Bel Ou Channel

Bel Ou Channel Esports & MLBB Update News , Broadcasting

Bel Ou Official TikTok Channel 🔗

www.tiktok.com/

တစ်ချိန်က Myanmar MLBB မှာ Fanbase အင်အားအကြီးဆုံးအသင်းတွေအကြောင်း ပြောလိုက်ရင် J'DAI (or) AI Esports (Old BG) နဲ့ Falco...
14/09/2026

တစ်ချိန်က Myanmar MLBB မှာ Fanbase အင်အားအကြီးဆုံးအသင်းတွေအကြောင်း ပြောလိုက်ရင် J'DAI (or) AI Esports (Old BG) နဲ့ Falcon Esports (Ronin) တို့ကို ချန်ထားလို့မရခဲ့ပါဘူး။

အထူးသဖြင့် MPL ခေတ်ကနေ MSL အကူးအပြောင်းကြားကာလ Qualifier တွေမှာဆိုရင် AI Esports နဲ့ Falcon Esports တို့ရဲ့ အားပြိုင်မှုဟာ ပြိုင်ပွဲတွေရဲ့ အဓိကစိတ်ဝင်စားစရာတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

အသင်းနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုတင်မကဘဲ Fandom နှစ်ခုကြား အပြန်အလှန်စနောက်တာ၊ ကိုယ့်အသင်းကိုယ် အားပေးရင်း လေတိုက်ကြတာတွေကပါ အဲ့ဒီအချိန်က Myanmar MLBB Scene ကို ပိုပြီးအသက်ဝင်စေခဲ့တဲ့ အမှတ်တရတွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် MSL ပြန်လည်ကျင်းပလာပြီးနောက်ပိုင်းမှာတော့ Myanmar MLBB ရဲ့ Fandom ပုံစံက တဖြည်းဖြည်း ပြောင်းလဲလာသလို ခံစားရပါတယ်။

အရင်လို အသင်းတစ်သင်းကိုပဲ အားစိုက်အားပေးနေတဲ့ ပရိသတ်တွေထက် အသင်းအသစ်တွေ၊ Player အသစ်တွေနဲ့ ကိုယ်နှစ်သက်တဲ့ကစားသမားရှိရာ အသင်းတွေကို ခွဲပြီးအားပေးလာတာကြောင့် Fanbase တွေကလည်း အသင်းအများအပြားဆီ ပိုမိုပြန့်နှံ့လာတဲ့ပုံစံ တွေ့လာရပါတယ်။

ပြီးခဲ့တဲ့ MSL Season 4 Week 3 မှာ ဒီအခြေအနေကို ပိုပြီးသတိထားမိခဲ့ပါတယ်။

တစ်ချိန်က Fan အင်အားအရမ်းကောင်းခဲ့တဲ့ J'DAI ဟာ YG နဲ့ပွဲမတိုင်ခင် Fan Prediction မှာ ယခင်ကလို တစ်ဖက်သတ် Fan Support မမြင်ရတော့သလို၊ Falcon နဲ့ J'DAI တို့ရဲ့ တွေ့ဆုံမှုမှာလည်း အရင်ခေတ်က ဒီအသင်းနှစ်သင်းတွေ့တိုင်း ရခဲ့တဲ့ Fandom Rivalry Vibe ကို သိပ်မခံစားရတော့ပါဘူး။

ဒါဟာ အသင်းတွေရဲ့ Fanbase ပျောက်ကွယ်သွားတာလို့တော့ တိုက်ရိုက်ပြောလို့မရပါဘူး။

Roster တွေ အကြိမ်ကြိမ်ပြောင်းလာတာ၊ Old Generation Player တွေ မရှိတော့တာ၊ အသင်းသစ်တွေနဲ့ Star Player အသစ်တွေ ပေါ်ထွက်လာတာတွေကြောင့် Myanmar MLBB ပရိသတ်တွေရဲ့ အားပေးမှုပုံစံကပါ တစ်ဖြည်းဖြည်း ပြောင်းလဲလာတာ ဖြစ်နိုင်ပါတယ်။

ဒါဟာ Community အတွက်ကတော့ Positive effect တစ်ခု ဖြစ်လာတယ်လို့ ပြောရမှာပါပဲ...

အထူးသဖြင့် MSL မှာ အသင်းအရေအတွက် ပိုများလာတာနဲ့အမျှ အသင်းတစ်သင်းချင်းစီကို အားပေးတဲ့ ပရိသတ်တွေရှိလာခြင်းက ပြိုင်ပွဲရဲ့ Competition တင်မကဘဲ Community Engagement ကိုပါ ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။

တစ်ချိန်က Myanmar MLBB ရဲ့ Fandom Culture ကို အသင်းကြီးနှစ်သင်း၊ သုံးသင်းက အဓိကမောင်းနှင်ခဲ့တယ် ဆိုရင် အခုချိန်မှာတော့ အသင်းအများအပြားနဲ့ Player အများအပြားဆီ Fan Support တွေ ဖြန့်ကျက်လာတဲ့ ပိုပြီးကျယ်ပြန့်တဲ့ Community တစ်ခုဆီ ပြောင်းလဲလာနေတယ် လို့ မြင်နိုင်ပါတယ်။

သမိုင်းကြောင်းအစဉ်လားကြီးမားတဲ့ အသင်းကြီးတွေရဲ့ သမိုင်းသစ်ရေးထိုးရမယ့်နေ့ MSL Myanmar S4 Regular Season Week 3 Day 3 ပွဲ...
13/09/2026

သမိုင်းကြောင်းအစဉ်လားကြီးမားတဲ့ အသင်းကြီးတွေရဲ့ သမိုင်းသစ်ရေးထိုးရမယ့်နေ့

MSL Myanmar S4 Regular Season Week 3 Day 3 ပွဲစဉ်များ

အားလုံးသိကြတဲ့အတိုင်း Wyverns ဟာ ဒီရာသီမှာ အသင်းရဲ့ Roamer ပြဿနာကို တောက်လျှောက်ဖြေရှင်းနေရပြီး နောက်ဆုံးမှာတော့ အသင်းဖေ...
13/09/2026

အားလုံးသိကြတဲ့အတိုင်း Wyverns ဟာ ဒီရာသီမှာ အသင်းရဲ့ Roamer ပြဿနာကို တောက်လျှောက်ဖြေရှင်းနေရပြီး နောက်ဆုံးမှာတော့ အသင်းဖော်ဟောင်း Super Light ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။

မနေ့က Falcon Esports နဲ့ ကစားခဲ့တဲ့ပွဲမှာ Super Light ကို Main Lineup ထဲ ချက်ချင်းထည့်သွင်းအသုံးပြုခဲ့ပေမယ့် အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှုကိုတော့ သိသိသာသာ မမြင်တွေ့ရသေးပါဘူး။

Wyverns အတွက် ရှာဖွေနေတဲ့ ပထမဆုံးနိုင်ပွဲဟာလည်း ဆက်လက်ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် ယနေ့ယှဉ်ပြိုင်မယ့် Paladins နဲ့ပွဲကတော့ အခြေအနေမတူပါဘူး။

နှစ်သင်းစလုံးဟာ အရှုံးတွေကြားကနေ ပထမဆုံးနိုင်ပွဲကို ရှာဖွေနေရတာကြောင့် ဒီထိပ်တိုက်တွေ့ဆုံမှုဟာ နှစ်သင်းလုံးအတွက် အရှုံးနွံထဲကနေ ရုန်းထွက်နိုင်မယ့် အကောင်းဆုံးအခွင့်အရေးတစ်ခု ဖြစ်လာပါတယ်။

တစ်ဖက်မှာလည်း Wyverns အတွက် Super Light ကို ပြန်လည်ခေါ်ယူခဲ့တဲ့ Roster Move က အသင်းရဲ့ Roamer ပြဿနာအတွက် အဖြေတစ်ခု ဖြစ်လာနိုင်မလား ဆိုတာ ဆက်လက်အကဲဖြတ်ရမယ့် ပွဲတစ်ပွဲလည်း ဖြစ်လာမှာပါ...

၂-၀ တွေနဲါသာပြီးဆုံးခဲ့တဲ့ MSLWeek 3  Day 2 ပွဲပြီးရလဒ်များ
12/09/2026

၂-၀ တွေနဲါသာပြီးဆုံးခဲ့တဲ့ MSLWeek 3 Day 2 ပွဲပြီးရလဒ်များ

12/09/2026

အကျွံကြီး Part 3

12/09/2026

ဒီနေ့ဟာ MSL MM S4 ရဲ့ Regular Season Week 3 Day 2 ဖြစ်ပါတယ်။ 🔥

အသင်းတွေရဲ့ ဇယားထိပ်ကိုတက်ရောက်နိုင်ဖို့ အမှတ်တွေအကြိတ်အနယ်ယူနေကြတဲ့ ပွဲစဉ်တွေကို လက်မလွတ်ရအောင် Live မှာလာရောက် ကြည့်ရှုလိုက်ကြဖို့လည်း ဖိတ်ခေါ်လိုက်ချင်ပါတယ်။ 💪

ယနေ့ ပွဲစဉ်များ ↴
⚔️ Match 1 — Yangon Galacticos vs J'Dai Esports
⚔️ Match 2 — Falcon Esports vs Wyverns Esports
⚔️ Match 3 — Team Secret vs Team Seven

MSL Myanmar S4 Regular Season Week 3 Day 2Day 2 မှာလည်းဘယ်အသင်းတွေကနိုင်ပွဲဆက်သွားမလဲ Red Zone ကအသင်းတွေကရောနိုင်ပွဲတွေရ...
12/09/2026

MSL Myanmar S4 Regular Season Week 3 Day 2

Day 2 မှာလည်းဘယ်အသင်းတွေကနိုင်ပွဲဆက်သွားမလဲ Red Zone ကအသင်းတွေကရောနိုင်ပွဲတွေရှာဖွေနိုင်မလား

🛑ပွဲစဉ်များကို Page ကနေပြသပေးမည် 🛑

ပြီးခဲ့တဲ့အပတ် MPL PH Season 18 Week 3 မှာ ကစားခဲ့တဲ့ Team Liquid PH နဲ့ Twisted Minds PH တို့ရဲ့ ပွဲစဉ်အပြီးမှာ GOAT ကြ...
12/09/2026

ပြီးခဲ့တဲ့အပတ် MPL PH Season 18 Week 3 မှာ ကစားခဲ့တဲ့ Team Liquid PH နဲ့ Twisted Minds PH တို့ရဲ့ ပွဲစဉ်အပြီးမှာ GOAT ကြီး KarlTzy ဟာ သူ့ရဲ့ Career အတွက် နောက်ထပ် သမိုင်းဝင်မှတ်တမ်းတစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။

အဲ့ဒါကတော့ MPL PH သမိုင်းတစ်လျှောက် Career Kills 2,500 ပြည့်မြောက်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့တာပါ။

MPL PH မှာ နှစ်ပေါင်းများစွာ ယှဉ်ပြိုင်လာခဲ့တဲ့ KarlTzy ဟာ Season တွေ၊ Meta တွေနဲ့ ပြိုင်ဘက်တွေ အကြိမ်ကြိမ်ပြောင်းလဲခဲ့ပေမယ့် ထိပ်တန်းအဆင့်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး တစ်ခြားကစားသမားတွေ လိုက်မီဖို့ခက်ခဲတဲ့ Record တွေကို တစ်ခုပြီးတစ်ခု တည်ဆောက်နေဆဲ ဖြစ်ပါတယ်။

တစ်ချိန်က လူငယ်ကြယ်ပွင့် Jungler တစ်ယောက်ကနေ World Champion ဖြစ်လာခဲ့သလို အခုတော့ MPL PH ရဲ့ သမိုင်းမှတ်တမ်းတွေထဲမှာပါ သူ့နာမည်ကို ပိုမိုခိုင်မာအောင် ရေးထိုးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

2,500 Kills။ MPL PH သမိုင်းမှာ ပထမဆုံး။

ကစားသက်ကြာလာတာနှင့်အမျှ GOAT ကြီးကတော့ Record အသစ်တွေ ဆက်ရေးနေဆဲပါပဲ...🐐🔥

11/09/2026

Bel Ou Challenge Cup S4 Final

BO1 Series

Caster Bel Ou 🎙️

Team7 ရဲ့နိုင်ပွဲတွေကိုရပ်တန့်ပေးနိုင်ခဲ့တဲ့ Mythic Seal နဲ့ Week 3 Day 1 ပွဲပြီးရလဒ်များ
11/09/2026

Team7 ရဲ့နိုင်ပွဲတွေကိုရပ်တန့်ပေးနိုင်ခဲ့တဲ့ Mythic Seal နဲ့ Week 3 Day 1 ပွဲပြီးရလဒ်များ

Adresse

Democratic Republic Of The

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Bel Ou Channel publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Raccourcis

Partager