Souls of Screen: Echoes of Life & Fate

Souls of Screen: Echoes of Life & Fate All the things I wanna share..

Wicked:  For Good 💚🩷Musical & Fantasy Flim အမျိူးအစား ဖြစ်ပြီးတော့ Admin ကတော့ part II ထွက်လာဖို့ တစ်နှစ်လုံးစောင့်ခဲ့ရတ...
12/12/2025

Wicked: For Good 💚🩷

Musical & Fantasy Flim အမျိူးအစား ဖြစ်ပြီးတော့ Admin ကတော့ part II ထွက်လာဖို့ တစ်နှစ်လုံးစောင့်ခဲ့ရတာမို့ စောင့်ရကျိူးနပ်လို့ review လေးတစ်​ဖြတ်လာပေးတာပါ။

Fantasy ဆိုတာထက်ကိုပိုတဲ့ Flim လို့ပြောလို့ရပါတယ်။Spoiler တွေအနည်းအကျဉ်းပါမှာမလို့ ကျော်သွားလို့ရပါတယ်။
Soundtrack တွေက တကယ့်ကိုရှယ်ကြီးတွေပါပဲ။ Main Lead တွေဖြစ်တဲ့ Elphaba နဲ့ Glinda နေရာမှာ သရုပ်ဆောင်ထားတဲ့သူတွေကလည်း ဆရာမကြီးတွေမလား။

Trailer ထွက်တုန်းက အကြိုက်ဆုံးက For Good ဖြစ်မယ်ထင်ထားခဲ့တာပါ။ ဒါပေမယ့် တကယ်လည်းရုံမှာသွားကြည့်ရော အကြိုက်ဆုံးကို ရွေးရခက်နေတာပါ။

Couldn't be happier ❣

ပျော်ရွှင်မှုဆိုတာက အိပ်မက်တွေတကယ်ဖြစ်ပျက်လာတဲ့အခါ ဖြစ်ပေါ်လာတာပါ ဆိုပြီး သူချစ်ရတဲ့သူနဲ့ စေ့စပ်ပြီး သူငယ်ငယ်ကဖြစ်ချင်တဲ့အတိုင်း လူအများကြီးရဲ့ချစ်ခြင်းတွေကို ရယူလက်ခံနေ ရင်းနေသွားရမယ် လို့ထင်မှတ်ပြီးပျော်နေတဲ့ Glinda။
တစ်ဖက်သူ့စိတ်ထဲမှာ ဘာကိုမှတကယ်မပိုင်ဆိုင်နေရမှန်းသိနေရင်းဆိုနေတာက ကြည့်နေရင်း သနားစိတ်ဝင်လာစေတာအမှန်ပါ။

No Place Like Home 💔

Oz ကနေထွက်ခွာသွားကြမယ့် တိရိစ္ဆာန်လေးတွေကို အိမ်နဲ့တူတဲ့နေရာမရှိဘူးဆိုတာကို ပြောရင်း မတားဖို့သွားနေတဲ့ Elphaba..
ဒါကို မြင်တော့ အတွေးထဲ တန်းပေါ်လာတာ မြန်မာပြည်ရဲ့လက်ရှိအခြေအနေနဲ့ တိုင်းပြည်ကနေထွက်ခွာသွားနေရတဲ့ Admin တို့လို လူငယ်တွေပါပဲ။တန်းတူအခွင့်အရေးပေးဖို့ speak out လုပ်တဲ့ တိရိစ္ဆာန်​တွေ ကိုဖမ်းဆီးချူပ်နှောင်တယ်။တိရိစ္ဆာန်တွေကိုစကားပြောခွင့်မပေးတော့ဘူး။ ဒီအချူပ်အနှောင်အောက်က လွတ်မြောက်ဖို့ တစ်ယောက်ယောက်က တိုက်ခိုက်ပေးနေမှရမယ်ဆိုတာကိုသိရက်သားနဲ့ အဲ့တစ်ယောက်က သူတို့ဖြစ်မလာ
နိူင်တော့ပါဘူး။သူတို့အတွက် escape လုပ်ဖို့က ပိုအရေးကြီးနေတယ်ဆိုတဲ့အခန်းက အခုကိုယ်တွေမြန်မာပြည်လိုပါပဲ။ ဒါပေမယ့် Elphaba ပြောသလိုပါပဲ အိမ်နဲ့တူတဲ့နေရာမရှိဘူးဆိုပြီး ဆက်လက်တိုက်ပွဲဝင်နေသရွေ့ကတော့ အောင်နိူင်မှုကိုပြန်ရပြီး ကိုယ့်အိမ်ကိုပြန်သိမ်းယူနိူင်မှာပါ။

No Good Deed 🥇

Cynthia Erivo ကိုအထင်ကြီးမိသွားစေတဲ့ သီချင်းပါပဲ။ ရှေ့က version တွေလည်းကြိုက်ပေမယ့် ဒီ version ကို​တော့ အကြိုက်ဆုံးပါ။ ကြည့်နေရင်း ကြက်သီးတွေထပြီး လုံးဝအာရုံကိုအဆုံးအထိ ဆွဲငင်ဖမ်းစားနိူင်တဲ့ soundtrack ပါ။( ဒီတစ်ပုဒ်ကို ထပ်ကြည့်ချင်လို့ Wicked: For Good ကို နှစ်ခါကြည့်ဖြစ်ခဲ့ပါတယ်။) သူကြိုးစားပြီးလုပ်နေတဲ့အရာက ပိုကောင်းတာဖြစ်မလာတဲ့အပြင် သူ့ဘေးနားကလူတွေတစ်ယောက်ပြီးတစ်ယောက်ဒုက္ခရောက်လာတဲ့အခါ ငါတကယ်ပဲ ကောင်းတာကိုရှာနေတာလား လူတွေရဲ့အာရုံစိုက်မှုကို ရှာနေမိတာလားဆိုတဲ့ စာသားကတော့ အကြိုက်ဆုံးစာသားပါပဲ။ တစ်ဆင့် ထက် တစ်ဆင့် ပိုမြင့်လာတဲ့ Key ကြားမှာ mood အများကြီးchange ပြီးကိုဆိုသွားတာ လုံးဝ ဆရာမကြီးပါပဲ။

The Girl in the Bubble 🩷🎶

အလိမ်အညာတွေနဲ့တည်ဆောက်ထားပေမယ့် လှပပြီးအချစ်ခံနေရတဲ့ကောင်မလေးက လက်တွေ့ကြမ်းတမ်းနဲ့လောကကြီးနဲ့ရင်ဆိုင်ဖို့အချိန်တန်ပြီ​ဖြစ်တာမလို့ လှပပြီးလင်းလက်နေပေမယ့် ပူဖောင်းလို ပျောက်ကွယ်လွယ်တဲ့ ဘဝကနေထွက်လာဖို့အချိန်တန်ပြီဖြစ်ကြောင်းဆိုထားတာပါ။ ရှုထောင့်တွေကို လေးမျက်နှာ ရိုက်ထားပြီးတော့ Ariana Grande ရဲ့လှပသေသပ်တဲ့ သရုပ်​​ဆောင်မှုကိုလည်းတွေ့ရမှာပါ။

For Good💙

မင်းနဲ့သိခွင့်ရလို့ ပိုကောင်းဖို့အတွက် ပြောင်းလဲနိုင်ခဲ့ပါပြီ။

Elphaba 💚

သူ့အတွက်ပြောင်းလဲမှုတွေကိုယူလာပေးနိူင်မယ် လို့ သူယုံကြည်ထားတဲ့မှော်ဆရာ(သူမအဖေအရင်း) က သူ့အဖေမသိအောင် သူ့အမေနဲ့ဖောက်ပြန်ခဲ့တဲ့သူဖြစ်ရုံသာမက သူ့ကို တခြားသူတွေနဲ့မတူဘဲ အစိမ်းရောင်အသားအရေ ရစေခဲ့တဲ့သူဖြစ်နေတယ်။နောက်ဆုံးအချိန်ထိ မကောင်းမှုတွေကိုလုပ်နေပြီး သူမဘဝတစ်လျှောက်လုံး အဝေဖန်ခံ၊ အလှောင်ပြောင်ခံအောင် လုပ်တဲ့အဓိကတရားခံ ဖြစ်နေတယ်ဆိုတဲ့အချက်က ဝမ်းနည်းဖို့ အကောင်းဆုံးပါပဲ။ သူ့အမေ အပြင်
သူ့ညီမရော(ဒီဟာမလေးက ကျက်သတုံးလေး) သေသွားပြီး သူချစ်တဲ့သူက Fiyero နဲ့ Glinda ပဲကျန်တဲ့အချိန်မှာ Fiyero နဲ့ပျော်ရွှင်စွာနေသွားနိူင်ပြီး Glinda ကိုလူတွေမြတ်နိုးလေးစားရတဲ့ Good Witch ဖြစ်စေခဲ့တာမလို့ သူ့အတွက် ဇာတ်သိမ်းကောင်းတယ်ဆိုရမှာပါ။သူက ကောင်းတဲ့သူပါဆိုတာကိုတော့ တစ်သက်လုံးပြောပြခွင့် ဖြေရှင်းပြခွင့်မရတော့ပါဘူး။ဒါကလည်း သူပြောသလိုပဲ တစ်ယောက်ယောက်က ကောင်းတယ်လို့အပြောခံရဖို့ အမြင်ခံရဖို့ တစ်ယောက်ယောက်ကတော့ ဆိုးပေးရမှာပဲမလို့ပါပဲ။

Glinda 🩷

ချစ်ခြင်းမေတ္တာတွေအပြည့် popular ဖြစ်တဲ့ဘဝနဲ့နေလာရတဲ့ Glinda က​တော့ အဆုံးအထိအချစ်တွေကိုလက်ခံပြီးနေသွားရပေမယ့် သနားစရာကောင်းပါတယ်။ သူနဲ့ လက်ထပ်ခါနီးအထိ ဖြစ်ခဲ့တဲ့ Fiyeroကလည်း သူမအချစ်ဆုံးသူငယ်ချင်းနောက်လိုက်သွားတဲ့အပြင် သူ့အချစ်ဆုံးသူငယ်ချင်း Elphaba ကလည်းသေ သွားပြီလို့သိထားရရှာတာမလို့ တစ်သက်လုံးအဲ့စိတ်နဲ့ပဲ ရှင်သန်သွားရတော့မှာပါ။မှော်အစွမ်းတွေကိုတကယ်လိုချင်တယ်လို့ပြောခဲ့တဲ့သူမကို သူမအမေက အချစ်ခံရဖို့ကသာ အလိုအပ်ဆုံးပါလို့ပြောခဲ့တာကို သူမနားလည်ခဲ့လောက်ပါပြီ။

အားလုံးအနေနဲ့ score ကို 8.5 out of 10 ပေးပါတယ်။Digital အကြည်ထွက်ရင်လည်း စောင့်ကြည့်ဖို့မမေ့ကြပါနဲ့။
ကြည့်ရကျိူးနပ်တဲ့ Movie ဖြစ်မှာပါ။ Bye....



" Beyond the Bar "ပုံမှန်ဆို Trailer တို့ အညွှန်းတို့ ကြည့်ပြီး၊ ဖတ်ပြီးမှ ဇာတ်ကားကြည့်တတ်ပေမယ့် ဒီကားကိုတော့ ဗြုန်းစားက...
19/08/2025

" Beyond the Bar "

ပုံမှန်ဆို Trailer တို့ အညွှန်းတို့ ကြည့်ပြီး၊ ဖတ်ပြီးမှ ဇာတ်ကားကြည့်တတ်ပေမယ့် ဒီကားကိုတော့ ဗြုန်းစားကြီး သွားကြည့်လိုက်တာပါ။

ဒီလိုဇာတ်လမ်းမျိူးကိုဘယ်လို ဥပမာပေးသင့်သလဲဆို ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး စားလို့လည်းမြိန်တဲ့ ထမင်းတစ်နပ်လိုပါပဲ။ တချိူ့ Drama တွေက ကြည့်လို့ကောင်းပေမယ့် ဗဟုသုတမရဘဲကိုယ့်အတွက် စိတ်အပန်းပြေတာကလွဲရင် အကျိူးမရှိပါဘူး။ ကိုယ့်အတွက်
အကျိူးရှိပြီး ဗဟုသုတ ရမယ့် ဇာတ်မျိူးတွေကျပြန်တော့လည်း ကျွန်တော်တို့တွေအတွက်ကြည့်ရမှာ ဆွဲဆောင်မှုလျော့သွားပြီး
ပျင်းစရာဖြစ်နေတတ်တယ်။ ဒီ Drama မှာကတော့ ဗဟုသုတရစရာနဲ့ စိတ်အပန်းပြေစေမယ့် ဇာတ်လမ်းဇာတ်ကွက်တွေကို အချိူးကျ ရောစပ်ပေးထားတာပါ။

ဇာတ်လမ်း အကျဥ်းချူပ်

ပထမတန်းအဆင့် ဥပဒေကျောင်းသူဖြစ်တဲ့ Kang HyoMin ကဘွဲ့ရတာနဲ့ Yullim ဥပဒေ ကုမ္ပဏီ မှာအလုပ်လျှောက်လို့ရခဲ့ပါတယ်။သူ့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Yullim တရားစွဲဆိုရေး Team ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Yun Seok Hun နဲ့အတူ အမှုတွေကိုအတူဖြေရှင်းသွားတာကိုကြည့်ရမှာပါ။ စည်းကမ်းတင်းကြပ်ပြီး တခြားသူတွေနဲ့
မတူတဲ့နည်းလမ်း၊အမြင်တွေနဲ့ အမှုဆီကိုချဥ်းကပ်တတ်တဲ့ ခေါင်းဆောင်ဖြစ်တဲ့သူနဲ့ အတွေ့အကြုံမရှိသေးပေမယ့် အမှန်တရားကိုမြတ်နိုးပြီး ထက်မြက်တဲ့ အလုပ်သင် ပထမနှစ်ရှေ့နေ တို့နှစ်ယောက်ကြားက မတူညီတဲ့ စိတ်ခံစားချက်တွေနဲ့ အမှုကို ကိုင်တွယ်ပုံတွေကို စိတ်ဝင်စားစရာအမှုကိစ္စတွေနဲ့အတူ ကြည့်ရမှာပါ။

ပထမဆုံးကြိုက်တဲ့အချက်က မိသားစု အကြောင်းတွေကိုအဓိကထားရိုက်ပေးထားတာပါ။ အမှုတစ်ခု ချင်းစီတိုင်းမှာတွေ့ရတဲ့ မတူညီတဲ့မိဘနဲ့ မတူညီတဲ့ အုပ်ထိန်းမှု နည်းစနစ်အောက်မှာ မတူညီတဲ့ လူသားတွေကြီးပျင်းလာရတာကိုပြထားတာပါ။ ဇနီးဖြစ်သူက သူ့ဘဝကိုသူအချိန်ပေးချင်သေးတယ်ဆိုပြီး ကိုယ်ဝန်ကိုဖျက်ချခဲ့လို့ ဖခင်ဖြစ်ခွင့်မရလိုက်ရလို့ကွာရှင်းခဲ့ရတဲ့ Yun Seok Hun ရဲ့စိတ်ဒဏ်ရာ။ မိခင်က မျိူးရိုးလိုက်ရောဂါကြောင့် နားမကြားတဲ့အမွာ အစ်မဖြစ်သူကို နားမကြားတဲ့ အဒေါ်တွေဆီကို ပေးပစ်လိုက်လို့ Perfection ကိုစွဲလမ်းနေတဲ့မိခင်ကြောင့် စိတ်ဒဏ်ရာ ရှိတဲ့ Kang HyoMin။

အမှုတစ်ခုချင်းစီတိုင်းကို သေချာတဲ့ရှင်းလင်းချက်တွေနဲ့ အမှုအသွားအလာကို ရှင်းနေအောင် ဥပဒေ ရဲ့ ရပ်တည်ချက်က ဘယ်လိုဆိုတာကို သေချာရိုက်ပြထားနိူင်တယ်လို့ခံစားရစေပါတယ်။ နစ်နာသူ လိုဟန်ဆောင်နေတဲ့သူတွေကြောင့်မလို့ တကယ့်နစ်နာသူတွေက အသံတောင်မထွက်နိူင်တဲ့ ဖြစ်ရပ်တွေ ရှိနေတာကိုပါ ပြထားပေးပါတယ်။

သွေးကရေထက်ပျစ်တယ် ဆိုတဲ့စကားတစ်ခွန်းနဲ့ သားသမီးကို အဆုံးအစွန်ထိ ကိုယ့်အတ္တ တစ်ခုတည်းနဲ့ တွန်းချတဲ့မိဘတွေ ၊ ကိုယ့်ဘဝရဲ့ အရာအားလုံးကို သားသမီးအပေါ်ပုံအောပေးခဲ့တာမလို့ မျှော်လင့်ချက်အထားလွန်ပြီး ကိုယ့်ကလေး ကိုဒုက္ခရောက်စေတဲ့မိဘတွေ၊ သွေးမတော်သားမစပ်ပေမယ့် လူသားချင်းစာနာထောက်ထားပြီး ကိုယ့်အပေါ်စေတနာအပြည့်ရှိတဲ့လူတွေ ပါရှိ​ေနကြောင်း ရိုက်ပြထားပေးတာပါ။

ကိုယ်နှစ်ပေါင်းများစွာကြိုးစားအားထုတ်လို့ မရနိူင်တဲ့အရာကို သူများကအလွယ်တကူ လုပ်ပ​ြသွားတဲ့အခါ မေတ္တာမပွားပေးနိူင်တဲ့ လူတွေရဲ့ ကြောက်ဖို့ကောင်းတဲ့ စိတ်ဓာတ် နဲ့ ကြီးနိူင်ငယ်ညှင်း လုပ်လိုမှု။ ​

ပြောသမျှ Dialogue တွေကတကယ်ကို သဘောကျဖို့ကောင်းတာပါ။

" လိမ်ဖူး ခိုးဖူးတဲ့ မှတ်တမ်းရှိရုံနဲ့ မကောင်းတဲ့သူလို့တပ်အပ်ပြောလို့မရသလို လူတွေရှေ့ကောင်းတယ်ဆိုရုံနဲ့ နောက်ကွယ်မှာ ရက်စက်တဲ့အလုပ်တွေ မလုပ်လောက်ဘူးလို့ ထင်လို့မရဘူး"

"မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး
သွားတစ်ချောင်းအတွက်သွားတစ်ချောင်း"

"ဥပဒေဘောင်အတွင်းက တိုက်ခိုက်လို့မရရင် ဥပဒေဘောင်အပြင်ကနေ တိုက်ခိုက်မယ်"

"တရားရင်ဆိုင်မှုတစ်ခုမှာ ထိခိုက်မှု၊ဆုံးရှုံးမှု အနည်းဆုံးလူက အကျိူးရလဒ်အများဆုံးကို ရတဲ့လူပဲ"

ကွာရှင်းပြီး နောင်အိမ်ထောင်နဲ့ ကိုယ်ဝန်ရှိနေတဲ့ Yun Seok Hun ရဲ့ ဇနီးဟောင်း ကပြောတာကိုအခုထိစဥ်းစားနေမိပါသေးတယ်။

" စိတ်ပြောင်းသွားတာ၊ အချိန်ကာလတစ်ခုအထိ ကလေးမလိုချင်ဘဲ
ကိုယ့်အတွက်ကိုယ်ပဲ စဥ်းစားချင်ပေမယ့် အချိန်ကာလတစ်ခုရောက်တော့ ကလေးနဲ့ပတ်သတ်ပြီးအတွေးကပြောင်းသွားတော့ ကလေးလိုချင်လာတဲ့ စိတ်ပြောင်းသွားတာ အမှန်တရားပဲ။တကယ်လို့ ရှင်သာကျွန်မနဲ့အခုထိအတူရှိနေပေးသေးရင် ကျွန်မရှင့်ကလေးလို လွယ်ထားရမှာပေါ့''တဲ့။

တခါတလေ တချိူ့ကိစ္စတွေက အကြောင်းပြချက် အကြီးကြီးမလိုပါဘူး။
"စိတ်ပြောင်းသွားပြီ။ မကြိုက်ဘူး။ မလုပ်ချင်တော့လို့ "ဆိုတဲ့ စကားတွေနဲ့တင် ကိုယ့်ဖက်က ဘာမှမပြောဘဲ နောက်ဆုတ်လိုက်ရတာတွေရှိပါတယ်။လူသားတွေရော၊လူသားတွေရဲ့စိတ်ရောအမြဲပြောင်းလဲနေတာပါ။

ကိုယ့်စိတ်ကိုတောင် အစိုးမရတာမလို့ မပြုပြင်မပြောင်းလဲနိူင်တော့တဲ့အရာတွေကြောင့် စိုးရိမ်ပူပန်တာတွေ အတတ်နိူင်ဆုံးလျှော့ပြီး ကိုယ့်ဘဝကိုယ် YOLO မလို့ အပျော်ရွှင်ဆုံး နဲ့ အကောင်းဆုံး version ဖြစ်အောင် ရှင်သန်လိုက်ကြရအောင်ပါ။

Rating ကိုတော့ 8.5 out of 10 ပေးပါတယ်။💕


08/08/2025

"Whiplash''

အမှန်အတိုင်းပြောရရင် Aespa ရဲ့ Whiplash ကိုအစကနေအဆုံးအထိ နားမထောင်ဖူးပါဘူး။ MV လည်း သွားမကြည့်ဖူးပါဘူး။
သူ့ရှေ့က Supernova ကိုတော့ အလွတ်ရပါတယ်။ သိပ့်မကြာခင်က Whiplash ကို သွားကြည့်ထားတာပါ။ မူရင်း MV ကိုလည်း
သွားကြည့်ကြပါ။တကယ်မိုက်ပါတယ်။

Lee SangWon ရဲ့ killing part နဲ့ Lee Leo ရဲ့ Vocal
ကြောင့် ခေါင်းထဲဘာမှမရှိတော့ဘဲ acc ထဲဝင်ဖို့ password မေ့သွားလို့ အခုမှပေါ်လာတာပါ။🤪

ဒီတစ်ပတ် vote အားတွေ ပိုလိုနေတယ်ဆိုတာသတိထားမိကြမယ်ထင်ပါတယ်။ ပိုအားစိုက်ပေးကြပါအုံး။



Hot Jupiter( Exoplanet)Exopalnet ဆိုတာက နေအဖွဲ့အစည်းရဲ့အပြင်ကနေ သူ့ရဲ့ ကြယ်ကိုပတ်နေတဲ့ ဂြိုလ်တွေကိုခေါ်တဲ့အမည်ပါ။ပထမဆုံး...
27/07/2025

Hot Jupiter( Exoplanet)

Exopalnet ဆိုတာက နေအဖွဲ့အစည်းရဲ့အပြင်ကနေ သူ့ရဲ့ ကြယ်ကိုပတ်နေတဲ့ ဂြိုလ်တွေကိုခေါ်တဲ့အမည်ပါ။ပထမဆုံး Exoplanet ဖြစ်တဲ့ 51 Pegasi b ကို 1995 မှာရှာဖွေတွေ့ရှိခဲ့ကြပြီး သိပ္ပံပညာရှင်တွေအတွက်ထူးခြားတဲ့ ဖြစ်တည်မှု ဖြစ်ခဲ့ပါတယ်။ သူ့ကြယ်နဲ့အလွန်နီးတဲ့အကွာအဝေးကနေပတ်နေတဲ့ဂြိုလ် ဖြစ်ရုံမကဘဲ သူ့ဂြိုလ်ပတ်လမ်း တစ်ပတ်ပြည့်ဖို့က 4.2 days ပဲ ကြာပါတယ်တဲ့။

Heesu in Class 2

Class 2 မှာကျောင်းသားလေး Heesu အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ Korean BL series ပါ။ Heesu ကသူcrush နေတဲ့ သူ့သူငယ်ချင်း Chan Young အတွက် သူ့ဖြစ်တည်မှုက 1995 ခုနှစ်တုန်းက 51 Pegasi b လိုပဲ ထူးခြားတယ်လို့ ထင်နေခဲ့တာပါ။ မိန်းကလေးတွေ ကြားရေပန်းစားတဲ့ Chan Young က ရည်းစားတွေအများကြီးထားဖူးပေမယ့် အဆုံးကျ သူ့ဘေးနားမှာပဲ ပြန်ရောက်လာပြီး အချိန်တွေအများကြီး သူနဲ့အတူကုန်ဆုံးပေးလို့ပါ။ Chan Young နဲ့အနီးကပ်ဆုံး သူငယ်ချင်းဖြစ်ပြီး Chan Young ဘေးနားမှာသူ့လိုလူ နောက်ထပ်မရှိနိူင်တော့ဘူးလို့ စိတ်ကူးယဥ်ခဲ့တာပါ။

ပထမဆုံး Exoplanet ဖြစ်တဲ့ Hot Jupiter ကိုရှာတွေ့တဲ့ 1995 ရဲ့နောက်နှစ် 1996 မှာပဲနောက်ထပ် hot jupiter တစ်လုံးကိုရှာတွေခဲ့ကြပါတယ်။ သူ့ဂြိုလ်ပတ်လမ်းတစ်ပတ်ပြည့်ဖို့ 3.3days ပဲ ကြာတဲ့ Exoplanet ပါပဲ။ သိပ့်မကြာခင်မှာပဲ သူတို့နဲ့ဂုဏ်သတ္တိ သဘောသဘာဝချင်းတူတဲ့ ဂြိုလ်ပေါင်းထောင်ချီကို ရှာဖွေတွေ့ရှိခဲ့ကြပြီး 51 Pegasi ရဲ့ ဖြစ်တည်မှုက သာမန်အနေအထားကိုပြောင်းလဲသွားပါတယ်။ 2019 မှာတော့ ဒီရှာဖွေတွေ့ရှိမှုအတွက် ရူပဗေဒ နိုဘယ်ဆုကို ရရှိခဲ့ကြပါတယ်။

Chan Young ကလည်း သူ့ရဲ့ ဒုတိယ exoplanet ဖြစ်တဲ့သူတကယ်သဘောကျရတဲ့ကောင်မလေး Choi Ji Yu ကိုရှာတွေ့ခဲ့ပါတယ်။ အဲ့အကြောင်းကိုကြားတဲ့အချိန် ပုံမှန်တခြား ကောင်မလေးတွေလိုပဲ အချိန်တန်ရင် အေးဆေးသွားမယ်လို့ထင်နေတဲ့ Heesu ရဲ့အတွေးတွေက Choi Ji Yu ကိုကြည့်နေတဲ့ Chan Young ရဲ့ အကြည့်တွေကိုမြင်တဲ့အချိန် ဗြောင်းဆန်ပြီး ကြောက်သွားခဲ့ပါတယ်။ Chan Young ရဲ့အကြောင်းကိုအသိဆုံးဖြစ်တဲ့ Heesu က Choi Ji Yu လက်ထဲ Chan Young ပါသွားမှာစိုးလို့ ဖွင့်ပြောဖို့
လုပ်ခဲ့ပေမယ့် မလုပ်နိူင်ခဲ့ပါဘူး။

နောက်ဇာတ်လမ်းအကျဥ်းကိုပြောရရင် Heesu ကိုကြိုက်နေတဲ့ Choi Ji Yu ရဲ့သူငယ်ချင်းကောင်လေး Kim Seung Won က Choi Ji Yu ကိုကြိုက်နေတယ်ထင်ပြီး Chan Young ပါမသွားအောင် Kim Seung Won နဲ့ Choi Ji Yu ကို Heesu ကအောင်သွယ်ပေးဖို့ကြိုးစားပါတယ်။ နောက်ဆုံးမှာတော့ Kim Seung Won ကြိုက်နေတာက သူကကိုယ်တိုင်ပါလားဆိုတာကို Heesu ကသိသွားပြီး သူ့ crush Chan Young အပေါ် Move on သွားနိူင်ကြောင်း ရိုက်ပြထားတဲ့ လူငယ်ဆန်ဆန် series ပါ။

အဓိပြောချင်တာက ထူးခြားတဲ့ ဖြစ်တည်မှုအကြောင်းပါ။
ပထမဆုံး ရှာဖွေ တွေ့ရှိတဲ့ Exoplanet 51 Pegasi b လိုမျိူး သူ့သူငယ်ချင်းအတွက် သူက ထူးခြားတဲ့ ဖြစ်တည်မှုလို့ထင်နေတဲ့ Heesu က သူကလည်း ထောင်ပေါင်းများစွာ
ထဲကတစ်ယောက်ပါလားလို့ သိသွားတဲ့အချိန် နာကျင်သွားမှာပါ။

ဒါပေမယ့် 51 Pegasi b ကိုပထမဆုံးရှာဖွေတွေ့ခဲ့ရှိတဲ့ Michel Mayor နဲ့ Didier Queloz တို့အတွက်ကတော့ 51 Pegasi bက ထာဝရ ထူးခြားတဲ့ Exoplanet ဖြစ်နေမှာပါ။ အဲ့လိုပဲ Heesu ဆိုတဲ့ကောင်လေးကလည်းသူ့ကိုတကယ်ချစ်ပြီး တန်ဖိုးထားတဲ့ Kim Seung Won အတွက် လုံးဝကို ထူးခြားတဲ့ ဖြစ်တည်မှုပါပဲ။

ထူးခြားတဲ့ ဖြစ်တည်မှုဆိုတာက ကိုယ်ကကွဲ ပြားပြီး ထူးခြားကောင်းမွန်နေလို့ မဟုတ်ပါဘူး။ ကိုယ့်ကိုအကောင်းမြင်ပြီး ကိုယ့်ရဲ့အရာအားလုံးကို သဘောကျပေးတဲ့သူအတွက်တော့ ကိုယ်ရဲ့ Imperfection တွေကလည်း ကိုယ့်ကို သူ့အတွက် ထူးခြားတဲ့ ဖြစ်တည်မှု ဖြစ်နေစေမှာပါ။


2024-2025 ရဲ့ Admin  သဘောအကျရဆုံး Korean Actor  Choo Young Woo♥တချိူ့တွေက School 2021 ကနေသူ့ကိုသိမယ်။တချိူ့တွေကတော့ Poli...
23/07/2025

2024-2025 ရဲ့ Admin သဘောအကျရဆုံး Korean Actor

Choo Young Woo♥

တချိူ့တွေက School 2021 ကနေသူ့ကိုသိမယ်။တချိူ့တွေကတော့ Police University ကနေသူ့ကိုသိလောက်မယ်။ Baeksang Award ရဲ့ Best New Actor ဆုရော Blue Dragon Award ရဲ့ Best New Actor ဆုရော ယူထားပြီး 2024 နဲ့ 2025 အတွင်းမှာကိုပဲ ခြေလှမ်းအတော်စွာနေတဲ့ Rising Star တစ်ယောက်ပါ။
Admin သူ့ကိုစသိတာတော့ You Make me Dance (2021) bl series ပါ။

Admin က bl seriesမှာ သရုပ်​ဆောင်ရာကနေတဆင့် project အကောင်းတွေရပြီး နာမည်ကြီးလာတဲ့ မင်းသားတွေအတွက် တခြားသူတွေထက် နှစ်ဆလောက်ပျော်ပေးတတ်တဲ့သူပါ။အဲ့လို ကံကောင်းတဲ့သူတွေလည်း တော်တော်ရှားလို့ပါ။အခုနာမည်ကျော်နေတဲ့ Revenged Love series ထဲက မင်းသားနှစ်ယောက် နာမည်ရလာတာကိုလည်း တအားပျော်နေမိပါတယ်။ Revenged Love ကိုတော့ ongoing မလိုက်ပါဘူး။ အဲ့ဒါကိုပဲ စောင့်နေမိမှာစိုးလို့ရယ် မအားသေးတာရယ်ကြောင့်ပါ။ အခု Choo Young Woo ကလည်း အဲ့လိုပဲ ထူးခြားတဲ့ကံနဲ့ bl series ကနေတဆင့် Korea ရဲ့ Main stream ထဲတိုးပေါက်အောင် ထိုးဖောက်နိူင်တဲ့သူပါ။

Admin က Choo Young Woo ကိုကြိုက်ပေမယ့် သူ့ကားအားလုံးကိုတော့ လိုက်မကြည့်ဖူးပါဘူး။ဒါက Choo Young Woo ပဲမဟုတ်ပါဘူး။ Admin ကလူကိုဘယ်လောက်ပဲကြိုက်ကြိုက် ဇာတ်ကိုသဘောမတွေ့ရင် လူကြောင့်သည်းခံပြီးမကြည့်တတ်ပါဘူး။ အောက်မှာတော့ Admin ကြည့်ဖူးသမျှ နဲ့ ကြည့်နေတုန်း ဖြစ်တဲ့ Series တွေထဲ Choo Young Woo ရဲ့ တိုးတက်လာတဲ့ သရုပ်ဆောင်မှုနဲ့ ဇာတ်ရွေးချယ်တတ်မှုကို appreciate လုပ်ထားပါတယ်။


22/07/2025

အားလုံး နှလုံး မှာအခန်းလေးခန်းပါတာ သိကြတယ်မလား..
ဒီနေ့ Lee Leo နဲ့ Lee SangWon ကို pick ပြီးနောက်ပိုင်း ပိုနေ့တဲ့အခန်းမှာ နောက်ထပ် အငယ်လေးတစ်ယောက်ကိုလာထည့်တာပါ။

Kang WooJin ဆိုတဲ့ 2007 ဖွားအငယ်လေးပါ။ ဒီတစ်ယောက်ကိုတော့ ပထမEx Trainee A နှစ်ယောက်တုန်းကလို အဆိုအက ကောင်းလို့ pick လိုက်တာမဟုတ်ပါဘူး။အဲ့လိုပြောလို့ အဆိုအကမကောင်းဘူးဆိုတဲ့သဘောလား ဆိုရင် အဲ့လိုလည်းမဟုတ်ပါဘူး။အဆိုအက အဆင်ပြေမပြေ ကောင်းမကောင်း အောက်က Video ကိုကြည့်လိုက်ပါ။ Idol တစ်ယောက်မှာ အဆိုအကကောင်းဖို့နီးနီး အရေးကြီးတယ်လို့ယူဆရတဲ့ Energy ကောင်းလို့ပါ။

Kang WooJin ပေးတဲ့ Energy ကပြောရရင် အေးချမ်းမှုလို့ပြောရမလား သူ့ဆီကအကြည်ဓာတ်ရတယ်ပြောရမလား ဝေခွဲမရနိူင်ပေ
မယ့် တော်တော်ကောင်းတဲ့ Vibe နဲ့ Energy ကိုရထားတာပါ။သူ့ performance ကိုကြည့်ပြီးနောက်ပိုင်း စိတ်တွေကကြည်ပြီး အကြာကြီး ပျော်နေတဲ့အထိပါပဲ။ Boys Planet II ကြည့်နေတဲ့သူတွေရှိရင် Kang WooJin ကိုလည်း ပိုအာရုံ စိုက်ပေးကြပါအုံး။

Admin pick ထားတဲ့ သုံးယောက်လုံးပါသွားရင် Debut ပြီးထွက်လာတဲ့ Gp ရဲ့ First Mini Album ကျရင် Album 3 ချပ် Giveaway ပေးပါ့မယ်။ (မဲဆွယ်စည်းရုံးရေး လုပ်နေပါပြီ)။

ဘာသာပြန် Channel ကို credit အပြည့် ပေးပါတယ်နော်။
page name mention ချင်ပေမယ့်ရှာမတွေ့လို့ပါ။


ဒီတစ်ခေါက်ကတော့ ကိုယ့်ထမင်းကိုယ်စားပြီး အများသူငှာကို စောက်ဆရာကြီးလုပ်ဖို့ လိုင်းပေါ်တက်လာတာပါ။ Boys Planet ကြည့်လိုက်၊ ...
21/07/2025

ဒီတစ်ခေါက်ကတော့ ကိုယ့်ထမင်းကိုယ်စားပြီး အများသူငှာကို စောက်ဆရာကြီးလုပ်ဖို့ လိုင်းပေါ်တက်လာတာပါ။ Boys Planet ကြည့်လိုက်၊ အလုပ်ရှုပ်လိုက်၊ Drama ကြည့်လိုက်နဲ့မအားပေမယ့် အဆူခံချင်လို့ တောင်းနေတဲ့သူတွေတွေ့တော့ ဝေဖန်လေကန်လုပ်ဖို့ ဝယ်ထားတဲ့ page လေးအသုံးချချိန်တန်ပြီဆိုတဲ့ ရိုးသားဖြူစင်တဲ့စိတ်လေး နဲ့လိုင်းပေါ်တက်လာတာပါ။

ပုံမှာပါတဲ့အတိုင်း BC မင်းသမီးပါတဲ့ ကိုကြည့်သင့် ၊ မကြည့်သင့် ဆိုတဲ့ဟာတွေတွေ့တော့ ပြောချင်လာလို့ပါ။
Jin Chen ဆိုတဲ့ BC လုပ်ရမယ့်မင်းသမီးက Bai Jingting ၊ Lay(Zhang Yixing)နဲ့ ကျားဖြန့်ကား၊ Wang Anyu တို့နဲ့လည်းရိုက်ဖူးပေမယ့် မြန်မာနိူင်ငံမကောင်းကြောင်းရိုက်ထားတဲ့ ကျားဖြန့်ကားဖယ်လိုက်ရင် အပေါ်က 90s တစ်ယောက်၊ 95s တစ်ယောက်နဲ့ ရိုက်ဖူးတာကို အသံသိပ့်မထွက်ပေမယ့် အခုကျမှ အသံတွေတအားထွက်နေတော့ Yang Yang ရဲ့ အစွမ်းလို့ပြောရမှာပေါ့။

ငါတို့အဲ့မင်းသမီးကို BC လုပ်တာနဲ့တော်လှန်ရေးကအောင်သွားမှာမှမဟုတ်တာ ဆိုတဲ့စကားကိုပြောမယ့်အဆင့်ဆိုရင်တော့ စာကိုဆက်ဖတ်မ
မနေဘဲ Page ကို block သွားလိုက်ပါ။ရွံလို့ပါ။

အာဏာသိမ်းတာနှစ်ကြာလာတာနဲ့အမျှ အဖက်အဖက်က ချိူ့ယွင်းလာပြီး နိူင်ငံကဒီထက် ပိုမဆိုးနိူင်လောက်တော့ဘူးလို့ထင်ရတဲ့အထိ​ဖြစ်ပျက်နေတာအားလုံးအသိပါ။ ရှေ့တန်းကနေ အသက်စွန့်ပြီးတိုက်ပွဲဝင်နေရတဲ့ PDF တွေ၊ ထောက်ပို့တွေ အပြင် မကြာခဏဆိုသလို စိတ်မကောင်းစရာ သတင်းတွေကြားနေရတဲ့ နိူင်ကျဥ်းသမားတွေ ထက်စာရင် C Drama ကားကို ကြည့်သင့်မကြည့်သင့် ငြင်းနေရတဲ့ ကိုယ်တွေကသူတို့ထက်အများကြီး အဆင်ပိုပြေနေသေးတယ်ဆိုတာ အသေအချာပါပဲ။

ကိုယ့်ဖက်က BC လိုက်လို့ အဲ့မင်းသမီး အကျိူးစီးပွားတစ်စုံတစ်ရာထိခိုက်သွားမယ်ဆိုရင်တော့ အဲ့လူကိုထိထိရောက်ရောက် BC တာဆိုပေမယ့် ကိုယ်တွေမှာအဲ့စွမ်းရည်ရှိမနေပါဘူး။ အဲ့ဒါနဲ့များ ဘာလို့ BC ခိုင်းနေရသေးတာလဲ လို့မေးရင် တခြားသူအတွက်မဟုတ်ပါဘူး။​ေတာ်လှန်​ရေးထဲစိတ်ပါနေသေးကြောင်းပြဖို့အတွက်ပါပဲ။လက်နက်ကိုင်ပြီးတိုက်ပွဲဝင်နေကြတဲ့သူတွေနဲ့ ကိုယ်တွေလည်း အတတ်နိူင်ဆုံးအတူရှိနေပေးကြောင်းပြဖို့ပါပဲ။

အပန်းပြေဖို့ အမောတွေဖြေဖျောက်နိူင်ဖို့ တရုတ်ကားတွေကြည့်နေပေ
မယ့် ကိုယ့်နိူင်ငံကိုစော်ကားထားတဲ့သူ အများအမြင်မှာ စိတ်ဓာတ်စုတ်ပြတ်နေတဲ့ လူကုန်ကူးတဲ့သူတွေ လူလိမ်တွေနေတဲ့နိူင်ငံအဖြစ် လူတွေမြင်အောင် လုပ်ထားတဲ့သူပါတဲ့ကားကိုတော့ ငါတို့ကြည့်မနေပါဘူး လို့ဖြစ်အောင်လို့ပါ။နှစ်တွေကြာပေမယ့် တော်လှန်ရေးမှာ ကိုယ်တွေရဲ့ အတွေးနဲ့စိတ်ထက်သန်မှုကရှိနေသေးတယ်ဆိုတာ တဖက်တလမ်း ကပြပေးတာပါ။ သေးတဲ့ကိစ္စမှာတောင် မရပ်တည်ပေးနိူင်ရင် ကြီးတဲ့ကိစ္စတွေမှာပါ တွေဝေ​နေတော့မှာပါ။

တရုတ်အနုပညာလောကမှာကိုယ်တွေ BC တာဘယ်နှယောက်ရှိလို့လဲ။ကိုယ်တွေ BC လို့သတ်မှတ်ထားတဲ့ ဒီတစ်ယောက်ရဲ့ကားကိုတောင်မှ ရှောင်လို့မရအောင် ကြည့်စရာကားတွေရှားနေပြီလား။ တော်လှန်ရေးစိတ်ဓာတ်တွေရော အဲ့လောက်ပျက်ပြားနေပြီလားဆိုတာ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ကြပါ။တော်လှန်ရေးနဲ့ BC ကတိုက်ရိုက်အချိူးမကျဘူးလို့ထင်ရင်လည်း စိတ်ကိုပြန်ဆန်းစစ်ကြည့်ပါအုံး။ တကယ်ပဲ BC ကအဲ့လောက်အရေးမပါဘူးထင်တာလား ဒါမှမဟုတ် တော်လှန်ရေးနဲ့ ဝေးပြီးသွေးအေးသွားတာလားဆိုတာကို။

Yang Yang မှာနောက်ထပ် project တွေရှိသေးလို့ နောက်ကားတွေအများကြီး အောင်မြင်ပါစေ။

Adminကတော့ မကြည့်ပါဘူး။ကြည့်လည်းမကြည့်သင့်ပါဘူး။ကြည့်လည်းမကြည်စေချင်ပါဘူး။အဲ့ဒါ admin သဘောထားပါပဲ။

17/07/2025

ကဲ အခုတစ်ခေါက်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ မမျှော်လင့်ဘဲသဘောကျသွားတဲ့ Boys Planet II Survival Show မှာ
ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ debut မလုပ်လိုက်ရတဲ့ Trainee A ရဲ့ member ဟောင်းနှစ်ယောက်ဖြစ်တဲ့ Lee SangWon နဲ့ Lee Leo နှစ်ယောက်လုံးကိုတတ်နိူင်တဲ့ဖက်က support ပေးချင်တဲ့ ရိုးသားဖြူစင်တဲ့စိတ်လေးနဲ့ပါ။😝

Survival Show တွေမကြည့်ရဲတာ တော်တော်ကြာနေပေမယ့် ဒီတစ်ခုကိုတော့ ကြည့်မလို့ပါ။တကယ်လို့များ survival show ကြည့်ရတာကြိုက်တယ်ဆိုရင် ဒါမှမဟုတ် Boys Planet II ကိုကြည့်နေရင် Lee SangWon နဲ့ Lee Leo ကို attention လေးနည်းနည်းလောက်ပိုပေးစေချင်မိပါတယ်။

တကယ်လို့များ Debut Line up ထဲပါသွားရင် Lee SangWon နဲ့မင်္ဂလာ ဆောင်တဲ့အချိန်ကျရင် အသားတုံးတစ်တုံးပိုထည့်ပေးပါ့မယ်။

ဒီ Video ထဲမှာ Enhypen ရဲ့ No Doubt သီချင်းကိုဆိုထားတာကြည့်ရုံနဲ့ Vocal ရော Dance ပါအဆင်ပြေတာထက်ပိုပြီး
debut line upထဲပါသွားသင့်တယ်ဆိုတာတွေ့ ကြမယ်ထင်ပါတယ်။



11/07/2025

ဝူစော်ဝေ့ကိုစိတ်ဆိုး၍ သူ့ကိုယ်ပိုင်အချိန်ရရှိ​ေနသော သခင်လေး ချီချန်...



Address

Shanghai

Website

Alerts

Be the first to know and let us send you an email when Souls of Screen: Echoes of Life & Fate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share