25/09/2025
👾Thu Myat (b. 1986) is a Yangon-based visual artist whose practice spans graffiti, painting, new media, and large-scale public works. Emerging from Yangon’s urban art scene, he is recognized as one of the leading figures to introduce and develop graffiti as a contemporary art form in Myanmar. A member of the OKP Crew and co-founder of the design company Plus Ka Gyia, he has stood at the intersection of underground culture and institutional recognition for nearly two decades.
🌘His practice is characterized by experimentation with medium and scale—ranging from new painting techniques and paper-based works to large sculptural forms. Often infused with satire and sarcasm, his works question societal norms while engaging with themes of urban identity, public space, and cultural transition. By employing humor and irony, he reframes social critique in ways that are both accessible and subversive.
☄️Since his first solo exhibition at New Zero Art Space, Yangon (2011), where he introduced live graffiti sessions into the gallery context, Thu Myat has exhibited widely in Myanmar and abroad. Key exhibitions include Forward-Backward: Second Wave Eight Myanmar Contemporary Art Exhibition, H Project Space, H Gallery, Bangkok (2011); Urbane, Folklore-Kunstraum, Innsbruck (2013), Myanmar New Wave: Pop Art Revisited, Singapore (2017) and All Too Human, Myanm/art, Yangon. In 2017, he was commissioned to produce a landmark mural on the Myaynigone Flyover in Yangon, a seminal project for the recognition of street art in Myanmar’s public sphere.
💫He participated in the LIA International Art Residency Program in Leipzig, Germany (2022). His works are represented in international collections, including Urban Nation, Urban Contemporary Art Museum, Berlin.
👾သုမြတ် (မွေး ၁၉၈၆) ဟာ ဂရပ်ဖီတီ၊ ပန်းချီ၊ ကြားခံနယ် အသစ်တွေအပြင် ထုထည်ကြီးမားတဲ့ ရုပ်ထုလက်ရာတွေကို လုပ်ဆောင်နေတဲ့ ရန်ကုန် အခြေစိုက် အမြင်ဆိုင်ရာ အနုပညာရှင်တစ်ဦးဖြစ်တယ်။ မြို့ပြရန်ကုန်ရဲ့ အနုပညာနယ်ပယ်ကနေ ဂရပ်ဖီတီ နံရံဆေးရေး လက်ရာတွေကို ကွန်တမ်ပိုရာရီ လက်ရာအသွင် တင်ဆက် ဦးဆောင် ဖော်ထုတ်ခဲ့သူတွေထဲက တစ်ယောက်လည်းဖြစ်တယ်။ OKP crew အဖွဲ့ဝင်၊ Plus Ka Gyia ဒီဇိုင်း ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ စတာတွေကို လုပ်ကိုင်ရင်း မြေအောက်ယဉ်ကျေးမှု နဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းဆိုင်ရာ အသိမှတ်ပြုမှုတို့ကြား ဆုံမှတ် တစ်နေရာမှာ ဆယ်စုနှစ် ၂ ခုကြာ ရပ်တည် ရှင်သန်နေတဲ့ သူလည်းဖြစ်တယ်။
🌘သူ့လက်ရာအလေ့အကျင့်တွေက ပန်းချီရေးနည်းဆိုင်ရာ နည်းပညာရေးဟန်အသစ်တွေ၊ စက္ကူကို အခြေခံတဲ့ ရုပ်ထုလက်ရာကြီးတွေ စတာတွေကို အစဉ်တစိုက် စမ်းသပ်ဖော်ဆောင်လေ့ရှိတယ်။ ရံဖန်ရံခါ အပျော်အပြက် သရော်ဟန်လေးတွေနဲ့လည်း လူ့အဖွဲ့အစည်း လူနေမှု ဘဝစံနှုန်းတွေကို လက်ရာတွေကနေ ဖော်ပြလေ့ ရှိတယ်။ ဒီလိုဖော်ပြရင်းနဲ့ မြို့ပြလက္ခဏာ၊ အများသူငှာဆိုင်ရာ လွတ်လပ်နေရာတွေနဲ့ ယဉ်ကျေးမှုအသွင် ကူးပြောင်းရာ မှာ အဓိကအားဖြင့် ပါဝင်လှုပ်ရှားခဲ့တယ်။ ဒါ့အပြင် လူမှုရေးရာ ဝေဖန်အကြံပြုခြင်း ဆန်ဆန်တွေကို သူ့လက်ရာတွေကနေ ချဉ်းကပ်ရာမှာလည်း ဟာသ နဲ့ လျှို့ဝှက်ထေ့ငေါ့ကာ လူတိုင်းနားလည် လွယ်အောင် ပေါ့ပေါ့ပါးပါးလုပ်လေ့ရှိတယ်။
☄️အဖြူရောင် ဂလာရီနံရံတွေထဲမှာ ဂရပ်ဖီတီ လက်ရာတွေ ပါဝင်လို့ရတယ်ဆိုတာကို ၂၀၁၀ ခုနှစ် New Zero Art Space မှာပြုလုပ်တဲ့ သူ့ရဲ့တစ်ကိုယ်တော်ပြပွဲမှာ တိုက်ရိုက် လူထုရှေ့ ဂရပ်ဖီတီရေးဆွဲတဲ့ အစီအစဉ်ကို ထည့်သွင်းရင်း ဖော်ပြခဲ့တယ်။ ဒီကနေတစ်ဆင့် သုမြတ်ဟာ ပြည်တွင်းပြည်ပမှာ သူ့လက်ရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြသခဲ့တယ်။ အဓိကပြပွဲတစ်ချို့အနေနဲ့ Forward-Backward: Second Wave Eight Myanmar Contemporary Art Exhibition, H Project Space, H Gallery, Bangkok (2011); Urbane, Folklore-Kunstraum, Innsbruck (2013), Myanmar New Wave: Pop Art Revisited, Singapore (2017) နဲ့ All Too Human, Myanm/art, Yangon (2022) တို့မှာလည်း ပါဝင်ပြသခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ မြန်မာလူထုနယ်ပယ်မှာ အသိအမှတ်ပြုခြင်းခံခဲ့ရပြီး အထင်ကရတစ်ခုအနေနဲ့ ဖြစ်ခဲ့တဲ့ နံရံဆေးရေးပန်းချီကို ရန်ကုန်မြို့ မြေနီကုန်းတံတားပေါ်မှာ ရေးဆွဲခဲ့ပါတယ်။
💫သူဟာ ဂျာမနီနိုင်ငံ၊ Leipzig ရှိ LIA International Art Residency Program (2022) မှာလည်း ပါဝင်ခဲ့ပါတယ်။ သူရဲ့ လက်ရာတွေကို Urban Nation၊ Urban Contemporary Art Museum၊ Berlin အပါအဝင် အခြားနိုင်ငံတကာ အနုပညာစုဆောင်းမှုများမှာလည်း စုဆောင်းထားကြပါတယ်။
Z1320AA
Thu Myat
Opening Reception
27.09.2025
4-6pm
On view: 27 September - 31 October, 2025
curated by sid Kaung Sett Lin