာ တောင်အာဖရိကကို သေချာပေါက် အနိုင်ယူဖို့ လိုပါလိမ့်မယ်။




ပေါ်တူဂီဆီကနေ သရေတစ်မှတ်ခွဲယူခဲ့ပြီးနောက် အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဦးဆုံး ကမ္ဘာ့ဖလားရမှတ်နဲ့ သွင်းဂိုးကို ရရှိခဲ့တဲ့...
18/06/2026

ပေါ်တူဂီဆီကနေ သရေတစ်မှတ်ခွဲယူခဲ့ပြီးနောက် အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဦးဆုံး ကမ္ဘာ့ဖလားရမှတ်နဲ့ သွင်းဂိုးကို ရရှိခဲ့တဲ့အတွက် DR Congo အသင်းသားတွေ အကြီးအကျယ် အောင်ပွဲခံခွင့် ရှိပါတယ်။

ဒါပေမဲ့ သူတို့ဟာ အောင်ပွဲခံမယ့်အစီအစဥ်ကို ခေတ္တရပ်တန့်ပြီး ကွင်းထဲမှာ ရလဒ်ကြောင့် စိတ်ပျက်နေတဲ့ ခရစ္စတီယာနိုရိုနယ်ဒိုကို တစ်ယောက်ချင်းစီ လာရောက်ကာ ဖက်လှဲတကင်း အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။

ဒါဟာ လှပတဲ့ မြင်ကွင်းလေးတစ်ခုဖြစ်ခဲ့ပြီး ဘောလုံးကမ္ဘာရဲ့ အလှတရားတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား စင်မြင့်ထက်မှာ ရော်နယ်လ်ဒိုကို ကျော်ဖြတ်လိုက်တဲ့ မက်ဆီအာဂျင်တီးနားရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ အယ်လ်ဂျီးရ...
17/06/2026

ကမ္ဘာ့ဖလား စင်မြင့်ထက်မှာ ရော်နယ်လ်ဒိုကို ကျော်ဖြတ်လိုက်တဲ့ မက်ဆီ

အာဂျင်တီးနားရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ အယ်လ်ဂျီးရီးယားကို ၃ ဂိုးပြတ်နဲ့ နိုင်ပြီး ဒီပွဲမှာ ဟက်ထရစ်သွင်းပြီး အစွမ်းပြသွားသူကတော့ လီယွန်နယ်မက်ဆီပါပဲ။ ဒီဟက်ထရစ်နဲ့အတူ မက်ဆီဟာ မဟာပြိုင်ဘက် ခရစ်စတီယာနိုရော်နယ်လ်ဒိုရဲ့ စံချိန်အချို့ကို ကျော်ဖြတ်နိုင်လိုက်ပါပြီ။

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် "အသက်အကြီးဆုံး ဟက်ထရစ်သွင်းဂိုးရှင်" အဖြစ် ၂၀၁၈ တုန်းက ရော်နယ်လ်ဒို တင်ထားတဲ့စံချိန် (၃၃ နှစ်)ကို အခု အသက် (၃၈ နှစ်) အရွယ် မက်ဆီကကျော်ဖြတ်သွားခဲ့ပြီး သမိုင်းစံချိန်အသစ်ရေးထိုးခဲ့ပါပြီ။

ရော်နယ်လ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စုစုပေါင်း ၈ ဂိုး သာ သွင်းယူထားနိုင်ခဲ့တာပါ။ ဒါပေမဲ့ မက်ဆီကတော့ အသက် ၃၀ ကျော်ပြီးမှသွင်းတဲ့ ကမ္ဘာ့ဖလားသွင်းဂိုးအရေအတွက်တင် ၁၀ဂိုးအထိ ရှိသွားခဲ့ပါပြီ။

၂၀၂၆ ကမ္ဘာ့ဖလားဟာ သူတို့၂ယောက်လုံးရဲ့ The last dance ဖြစ်တာကြောင့် မက်ဆီ အခုလို စံချိန်တွေ ချိုးပြထားတာ၊ ကမ္ဘာ့ချန်ပီယံဆုကို သိမ်းပိုက်ထားတာတွေအပေါ် ရော်နယ်လ်ဒိုက အကောင်းဆုံး တုံ့ပြန်ပြဦးမလားဆိုတာတော့



စပိန်နဲ့ ကာဗီဗာဒီတို့ ဂိုးမရှိသရေကျခဲ့တာဟာ ကစားခဲ့ပြီးသမျှ ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တွေထဲမှာ မယုံနိုင်စရာအကောင်းဆုံး ပွဲစဉ်၁...
15/06/2026

စပိန်နဲ့ ကာဗီဗာဒီတို့ ဂိုးမရှိသရေကျခဲ့တာဟာ ကစားခဲ့ပြီးသမျှ ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တွေထဲမှာ မယုံနိုင်စရာအကောင်းဆုံး ပွဲစဉ်၁ပွဲလို့ဆိုရမယ်။ စပိန်ဟာ ဘောလုံးပိုင်ဆိုင်မှု ၇၄ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၂၅ကြိမ်အထိ ရှိခဲ့ပေမယ့် ကာပီဗာဒီကို ပွဲချိန်တစ်ခုလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ အုပ်စုအဖွင့်ပွဲစဉ်မှာ ရမှတ်တစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါပြီ။

လက်ရှိကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတစ်သင်းက World Cup စင်မြင့်ဆီ ပထမဆုံးတက်လာတဲ့အသင်းလေးကို အနိုင်မယူနိုင်ခဲ့ဘူးဆိုတာက တကယ်ကို မယုံနိုင်စရာပါပဲ။ လူဦးရေး၄သိန်းကျော်ပဲရှိတဲ့ နိုင်ငံလေး ကာပီဗာဒီအတွက် ဒီသရေတစ်မှတ်ဟာ ၀မ်းမြောက်၀မ်းသာ အောင်ပွဲခံဖို့ လုံလောက်ပါတယ်။

ဒီပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားကတော့ ကာပီဗာဒီရဲ့ အသက်၄၀အရွယ်ဂိုးသမားကြီး ဗိုဇင်ဟာဖြစ်ပြီး Fotmob က သတ်မှတ်တဲ့ Rating အမှတ် 9.0 အထိ ပိုင်ဆိုင်ခဲ့ပါတယ်။ တစ်သင်းလုံး အကောင်းဆုံးကစားခဲ့ပေမယ့် ဗိုဇင်ဟာရဲ့ လက်စွမ်းပြမှုတွေကြောင့် မဟုတ်ရင် ကာပီဗာဒီတို့ အမှတ်မရနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာ လာမင်းယမာလ်၊ နစ်ကိုဝီလျံတို့လို တောင်ပံကစားသမားတွေ ၀င်လာပေမယ့် စပိန်ဟာ နောက်ဆုံးအချိန် ပြိုင်ဘက်နောက်တန်းတံတိုင်းကို မပြိုလဲစေနိုင်ခဲ့ပါဘူး။ ဒီခြေစွမ်းအရ ဒီကမ္ဘာ့ဖလားမှာ သူတို့ဗိုလ်စွဲနိုင်ပါ့မလားဆိုတာ တွေးစရာပါပဲ။ ကာပီဗာဒီကရော အံ့အားသင့်စရာတွေ ဆက်လုပ်ပြဦးမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။



စကော့တလန်ကတော့ သူတို့ရဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ ဟေတီကို ၁ဂိုးဂိုးမရှိနဲ့ အနိုင်ယူပြီး တာထွက်ကောင်းခဲ့ပါပြီ။ ဒီပွဲစဉ်မှာ စက...
14/06/2026

စကော့တလန်ကတော့ သူတို့ရဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ ဟေတီကို ၁ဂိုးဂိုးမရှိနဲ့ အနိုင်ယူပြီး တာထွက်ကောင်းခဲ့ပါပြီ။ ဒီပွဲစဉ်မှာ စကော့တလန်အတွက် သူရဲကောင်းဖြစ်ခဲ့သူဟာ တစ်လုံးတည်းသော အဖိုးတန်အနိုင်ဂိုးကို သွင်းယူခဲ့သူ John McGinn ပါပဲ။

John McGinn ဟာ ၁၉၉၈ နောက်ပိုင်း စကော့တလန်အမျိုးသားအသင်းအတွက် ပထမဆုံးကမ္ဘာ့ဖလားသွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီသွင်းဂိုးဟာ သူ့အတွက် အများကြီး အဓိပ္ပါယ်ရှိခဲ့ပြီး ဒီနိုင်ပွဲဟာလည်း စကော့တလန်အတွက် အများကြီးတန်ဖိုးရှိခဲ့ပါတယ်။

ယူရိုပါလိဂ်မှာ အက်စ်တွန်ဗီလာကို ချန်ပီယံဖြစ်အောင်ကပ္ပတိန်အဖြစ်နဲ့ အကောင်းဆုံး ဦးဆောင်ပေးခဲ့ပြီး အကောင်းဆုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ John McGinn ဟာ ကမ္ဘာ့ဖလားမှာလည်း အကောင်းဆုံးအခိုက်အတန့်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါပြီ။



ဘရာဇီးလ်နဲ့ မော်ရိုကိုတို့ ၁ဖက်၁ဂိုးစီနဲ့ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ချီးကျူးလက်ခုပ်သံတွေကို သိမ်းပိုက်သွားခဲ့သူက အသက် ၁၈...
14/06/2026

ဘရာဇီးလ်နဲ့ မော်ရိုကိုတို့ ၁ဖက်၁ဂိုးစီနဲ့ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ချီးကျူးလက်ခုပ်သံတွေကို သိမ်းပိုက်သွားခဲ့သူက အသက် ၁၈ နှစ်အရွယ် မော်ရိုကိုကွင်းလယ်လူ Ayyoub Bouaddiပါပဲ။

လွန်ခဲ့တဲ့မေလပိုင်းကမှ ပြင်သစ်အစား မော်ရိုကိုအသင်းအတွက် ကစားပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ Ayyoub Bouaddi ဟာ ကမ္ဘာ့ဖလားပွဲဦးထွက်မှာတင် တကယ့်ကို မှော်ဆန်တဲ့ခြေစွမ်းတွေကို ဖန်တီးပြသွားခဲ့ပါတယ်။ ကက်စ်မဲရိုး၊ ဂူမားရက်စ်တို့ရှိနေတဲ့ ဘရာဇီးကွင်းလယ်ကို အသက်အရွယ်နဲ့ မလိုက်အောင် တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး ထိန်းချုပ်သွားခဲ့တာပါ။

Ayyoub Bouaddi ရဲ့ ဒီပွဲစဉ်မှာပြသခဲ့တဲ့ စွမ်းဆောင်ရည်အချက်အလက်တွေက

▪️Most Touches : 86 ကြိမ်
▪️Most Accurate Passes : 60 ကြိမ် (Pass Accuracy 91%)
▪️Passes in Final Third : 16 ကြိမ် ပေးပို့ 16 ကြိမ်စလုံးအောင်မြင်
▪️ Most Ball Carries : 23 ကြိမ်
▪️ Duels Won : 9 ကြိမ် (ဒုတိယအများဆုံး)
▪️ Ball Recoveries : 6 ကြိမ်
▪️ Interceptions : 5 ကြိမ်
▪️ Successful Dribbles : 3 ကြိမ်

လွန်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက မော်ရိုကိုအသင်းပွဲစဉ်ကို ပရိသတ်တစ်ယောက်အနေနဲ့ သွားရောက်အားပေးခဲ့တဲ့ ၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ၈နှစ်အကြာမှာတော့ မော်ရိုကိုရဲ့ ဂျာစီနံပါတ် (၆) ကို ဝတ်ဆင်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အသင်းအတွက် မရှိမဖြစ် ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါပြီ။

ကမ္ဘာ့ဖလားပွဲဦးထွက်မှာပဲ ဗီနီဆီးယပ်စ်တို့လို ကမ္ဘာ့ထိပ်တန်း ကစားသမားတွေပါတဲ့ ဘရာဇီးလ်ကို ဒူးတုန်သွားစေခဲ့တဲ့ ဒီကောင်လေးရဲ့ အနာဂတ်ကတော့ တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။



တောင်ကိုရီးယားကတော့ သူတို့ရဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ချက်ကို ၂ဂိုး၁ဂိုးနဲ့ အနိုင်ရပြီး တာထွက်ကောင်းခဲ့ပါပြီ။ ဒီပ...
12/06/2026

တောင်ကိုရီးယားကတော့ သူတို့ရဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ချက်ကို ၂ဂိုး၁ဂိုးနဲ့ အနိုင်ရပြီး တာထွက်ကောင်းခဲ့ပါပြီ။ ဒီပွဲမှာ ချက်က ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် တောင်ကိုရီးယားက ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပြီး တကျော့ပြန်နိုင်ပွဲကို အရယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ တောင်ကိုရီးယားအတွက် ဟီးရိုးဖြစ်ခဲ့သူက In Beon Hwang ဖြစ်ပြီး ၁ဂိုးသွင်း ၁ဂိုးဖန်တီးပေးခဲ့ပါတယ်။ Hwang က ဖီရင်နော့ရဲ့ အဓိကကွင်းလယ်လူတစ်ယောက်ပါ။

ဒီနိုင်ပွဲကြောင့် တောင်ကိုရီယားအသင်းသားတွေနဲ့ ကွင်းထဲက ပရိသတ်တွေ အတော်လေး ပျော်ရွှင်နေခဲ့ကြပါတယ်။
တောင်ကိုရီးယားရဲ့အောင်ပွဲအတွက် အာရှသားတွေလည်း ၀မ်းသာနေကြမှာပါ။ နောက်ထပ်အနိုင်၃မှတ်ထပ်ရခဲ့ရင် တောင်ကိုရီးယားဟာ ၁၆သင်းအဆင့်ဆီ တက်လှမ်းနိုင်ပါပြီ။



"ကျွန်တော်တို့ ရုရှားကို သွားခဲ့တုန်းကပေါ့။ လေဆိပ်မှာ လေယာဉ် ဆင်းသက်ဖို့ အချိန်အတော်ကြန့်ကြာနေခဲ့တယ်။ လေယာဉ်က လေဆိပ်နားမ...
06/06/2026

"ကျွန်တော်တို့ ရုရှားကို သွားခဲ့တုန်းကပေါ့။ လေဆိပ်မှာ လေယာဉ် ဆင်းသက်ဖို့ အချိန်အတော်ကြန့်ကြာနေခဲ့တယ်။ လေယာဉ်က လေဆိပ်နားမှာ လှည့်ပတ်နေပေမယ့် ဆင်းသက်ခွင့် မရခဲ့ဘူး "

" ဆင်းခွင့်မပေးတာတွေဖြစ်နေတာကြောင့် ဂျွန်တယ်ရီက လေယာဉ်ပေါ်ကနေ အေဘရာမိုဗစ်ချ်ကို ဖုန်းဆက်ပြီး 'ရိုမန်၊ ကျွန်တော်တို့ ဆင်းသက်လို့မရဘူး။ ဘာကြောင့်မှန်းမသိဘူး၊ ကျွန်တော်တို့ ဆင်းသက်လို့မရဘူး၊ အခုလေဆိပ်ကို စက်ဝိုင်းပုံပတ်ပြီး လှည့်ပတ်နေတာ' လို့ ပြောလိုပ်တယ်။

" ငါးမိနစ်အကြာမှာ ရုတ်တရက် ကျွန်တော်တို့ ဆင်းသက်ခဲ့တယ်။ 'ဒါက အေဘရာမိုဗစ်ခ်ရဲ့လွှမ်းမိုးမှုပဲ' လို့ ကျွန်တော် တွေးမိတယ်။"

🗣️ စတိဗ်မက္ကလာရင် (ချဲလ်ဆီးနည်းပြဟောင်း)

" ကျွန်တော် မက်ဒရစ်ဥက္ကဌဖြစ်လာရင် ဟာလန်းနဲ့ ရိုဒရီကို ခေါ်ပေးပါမယ် "ဒီစကားကို ဆိုလာသူကတော့ ရီးရဲလ်မက်ဒရစ်ဥက္ကဌရဲ့ ဥက္ကဌရ...
04/06/2026

" ကျွန်တော် မက်ဒရစ်ဥက္ကဌဖြစ်လာရင် ဟာလန်းနဲ့ ရိုဒရီကို ခေါ်ပေးပါမယ် "

ဒီစကားကို ဆိုလာသူကတော့ ရီးရဲလ်မက်ဒရစ်ဥက္ကဌရဲ့ ဥက္ကဌရွေးကောက်ပွဲမှာ မက်ဒရစ်ရဲ့ သက်တော်ရှည်ဥက္ကဌကြီး ဖလော်ရန်တီနိုပီရက်ဇ်နဲ့ ယှဉ်ပြိုင်မယ့် စပိန်လူငယ်စီးပွားရေးလုပ်ငန်းရှင် အင်းနရစ်ခ်ျရီကွယ်မီးပါပဲ။ ရီကွယ်မီးက သူဥက္ကဌဖြစ်လာရင် မန်စီးတီးစူပါစတားတွေဖြစ်တဲ့ အာလင်းဟာလန်းနဲ့ ရိုဒရီတို့ကို အရခေါ်မယ်ဆိုပြီး ကတိပေးသွားပါတယ်။

" ကျွန်တော်ခေါ်ယူမယ့် စူပါစတားကတော့ အာလင်းဟာလန်းပါ။ သူ့မှာ မန်ချက်စတာစီးတီးနဲ့ စာချုပ်ဖျက်သိမ်းကြေး ရှိတယ်။ ကျွန်တော် အနိုင်ရရင် ရီးရဲလ်မက်ဒရစ်အတွက် သူ ကစားလိမ့်မယ်၊ ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးလိမ့်မယ်။ ဟာလန်းနဲ့ ရိုဒရီတို့ ရီးရဲလ်မက်ဒရစ်ဆီ မရောက်လာဘူးဆိုရင် မက်ဒရစ်ရဲ့ မန်ဘာ အယောက် ၁၀၀,၀၀၀ ရဲ့ အသင်းဝင်ကြေးကို ကျွန်တော် ပေးပါမယ်" လို့ ရီကွယ်မီးက ဆိုထားတယ်။

ဟာလန်းရဲ့အဖေကတော့ ဒါတွေနဲ့ပတ်သက်ပြီး ငြင်းချက်ထုတ်ထားပါတယ်။ ဟာလန်းနဲ့ရိုဒရီကိုခေါ်ပေးမယ်ဆိုတာ ရွေးကောက်ပွဲနိုင်ဖို့ အပြောသက်သက်လား၊ တကယ်ကတိတည်မှာလားဆိုတာတော့ ရီကွယ်မီးဥက္ကဌဖြစ်လာမှပဲ သိရပါလိမ့်မယ်။




Address

London

Website

Alerts

Be the first to know and let us send you an email when Media Fever 9 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share