05/01/2023
ကိုအာလူး ဘော်ဒါတွေ GBM မှာရှိသေးလား? 🤔🤔🤔
(အလွမ်းပြေဖတ်ရန်)
မကြာမှီလာမည်မျှော်..… ✌✌✌
Dota ရူးတဲ့ ကိုအာလူး
^^^^^^^^^^^^^^^^^^
မင်္ဂလာပါ ခင်ဗျာ..!
ကျွန်တော်တို့ GAME BOOK MYANMAR ကနေပြီးတော့ ဂိမ်းနဲ့ပတ်သတ်တဲ့ ဟာသဆောင်းပါးလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အသက်ကြီးမှ ဂိမ်းတွေလိုက်ဆော့ နေတဲ့ ဘဲကြီးတစ်ဗွေအကြောင်းကို ဟာသအနေနဲ့ရေးထားတာဖြစ်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ကြည့်ဖြစ်အောင် ဖတ်လိုက်ပါလို့....
Team
ဝု…. အူးးးးးး…. အူ...
တိတ်ဆိတ်နေသော ည… ကာလကို ခွေးအူသံ၊ ဟောင်သံတချို့နှင့် လေးပင်ကျယ်လောင်နေသော လူတစ်ယောက်၏ ဆဲရေးတိုင်းထွာသံတို့မှ လှုပ်နှိုးလိုက်ပေသည်။ ထို့အတူ ခွေးနှင့်အပြိုင် ဂိမ်းဆိုင်ထဲမှ Battle ဆိုင် သံကိုလည်း တစ်ဆက်တည်း ကြားရပေ၏။
အေ့… ဝေါ့ ဘာ… ဘာ… ဘာလဲကွ… ထွီ ...
ငါ ယိုးမသားထွေး(ခွေး)တွေ… ငါ့… ကို… များ… ဟင်… ဟေ့...
ဒီမှာ အာနူးတဲ့ကွ... (အာလူး)
အမည်အရင်းကား တောက်ထိန်ဖြစ်သည်။ အနှီ ကိုတောက်ထိန်ဆိုသူအကြောင်း အကျဉ်းချုံးပြောရသော်… သမီးချည်း (၃) ယောက်ရှိပြီး ကုမ္ပဏီတစ်ခုတွင် အရောင်းမန်နေဂျာလုပ်သူ၊ အသက် ၃၈ နှစ်အရွယ်၊ လူပျိုကြီးစိတ် နှင့် လူကြီးဖြစ်သည်။ လူပျိုကြီးစိတ် ဆိုသော်လည်း ကပ်စေးနဲခြင်းမဟုတ်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ဘောပွဲကြည့် လူငယ်များနှင့် ပျော်ပျော်ပါးပါး ရပ်ရေးရွာရေး ပြုလုပ်သူဖြစ်သည်။
ယနေ့ညမှ ဘယ်ကဘယ်လို ကျွန်တော်တို့အဖွဲ့နှင့် အုပ်ကွဲပြီး တစ်ယောက်တည်း မူးရူးအော်ဟစ်ပြန်လာခြင်းလည်း မသိ။ ကျွန်တော်တို့အဖွဲ့ဆိုလို့… ကျွန်တော်တို့အဖွဲ့မှာ… ကျွန်တော်ရယ်၊ တွတ်တီးရယ်၊ ညီပုနဲ့ ကောင်းကောင်း ဆိုပီး ငယ်ပေါင်း လေးယောက်ရှိတယ်ဗျ။
ကျွန်တော်၊ တွတ်တီးက TU ကျောင်းသားတွေ၊ ဟိုနှစ်ကောင်က ရေကြောင်းက… ကျောင်းချင်းမတူပေမဲ့ ငယ်ငယ်ထဲက ဆော့ဖော်ဆော့ဖက်တွေဆိုတော့ ရပ်ကွက်ထဲမှာတော့ အတွဲဆုံးတွေပေါ့… ကိုအာလူးကတော့ တစ်ရပ်ကွက်တည်းသားချင်းပေမဲ့ ကျွန်တော့်တို့အဖွဲ့ထဲ ၀င်လာတာ ၃၊ ၄ လလောက်ပဲ ရှိသေးတယ်ဗျ။
မှတ်မိသေးတယ် အဲဒီနေ့က… ဘောပွဲထိုင်ကြည့်နေတာ… လက်ဖက်ရည်ဆိုင်မှာ… နောက်တစ်ပွဲပြဖို့ တော်တော်လိုသေးတာနဲ့ ကျွန်တော်တို့လည်း သွားခုတ်ရအောင်ကွာလို့ ပြောနေတုန်း… အဲဒီလူက နောက်ကနေ ဘာပြောတယ်မှတ်လဲ…
ဟိတ်ကောင်တွေ….
ဗျာ… ကိုအာလူး…
မင်းတို့ ရန်ဖြစ်ကြတော့ မလို့လား… မလုပ်နဲ့နော် လူငယ်အချင်းချင်း… အင်း… ဟို… ဟာာာာ… Dota သွားဆော့မလို့ဗျ… ကိုအာလူးရ…
သြော်… ဟောာ်… အင်းအင်း… သိပါဘူးကွာ…
ငါက မင်းတို့ ခုတ်မယ်ဆိုတာ ကြားလိုက်ရလို့... နေပါဦးကွ… အဲဒီ ဒိုတာ၂ ဆိုတာက ဘာလိုမျိုးလဲ။ ငါလည်း ကြားဖူးတာတော့ ကြာပေါ့… အဲ… မြင်လည်းမြင်ဖူးပါတယ်… မင်းတို့ဟာက မျက်စိတော်တော်နောက်တယ်ကွာ။ ငါ တစ်ခါ နောက်ကရပ်ကြည့်နေတာ ခေါင်းကိုမူးသွာတာပဲ…
ကျွန်တော် - ဟာ… အဲဒီလောက်လည်း မဟုတ်ပါဘူး… ကိုအာလူးကို သေသေချာချာရှင်းပြမယ့်လူ မရှိသေးလို့… အခု ကျွန်တော်တို့သွားဆော့မှာ လိုက်ကြည့်ကြည့်ပါလား… တရုတ်ကြီးဆိုင်လေးတင်…
ကိုအာလူး - အင်း လိုက်မယ်ကွာ အဲသလို အဲသလိုနဲ့ စလိုက်တာ… ကျွန်တော်တို့ ၄ ယောက်အဖွဲ့ထဲ သူဝင်လာပြီး… အာလူးဆိုတဲ့နာမည်နဲ့ Pudge ကြီး ကိုင်ကိုင်ဆော့တဲ့ ရယ်စရာ ဘဲကြီးတစ်ယေက် ဖြစ်မှန်းမသိ ဖြစ်လာတော့တယ်။ ပြီး သူက ကျွန်တော်တို့ထက် ဆွဲလမ်းသွားတာလား၊ ဘာလားရယ်လဲတော့ မသိဘူး။ ကျွန်တော်တို့ နားတဲ့အချိန်တောင် သူတစ်ယေက်တည်း သူမွေးမှ သူ့သား… သူ့မြေးလောက်လေးတွေနဲ့ သွားသွား အရိုက်ခံနေတာ ကြားကြားလာရတယ်…
အင်း… ဒီနေ့တော့ ဘယ်လိုတွေ၊ ဘာတွေဖြစ်လာလဲတော့မသိ… တစ်ခါမှ မမူးဘူးတဲ့လူက ပုဆိုးကို ခေါင်းမှာ စည်းရင်း တစ်ဝက်က နောက်ကျောကို ဖုံးထားတယ်… ဘောင်းဘီ တိုနန့်နန့်လေးမှာလည်း ဘာတွေပေနေမှန်းမသိ… ထူးခြားတာက ဖိနပ်တွေကို နာမည်ကျော် အမူးသမားကြီးများ ထုံးနှလုံးမမူဘဲ (ခါးကြားထိုး)… တစ်လံလောက်ရှိတဲ့ တုတ်စိမ်းတစ်ချောင်းရဲ့ ထိပ်မှာ ကြိုးနဲ့ သိုင်းချည်ပီး ဇော်ထမ်း ထမ်းထားလေရဲ့။ လူက… ရေချိန်ကိုက်လည်းနေတော့… လှမ်းသမျှ ခြေလှမ်းတိုင်းကလည်း 1… 2… 3... ဂိုး တိုင်ပင်နဲ့ပေါ့… ခွေးတွေဟောင်တာလည်း မပြောနဲ့လေ… သူ့ပုံက Witch Doctor လိုလို၊ ဘာလိုလိုနဲ့ကိုး… အံမယ် သူကလည်း သူ… ပါးစပ်က ပလုံးပထွေး အော်လိုက်သေးတယ်….
ဟေ့ ဘိုဘထူးက Dota ဆော့တဲ့… ကိုအာလူးဆိုတာ ငါပဲ… ကွ… ငါယိုးမထွေး(ခွေး)တွေ… အေ့… ထွီ… အဲဒီမှာ တစ်ရပ်ကွက်လုံးကလည်း ထွက်ကြည့်… ဥက္ကဌနဲ့… သူ့မိန်းမ မခင်ကြွယ်လည်း ၀င်ဆွဲ… သူ့ သမီး အပျို… ကြီး… စဉ် ငယ်လိုက်လေးတွေလည်း သူတို့အဖေရဲ့ ရုတ်တရက် အကွက်ဆန်းကြီးကို ကြည့် ရှက်ရမလိုလို၊ ငိုရမလိုလိုနဲ့… ဒါနဲ့… ကျွန်တော်လည်း အိမ်ပေါ်က ပြေးဆင်းပြီး… သူ့ကို ၀င်တွဲရင်း မေးရတာပေါ့…
ကိုအာလူး… ကိုအာလူး… ဘာ… ဘာဖြစ်တာလဲဗျာ… ရန်တွေဘာတွေဖြစ်လာတာလား…
ဟင်… ပြော…
တောက်………….. ကျယ်ကျယ်လောင်လောင် ခေါက်ပစ်လိုက်တယ်… တောက်တစ်ချက်… ပြီး… ဒီမှာ ဘစည်…
ပြောပါ… ကိုအာလူး… ပြောပါ…
ငါ… ငါ… လေ… နယ်ကျွံမိသွားတယ်ကွာ… တဲ့…
အဲဒီမှာတင် သူ့မိန်းမက ဟင် ဘုရား… ဘုရား… ဘာ နယ်ကျွံလာတယ် ဟုတ်လား ကိုတောက်… ပြောစမ်း… ဘယ်ကကောင်မနဲ့လဲ…
ဟိုက်… ဒီမှာ စရှုပ်ကုန်ပြီ… အမ်… ဟုတ်ဝူး ဟုတ်ဝူး…
အံမယ် ကို့လူက ဒါမျိုးကျတော့ အတင်း ခေါင်းလေးစောင်းတောင်းစောင်းတောင်းနဲ့ သူ့ချစ်ချစ်ကို ငြင်းတယ် ဟုတ်ဝူးတဲ့…
ဘာဟုတ်ဝူးလဲ အဲ ဟုတ်ဘူးလဲ။ ရှင်ပဲ နယ်ကျွံလာတယ်ဆို… ဟုတ်ဝူးဆို… ရှင်… ရှင်…
အံမယ် အံမယ် ကြောက်တယ်ဗျ… သူ့ဖိနပ်လေး ကျစ်ကျစ်ပါအောင် ဆုပ်လို့ သူ့မိန်းမအော်တော့…
အဲဒီလိုနဲ့ ဟိုကောင်သုံးကောင်လည်း ရောက်ချလာတယ်… ရပ်ကွက်ထဲက လူတွေအကုန်လုံးလည်း ဓာတ်တိုင်အောက်က ကျွန်တော်တို့ ကိုအာလူးကြီးကို မျောက်ပွဲသဖွယ် ၀ိုင်းကြည့်… မေး… တချို့ကလည်း မရိုးဘူး ဒါ… ပရိတ်ရေလေး တောက်ကြည့်ဆိုလား… တချို့ကလည်း… ဖောက်ပြန်တာပါကွာ… တဲ့… အဲသလို အသံပလံ ပေါင်းစုံကြားမှာ ကြာရင် ကိုယ့်လူအခြေအနေ ဒီထက်ပိုဆိုးသွားမှာစိုးတာနဲ့… ကျွန်တော်ကပဲ ကြားဖြတ်ဝင်မေးပေးလိုက်တယ်…
ကိုအာလူး… ခင်ဗျား… ဘာဖြစ်လဲ… မှန်မှန်ပြော။ ဘယ်သူနယ်ကျွံသွားတာလဲ။ တခြားရပ်ကွက်လား… ဟုတ်လား…
အဲသလိုလည်း မေးလိုက်ရော… ကိုအာလူးရယ်… ကျွန်တော်တို့လေးယောက်ကို ဖိနပ်လေးပိုက်ပီး... မော့ကြည့်ရှာတယ်… သူ့မျက်လုံးတွေက… စစ်ရှုံးသွားတဲ့ စစ်သူရဲအိုတစ်ယောက် ပွဲပန်းပီး… ရှက်ရွံ့နေတဲ့ပုံစံနဲ့ မျက်ရည်တွေတောင် ၀ိုင်းလို့…
ငါ… ငါ… လေ
ပြော ကိုအာလူး… ပြော…
ငါ... ဂိမ်း… သွားဆော့တာ…
ဘာ… ဂိမ်း… ဟုတ်လား… ကျယ်လောင်ဆူးရှသော သူ့မိန်းမအသံ အဆုံး…
ဖုန်း…… ကိုအာလူးကျောပြင် လယ်ဗယ် ၆ တစ်ချက် မိသွားတယ်…
ဟဲဟဲ… အဲဒီမှာ ကြည့်… ဘာလားပဲ… ငေါက်ကနဲ ထထိုင်လိုက်တာ… ကို့လူက… ပြီး ပြောသွားသေးတယ်… ငါ နက်ဖြန်ကျ လက်ဖက်ရည်ဆိုင်မှာ ပြောပြမယ်…
ဘာ လက်ဖက်ရည်ဆိုင်မှာ ပြောမှာလဲ…
ဖုန်း… ဖုန်း… ဟာ လယ်ဗယ် ၆ ကူဒေါင်းက မြန်လိုက်တာဗျာ… ၂ ချက်တောင်…
သွားမယ် အိမ်ကျမှ တွေ့မယ်… တွေ့မယ်…
ကိုတောက်… ရှင်တော့… လေ… ဟင်း
အဲဒါပဲဗျ… ကိုအာလူး ဘာဖြစ်လာတယ်… ဘယ်ရပ်ကွက်ထဲ ဂိမ်းသွားဆော့ပြီး ဘယ်လိုတွေတောင် အသိပ်ခံလာရတယ် မသိဘူး… ဒါနဲ့… ကျွန်တော်တို့လည်း အတွေးကိုယ်စီ… အပြုံးကိုယ်စီနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ခဲ့လိုက်ကြတယ်… နက်ဖြန်ကျရင်တော့ ကိုအာလူးပြောမယ့်… သူ့ အသိပ်ခံ ဇာတ်နာကြီးကို နားဆင်ရဦးမှာပေါ့ဗျာ…
ဆက်ရန် - ဤစာများသည် လွန်ခဲ့သော ၂၀၀၉ ခုနှစ်လောက်က Dota အရူးအမူး စွဲလန်းပြီး အသိပ်ခံလိုက်ရသော ဘဲကြီးတစ်ယောက်အကြောင်း ဇာတ်လမ်းသဖွယ် ရေးသားထားခြင်း ဖြစ်ပါသည်။ အားပေးမှုကို ကျေးဇူး အထူးတင်ပါသည်။
Salute to all Gamer
Si