15/03/2024
ထိုင်းနိုင်ငံသွား တောလား
အပိုင် (၁)
ထိုင်းနိုင်ငံကို ပထမဆုံးလာမဲ့သူတွေအတွက် ရည်ရွယ်ပြီး ကိုယ်တွေလာတုန်းက အတွေ့အကြုံလေးတွေကိုမျှဝေပေးသွားချင်ပါတယ်။ထိုင်းကို လာတော့မယ်ဆို ပထမဆုံး စဥ်းစားရမှာက ကိုယ်ကဘာလာလုပ်မယ်ဆိုတာပါပဲ။ ကိုယ်လုပ်ချင်တဲ့အကြောင်းအရာပေါ်မူတည်ပြီး VISA အမျိုးအစားရွေးရမှာပါ။ ကျွန်တော် ကတော့ Tourist Visa နဲ့လာတာဖြစ်လို့ Tourist VISAအကြောင်းပဲပြောပြပေးသွားပါမယ်။ Tourist Visa လျှောက်ဖို့ လိုအပ်တာတွေကတော့
(၁) passport မူရင်း /မိတ္ထူ
(2) Bank statment
(3) လေယာဥ်လက်မှတ်အသွားအပြန် (တစ်ချို့ကတော့ အပြန်ကို booking နဲ့ရတယ်လို့ပြောကြပါတယ် ကျွန်တော်ကတော့ စကားတွေအများကြီးမပြောချင်လို့ အပြန်လက်မှတ်ပါတစ်ခါတည်းဖြတ်လိုက်ပါတယ်)
(4) Hotel booking (hotel booking ကတော့ ကိုယ် ထိုင်းကိုစရောက်တဲ့နေ့ကနေ ပြန်မဲ့နေ့အထိ လေယာဥ်လက်မှတ်နဲ့ ကွက်တိကျနေရပါမယ်။ ဥပမာ ကိုယ်က လေယာဥ်လက်မှတ်မှာ ရက် 50 ရှိတယ်ဆို hotel booking ကလဲ ရက် 50 ရှိရပါမယ်)agoda,တို့ booking .comတို့မှာ free cancellation လုပ်လို့ရတဲ့ hotelတွေရှိပါတယ် hotel တော်တော်များများကတော့ payment card number(visa card,mpu card) တောင်းပါတယ် ကျွန်တော် ကတော့ mpu card အဟောင်း နံပါတ်ထည့်ပေးလိုက်ပါတယ် card က expဖြစ်နေရင်မရပါဘူး သက်တမ်းကျန်တဲ့ cardပဲ ရပါတယ်
(5) background အဖြူရောင်နဲ့ 3.5×4.5 cm size ဓါတ်ပုံ (2)ပုံ
(6)မှတ်ပုံတင် မူရင်း/မိတ္ထူ
(7)Visa application form (သံရုံး website ကနေ download ဆွဲသွားလို့ရပါတယ်)
(8) Visa fee $40(တစ်ချို့က 20တန်နဲ့ 100တန်ပဲလက်ခံတယ်လို့ ပြောကြပါတယ် ။ကျွန်တော်သွားတဲ့နေ့တုန်းကတော့ အကုန်လက်ခံတာတွေ့ခဲ့ပါတယ်။ 20တန် နှစ်ရွက်ကအကောင်းဆုံးပါ အလုပ်မရှုပ်ပါဘူး တစ်ခါတည်းတန်းပေးလိုက်ယုံပါပဲ)
အဆင့်တစ် အနေနဲ့ကတော့ သံရုံး ကချပေးထားတဲ့ link ကနေ၀င်ပြီး booking တင်ရမှာပါ။ ကျွန်တော်ကတော့ march 22ရက်နေ့က booking ရခဲ့တာပါ။ March 22 ရက်နေ့ မနက် 8ခွဲလောက် သံရုံးကိုရောက်ပါတယ် ။ကိုယ့်ရှေ့မှာ လူ တစ်ရာလောက်တန်းစီနေတာကို မမျှော်လင့်ပဲတွေ့ခဲ့ရပါတယ် အဲ့တော့ တန်းစီရတာ နဲနဲတော့ကြာသွားပါတယ် အကြာကြီးတန်းမစီချင်ရင်တော့ စောစောသွားကြပါ (စောစောသွားပေမဲ့လဲ သံရုံးက 9နာရီမှ ဖွင့်တာပါ 😁😁😁) 9နာရီ ထိုးတာနဲ့ အထဲကို 5ယောက်တစ်သုတ် 8ယောက်တစ်သုတ် နဲ့ အဆင်ပြေသလိုခေါ်ပါတယ် ကိုယ့်အလှည့်ကရောက်ပြီဆိုတာနဲ့ booking စာရွက်နဲ့ passport တောင်းကြည့်ပြီး တိုက်စစ်ပါတယ် ပြီးရင်တော့ သံရုံးရှေ့မှာ ချထားတဲ့ ခုံတန်းလေးတွေမှာ ထိုင်လို့ရပါပြီ 😁😁😁 ပြီးတာနဲ့ အထဲကို တစ်သုတ်ချင်းခေါ်ပါတယ် အထဲရောက်တာနဲ့ တစ်ခါတည်းတန်းပြီး ရတာမဟုတ်ပါဘူး နောက်တစ်ခါထိုင်စောင့်ရပါသေးတယ် ခုံတန်းရှည် သုံးတန်းရှိပါတယ် counter မှာ တန်းစီတဲ့သူကုန်မှ ကိုယ့်အလှည့်ရောက်မှာပါ ကိုယ့်အလှည့်ရောက်ပြီဆိုတာနဲ့ အပေါ်မှာ ပြောထားတဲ့ စာရွက်စာတမ်းတွေကို counter 1 မှာ အကုန်ပေးလိုက်ပါ သူစစ်ဆေးပြီးတာနဲ့ ငွေသွင်းခိုင်းပါတယ် (ဘာမေးခွန်းမှ မမေးပါ )ဘေးကပ်ရပ် counter 2မှာငွေသွင်း ပြီးတာနဲ့ counter 3မှာ ခဏစောင့်ပါ ကိုယ့်နာမည်ခေါ်တာနဲ့ ချလန်သွားယူပါ ချလန် ရလာပြီ ဆိုတာနဲ့ ပြန်ရွေးရမဲ့ ရက်နှင့် နာမည်မှန်မမှန်ကို သေချာကြည့်ပါ အကုန်မှန်တယ်ဆို ပြန်ထွက်လာလို့ရပါပြီ Visa process က သုံးရက်လောက်ကြာပါတယ် ကျွန်တော်က Thu နေ့ကတင်တာဆိုတော့ Mon day မှာ ပြန်ထုတ်ရပါတယ် March 26 မှာ Visa ရပါတယ်
Visa ပြန်ထုတ်ပေးတဲ့ အချိန်က နေ့လည် 1နာရီ ဖြစ်ပါတယ် ကျွန်တော်ကတော့ ပထမဆုံးဆိုတော့ ဘာမှမသိလို့ 12ခွဲလောက်ရောက်သွားပါတယ် တန်းစီရပြန်ပါတယ် (အရေးမကြီးရင် 2နာရီလောက်မှသွားပါ တန်းစီရတာမကြာတော့ပါဘူး) ပြီးတာနဲ့ တစ်သုတ်ချင်းခေါ်ပါတယ် အထဲရောက်ရင် counter 4ကိုတန်းသွားပါ ပြီးရင် စာရွက်ထပ်လိုက်ပါ ခဏနေရင် နာမည် ခေါ်ပြီး စာအုပ်ထုတ်ပေးပါတယ် စာအုပ်ရပြီ ဆိုပြီးအပျော်မလွန်ပါနဲ့ နာမည်တွေ date တွေ သေချာစစ်ပါ အကုန်မှန်ပြီဆို ပြန်လို့ရပါပြီ counter 4 ရှေ့မှာ water cooler ရှိပါတယ် ယူသောက်လို့ရပါတယ် ကျွန်တော်ကတော့ တန်အောင် နှစ်ခွက်သောက်ခဲ့ပါတယ် 😁😁😁 ပြီးရင်ပြန်ထွက်လာလို့ ရပါပြီခင်ဗျာ ဒန် တန့် တန်....
***မှတ်ချက် *** အခုကျွန်တော်ရေးပြထားတာတွေက ကျွန်တော်သွားတုန်းက ကြုံခဲ့ရတာတွေ ကိုပြန်ပြောပြပေးထားတာပါ တစ်ယောက်နဲ့တစ်ယောက် တူမှာ မဟုတ်လို့ ကျွန်တော်ပြောတာတွေအတိုင်း လို့မမှတ်ယူစေချင်ပါ ဗဟုသုတအနေနဲ့သာဖတ်ပါ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပါ ကျွန်တော့်ကို (ရုပ်ချောလို့ )ဘာမှ မမေးဘူးဆိုပေးမဲ့ ကျန်တဲ့သူတွေကို မေးနိုင်ပါတယ်😁😁😁😁( စတာပါဗျာ ) ဘာသွားလုပ်မယ် ဘယ်သွားမယ်လောက်တော့ သိအောင် လုပ်ထားပါ ကျွန်တော် ပြောပြထားတဲ့ အထဲမှာ မရှင်းတာ သိချင်တာရှိရင် အားမနာပါနဲ့ လာမေးပါ ကျွန်တော်သိသလောက် ပြန်ဖြေပေးပါ့မယ်...
မြန်မာ လေဆိပ် immigration နဲ့ ထိုင်း immigration ဖြတ်တာတွေကို အပိုင်း (၂) မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်.....