Chess Education

Chess Education Chess Knowledge Sharing

06/09/2025

ဆိုဗီယက်ပြည်ထောင်စု နှင့် အမေရိကန် တိုရဲ့ အားပြိုင်မှု (သို့)
Boris Spassky Vs Bobby Fischer
Game - 1

"GM (Grandmaster) ကို နိုင်ဖို့အထိ အခွင့်အရေး ရခဲ့တယ်" - CM Zaw Ye Htut နှင့် အင်တာဗျူး အပြည့်အစုံvideo file ကြည့်ရှုရန်...
25/10/2024

"GM (Grandmaster) ကို နိုင်ဖို့အထိ အခွင့်အရေး ရခဲ့တယ်" - CM Zaw Ye Htut နှင့် အင်တာဗျူး အပြည့်အစုံ

video file ကြည့်ရှုရန် - https://youtu.be/nOAh86Q6oDE?si=pBvXLTNIs115kUyv

Rating မတက်လို့ စိတ်ညစ်နေပါသလား။Rating တက်အောင် ဘယ်လိုကစားရမလဲ၊ Rating တက်အောင် လမ်းညွှန်ပေးကြပါဦးလို့ စသဖြင့် အမေးများတ...
14/10/2024

Rating မတက်လို့ စိတ်ညစ်နေပါသလား။

Rating တက်အောင် ဘယ်လိုကစားရမလဲ၊ Rating တက်အောင် လမ်းညွှန်ပေးကြပါဦးလို့ စသဖြင့် အမေးများတဲ့ မေးခွန်းတွေ မကြာခဏ တွေ့ရပါတယ်။

ဒီမေးခွန်းတွေရဲ့ အဖြေကို ဖြေရှင်းပေးဖို့ ကျွန်တော်ကိုယ်တိုင် ကစားတဲ့ ကျွန်တော့်ကစားပွဲလေးတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကစားပွဲတွေထဲမှာ ကြုံတွေ့ရမယ့် အနေအထားတွေကို ကျွန်တော် လေ့လာခဲ့တဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး အားလုံးနားလည်အောင် သေသေချာချာ အသေးစိတ် ရှင်းလင်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Rating တက်ဖို့အတွက် ဖတ်သင့်ဖတ်ထိုက်တဲ့ ဖတ်ကိုဖတ်ရမယ့် စာအုပ်လေးတွေကိုလည်း ပြောပြသွားမှာ ဖြစ်ပါတယ်။

Rating 370 ကနေ Rating 2000 ရောက်အောင်ဘယ်လိုတွေ ကစားရမလဲ၊ ဘာတွေသိဖို့ လိုအပ်လဲဆိုတာကို ကျွန်တော့်ရဲ့ ကစားပွဲတွေထဲမှာ ပြောပြသွားပါမယ်ခင်ဗျာ။

ကျွန်တော့်ရဲ့ ကစားပွဲလေးတွေကို ကျွန်တော့်ရဲ့ "Chess Education" Youtube Channel ကနေတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

Youtube Channel Link : https://www.youtube.com/c/ChessEducationM

Rating တက်အောင် ကစားနည်း playlist : https://youtube.com/playlist?list=PLDMi7qYPf5VgQ0LVRdrudIVy-sVO84oRM&si=_aOfH3KkGSpcQ7aB

25/07/2024

အရှေ့အာရှ အမျိုးသမီးအသက် ၁၄ နှစ်အောက် စစ်တုရင်ပြိုင်ပွဲတွင် တတိယဆု၊ အာာဆီယံမှာ နံပါတ် ၁ ​နေရာရခဲ့သော မမင်းအမရာဝတီ !!!

လာမည့် ဩဂုတ်လတွင် အသက် ၁၃ နှစ် ပြည့်တော့မည့် မမင်းအမရာဝတီသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော ၈ ကြိမ်မြောက် အရှေ့အာရှ လူငယ် စစ်တုရင်ပြိုင်ပွဲတွင် မထင်မှတ်ထားလိုက်သော အောင်မြင်မှုများကို ထိုက်တန်စွာ ရရှိခဲ့သည်။

သူ့အောင်မြင်မှုများအတွက် ပေးဆပ်ခဲ့ရမှုမှာ ကြီးမားလှသည်။ သူ ကျောင်းဆက်မတက်ခဲ့ပါ၊ သူ့တွင် သူငယ်ချင်းလည်း များများစားစား မရှိရှာပါ။ သူသည် ကျောင်းထွက်ပြီး အိမ်တွင် ပညာသင်ကြားလျက် စစ်တုရင်ကို အထူး အာရုံစိုက် လေ့လာ သင်ယူခဲ့သူ ဖြစ်သည်။ ပညာရေးအရ သင်ယူရသည့် သင်ခန်းစာများမှအပ ကျန်အချိန်များတွင် စစ်တုရင်ကိုသာ အာရုံစိုက် လေ့လာသင်ယူခဲ့သူ ဖြစ်သည်။ သူ့မိဘများက စစ်တုရင် လေ့လာသင်ယူခြင်းကို နားလည်အားပေးခဲ့ကြသော်လည်း နိုင်ငံတကာအဆင့် အောင်မြင်မှုမျိုးကို ယခုလောက် အချိန်အတွင်း ရလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပါ။

သူယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲတွင် ၁၅ မိနစ် Rapid၊ ၃ မိနစ် အမြန် Blitz၊ ပုံမှန် တစ်ဘက် တစ်နာရီခွဲ standard ပွဲ စသဖြင့် အမျိုးအစား ၃ မျိုး ယှဉ်ပြိုင်ခဲ့ပြီး အမျိုးအစား ၃ မျိုးတွင် ဆု ၂ ခု ရသည်အထိ အောင်မြင်မှု ရခဲ့သည်။

၂၀၂၄၊ ဇူလိုင် ၁၃ ရက်နေ့တွင် ကျင်းပခဲ့သော Rapid ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် သူ၏ ကစားခဲ့မှု အသေးစိတ်ကို ထုတ်ဖော်ချီးကျူးပါရစေ။

ပထမအချီမှ စတုတ္ထအချီ အထိ

ပထမအချီတွင် သူရင်ဆိုင်ခဲ့ရသည့် ပြိုင်ဖက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အသက် ၁၄ နှစ်အောက် အမျိုးသမီး ချန်ပီယံနှင့် ဖြစ်ပြီး သရေကျအောင် ကစားနိုင်ခဲ့သည်။ တရုတ်နိုင်ငံ၏ အသက် ၁၄ နှစ်အောက် ချန်ပီယံနှင့် သရေကျအောင် ကစားနိုင်ခဲ့သည့်အတွက် သူ့မိဘများက မမျှော်လင့်ထားသည့် အောင်မြင်မှုတစ်ခုအဖြစ် ဝမ်းမြောက် ဂုဏ်ယူခဲ့ကြသည်။

သို့သော် ပြိုင်ပွဲတစ်ခုလုံး၏ ဆုရဖို့ရာ နံပါတ် ၁ မှ ၃ အတွင်း ဝင်နိုင်စေရန်မှာ သရေကျရုံဖြင့် မလုံလောက်မှန်း သိနေကြသော သူ့မိဘက ဒုတိယအချီတွင် ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယဆုရထားသော ပြိုင်ဖက်မိန်းကလေးနှင့် ပွဲကို ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်လက် စောင့်ကြည့်လိုက်သည်။ ထိုအခါ မြန်မာစစ်တုရင် ကစားသမားများထက် အတွေ့အကြုံ ပြိုင်ပွဲဝါသမ္ဘာပိုရင့်သည့် ပြိုင်ဖက်ကို ခက်ခက်ခဲခဲ အကြိတ်အနယ် ဘတစ်ပြန် ကျားတစ်ပြန် အနိုင်မခံ အရှုံးမပေးဘဲ မိုးထဲရေထဲ ဇွဲနပဲဖြင့် အနိုင်ယူပြလိုက်သည်။ အားပေးနေသူ မိဘနှစ်ပါးသာမက အားပေးကြည့်ရှုနေကြသူအားလုံး အံ့ဩဝမ်းသာကြသည့်အထိ မျှော်လင့်ထားသည်ထက်ပို၍ အောင်ပွဲခံ ပျော်မြူးခဲ့ကြရသည်။

အခု တစ်ပွဲနိုင်၊ တစ်ပွဲ သရေဖြင့် ၁.၅ မှတ် ရထားပါပြီ။ တတိယအချီတွင် ခုံနံပါတ် ၂ ၌ ပို၍ ခက်ခဲသော ပြိုင်ဖက်ကို ရင်ဆိုင်ရပါပြီ။ စစ်တုရင်ပြိုင်ပွဲများ၏ ထုံးစံအတိုင်း အနိုင်ရလေ ပိုတော်သော ပြိုင်ဖက်များကို ရင်ဆိုင်ရ‌လေ မဟုတ်ပါလား။

တတိယအချီတွင် ရင်ဆိုင်ရမည့် ပြိုင်ဖက်မှာ ခေသူ မဟုတ်။ စင်္ကာပူတစ်နိုင်ငံလုံး၏ အသက် ၁၄ နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင် ချန်ပီယံ ရထားသူ ဖြစ်ရုံမက ယခုပြိုင်ပွဲ၏ ပါဝင်ယှဉ်ပြိုင် ကစားကြသူအားလုံးအနက် လက်ရည်အဆင့်အတန်း rating အရ ဒုတိယအမြင့်ဆုံး ရှိနေသူ စင်္ကာပူနိုင်ငံသူ။ မမင်းအမရာဝတီ ဘာလုပ်မလဲ။

စင်္ကာပူနိုင်ငံသူ ထိုမိန်းကလေးမှာ ၂၀၁၉ ခုနှစ်ကစပြီး ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အသိအမှတ်ပြု စစ်တုရင်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင် ကစားလာခဲ့သူ၊ အတွေ့အကြုံ ပိုသာသူဖြစ်ပြီး မမင်းအမရာဝတီ မှာ ၂၀၂၂ ကျမှ စစ်တုရင်ကို စတင် သက်ယူခဲ့သူဖြစ်သဖြင့် အတွေ့အကြုံ၊ သမ္ဘာဝါချင်း ကွာခြားလွန်းလှသည်။ တကယ် ကစားတော့လည်း ပွဲစစချင်းမှာကို မမင်းအမရဝတီ က နယ်တစ်လုံး နိမ့်သွားသဖြင့် အွန်လိုင်းကနေ စောင့်ကြည့်နေကြသော မိဘအပါအဝင် သူ့ပရိသတ်များအတွက် ရင်ပူမိကြပါပြီ။

သို့သော်လည်း မမင်းအမရာဝတီ ၏ ထူးချွန်ထက်မြက်သော နည်းဗျူဟာအမြင် tactical view အရ အခွင့်အရေးတစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ရယူ အသုံးချနိုင်လိုက်သည်။ ယခု နိမ့်နေသော နယ်အရေအတွက် တစ်လုံးကို ပြန်ရခဲ့လေပြီ။ ကစားကွက်မှာလည်း သူမသာ ကိုယ်မသာ တန်းတူ ညီမျှလျက် ရင်ခုန်စိတ်လှုပ်ရှားစရာ ဆက်ကစားလျက် ရှိသည်။ ကစားသမား နှစ်ဦးစလုံးတွင်လည်း အချိန်အားဖြင့် တစ်မိနစ်စီခန့်သာ မတိမ်းမယိမ်း ကျန်တော့ရာ ကစားပွဲ၏ ပြိုင်ဆိုင်မှု ပြင်းထန်ပုံမှာ ပြောဖွယ်ရာ မရှိတော့ပေ။ နှစ်ဖက်စလုံး နည်းနည်းလေးမှ အမှားမခံ၊ တစ်ကွက်မှားသူ ခံစတမ်း ဖိအားအကြီးကြီးအောက် အပြင်းအထန် မိုးထဲရေထဲ ရုန်းကန်နေရချိန်တွင် စင်္ကာပူနိုင်ငံသူ တစ်ချက်ကလေး သတိလွတ်သွားပြီး မမြင်လိုက်သည့် နည်းဗျူဟာအကွက် tactics တစ်ခုကို မမင်းအမရာဝတီ ဖျတ်ခနဲ မြင်လိုက်သည်။

ကြုံလာရသည့် အခွင့်အရေးကို သူ လက်လွှတ်မခံပါ၊ မြင်လိုက်ရသည့် အခွင့်အရေးကို ချက်ချင်း အကောင်အထည် ဖော်လိုက်သည်။ မြင်းကို စတေးပြီး ရထားကို ပြန်စားကာ အကောင်အင်အားအရ အသာရယူပြီး အကွက်ပေါင်းများစွာ ရွှေ့အပြီးဝယ် မြန်မာ့ဂုဏ်ဆောင် အမျိုးသမီးလေး မမင်းအမရာဝတီ စင်္ကာပူနိုင်ငံသူအား ပြောင်မြောက်စွာ အနိုင်ရရှိလိုက်ပါပြီ။

အခု ၃ ပွဲကစား၊ ၂.၅ မှတ် ရပြီ။ ဘာတွေ ဆက်ဖြစ်လာမလဲ။ မသိပါ။ မမင်းအမရာဝတီ စဉ်းစားသည်မှာ အကောင်းဆုံး ယှဉ်ပြိုင် အားထုတ်ဖို့သာ ဖြစ်သည်။

စတုတ္တအချီတွင် ကြုံရသည့် ပြိုင်ဖက်မှာ နှယ်နှယ်ရရ မဟုတ်။ မလေးရှား တစ်နိုင်ငံလုံး၏ အမျိုးသမီးအသက် ၁၄ နှစ်အောက် ချန်ပီယံဖြစ်ပြီး ယခုပြိုင်ပွဲတစ်ခုလုံး၏ လက်ရည် rating အမြင့်ဆုံး ကစားသမားလည်း ဖြစ်သည်။ ပြီးတော့ ကစားရမည်မှာ ခုံနံပါတ် ၁။ စစ်တုရင်ပြိုင်ပွဲ ကစားဖူးသူမှန်လျှင် နားလည်ပါလိမ့်မည်။ ပြိုင်ပွဲတစ်ခုတွင် ဆုမရခဲ့လျှင်သော်မှ ခုံနံပါတ် ၁ တွင် အနည်းဆုံး တစ်ပွဲလောက် ကစားခွင့် ရခဲ့ရသည့် ကျေနပ်မှု ပီတိမှာ စစ်တုရင်သမားတိုင်း၏ ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ရည်ပင် မဟုတ်ပါလား။

အခု မမင်းအမရာဝတီ ခုံနံပါတ် ၁ တွင် မလေးရှား အမျိုးသမီး အသက် ၁၄ နှစ်အောက် ချန်ပီယံနဲ့ ကစားခွင့် ရလေပြီ။ သူနိုင်လေမလား၊ သူရှုံးသွားမလား။ ကိုယ့်သမီးလေး၏ အခြေအနေကို မြန်မာပြည်ကနေ မရဲတရဲ ရင်ခုန်စွာ လှမ်းကြည့်နေရသော မိဘများ၏ ရင်ခုန်သံများ ကျယ်လောင်လှပြီ။

တကယ်ကစားကြသည့် အခါဝယ် ဘစ်ရှော့ချင်း လဲပစ်ပြီး စိတ်ချရသည့် ကစားကွက်မျိုးဆီ သွားနိုင်သော အခြေအနေ ကြုံခဲ့ရသော်လည်း နိုင်ပွဲအောင်မြင်မှုကို ဆာလောင်ပြင်းပြနေသည့် မမင်းအမရာဝတီ က ရဲတင်းစွာ စွန့်စားကာ တိုက်စစ်ကို ဖော်ဆောင်ခဲ့သည်။ ဘစ်ရှော့ကို မလဲဘဲ ပိုမိုကောင်းမွန်သည့် နေရာယူခြင်းဖြင့် ကစားကွက်ကို တိုးတက်အောင် ဖြည်းဖြည်းချင်း တည်ဆောက်ခဲ့သည်။ ထိုသို့ကစားရန်မှာ လက်တွေ့တွင် ပြောသလောက် မလွယ်လှပါ။ မှန်ကန်တိကျသော တွက်ချက်မှု နှင့် နည်းဗျူဟာ အခွင့်အရေး ဖြစ်နိုင်ချေများကို မျက်စိရှင်ရှင်ထား ကြည့်တက်ရန် လိုအပ်လှသည်။ အားပေးကြည့်ရှုနေကြသော ပရိသတ်များက လုပ်နိုင်သည့် နည်းဗျူဟာအခွင့်အရေးများကို မြင်လာကြပြီ၊ မမင်းအမရာဝတီ ကိုယ်တိုင်ကော မြင်ပြီလား။ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စစ်တုရင်ပွဲ၏ အမြင့်ဆုံးအရှိန်သို့ ရောက်ရှိလာချေပြီ။

သူ မြင်ခဲ့ပါသည်။ မှန်ကန်စွာ အတိကျဆုံး တွက်ချက်မှုဖြင့် ပြောင်မြောက်သော နည်းဗျူဟာကွက်ကို ဖော်ဆောင်လိုက်သောအခါ ရထားတစ်လုံး အသာရသည်အထိ ကစားကွက် သာသွားပါတော့သည်။ သို့သော် သေချာပေါက် နိုင်မည်ဟု ပြောရန်မှာ စောသေးသည်၊ မမင်းအမရာဝတီ ၏ မြင်းမှာ ပိတ်မိနေပြီး ကစားကွက်မှာလည်း ရှုပ်ထွေးကွက် ဖြစ်နေသောကြောင့် အခန့်မသင့်လျှင် အသာမှ အနိမ့်ဆီ အချိန်မရွေး ပြောင်းလဲသွားနိုင်သောကြောင့် စိတ်မချရသေး။ သူ့ပြိုင်ဖက်ကလည်း ‌ချန်ပီယံတစ်ဦးပီပီ လွယ်လွယ်နှင့် လက်လျှော့မည့်သူမျိုး မဟုတ်သည့်အတွက် ဘစ်ရှော့တစ်လုံးကိုပင် စတေးကာ မမင်းအမရာဝတီ ၏ ဘုရင်ကို ဖောက်ထွင်းဖြိုခွဲ တိုက်ခိုက်ဖို့ စွန့်စွန့်စားစား ဖိအားပေးခဲ့သည်။ သို့သော်လည်း မမင်းအမရာဝတီ တည်ငြိမ်မှန်ကန်စွာ ခုခံကာကွယ်နိုင်ခဲ့ပြီး အဆုံးသတ်တွင်မတော့ အနိုင်ရလဒ်ကို ရရှိခဲ့ပါသည်။ ယခုပြိုင်ပွဲ၏ လက်ရည်အမြင့်ဆုံး ကစားသမားကို အနိုင်ရရှိခဲ့အပြီးမတော့ မမင်းအမရာဝတီ ၏ အောင်မြင်မှုပန်းတိုင်ကို တားဆီးမည့်အရာ မရှိတော့ပါ။

မြန်မာ့ အသက် ၁၄ နှစ်အောက် အမျိုးသမီး ချန်ပီယံက ဒေသတွင်းပြိုင်ဖက်များဖြစ်သော စင်္ကာပူနဲ့ မလေးရှား ချန်ပီယံများကို အံ့မခန်းလက်ရည်အစွမ်းဖြင့် အလဲထိုး အနိုင်ယူပြလိုက်ပါပြီ။ ယခုပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်သည်အထိ သူ့စွမ်းဆောင်ရည်ကို ထိန်းထားနိုင်မလား။

အခုဆိုလျှင်ဖြင့် မွန်ဂိုလီးယားနိုင်ငံ၏ အသက် ၁၄ နှစ်အောက် အမျိုးသမီး ချန်ပီယံနှင့် အမှတ်တူ၊ ၄ ပွဲကစား ၃.၅ မှတ်ဖြင့် ပြိုင်ပွဲအမှတ်ပေးဇယားတွင် ထိပ်က ရပ်တည်နေပါပြီ။ သရေဖြတ်စနစ်အရ စွမ်းဆောင်ရည် ပိုသာသော မမင်းအမရာဝတီ က အမှတ်တူသော်လည်း ဇယား၏ နံပါတ်တစ်နေရာကို ရယူလိုက်ပါပြီ။ နိုင်ငံတကာအဆင့် လူငယ်စစ်တုရင်ပြိုင်ပွဲတစ်ခုတွင် အမှတ်ပေးဇယား၏ ထိပ်၌ မြန်မာအလံကို မမြင်တွေ့ရသည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီဖြစ်၍ ယခုလို သူ့အောင်မြင်မှုမှာ ကြည့်ရှုနေကြသော မြန်မာနိုင်ငံသားများအတွက် ဂုဏ်ယူဖွယ်ရာအတိ ပြီးနေတော့သည်။

နောက်ထပ် ကစားရန် ၃ ပွဲ့တည်းသာ ကျန်တော့သည်။ အကောင်းဆုံး လက်ရည်ကိုသာ ယခုလို ဆက်ထိန်းထားနိုင်လျှင် ချန်ပီယံ ဖြစ်တော့မည်။

ပဉ္စမအချီမှ သတ္တမအချီ အထိ

၅ ချီမြောက်တွင် ရင်ဆိုင်ရမည့် ပြိုင်ဖက်ကတော့ သိထားပြီးသည့်အတိုင်း အမှတ်တူ မွန်ဂိုလီးယား အမျိုးသမီးပင် ဖြစ်သည်။ ဇယားထိပ်ဆုံး၌ အမှတ်တူ ပူးတွဲရပ်တည်နေသည့် ကစားသမားနှစ်ဦး ထိပ်တိုက်တွေ့သည့် ဤပွဲသည် ယခုပြိုင်ပွဲ၏ ချန်ပီယံနေရာကို အဆုံးအဖြတ်ပေးမည့် ပွဲကြီးပွဲကောင်း ဖြစ်လာတော့မည်။ မြန်မာပြည်ကနေ အားပေးနေကြသော သူ့မိဘ အပါအဝင် ပရိသတ်များ၏ ရင်ခုန်သံ ပြင်းထန်မှုမှာ ဆိုဖွယ်ရာ မရှိတော့ပေ။

ပွဲစတော့ ထိတွေ့လှုပ်ရှားမှု နည်းသည့် ငြိမ်သက်အေးဆေးသော တည်ငြိမ်ကစားကွက်ဖြင့် အစပျိုးခဲ့ကြသည်။ အဖွင့်ပိုင်းတွင် မမင်းအမရာဝတီ တုံ့ပြန်ကစားနေသည်မှာ မှန်ကန်ကောင်းမွန်သည်ဟု အပေါ်ယံအားဖြင့် ထင်ရသည်၊ သို့ရာတွက် တကယ်တမ်းမူ မဟုတ်ချေ။ ကျွမ်းကျင်ပါးနပ်လှသော မွန်ဂိုလီးယားပြိုင်ဖက်၏ သေသပ်လှသည့် ထောင်ချောက်ဆင်မှုအတွင်း မမင်းအမရာဝတီ သက်ဆင်းသွားကာ နယ်တစ်လုံး နိမ့်သွားလေပြီ။ လှေခွက်ချည်းကျန် အလံမလှဲ အနိုင်မခံ အရှုံးမပေးသည့် တိုက်ပွဲဝင်စိတ်ဖြင့် မမင်းအမရာဝတီ ဆက်လက် ရုန်းကန်သည်။ ပြိုင်ဖက် အလွယ်တကူ အနိုင်မရအောင် အခက်အခဲတွေ တစ်ခုပြီးတစ်ခု ဖန်တီးကာ ပြိုင်ဖက်ကို အကောင်းဆုံး တုံ့ပြန် ကစားသည်။ သို့သော်လည်း မွန်ဂိုလီးယား ချန်ပီယံက အခက်အခဲ အကြပ်အတည်းများကို တစ်ခုချင်း ဖြေရှင်းရင်း အနိုင်ရလဒ်ကို ဆုပ်ကိုင်သွားခဲ့သည်။ မှားခဲ့မိသော အမှားအတွက် ပေးဆပ်ရခြင်းအနေဖြင့် ထိုပွဲ ရှုံးနိမ့်ခဲ့ပါသည်။

ထိုအရှုံးကြောင့် သူနှင့် သူ့မိဘများ စိတ်မကောင်း ဖြစ်ခဲ့ကြသည်။ ထိုပွဲရှုံးနိမ့်လိုက်သဖြင့် ဇယား၏ နံပါတ်တစ် နေရာမှ နံပါတ်သုံး နေရာသို့ ဆင်းပေးလိုက်ရသည်။ ချန်ပီယံဖြစ်ရင် အခွင့်အရေးမှာ ကိုယ့်လုပ်ပိုင်ခွင့်ထဲကနေ လက်လွှတ်လိုက်ရပြီ ဖြစ်ပြီး ပြိုင်ဖက်၏ ခြေချော်မှုကိုသာ စောင့်ကြည့်ရတော့မည်။ သို့သော် ဘာပဲဖြစ်ဖြစ် လက်ကျန်နှစ်ပွဲကို နှစ်ပွဲစလုံး အနိုင်ရအောင် ကစားနိုင်ခဲ့ပါက ချန်ပီယံအခွင့်အရေး ရှိသေးသည်လေ၊ မျှော်လင့်ချက် မကုန်ဆုံးသေးပါ။

၆ ချီမြောက် ပြိုင်ဖက်မှာ ဖိလစ်ပိုင်နိုင်ငံ၏ အသက် ၁၄ နှစ်အောက် အဆင့် ၃ အမျိုးသမီး ကစားသမား ဖြစ်သည်။ သူနှင့် ကစားရာ အစပိုင်းတွင် ကစားကွက်မှာ ပြဿနာမရှိ၊ ကောင်းနေသည်ဟု ထင်ရသော်လည်း မမင်းအမရာဝတီ တဖြည်းဖြည်း ရိပ်စားမိလာသည်မှာ ကစားကွက်တွင် ပြဿနာ အကြီးအကျယ် တက်နေပြီဟူ၍။ ပြိုင်ဖက်၏ လှည့်စားမှုအောက် ရောက်သွားသော သူ့တွင် အခြေအနေ ဆိုးနေသည့် ကစားကွက်အတွက် ရွေးစရာ နှစ်လမ်းသာ ရှိနေသည်။ နယ်တစ်လုံးကို အဆုံးခံမလား၊ သို့မဟုတ် နယ်အဆုံးမခံလို၍ နယ်အနေအထား pawn structure ကို အပျက်စီးခံမလား၊ မလွှဲမရှောင်သာ ရွေးရတော့မည်။

ပထမတစ်ခု နယ်တစ်လုံး အရှုံးခံသည့် လမ်းကို သူရွေးခဲ့ပါသည်။ နယ်အရေအတွက်အားဖြင့် တစ်လုံး အဆုံးခံလိုက်သည်၊ သို့သော် ကျွေးလိုက်ရခြင်းနှင့် ထိုက်တန်သော အလျော်အစားအဖြစ် မမင်းအမရာဝတီ ၏ အကောင်များ ကစားကွက်ထဲ လှုပ်ရှားစစ်ကစားမှု ပိုသက်ဝင်ကောင်းမွန်စေသော နေရာများသို့ ပို့နိုင်ခဲ့သည်မှာ အမြတ် ဖြစ်သည်။ သူ့ဆုံးဖြတ်ချက် မှန်ပါသည်၊ နယ်တစ်လုံး မကျွေးချင်၍ ကစားကွက် အပျက်စီးခံကာ အောက်စီးကနေ သရေယူ ကစားသွားရမည့် လမ်းကြောင်းအစား စွန့်စားမှု ယူကာ ရဲရဲဝံ့ဝံ့ ဖွင့်တိုက်ရင်း အနိုင်ရလဒ်ကို ချဲ့ထွင်ရှာဖွေနိုင်စေမည့် လမ်းကြောင်းကို သူ ရွေးခြယ်လိုက်သည်။

နယ်တစ်လုံး ကျွေးလိုက်ရသည်မှာ တန်ပါသည်၊ ယခု သူ့ကစားကွက် သာသွားလေပြီ။ နယ်အရေအတွက်အားဖြင့် တစ်လုံး နိမ့်နေသော်လည်း ကစားကွက်အားဖြင့် အသာရ ဖိကစားနိုင်လေပြီ။ အစကတည်းက ပင်ကိုယ်ကစားဟန်မှာ ခပ်ကြမ်းကြမ်း ဖွင့်တိုက်တက်သော မမင်းအမရာဝတီ အဖို့ အခုလို တိုက်စစ်အတွက် နည်းဗျူဟာ အခွင့်အရေးပေါင်းများစွာ ဖြစ်ပေါ်နေသော ကစားကွက်အစီးတွင် မီးကုန်ယမ်းကုန် တိုက်ကာ စိတ်တိုင်းကျ ဖိကစားနိုင်လေပြီ။ ပြိုင်ဖက် ဖိလစ်ပိုင် ကစားသမားမှာ နိမ့်သထက် နိမ့်လာသော ကစားကွက်တွင် ခုခံဖာထေးရင်း ဖိအား များသထက် များ‌လာချေပြီ။

နှစ်ယောက်စလုံးအတွက် နာရီပေါ်က လက်ကျန်အချိန် နည်းနေကာ အချိန်ပိနေကြပြီ။ နှစ်ယောက်စလုံး ကြာကြာ မစဉ်းစားနိုင်တော့ဘဲ မြန်မြန် ရွှေနေကြချိန် မမျှော်လင့်ဘဲ ရလာသည့် ကံကောင်းခြင်းလက်ဆောင် အခွင့်အရေးတစ်ခုကို မမင်းအမရာဝတီ မျက်စေ့လျှမ်းခဲ့သည်။ မြင်းခွကွက်တစ်ခုကို လက်လွှတ်မိခဲ့သလို ကစားကွက် ပိုကောင်းစေရန် မိမိရထားဖြင့် ပြိုင်ဖက်မြင်းကို လဲကစားရန်လည်း မလုပ်မိခဲ့။ သို့သော် ယခုလို အချိန်ဖိအားအောက် စဉ်းစားချိန် ကြာကြာ မရဘဲ အမြန်ရွှေ့နေရသော ခက်ခဲသည့် အခြေအနေတွင် ကမ္ဘာ့ချန်ပီယံများပင် မျက်စိလျှမ်းတက်ကြသည်ဖြစ်ရာ အသက် ၁၄ နှစ်အောက် ကစားသမား မမင်းအမရာဝတီ ကို အပြစ်မဆိုသာနိုင်ပါ။

အခု သူ့မှာ ဘစ်ရှော့ နှင့် ဘုရင်မ ရှိနေပြီး ပြိုင်ဖက်တွင် ရထား နှင့် ဘုရင်မ ရှိနေသည်။ ပြိုင်ဖက်၏ ဘုရင်အနေအထား မလုံခြုံသည်ကို တွေ့နေရသော မမင်းအမရာဝတီ က ပြိုင်ဖက်ဘုရင်ကို တရစပ် တိုက်ခိုက်ခဲ့သော်လည်း အနိုင်ရဖို့ အင်အား မလုံလောက်သည့်အတွက် နောက်ဆုံးတွင် သရေကျခဲ့သည်။ အနိုင်ရရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး သရေရလဒ်ကို မလိုချင်သော်လည်း မတက်သာသည့်အတွက် လက်ခံလိုက်ရသည်။

၆ ချီ‌မြောက်တွင် သရေကျခဲ့သဖြင့် အမှတ်ပေးဇယားတွင် အဆင့် ၅ နေရာသို့ ကျသွားသည်။ ယခုအခြေအနေတွင် အမြင့်ဆုံး မျှော်လင့်နိုင်သည်မှာ တတိယဆုသာ ဖြစ်တော့သည်။ ထိုတတိယဆုရရန် နောက်ဆုံးပွဲ ၇ ချီမြောက်တွင် မဖြစ်မနေ အနိုင်ကစားရန် လိုအပ်သည်။ အနိုင်ရလျှင်သော်မှ တတိယရရန် မသေချာပေ။ သူနှင့် လောလောဆယ် အမှတ်တူနေသော ကစားသမားမှာ ၄ ယောက်အထိ ရှိနေသောကြောင့် ပြိုင်ဖက်များ၏ ခြေချော်မှု တစ်စုံတရာ ဖြစ်မှသာ တတိယဆု ရနိုင်တော့မည်။

ပြိုင်ပွဲကာလတလျောက်လုံး မမင်းအမရာဝတီ ကစားပွဲတစ်ပွဲ ပြီးတိုင်း အိမ်က မိသားစုကို အင်တာနက်မှ ဗွီဒီယိုကောဖြင့် မပျက်မကွက် ဆက်သွယ်ခဲ့သည်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ သရေကျသည်ဖြစ်စေ သူ့ကို ချစ်သော သူ့မိသားစုက အမြဲ အားပေးဖေးမကြသည်။ ထိုခွန်အားများဖြင့် နောက်ဆုံးအချီ ၇ ချီမြောက်ကို သူကစားတော့မည်။ ဤပြိုင်ပွဲတွင် ဆုတစ်ခုခု ရမရဆိုသည်မှာ နောက်ဆုံးပွဲ နိုင်မနိုင်ပေါ် မူတည်နေလေပြီ။

နောက်ဆုံးအချီတွင် မလေးရှားနိုင်ငံ၏ အသက် ၁၄ နှစ်အောက် အဆင့် ၄ အမျိုးသမီး ကစားသမားနှင့် တွေ့ခဲ့သည်။ ထိုပွဲမှာလည်း လွယ်ကူမည် မဟုတ်မှန်း အားပေးသူတိုင်း သိကြပါသည်။ ဤပွဲတွင် ခုံနံပါတ် ၄ ၌ ကစားရသဖြင့် အွန်လိုင်းမှ တိုက်ရိုက်လွှင့်ပေးခြင်း မရှိ၍ မြန်မာပြည်မှ အားပေးနေကြသူ သူ့မိသားစုမှာ ယခင်ပွဲများလို ကစားနေချိန် မကြည့်နိုင်တော့ပါ။ ပွဲကစားပြီး ဗွီဒီယိုကော ခေါ်မှသာလျှင် အနိုင်အရှုံးရလဒ်ကို သိရတော့မည်ဖြစ်သည်။ ယခုပွဲကို နိုင်လျှင်သော်မှ တတိယဆု ရဖို့ အခွင့်အရေး နည်းနေကြောင်း သူ့မိသားစုက နားလည်ထားပြီးသားပါ။ ဘယ်လိုရလဒ် ထွက်လာသည်ဖြစ်စေ၊ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး အစွမ်းကုန် အားထုတ်ယှဉ်ပြိုင်နေသော သမီးအတွက် မိဘနှစ်ပါး၏ ဂုဏ်ယူမှုမှာ လျော့သွားစရာ မရှိပါ။ ရှုံးနိမ့်ခဲ့ပြီး ဆုမချိတ်ခဲ့လျှင်လည်း အနွေးထွေးဆုံး အားပေးဂုဏ်ယူမှုနဲ့ ဆီးကြိုနှုတ်ဆက်ရန် မိသားစုက ဆုံးဖြတ်ထားသည်။

ဗွီဒီယိုကောကို တစ်မိသားစုလုံး ရင်ခုန်စွာ ထိုင်စောင့်နေကြသည်။

"တီ တီ တီ"
မိနစ် ၄၀ ခန့်အကြာတွင် ဖုန်းမှ ဗွီဒီယိုကောခေါ်သံ မြည်လာသည်။

"သမီး နိုင်တယ်!!!!"

တစ်မိသားစုလုံး ဟေးခနဲ အော်ကာ ပျော်သွားကြသည်။ အနိုင်ရလဒ်အတွက် ပျော်မဆုံးမော်မဆုံး ဝမ်းသာကြသည်။ ယခု ဆုရမရကို စောင့်မျှော်ဖို့သာ ကျန်တော့သည်။ ဆုစာရင်း ထုတ်ပြန်ကြေညာချက်ကို မိသားစုက ရင်ခုန်စွာ စောင့်မျှော်နေကြပြီ။

အောင်ပွဲခံဂုဏ်ပြုခြင်း

မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော ၈ ကြိမ်မြောက် အရှေ့အာရှ လူငယ် စစ်တုရင်ပြိုင်ပွဲတွင် မမင်းအမရဝတီ တတိယဆုကို ရလိုက်ပါပြီ။ သူ့ဖခင်မှာ သတင်းကြားကြားချင်း ဝမ်းသာလွန်း၍ ဆိုဖာပေါ်မှ ထခုန်မိသလို သူ့မိခင်မှာလည်း ဝမ်းသာလုံးဆို့၍ စကားပင် မပြောနိုင်။ နောက်ဆုံးတွင် ကြိုးစားအားထုတ်မှု၏ အသီးအပွင့်ကို ထိုက်ထိုက်တန်တန် ရခဲ့ပါပြီ။ ၇ ပွဲ ကစား၊ ၄ ပွဲ နိုင်၊ ၂ ပွဲ ‌သရေ၊ ၁ ပွဲ ရှုံး၊ ၅ မှတ်ဖြင့် သူအနိုင်ယူခဲ့‌သော အမှတ်တူ မလေးရှား ကစားသမားကို သရေဖြတ်စနစ်အရ အသာရကာ အဆင့် ၃ တွင် ရပ်တည်နိုင်ခဲ့ပြီး အမိမြန်မာပြည်အတွက် ကြေးတံဆိပ်ကို ဂုဏ်ယူဝံ့ကြွားစွာ ရယူနိုင်ခဲ့ပါသည်။

အံ့ဩစရာ ကောင်းသည်မှာ ယခုလို နိုင်ငံတကာအဆင့် ပြိုင်ပွဲတွင် ဆုရခဲ့သော မမင်းအမရဝတီသည် စစ်တုရင် အားကစားနည်းကို လွန်ခဲ့သော ၂ နှစ်ကမှ စတင် သင်ယူလေ့လာခဲ့ခြင်း ဖြစ်သည်။ မိဘနှစ်ပါး၏ ခွင့်ပြုအားပေးမှုဖြင့် နှစ်နှစ်အတွင်း မဆုတ်မနစ် တစိုက်မတ်မတ် အားထုတ်မှုကြောင့် အချိန်တိုအတွင်း အံ့ဩချီးမွမ်းစရာ အောင်မြင်မှုကို ရယူဆွတ်ခူးနိုင်ခဲ့သည်။ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးလေးတစ်ဦး၏ ဉာဏ်ရည်၊ ပါရမီ၊ အရည်အသွေး၊ ကြိုးစားအားထုတ်မှုတို့မှာ အားကျ အတုယူဖွယ်ရာပင်။

သူ တတိယ ရခဲ့သည့် ယခုပြိုင်ပွဲမှာ အရှေ့အာရှ နိုင်ငံများ ပါဝင်သည့် ပြိုင်ပွဲဖြစ်ပြီး အကယ်၍ အရှေ့ပိုင်းနိုင်ငံများကို ဖယ်ကာ အာဆီယံနိုင်ငံများကိုသာ ထည့်တွက်မည်ဆိုပါက မမင်းအမရာဝတီမှာ အာဆီယံ၏ နံပါတ်တစ် ချန်ပီယံဟုပင် သတ်မှတ်နိင်သည်။ မမင်းအမရဝတီ ၏ မိဘများ နှင့် သူ့ကို လေ့ကျင့်သင်ကြားပေးခဲ့ကြသော နည်းပြဆရာများကို ဂုဏ်ပြုလိုပါသည်။

ဆုရကြောင်း သိသိချင်း မမင်းအမရာဝတီ တည်းခိုရာ ဟိုတယ်အခန်းသို့ အပြေးပြန်ခဲ့သည်။ အခန်းမှာ ထားခဲ့သော မြန်မာနိုင်ငံအလံကို သွားယူသည်။ ထို့နောက် ဆုပေးပွဲ အခမ်းအနားသို့ အောင်မြင်သည့် ဂုဏ်ယူအပြုံးဖြင့် တက်ရောက်ကာ ဆုရယူလက်ခံခဲ့သည်။

သူ့ကျောနောက်ဝယ် မြန်မာအလံ တလူလူ လွင့်လျက်။

FIDE Master မောင်မောင်ကျော်ဇောဟိန်း

FM မောင်မောင်ကျော်ဇောဟိန်း အင်္ဂလိပ်ဘာသာဖြင့် ရေးခဲ့သော စာစုကို ကိုလင်းထက်ပိုင် က မြန်မာဘာသာသို့ ပြန်ဆိုရေးခဲ့ပါသည်။

Photo credit to Penang Chess Association

England or Spain ?Harry Kane or Lamine Yamal ?
14/07/2024

England or Spain ?

Harry Kane or Lamine Yamal ?

29/02/2024

𝗬𝗼𝘂 𝗰𝗮𝗻𝗻𝗼𝘁 𝗵𝗮𝘃𝗲 𝗲𝘃𝗶𝗹 𝘁𝗵𝗼𝘂𝗴𝗵𝘁𝘀 𝘄𝗵𝗲𝗻 𝘆𝗼𝘂 𝗮𝗿𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝗰𝗵𝗲𝘀𝘀. ♟️
တစ်စက္ကန့်အတွင်းမှာ အတွေးပေါင်းများစွာ ရှုပ်ယှက်ခတ်နေတဲ့ စိတ်ဝိညာဉ်တစ်ခုကို ထိန်းချုပ်ဖို့ ခက်လွန်းတယ်နော်

တွေးသမျှ အတွေးတွေဟာ ကောင်းမွန်တဲ့ အတွေးတွေဖြစ်ခဲ့ရင်တော့ကောင်းပါရဲ့

ဒါပေမဲ့ ကောင်းတဲ့အတွေးထက် မကောင်းတဲ့ အတွေးတွေကြားမှာ ပျော်မွေ့တတ်ကြတဲ့ သဘာ၀က လူကြီးလူငယ်မရွေးပါဘူးနော်

ကိုယ့်ရဲ့ Mindset ကို အပြည့်အ၀ထိန်းချုပ်နိုင်တဲ့တစ်နေ့ကတော့ အောင်မြင်တဲ့တစ်နေ့ ‌ကျိန်းသေဖြစ်မှာပါပဲ

အချိန်ကုန် အကျိုးမရှိတဲ့အတွေးတွေဖျောက်ထားပြီး စိတ်၀င်စားစရာကောင်းတဲ့ စစ်တုရင်‌အကွက်တွေ အကြောင်း စဉ်းစားရွှေ့ရတာဟာ သိပ်အရသာရှိတဲ့အကြောင်း စစ်တုရင်ကစားတတ်တဲ့သူတွေသာ သိနိုင်တာမို့

မြည်းစမ်းကြည့်ချင်ပါတယ်ဆိုရင်တော့ နွေရာသီ လင်းစစ်တုရင်သင်တန်းမှာ လာရောက်အပ်နှံလိုက်ပါ။
Sat Sun weekend class:10am_ 11:30am-50000k
Mon-Tue-Wed weekday class:10am_11:30am-60000ks
Zoom class-1 hour 2days per week -50000ks
♟️Develop IQ with Chess!
Give your child the best brain game. Enhance strategic thinking with our chess class designed for aspiring young players and experienced teens. Master techniques today at Linn Chess School လင်း စစ်တုရင်သင်တန်း
🗓️ Camp Class on March to May
Enroll your child for chess class today to improve memory, increase focus and improve creativity.
Check out for the class availibility via Call: 09795661162 or Gmail: [email protected]
♟️ Location: 386/40 sein pann road north dagon
https://maps.app.goo.gl/6szdArMR4cnGJNTo7

25/02/2024
24/02/2024

မျိုးဆက်သစ် စစ်တုရင်ညီအစ်ကိုမောင်နှမများအတွက် ကိုမင်းကိုကိုရဲ့ အမှာစကား

24/02/2024

စစ်တုရင်ချစ်သူတွေကို Online စစ်တုရင်ပြိုင်ပွဲတွေ ဝင်ကစားပါလို့ ဖိတ်ခေါ်တိုက်တွန်းလိုက်တဲ့ TSD Champion ကိုမင်းကိုကို (ကိုဘဂျမ်း)

Address

Melbourne, VIC

Telephone

+905530550598

Website

https://www.youtube.com/channel/UC1PV-Otu1FbrncUUO_PfSmg, https://www.y

Alerts

Be the first to know and let us send you an email when Chess Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Chess Education:

Share