Art of Paris

Art of Paris Visiting the Museums, Galleries and Exhibitions in France.

ဗင်းဆင့်ဗန်ဂိုး Montmartre မှာနေတုန်းကဒီနေရာကို ပန်းချီတော်တော်များများဆွဲခဲ့တယ်။အခုတော့ စားသောက်ဆိုင်ဖြစ်နေတဲ့Le Moulin...
30/07/2024

ဗင်းဆင့်ဗန်ဂိုး Montmartre မှာနေတုန်းက
ဒီနေရာကို ပန်းချီတော်တော်များများဆွဲခဲ့တယ်။
အခုတော့ စားသောက်ဆိုင်ဖြစ်နေတဲ့
Le Moulin de la Galette (1886) တွေ ....

ပြင်သစ်က ပန်းချီကားသူခိုး‐-------------------------------------Stéphane Breitwieser ဆိုတဲ့ ပြင်သစ်အမျိုးသားတဦးက အနုပညာလ...
22/05/2024

ပြင်သစ်က ပန်းချီကားသူခိုး
‐-------------------------------------

Stéphane Breitwieser ဆိုတဲ့ ပြင်သစ်အမျိုးသားတဦးက အနုပညာလက်ရာတွေကို စွဲလမ်းတတ်သူပါ။ အဲဒါကြောင့် သူလိုချင်တာကို ရအောင်လည်း ယူပါတယ်။ သူက အနုပညာလက်ရာပေါင်း ၂၃၉ ခုကို ဥရောပမှာရှိတဲ့ ပြတိုက်ပေါင်း ၂၀၀ ကျော်ကနေ ခိုးယူခဲ့ပါတယ်။ ခန့်မှန်းတန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဘီလီယံလောက်ရှိပါသတဲ့။

သူခိုးယူခဲ့တဲ့ တန်ဖိုးကြီးလက်ရာတွေထဲမှာ ပန်းချီဆရာ Lucas Cranach (Elder) ရဲ့ "Sybille, Princess of Cleves" ဆိုတဲ့ ပန်းချီကားလည်း ပါဝင်ပါတယ်။ ဒီပန်းချီကားဟာ ၁၅၂၆ ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး သူက ဒီပန်းချီကားကို ဂျာမနီနိုင်ငံ Baden-Baden ဆိုတဲ့မြို့က New Castle ရဲတိုက်ကနေ ခိုးယူခဲ့တာပါ။

သူက ဘာလုပ်ချင်တာလဲဆိုတော့ တန်ဖိုးကြီး အနုပညာလက်ရာတွေကို
ထူးထွေဆန်းပြားစွာ ချိတ်ဆွဲစီတန်း ပြသထားတဲ့ သူ့ကိုယ်ပိုင် လုဗ်ပြတိုက် အသေးလေးလုပ်ဖို့ စိတ်ကူးခဲ့ပါသတဲ့။ နေရာကတော့ ပြင်သစ်နိုင်ငံအရှေ့ပိုင်း Mulhouse ဆိုတဲ့ စက်မှုမြို့လေးက သူ့အမေရဲ့ အိမ် ထပ်ခိုးကျဥ်းကျဥ်းလေးမှာပါ။ အဲဒီ့အိမ်မှာ သူက သူ့ရည်းစားနဲ့ အတူနေပါတယ်။

Breitwieser ဟာ သူ့အသက် ၂၀ ဝန်းကျင်ကာလတွေမှာကတည်းက ဒီလိုခိုးယူမှုတွေကို လုပ်ခဲ့တာပါ။ သူ့ရဲ့ ကြီးမားတဲ့ခိုးယူမှုခရီးစဥ်တွေကို ၁၉၉၄ ကနေ ၂၀၀၁ ခုနှစ်အတွင်း ပြင်သစ်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဂျာမနီနဲ့ သြစတီးယားနိုင်ငံတွေမှာ လုပ်ခဲ့ပါတယ်။

သူ အဓိကထား ခိုးယူမှုတွေက ပြတိုက်တွေကပါ။ သူနဲ့အတူ ကြံရာပါအဖြစ် သူ့ရည်းစား Anne-Catherine Kleinklaus က ပါဝင်ခဲ့ပါတယ်။

သူ့ရဲ့ အနုပညာလက်ရာတွေအပေါ် အလွန်အကြူး ခံစားမှုကတော့ သူဟာ အဲဒီ့ လက်ရာတွေကို ထိမိရုံနဲ့တောင် လိင်စိတ်ခံစားမှုလိုမျိုး စိတ်လှုပ်ရှားရပါသတဲ့။

"တကယ့်ကို ကောင်းမွန်တဲ့ အနုပညာလက်ရာတွေ လိင်စိတ်ကိုနှိုးဆွနိုင်တယ်။ မင်းက အဲဒီ့လက်ရာမျိုးတွေကို မင်းရဲ့အိပ်ရာဘေးမှာ ချိတ်ဆွဲထားပြီး မင်းရဲ့ကောင်မလေးလည်း အိပ်ရာထဲမှာ ရှိနေမယ်ဆိုရင် တကယ့်ကို အချိန်ကိုက်ပါပဲ။" လို့ Breitwieser က ပြောပါတယ်။

ဒီ အနုပညာလက်ရာသူခိုးဟာ Stendhal Syndrome လို့ခေါ်တဲ့ ထူးထူးဆန်းဆန်း ရောဂါတစ်ခုကို ခံစားနေရတယ်ထင်ပါတယ်။ သူလိုချင်တဲ့ အနုပညာလက်ရာတခုကို မြင်တဲ့အခါ သူ့ခေါင်းထဲမှာ ခြာခြာလည် မူးဝေသွားပြီး ရင်ထဲမှာ တလှပ်လှပ်နဲ့ ဖြစ်လာတယ်လို့ သူက ထင်နေခဲ့ပါတယ်။

သူက "အနုပညာဟာ ငါ့ရဲ့ မူးယစ်ဆေးပဲ။"လို့ အခိုင်အမာဆိုပါတယ်။

Breitwieser ဟာ သူ ပန်းချီကားကို ခိုးယူတဲ့နေရာမှာ ဆွစ်စစ်တပ်သုံး မောင်းချဓါးကို လက်နက်အဖြစ် အသုံးချလေ့ရှိတယ်။ တစ်ခါမှတော့ သူ ပန်းချီကားခိုးယူပြီး ထွက်လာတဲ့အခါမှာ ပန်းချီကားက သူ့ဘောင်းဘီထဲကနေ ထွက်ကျခဲ့သေးတယ်။ ဒီလိုဆိုတော့ သူခိုးယူတဲ့ ပန်းချီကားတွေဟာ သိပ်မကြီးဘူးလို့ ယူဆလို့ရပါတယ်။

တစ်ခါကလည်း အဖိုးတန် ရေနွေးကရားတစ်ခု၊ ငွေခွက် ၆ ခွက်၊ မီးဖိုချောင်သုံး ပစ္စည်းတွေထည့်ထားတဲ့ သစ်သားဘူးတစ်ခု၊ ဟင်းခပ်ဇွန်းကြီး ၂ ခု စတာတွေကို သူ့ ကျောပိုးအိတ်၊ အပေါ်ဝတ်အင်္ကျီနဲ့ သူ့ ခြေအိတ်တွေထဲမှာတောင် ထည့်ပြီး ခိုးယူခဲ့ဖူးပါတယ်။

ဒီလိုနဲ့ပဲ Breitwieser ရဲ့ ထပ်ခိုးလေးဟာ Louvre ပြတိုက်ငယ်စားလေးဆိုတာထက် ကမ္ဘာ့တန်ဖိုးအရှိဆုံးအမှိုက်တွေ စုပုံနေတဲ့ အခန်းငယ်လေး ဖြစ်လာခဲ့တယ်။

Breitwieser ဟာ ခိုးယူဖို့ စီစဥ်မှုတွေမှာ ကျွမ်းကျင်လာပြီး ဆရာတဆူဖြစ်လာတယ်။

သူက ပြတိုက် ဒါမှမဟုတ် ပြခန်းတစ်ခုခုကို သွားရင်လာရင်း သူမြင်ခဲ့ဖူးတဲ့ ပန်းချီဆရာတစ်ဦးဦးရဲ့ ကတ်တလောက်တွေကနေ လက်ရာတစ်ခုခုကို ပစ်မှတ်ထားခဲ့တယ်။

သူက အမြဲလိုလို စတိုင်ကျကျ ဝတ်စားလေ့ရှိတယ်။ ပြီးတော့ ခေတ်မီမီဝတ်စားလေ့ရှိတဲ့ ချစ်သူကိုလည်း ပိုင်ဆိုင်ထားပြန်တယ်။ သူကိုယ်တိုင်လည်း Dior သို့မဟုတ် Chanel တွေ သုံးစွဲပြီး လူချမ်းသာအသွင်အပြင်ကို ပိုင်ဆိုင်ထားတယ်။

ဒါ့အပြင် သူ့ရဲ့ ယုံကြည်စိတ်ချရသော ဆွဇ်စစ်တပ်သုံး ဓားကိုလည်း အခြားကိရိယာတန်ဆာပလာတွေနဲ့အတူ အမြဲ ဆောင်ထားလေ့ရှိတယ်။

သူတို့ဟာ နေ့လယ်စာစားချိန်ကို အကောင်းဆုံးအချိန်အဖြစ် ရွေးချယ်ပြီး လုံခြုံရေးကင်မရာတွေ၊ လုံခြုံရေးအစောင့်တွေ နေရာချထားပုံနဲ့ အကောင်းဆုံးထွက်ပြေးရာလမ်းကြောင်းတွေကို စနစ်တကျစီစဥ်ပြီးမှ ခိုးယူလေ့ရှိတယ်။

သူလိုချင်တဲ့ အနုပညာပစ္စည်းတခုခုကို ရှာတွေ့တဲ့အခါ သူ့ရည်းစားက စောင့်ကြည့်နေပြီး သူကတော့ ပြတိုက်/ပြခန်းကိုလာသူ အခြားသူတွေနဲ့ ရောနှောနေလေ့ရှိတယ်။

ဒါပေမယ့် ကံတရားက ဖေးမမှုမရှိတော့တဲ့အခါမှာတော့ Breitwieser ရဲ့ အချိန်ဟာ နောက်ဆုံးမှာ ကုန်ဆုံးသွားခဲ့ပါတယ်။

၂၀၀၁ ခုနှစ် နိုဝင်ဘာလမှာ စစ်သုံး အချက်ပြ လေမှုတ်တူရိယာတခုကို ခိုးယူမှုကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရတယ်။ ဒါပေ့မယ် အချိန်ကာလ အနည်းငယ်ပါပဲ။

ဒါပေမယ့် ရဲအရာရှိတွေကတော့ Breitwieser ဟာ တကယ့် အနုပညာသူခိုးတစ်ဦးဖြစ်ကြောင်းနဲ့ သူ့ရဲ့ ခိုးယူမှုတွေဟာ ဒီ့ထက် ပိုများနိုင်တယ်လို့ သံသယရှိခဲ့ကြတယ်။

အဲဒီ့အချိန်မှာ သူနေထိုင်ဆဲဖြစ်တဲ့ သူ့အမေရဲ့အိမ်ကို ရှာဖွေဖို့ ဝရမ်းကို ရဲတွေကရရှိခဲ့တယ်။

အဲဒီ့နေရာကိုရှာဖွေတဲ့အခါ အဖိုးတန်ပန်းချီကားများနဲ့ စီတန်းထားတဲ့ နံရံတွေကို တွေ့ရတဲ့အခါ စစ်ဆေးရေးမှူးဟာ တုန်လှုပ်သွားခဲ့တယ်။

Breitwieser ရဲ့အမေဟာ သူမရဲ့သားဖြစ်သူ ခိုးယူထားခဲ့တဲ့ အနုပညာပစ္စည်းတွေကို ဖယ်ရှားပစ်ခဲ့ပြီး အများစုကို Alsace အရှေ့ပိုင်း Rhone-Rhine တူးမြောင်းထဲကို ပစ်ချခဲ့တယ်ဆိုတာကိုပါ ဖော်ထုတ်နိုင်ခဲ့ကြတယ်။

တချို့ကို ဂျာမန်နယ်စပ်နားက တူးမြောင်းထဲမှာ ပစ်ချပြီး တချို့ကို မီးရှို့ပစ်လိုက်တယ်လို့ ဖော်ထုတ်နိုင်ခဲ့တယ်။

Breitwieser ဟာ ပြင်သစ်နှင့် ဆွစ်ဇာလန်တို့မှာ သူခိုးမှုနဲ့ ထောင်သုံးနှစ်နဲ့ ခုနစ်လကျခံခဲ့ရတယ်။ ပြန်လွတ်လာတဲ့အခါ ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Alsace က သူ့အဘိုးအဘွားများရဲ့ လယ်တောအိမ်အနီးက နေရာငယ်တစ်ခုကို ပြောင်းရွှေ့ခဲ့ပြီး အစိုးရအထောက်အပံ့နဲ့ နေထိုင်ခဲ့တယ်။

သူ့အမေက သူ့အတွက် နောက်ထပ်ကားတစ်စီးဝယ်တော့ သူက အခိုးမခံရသေးတဲ့ Alsatian ပြတိုက်ကို မောင်းလာခဲ့တယ်။

သူ အသစ်စက်စက် ခိုးယူလာတဲ့ အနုပညာလက်ရာတွေကို eBay မှာ ရောင်းချဖို့ ကြိုးစားတဲ့အခါမှာတော့ သူ ထပ်မံဖမ်းဆီးခံခဲ့ရတယ်။

၂၀၂၃ ဧပြီလက နောက်ဆုံးရုံးချိန်းအပြီးမှာတော့ သူဟာ နေအိမ်အကျယ်ချုပ်ချခံခဲ့ရတယ်။ အခု သူဟာ ခြေကျင်းဝတ်မော်နီတာ ဝတ်ဆင်ထားပြီး ၂၀၃၁၊ သူ့အသက် ၆၀ ပြည့်ချိန်အထိ ခြေချုပ်ချခံထားရပါတယ်။

“ကျွန်တော်က စကြဝဠာရဲ့ အရှင်သခင်ဖြစ်ခဲ့တယ်” သူကပြောခဲ့ပြီး "အခု ငါဘာမှမဖြစ်တော့ဘူး။" လို့ နောက်ဆုံးပြောခဲ့ပါတယ်။

Ref: This art thief nabbed 239 works of art worth an estimated $2 billion by Caroline Howe (August 2023)

22/05/2024

Full video soon ... "La Tour Eiffel"

Send a message to learn more

မနှစ်က ဒီလိုအချိန်မှာ စာအုပ်အဟောင်းဆိုင်တခုကနေ De Draeger ရေးတဲ့ Dali ဆိုတဲ့ စာအုပ်ကို ရလာပါတယ်။ စာအုပ်က ၁၉၆၈ ထုတ်ဆိုပေမ...
20/05/2024

မနှစ်က ဒီလိုအချိန်မှာ စာအုပ်အဟောင်းဆိုင်တခုကနေ De Draeger ရေးတဲ့ Dali ဆိုတဲ့ စာအုပ်ကို ရလာပါတယ်။

စာအုပ်က ၁၉၆၈ ထုတ်ဆိုပေမယ့် အခြေအနေ တော်တော်ကောင်းပါတယ်။ အသစ်နီးပါးပါပဲ။ အွန်လိုင်းမှာ အနည်းဆုံး € ၂၀၀ လောက်ရှိတာကို € ၄၀ နဲ့ ရလာတာပါ။ ဝယ်တုန်းကတော့ သာမန်ပါပဲ။ Dali ရဲ့ပန်းချီကားတွေ ပါတဲ့စာအုပ်ပေါ့။ သေချာလေ့လာကြည့်တော့မှ အခန်းတခုချင်းကို တူညီတဲ့အကြောင်းအရာတွေ သေချာခွဲပြီး ပန်းချီကားတွေဖြစ်ပေါ်လာပုံကို sketch ကနေ ပန်းချီကားအထိ သေချာ သုတေသနလုပ်ဖော်ပြပေးထားတာတွေပါ။

အဲဒီ့မှာ Gala ဆိုတဲ့ အခန်း တခန်းပါပါတယ်။ Gala က Dali ရဲ့ မိန်းမပါ။ Dali က Gala ရဲ့ portrait တွေကို အများကြီးရေးခဲ့ပြီး ဂရိဒဏ္ဍာရီက စပါတန်ဘုရင်မ Leda ပန်းချီကားတွေကို Gala ရဲ့ ပုံတူတွေနဲ့ ရေးဆွဲခဲ့ပါတယ်။

လူပုံကနေ အဆောက်အဦပုံပြောင်းလဲထားတဲ့ ပုံတပုံပါပါတယ်။ အဲဒါလည်း Gala ရဲ့ ပုံပါပဲ။ Gala ရဲ့ ဦးခေါင်းကို နောက်ဖက်ကနေ မြင်ရတဲ့ပုံကနေ ပြောင်းထားတဲ့ sketch ပါ။ နောက် အကြမ်းစား ရေးခြစ်ထားတဲ့ n**e တခုပါပါတယ်။ အဲဒါလည်း Gala ပါပဲ။

အခု အဲဒါတွေကို ဖော်ပြလိုက်ပါတယ်။

မနေ့က ပါရီက Palais de Tokyo ပြတိုက်ကို ဒုတိယအကြိမ်အဖြစ် ထပ်ရောက်ဖြစ်တယ်။ ၂၀၂၂ ကိုယ် ရောက်ကာစတုန်းက အောင်ကိုလိုက်ပို့လို့...
20/05/2024

မနေ့က ပါရီက Palais de Tokyo ပြတိုက်ကို ဒုတိယအကြိမ်အဖြစ် ထပ်ရောက်ဖြစ်တယ်။ ၂၀၂၂ ကိုယ် ရောက်ကာစတုန်းက အောင်ကိုလိုက်ပို့လို့ တစ်ခေါက် ရောက်ဖူးတယ်။ အဲဒီ့မှာ ပြပွဲ (၄)ပွဲလုပ်နေပြီး တစ်ပွဲက "ငယ်လေး"ရဲ့လက်ရာ ပါပါတယ်။ ငယ်လေးပါတဲ့ ပြပွဲခေါင်းစဥ်က "Dislocations" ပါ။ အဲဒီ့ပွဲမှာ artist ၁၅ ယောက်ပါပြီး Afghanistan, France, Iraq, Iran, Lebanon, Libya, Myanmar, Palestine, Syria, Ukraine တို့က ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ တစ်ပွဲက "Past disquiet" ဆိုတဲ့ပွဲပါ။ ၁၉၅၀၊ ၆၀၊ ၇၀၊ ၈၀ ကာလများက အာရပ်နိုင်ငံတွေရဲ့ အဖြစ်အပျက်အကြောင်း မှတ်တမ်းမှတ်ရာ၊ သတင်းစာ၊ စာအုပ်၊ ပိုစတာနဲ့ အင်တာဗျူးတွေကို ပြထားတဲ့ Archive နဲ့ Research based ပြပွဲပါ။ ထူးခြားတာကတော့ ပြပွဲအပြင်အဆင်ပါ။ ပြပွဲကို စိတ်ဝင်တစား လိုက်ကြည့်နေရင်း မိနစ်ပိုင်းအတွင်း အမွှေးနံ့တွေကို သတိထားမိပါတယ်။ ကိုယ်တွေဆီက အစ္စလမ်ဘာသာဝင်တွေ သုံးကြတဲ့ အမွှေးနံ့သာမျိုးပါ။ အလွန်​မွှေးလွန်းပြီး ထုံအီတဲ့ အနံ့ပေါ့။ ပြပွဲမှာ ပြထားတဲ့ ပိုစတာဒီဇိုင်းတွေကို ကြည့်နေရတာဟာ အာရပ်ကမ္ဘာထဲ ရောက်နေသလို ဖြစ်နေရင်း အနံ့တွေကပါ တကယ့် အာရပ်နိုင်ငံတွေထဲကို ဆွဲခေါ်သွားပါတယ်။ ပြပွဲတခုလုံး လှည့်ပတ် ကြည့်ပြီးသွားတဲ့အခါ ခေါင်းတွေပါ နောက်လာပါ​လေရော။

အဲဒီ့ပွဲမှာ စာအုပ်တစ်အုပ်ရဲ့ မျက်နှာဖုံးတစ်ခုကို print ထုတ်ပြီးပြထားပါတယ်။ အဲဒါကတော့ "The Constitution of the Union of Arab artists" ဆိုတဲ့ စာအုပ်ပါ။ 1973 မှာ ထုတ်ဝေတယ်လို့ ရေးထားပါတယ်။ ကိုယ်တွေဆီက အနုပညာ အဖွဲ့အစည်းတွေမှာလည်း ဒီလို Constitution မျိုး ရှိမရှိ သေချာမသိပေမယ့် တကယ်ကို လိုအပ်တာပါပဲ။ အာရပ်ကမ္ဘာက အနုပညာတွေဟာ ကမ္ဘာပေါ်မှာ အဆင့်အတန်းတခု ရှိနေတာကို သိထားပေမယ့် အခုက မျက်စိနဲ့ သေချာမြင်ခဲ့ရတဲ့အပြင် အဖွဲ့အစည်း စနစ်ကျနမှုကိုပါ သိခဲ့ရတာပါ။

အခု အောက်မှာ အဲဒီ့ ၂ ပွဲရဲ့ ပုံတချို့ ဖော်ပြပေးထားပါတယ်။

(၁၈ ဖေဖော်ဝါရီ၊ ၂၀၂၄)

"လမ်းဘေးကျူးကျော် ကော်ဖီဆိုင်တွေ"ဒီလို နွေဦးပေါက်ပြီဆိုလျှင် တဆောင်းတွင်းလုံးဆိုင်တွင်းအောင်းနေရသော ကော်ဖီဆိုင်တွေအကုန်...
20/05/2024

"လမ်းဘေးကျူးကျော် ကော်ဖီဆိုင်တွေ"

ဒီလို နွေဦးပေါက်ပြီဆိုလျှင် တဆောင်းတွင်းလုံး
ဆိုင်တွင်းအောင်းနေရသော ကော်ဖီဆိုင်တွေ
အကုန်နီးပါး လမ်းပေါ် ဆိုင်ခုံချ ...
သို့ကလို ရောက်လာကြလေတော့သည်။
ပြီခဲ့တဲ့ (၂၀) ရက်နေ့က ဆောင်းတွင်းမှနေ
နွေဦးရာသီကို ကူးပြောင်းသည်။
ပြီခဲ့တဲ့ (၃၁)ရက်နေ့ကတော့ မနက်အစောကြီး
အချိန် (၁)နာရီ ရှေ့တိုးသွားခဲ့ပြီ။

ဒီလို ဆိုင်အခင်းအကျင်းက
လမ်းဘေးလက်ဖက်ရည်ဆိုင် ထိုင်လေ့ရှိတဲ့
ကိုယ်နဲ့တော့ အကိုက်။
(၂) ယူရိုနှင့် (၃)ယူရိုကြား ကော်ဖီဖိုးသုံးလျှင်
ရန်ကုန်လိုပင် တမေ့တမော ထိုင်နိုင်သည်။

ဒီဆိုင်ပုံလေး ရိုက်ဖြစ်တော့
ဗန်ဂိုးရဲ့ ည ကော်ဖီဆိုင် ပန်းချီကားနဲ့
ကိုမျိုးမင်းသိန်းရဲ့ ကော်ဖီဆိုင်
ရေဆေးပန်းချီကားတွေ
သတိရသွားသည်။
ဘာလို့ဆို .. ဒါမျိုးက သူ့ subject။

ဒီပုံ ပန်းချီရေးချင်လျှင်လည်း မည်သူမဆို
ခွင့်တောင်းစရာမလို ... ရေးနိုင်ကြပါသည်။

ဒီနိုင်ငံမှာ တွေ့ရခဲတဲ့ ကိုယ့်ဗမာစာလုံးလေးတွေ ...တရားဝင်နေရာတွေပေါ်မှာ တွေ့ရတော့လဲ စိတ်ထဲ တမျိုးတော့ဖြစ်သား ...ပထမတခုက "...
20/05/2024

ဒီနိုင်ငံမှာ တွေ့ရခဲတဲ့ ကိုယ့်ဗမာစာလုံးလေးတွေ ...
တရားဝင်နေရာတွေပေါ်မှာ တွေ့ရတော့လဲ
စိတ်ထဲ တမျိုးတော့ဖြစ်သား ...

ပထမတခုက "ဘာသာစကား"တဲ့ ..
ကိုယ့်မြို့နယ်နဲ့ကပ်နေတဲ့ ပါရီက ရပ်ကွက်တခုမှာ။
သူက ဘာသာစကား တက္ကသိုလ်။
အဲဒီ့မှာ မြန်မာစာလည်း သင်သတဲ့။

နောက်တခုက မွန့်မတ်မှာရှိတဲ့ "ချစ်တယ်" ...
မနှစ်က ရိုက်ထားတာ။

ပီကာဆိုရဲ့ အတောမသတ်နိုင်သော ကောက်ကြောင်းများ--------------------------------------------------Centre Pompidou မှာ ပီကာဆိ...
21/12/2023

ပီကာဆိုရဲ့ အတောမသတ်နိုင်သော
ကောက်ကြောင်းများ
--------------------------------------------------

Centre Pompidou မှာ ပီကာဆိုကွယ်လွန်ခြင်း နှစ်(၅၀)ပြည့်အဖြစ် Picasso. Endlessly drawing ဆိုတဲ့ ပွဲကို အောက်တိုဘာ ၁၈ ရက်နေ့ကနေ ဇန်နဝါရီ ၁၅ ရက်နေ့အထိ ပြနေပါတယ်။ ပါရီမှာရှိတဲ့ ပီကာဆိုပြတိုက်က drawing တွေ အများဆုံးပါဝင်ပါတယ်။

ပြတိုက်တွေ မသွားဖြစ်တာ လနဲ့ချီကြာနေပါပြီ။ ထုံးစံအတိုင်း အောင်ကိုက မကြည့်ရက်ဘူးထင်ပါတယ်။ ဝင်ဖို့ ကတ်ပြား ခေါ်ပေးပြီး ကော်ဖီပါ တိုက်ပါတယ်။ ဒီတော့ ကြည့်ရတော့တာပါပဲ။ ဒီအတွက်လည်း တကယ့်ကို ကျေးဇူးပါ။

ပီကာဆိုကတော့ သိကြတဲ့အတိုင်း drawing မှာ မျိုးစုံ စမ်းသပ်ရေးဆွဲတတ်တဲ့သူ ဖြစ်တာနဲ့အညီ အမျိုးမျိုးသော စမ်းသပ် drawing တွေ အများကြီးတွေ့ရပါတယ်။ ခဲခြစ်၊ မှင်ခြစ်၊ ပုံနှိပ်၊ ရေဆေး .. စသဖြင့် စုံလို့ပါပဲ။ မူးနောက်နေအောင် ကြည့်ခဲ့ရပါတယ်။

ပုံတွေက ၁၀၀၀ လောက်ရှိတဲ့အတွက် အကုန်လုံးတော့ ဓါတ်ပုံမရိုက်နိုင်ပါဘူး။ နည်းနည်းပါးပါးရိုက်ပြီး ကိုယ်ကြိုက်တာလေးတွေကို စိမ်ပြေနပြေကြည့်ခဲ့တာပါပဲ။

အခုပုံတွေကတော့ သူ ကျောင်းသားဘဝက ခန္ဓာဗေဒ လေ့လာပြီး ဆွဲခဲ့တဲ့ပုံတွေ၊ သူ့ ကိုယ်တိုင်ရေးပုံတူတွေ၊ ပါရီရောက်ကာစ ရေးဆွဲတဲ့ပုံတွေနဲ့ ပန်းချီကားမဖြစ်ခင် အကြိမ်ကြိမ် ရေးဆွဲခဲ့တဲ့ ပုံကြမ်းတွေကို ဦးစားပေး ဖော်ပြလိုက်ပါတယ်။

(တချို့ပုံတွေက လိုင်းပါးပြီး FB က resolution သေးတာကြောင့် ဝါးနေနိုင်ပါတယ်။)

Dec 21, 2023

Avant l'orage..........................Pinault Collection ဆိုတာ ပါရီမြို့ရဲ့ အထင်ကရပြတိုက်တွေထဲက တစ်ခုပါ။ ဒီ ပြတိုက်အဆော...
03/08/2023

Avant l'orage..........................
Pinault Collection ဆိုတာ ပါရီမြို့ရဲ့ အထင်ကရပြတိုက်တွေထဲက တစ်ခုပါ။ ဒီ ပြတိုက်အဆောက်အဦဟာ ပါရီမြို့လယ်ခေါင် (၁)ရပ်ကွက်အတွင်းမှာရှိပြီး Louvre ပြတိုက်နဲ့လည်း နီးပါတယ်။ ဒီအဆောက်အဦဟာ ရှေးက ကုန်သွယ်ရေးအဆောက်အဦတခုဖြစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှ စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ François Pinault က ပြတိုက်အဖြစ် တည်ထောင်ခဲ့တာပါ။ အခုအချိန်ထိ စုစောင်းပြီးလက်ရာပေါင်း သောင်းဂဏန်းရှိပါတယ်။

သူ collector ဖြစ်လာပုံကတော့ ၁၉၇၀ ခုနှစ်တွေရဲ့ အစောပိုင်းမှာ သူ gallery တစ်ခုကိုသွားခဲ့တယ်။ အဲဒီ့မှာ Paul Sérusier ရဲ့ ၁၈၉၁ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ Cour de ferme en Bretagne (Farmyard in Brittany)ဆိုတဲ့ ပန်းချီကားကို သူတွေ့ခဲ့ပါတယ်။ အဲဒီ့ပန်းချီကားကို သူကြည့်ရင်းကြည့်ရင်း ပန်းချီကားဟာ ဆန်းကြယ်မှုတခုခုရှိနေတယ်လို့ သူခံစားခဲ့ရတာကြောင့် အဲဒီ့ပန်ချီကားကို သူ ဝယ်ယူခဲ့တယ်။ အဲဒီ့နောက်ပိုင်း မော်ဒန်နဲ့ ကွန်တန်ပိုရာရီ လက်ရာတွေကို စုစောင်းရင်း နောက်ဆုံး ပြတိုက်လုပ်တဲ့အထိ ဖြစ်လာတော့တာပါပဲ။ (ဒီအကြောင်းအရာတွေကို Wiki နဲ့ Pinault collection website တွေမှာလည်း သွားဖတ်လို့ရပါတယ်။ စာရှည်မှာစိုးလို့ ထည့်မရေးတော့ပါဘူး။)

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ အဲဒီ့ပြတိုက်ကို Before the Storm (ပြင်သစ်လို Avant l'orage) ဆိုတဲ့ collective ပြပွဲကိုကြည့်ဖို့ ရောက်ခဲ့တာပါ။ သူငယ်ချင်း အောင်ကို လိုက်ပို့လို့ မနှစ်ကလည်း Charles Ray ပွဲကို ရောက်ပါသေးတယ်။ အခုလည်း သူ့ကတ်ပြားယူပြီး ခပ်တည်တည်နဲ့ ဝင်ကြည့်ခဲ့တာပါ။

ပွဲက Artist (၁၅)ယောက်ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့လက်ရာတွေကို စုပြီး ပြထားတာပါ။ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးတော့ ဒီလက်ရာတွေအားလုံးက ပြတိုက်ရဲ့ collection တွေက ပြန်ထုတ်နှုတ်ပြီးပြတာပါ။

ဒီပြပွဲက လက်ရာတွေကို တခုခြင်းအကြောင်း ရေးပြဖို့က မလွယ်ပါဘူး။ ကျွန်တော့်ရဲ့ critical point of view အားနည်းတာနဲ့လည်း ဆိုင်ပါလိမ့်မယ်။ ပုံတွေအောက်မှာတော့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို တခုခြင်း တတ်နိုင်သလောက် ရေးပေးသွားပါမယ်။ ဖတ်ကြည့်ပါ။ (*** ပုံတခုချင်းစီမှာ အကြောင်းအရာတွေများလွန်းလို့ တဖြည်းဖြည်း ဖြည့်ပေးသွားပါမယ်။)

ဒီပြပွဲကိုကြည့်ပြီး အတွေးတွေ၊ ခံစားမှုတွေတော့ အများကြီးရပါတယ်။ အကြောင်းအရာ လေးလေးနက်တဲ့ လက်ရာတစ်ခုကို ဘယ်လောက်ပေါ့ပေါ့ပါးနဲ့ ဖန်တီးလို့ရတယ်ဆိုတာလည်း တွေ့ခဲ့ရပါတယ်။ အနုပညာအပေါ် ချဥ်းကပ်ပုံတွေကလည်း သိပ်ကို အသေးစိတ်ပြီး လှပပါတယ်။

(၃ သြဂုတ်၊ ၂၀၂၃)

Adresse

Paris

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Art of Paris publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager