The Worst Moral Character of the Myanmar People

The Worst Moral Character of the Myanmar People Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Worst Moral Character of the Myanmar People, Arts and entertainment, Toronto, ON.

Only in Myanmar

Tremendously Remarkable to see things as Only in Myanmar

For one example, the custom Department of Myanmar will open your bags and took the most expensive ones and using that things for their family is just as a culture.

Burmese Rubyပတ္တမြား မှန်ရင် နွံ့မနစ်,
03/02/2024

Burmese Ruby

ပတ္တမြား မှန်ရင် နွံ့မနစ်,

258 likes, 2 comments. “မြန်မာ့ကျောက်မျက် ရတနာတွေ ဘယ်ပြပွဲမှာ စျေးဘယ်လောက်နဲ့ လေလံရောင်းခဲ့ရတယ် ဆိုတဲ့ 2021/22 world record တွေပါ လေ့လ...

" ကျေးဇူး ကုဌေ "ကိုယ့်အနားမှာရှိနေပေးဖို့အဆုံးသတ်မှာ ကိုယ့်ကို ရွေးချယ်ဖို့ကနောက်ဆုံး နဲ့ အရေးအကြီးဆုံးမို့နေပူပူမိုးသည်...
02/29/2024

" ကျေးဇူး ကုဌေ "

ကိုယ့်အနားမှာရှိနေပေးဖို့
အဆုံးသတ်မှာ ကိုယ့်ကို ရွေးချယ်ဖို့
က
နောက်ဆုံး နဲ့ အရေးအကြီးဆုံး
မို့
နေပူပူ
မိုးသည်းသည်း
လကွယ် ည မှာ ကြယ်တွေကို
ထိုင်ကြည့်
အတူတူ ရေနိုင်,
ဒူးရင်းသီး အတူစား
ငါးကင် အတူ သွားဝယ်,

ဟင်းချက်
ထမင်းကြော်
ကြက် ဉမွေကြော် သင်ပေးရင်း
ထမင်း အိုးနယ် ခွံ့ကျွေး
ကော်ဖီ အတူသောက်
ရေနွေးကြမ်း လက်ဆုံ,

ကြုံရ ဆုံရ ဘုံ ဘဝ
လောက အကြောင်း
ရယ်မော ပြီး ပြော နိုင်ရင်ကို,

အတူတူရှိနေပေးတဲ့ အတွက်
ချစ်ပေးနိုင်တဲ့ မေတ္တာ တရား
ဒါ ကို,
ကျေးဇူးပါလို့ ပြော,
ကျေးဇူး ရှင် အဖြစ် သတ်မှတ် ကိုးကွယ် လို့ ရပြီ,
ကျေးဇူး တင် ပါတယ်,



( စာကြွင်း - ကိုယ် အမှားတခု လုပ်မိလို့ ပစ်ဒဏ်ခတ်
စိတ်ကောက် နေတာ ခုပါဆို ၁၀ ရက်ကြီးများတောင် ရှိနေပါပြီ,
ကတိမတည် ပါ, တခါကောက်လျှင် ၃- ရက် ဘဲ
စိတ်ကောက်ရ မယ် လို့ ညှိနိုင်းထား ပြီးသားပါ,
မပျော် ဘူး, စိတ်ညစ် တယ် ကွယ်)

"တိုင်းပြည်ထူထောင် မင်းလုပ် အုပ်ချုပ် ရာဝယ် "ခရိုနီနတ်ooooooooooooဗြိတိသျှ ကိုကိုမောင်(၃၇)မင်း နတ်တွေထဲ မှာ ခရိုနီကနေ ဖြ...
02/23/2024

"တိုင်းပြည်ထူထောင် မင်းလုပ် အုပ်ချုပ် ရာဝယ် "

ခရိုနီနတ်
oooooooooooo

ဗြိတိသျှ ကိုကိုမောင်

(၃၇)မင်း နတ်တွေထဲ မှာ ခရိုနီကနေ ဖြစ်လာတဲ့ နတ် ရှိပါတယ်။

ထူးခြားတာက သူက နိုင်ငံခြားသားပါ။

သူ့နာမည် အရင်းက နာဗေလ တဲ့။ သီရိလင်္ကာကနေ မြန်မာပြည်ကို ရောက်လာတဲ့ ဆင်ဟာလိစ်လူမျိူး ပါ။

သီရိလင်္ကာနိုင်ငံ၊ ဓာတုသေနမင်းရဲ့ သားတော်ငယ် လို့လဲ ဆိုပါတယ်။

နန်းလုရင်းနဲ့ ရှောင်တိမ်းလာတဲ့သူဟာ..ဘင်္ဂလားဒေ့ရ်ှကနေတဆင့် ပုဂံပြည်ကို ရောက်လာပါတယ်။

ပစ္စည်းဥစ္စာအများအပြားလည်း ပါလာလို့ စုက္ကတေးမင်းက သူ့ကို နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ပါသတဲ့။

ဘုရင်ဖြစ်လာမယ့် အနော်ရထာမင်းသားနဲ့ ပွေးဖော်ပွေးဖက်တွေဖြစ်ပြီး အနော်ရထာပုဂံထီးနန်းကို သိမ်းဖို့အရေးမှာ..နာဗေလ က ငွေကြေးစပွန်ဆာပေးခဲ့ပါတယ်။

အနော်ရထာနန်းတက်လာချိန်မှာတော့..ဗုဒ္ဓသာသနာဝင်ရောက်လာတာနဲ့အညီ ဗုဒ္ဓဘာသာနိုင်ငံ သီရိလင်္ကာက လာတဲ့..နာဗေလ ဟာ နေရာရခဲ့ပါတယ်။

အနော်ရထာမင်းက ဘဒ္ဒသူကြွယ် ဆိုတဲ့ဘွဲ့ကို ပေးပါတယ်။

ဘဒ္ဒသူကြွယ်ကနေ ဘသူကြွယ် ဆိုပြီး နာမည်တွင်လာပါတယ်။

သီရိလင်္ကာ က စွယ်တော်ပင့်ဆောင်တဲ့အခါမှာလည်း သူက ပင့်ဆောင်ရေးအဖွဲ့ခေါင်းဆောင်ပါတဲ့။

အနော်ရထာဟာ ဘသူကြွယ်ကို နယ်မြေမြို့ရွာသစ်.ထူထောင်ပြီး အပိုင်စားပေးဖို့ သလ္လာမြစ် ခေါ် ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက် ရှာဖွေစေခဲ့ပါတယ်။

(အဘတွေလက်ထက် ခရိုနီကြီးတွေကို မြေကွက်တွေ လုပ်ကွက်တွေ ချပေးကြတဲ့သဘောမျိုးပေါ့။)

ဘသူကြွယ်အတွက် မြင်း ၅၀၀၊ မြင်းသည်တော် ၅၀၀၊ ဆင် ၅၀၊ ဆင်သည်တော် ၅၀၀၊ သူရဲသူခက် ၅၀၀ နဲ့ လှေအစင်း ၁၀၀ တောင်ပေးလိုက်ပါသေးတယ်။

ဘသူကြွယ် ဟာ အခု မုံရွာတဝိုက်က ဗဒုံမြို့ ကို စတည်ထောင်ခဲ့ပါတယ်။

အဲ့ဒီနားရွာတစ်ရွာက မုန့်ရောင်းတဲ့ ဗမာ့စကီလေးတစ်ပါးကိုလည်း သိမ်းပိုက်ပါတယ်။

နဂစန္ဒာမိဖုရားကြီးဆိုပြီးတောင် ဘွဲ့ပေးလိုက်ပါသေးတယ်။

အဲ့မုန့်သည်စကီလေးရဲ့ ရွာကိုလည်း မုန့်သည်မရွာ လို့ အမည်တွင်စေပြီး ကာလရွေ့လျောတော့ မုံရွာဖြစ်လာပါသတဲ့။

အနော်ရထာကြီးက ဒီအပ္ပနား ကို အလကားပဲတင်း..ရက်ရက်ရောရော မြေကွက်တွေချပေးတာလားဆိုတော့..မဟုတ်ပါဘူး။

ဘသူကြွယ်ဟာ သုံးနှစ်တစ်ကြိမ် အနော်ရထာကို ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ပဲပြောင်းနှမ်းဝါ နဲ့ လယ်မြေခွန် ဆယ့်ဖို့တစ်ဖို့ ဆက်သရပါတယ်။

အနော်ရထာအတွက် လက်အောက်ခံမြို့တစ်မြို့လည်းတိုး၊ အခွန်လည်းတိုးရ အဆင်ပြေသလို...ဘသူကြွယ် အတွက်လည်း နေရင်းထိုင်ရင်း နေရာသစ်မှာ မြို့စားနယ်စားဖြစ်ရတာပါ။

ဒါပေမယ့်..အနော်ရထာ..ကျွဲစာမိပြီး..မာလကီးယားသွားတဲ့နောက်..သားတော်စောလူး ရဲ့ အစိုးရသစ် နဲ့ ဗဒုံမြို့တည် မြို့စားကြီး ဘသူကြွယ် အစေးမကပ်တော့ပါဘူး။

အူကြောင်ကြားဘုရင်ဆိုပြီး ဘသူကြွယ်က အခွန်အတုပ် တွေ မှန်မှန်မဆက်ပဲ...လူလည်ကျပုံရပါတယ်။ အခုခေတ်လိုပေါ့..ငိ။

(ပုဂံကို ပို့တဲ့လမ်းမှာ အခွန်တွေ ဖြတ်လုခံရတယ်ဆိုတာကတော့..မဖြစ်နိုင်ဘူးထင်မိ)

သက္ကရာဇ် ၄၂၃ မှာ စောလူးမင်း နဲ့ ဘသူကြွယ် စစ်ဖြစ်ကြပါတော့တယ်။

နောက်ဆုံး ဘသူကြွယ်ခေါ် နာဗေလ ဆိုတဲ့ ပုဂံပြည်က ဆင်ဟာလိစ်ခရိုနီကြီးဟာ ချင်းတွင်းမြစ် ချောက်ကမ်းပါးတစ်ခုကနေ လူရော မြင်းပါ ခုန်ချပြီး စူးစိုက်လုပ်သွားပါတော့သတဲ့။

အဲ့မှာ...အလုံဘိုးတော်ကြီးဆိုပြီး နတ်ဖြစ်တော့တာပဲ။

အောင်မယ်..ခရိုနီနတ်များ တန်ခိုးကြီးချက်က..သူတင်မဟုတ်...

သူ့ စစ်ရေးချုပ် သံဘိုမင်း ခေါ် စာရေးတော်မင်း၊ သူသမီး ဂျီဝမ်းရာထူးလိုယူထားတဲ့ စစ်သူကြီးမ ကြီးခေါင်ရှင်၊ သူ့ ပီအက်စ်အို လဘို့ရှင်ကြီး၊ သူမြေး မောင်ကျောက် ခေါ် ရွှေကျောက်ဆောင်နတ်၊ သူ့မြေးမ မငွေတောင်..စသဖြင့်....တလှေကြီး နတ်ဖြစ်ကုန်တာနော်..။

အလုံဘိုးတော်ကတော့..ဂေါ်တယ်..အခုခေတ်ထိ ပူဇော်ပသခံနေရတုန်းပဲ။

(အကျယ် သိချင်သူများ.စိန္တကျော်သူ ဦးသြ ရဲ့ သမိုင်းလင်္ကာပေါင်းချုပ် နှင့်.မောင်သန်းဆွေ(ထားဝယ်)ရဲ့ မြန်မာ့ရိုးရာနတ်ယုံကြည်မှုဓလေ့ (ဒုတိယတွဲ) တွင် ရှာဖွေကြပါကုန်)

Crd - ဗြိတိသျှကိုကိုမောင်,



RUBY
02/19/2024

RUBY

"ရဲလို့လား"ကို..လဲ...ယူ့...ကိုလွမ်းတယ်။ယူ...သိချင်တာတွေ...ကိုပြောပြမယ်။ကို..က..၁၉၈၈...ကို့အသက်...၂၁...ပဲခူးကောလိပ်...ဒုတ...
02/09/2024

"ရဲလို့လား"

ကို..လဲ...
ယူ့...ကို
လွမ်းတယ်။

ယူ...သိချင်တာတွေ...
ကိုပြောပြမယ်။

ကို..က..
၁၉၈၈...
ကို့အသက်...၂၁...
ပဲခူးကောလိပ်...
ဒုတိယနှစ်...
အစိုးရသတ်မှတ်ထားတဲ့...
အမဲရောင်နယ်မြေက..
ကျောင်းသားတယေက်...

ရိုးသားစွာ...ဘဲ
ပညာလိုချင်လို့ရယ်
ပညာတတ်တယောက်...
ဖြစ်ချင်လို့ရယ်...စာကြိုးစား...
စာတော်လို့...
လူသိများတယ်။

ဒါပေမဲ့...
ကိုရဲ့ဘဝကံ
အနေအထားအရ
ဆိုရမလား
မသိဘူး

ကျောင်းမှာစာသင်နေရင်းတောင်
မကြာခဏ
ရဲစခန်းက
ခေါ်ယူမေးမြန်းစစ်ဆေးတာ
စစ်တပ်က
လာဖမ်းပြီး...
ကို့ကိုရိုက်နှက်စစ်ဆေး
မေးမြန်းတာ
ခဏ..ခဏ..ဆိုတော့...
ကျောင်းသားတွေက...
ကို့ကို...
သူပုန်..ဒါမှမဟုတ်ရင်...
သူပုန်နဲ့အဆက်အသွယ်...
ရှိသူလို့ထင်ကြတယ်။

အရေးအခင်း
ဖြစ်တော့
လိုအပ်ရင်...တောထဲကို
ထွက်ပြေးရမှာဆိုတဲ့
သူတို့
အတွေးနဲ့
ကို့..ကို
ကျောင်းသားခေါင်းဆောင်
တင်တယ်။

အဲ့ဒီလိုနဲ့...
အစိုးရကကို့ကို
ဒီတခါ
စစ်ဆေးမေးမြန်းဖို့
အလာမှာ..
ကို...တောခို...
တကယ်...သူပုန်...
ဖြစ်သွားတယ်။

တောထဲမှာ
ပိုစိုးတယ်။

ဘန်ကောက်ကိုရောက်သွားတယ်။

ပတ်စပို့မရှိတာရယ်
အတည်တကျမနေထိုင်နိုင်တာရယ်
တောထဲကပါလါတဲ့...
ဌက်ဖျားရယ်...
ဘဝမှာ...ငရဲတခုလိုပါဘဲ။

ဝဋ္ဌ်ကြွေးရှိရင်ကြေပါစေလို့ဘဲ
စုတောင်းနိုင်ခဲ့တယ်။

၁၉၉၅...မတ်လမှာ
ကနေဒါ...
နိုင်ငံသားအဖြစ်...
တိုရွန်တိုကိုရောက်တယ်။

ဒု က္ခ သည်...အနေနဲ့...
မြန်မာပြည်က...
ရိုဟင်ဂျာတွေလိုပေါ့်...
လူအတော်များများက
ဆေးဘော်ကြောဖက်တောင်
မလုပ်ဘူး။

အဆိုးဆုံးက
ကိုတို့မြန်မာအချင်းချင်း
တချို့က
ချမ်းသာတဲ့သူတွေ...
ချမ်းသာလို့လာတာ။
ဒု က္ခ သည်...မဟုတ်ဘူး။

မြန်မာလူမျိုးတွေနဲ့
တွေ့ချင်လို့
ဘုန်းကြီးကျောင်းသွားရင်
လူကြီးအတော်များများက
ကိုတို့..ကို..တွေ့တာနဲ့
ပြောတော့တာဘဲ။

ငါတို့ကတော့
မင်းတို့ကို...
ဘာအကူအညီမှ...
ပေးနိုင်မှာမဟုတ်ဘူး
ဒီမှာ...
အဝတ်အစားဟောင်းလေးတွေ
စုထားတယ်။

ဆွမ်းတောင်တင်ပွဲပြီး...
ပိုနေတာတွေ
ယူသွားလို့...
သူငယ်ချင်းတွေနဲ့အတူ...
အပြောခံခဲ့ရဘူးတယ်။

အဲ့ဒီ...အချိန်ကစပြီး
ကိုတယောက်ထဲ...
မြန်မာပြည်က..လို..
ကျောင်းဆောင်လေးတခုမှာ...
ရိုးရိုး...ရှင်းရှင်း...လေး..
တယောက်ထဲနေခဲ့တာ။

(ယူ...လာရင်...
ပထမကို့...အခန်းကိုခေါ်ထားမှာ
ပြီးတော့မှ...
ယူ...နဲ့အတူ...
ကိုတို့..အခန်းလိုက်ရှာမယ်...
ယူ့...စိတ်ကြိုက်ရအောင်)။

အဲ့ဒီအချိန်က
ကို့ကိုသင်ပေးလိုက်တာ
ဘယ်သူ့ဆီကမှ...
ဘာအကူအညီမှ…မယူ…ဖို့။

တခါတရံ
အခက်အခဲ
ရှိ...ကြုံရတယ်။

အလုပ်ပြုတ်သွားပြီး
နောက်တခုမရခင်
အချိန်မျိုး။

သူငယ်ချင်းတယေက်...
သူ့နာမည်က
အောင်ကို..
အန်အယ်ဒီ...
ဦးဝင်းတင်ရဲ့...တူ...
သူ့မာနနဲ့
ဘယ်သူ့ဆီကမှ...
အကူအညီမတောင်းဘူး
နိုင်ဂါရာဖေါ...
ရေတံခွန်ထဲ
ခုန်ချသေသွားတယ်။

သူ့ကိုဗိုက်ခွဲစစ်ဆေးတော့
သူ့အစာအိမ်ထဲမှာ...
ရေ..တမျိုးဘဲ...
တပတ်လောက်ရှိနေတယ်လို့
ဆေးစာထွက်တယ်။
သူ့ဘဏ့်အကောင့်ထဲမှာ
၁၅ပြားဘဲရှိတယ်။

သူမှန်တယ်။ ။

ကနေဒါမှာ...
ပညာတတ်တယောက်မဟုတ်ရင်
အောက်ခြေ အလုပ်ဘဲလုပ်ရတယ်။

အောက်ခြေအလုပ်က
လုပ်လိုက်...ပြုတ်လိုက်
လိုရင်ခေါ်တယ်
မလိုတော့ရင်ဖြုတ်တယ်။

ပေးတော့လဲအနိမ့်ဆုံးလုပ်အားခ
ဘဲရတယ်။

စားလို့နေလို့
လောက်ယုံဘဲ။

ပညာရေးစနစ်က
အရင်းရှင်စနစ်ဖြစ်လို့

ဝင်ခွင့်လျှောက်လွှာနဲ့
စစ်ဆေးတယ်။

မိဘတွေချမ်းသာရင်ရယ်...

ကျောင်းလခ...အလုံးစုံ...
တနှစ်ကို...၄သောင်းနဲ့၅သောင်း
ကြားမှာကုန်တယ်။

မိဘဝင်ငွေ...တသိန်း..
နီးပါးနဲ့...ပိုမှ...ရွေးတယ်။

အရမ်းတော်နေရင်ရယ်...

ဟိုက်ဂါးအယ်ကျူကေးရှင်းက...
ယူနီဗါစီတီ...က..
လက်ခံတယ်။

ဝင်ငွေနဲ
မိသားစုများကိုတော့
အသက်မွေးဝင်းကျောင်း
ကောလိပ်တွေကိုပို့တယ်။

ကိုလဲ...
ကို့ဘဝအနေအထားအရ...
ကောလိပ်တခုကိုရောက်တယ်။

ဒီဘဝကလွတ်မြေက်ဖို့
ဟိုက်ဂါးလယ်ဗယ်
အယ်ကျူကေးရှင်း
မှဖြစ်မှာမို့...
ကောလိပ်မှာ
အများလို
အပြင်အလုပ်ထွက်မလုပ်ဘဲ
အမှန်တကယ်လိုအပ်နေတဲ့
ကိုစီးနေတဲ့
ကားလေးကို
ရောင်းလိုက်တယ်။

အဆောင်လခရယ်
ကျောင်းလခမှန်မှန်သွင်းနိုင်ဖို့။

ဒီမှာလဲ
ဗမာပြည်မှာလိုဘဲ
ကျောင်းလခအချိန်မှီ
မသွင်းရင်
အောင်စာရင်းမထုတ်ပေးဘူး။
စာရွက်မရရင်...
ဘာမှလုပ်လို့မရတော့ဘူး။

တနေ့ကို၅နာရီဘဲအိပ်တယ်။

အပေါ်ဆုံး
အသက်သာဆုံး
မနက်မှာကော်ဖီသောက်တယ်
ပေါင်မှုန့်...
၂..ချပ်ကို...ဒီအတိုင်းစားတယ်
ကျောင်းကိုနေ့လည်စာ...
ဌက်ပျောသီးတလုံးယူသွားတယ်....
ညစာပေါင်မုန့်ပြန်စားတယ်။
ညစာကျတော့..၄..၅..ချပ်စားလိုက်တယ်။

တလကို
စားသောက်စားရိတ်...
၁၀၀..အတွင်းနဲ့...
ဖြတ်သန်းတယ်။

ဗိုက်စာရင်...စာကြည့်တယ်
အိပ်မရရင်
စာကြည့်တယ်
နေထိုင်မကောင်းလဲစာကြည့်တယ်။

နံရံမှာ
ရေးထားတယ်

"သေသော်မှတည့်သြော်ကောင်း၏
လို့,

အဲ့ဒါနဲ့
ကောလိပ်တခုလုံးမှာ
ပထမရတယ်။

ကနေဒါ
နံပါတ်တစ်...
ယူနီဗါစီတီက...
ကို့ကို...
တော်လွန်းလို့..
ဆိုပြီး...ရွေးတယ်။

"ချမ်းသာလို့မဟုတ်ဘူးဆိုတဲ့
အဓိပါယ်ပါတယ်"။

ခုလဲ...
ရသမျှ..နဲ့...ရှိသမျှ..ကို...
ပညာရေးအဓိကထားသုံးတယ်။

မချမ်းသာဘူး။
အထက်တန်းလွှာထဲကမဟုတ်ဘူး။
ဒီထက် ဒီ
ပညာရေး...ရည်မှန်းချက်...ကို
ပြည့်ဖို့နဲ့
ဖြည့်ဖို့ဘဲ။

တနေ့နေ့မှာ...
ကိုတတ်တဲ့ပညာနဲ့

ကို့တိုင်း...ကို့ပြည်...
ကို့လူမျိုးကိုရော..
လူသားအားလုံးအတွက်...

တတ်နိုင်တဲ့နည်းနဲ့..
အကျိုးတခုပြန်ပြုမယ်။

ရည်ရွယ်ရာမှာ
ချမ်းသာဖို့
မပါဘူး။

ကဲ..
ယူ..ကို့ကို...ချစ်သေးလား...
ကို့ဘဝထဲ...
ဝင်လာရဲလား
ယူ့...ဘဝထဲက...
ထွက်လာရဲလို့လား။

ယူ...ရဲလို့လား။ ။

ဋ္ဌေးတင့်

ALL RIGHTS RESERVED
NO PART OF THIS PAPER MAY BE REPRODUCED IN ANY FORM
WITHOUT PERMISSION OF THE AUTHOR(S)

Wowမနက်ဖြန်ခါကြရင်လုပ်စားဉီးမယ် ဘယ်သူစားမလဲ?
01/25/2024

Wow
မနက်ဖြန်ခါကြရင်
လုပ်စားဉီးမယ်
ဘယ်သူစားမလဲ?

33.8K likes, 135 comments. “This breakfast is so delicious that it surprised everyone!”

Top Five Uni in baddly in Canada,
01/20/2024

Top Five Uni in baddly in Canada,

42.7K likes, 773 comments. “what’s missing? or what shouldn’t be on here👀💭”

ကြိုက်
01/20/2024

ကြိုက်

1915 likes, 114 comments. “Nano Power. Unbeatable Defense.”

Address

Toronto, ON
M5V0J4

Telephone

+14163151920

Website

Alerts

Be the first to know and let us send you an email when The Worst Moral Character of the Myanmar People posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share