11/06/2024
ချစ်
ကိုယ်အရမ်းပင်ပန်းတဲ့အချိန်
အတောင့်တဆုံးကတော့ အမေရယ်၊ ချစ်ရယ် ပြီးတော့ ကိုယ်နဲ့ ဆိုးတူကောင်းဖက် ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေပဲ...
ခုချိန် အားလုံးကိုယ့် အခြေအနေနဲ့ ရှိနေကြပြီဆိုပေမယ့်
အရင်ချိန်ကို ပြန်လွမ်းဆွတ်တယ်... တမ်းတတယ်...
သူငယ်ချင်းတွေကို အားနာခဲ့ရတဲ့ အကြောင်းတစ်ခုခုကို တွေးရင်း ပြန်နောင်တရတယ်...
မကူညီနိုင်ခဲ့တဲ့ သူငယ်ချင်းတွေကိုလည်း အားနာမိတယ်...
သူငယ်ချင်းတွေနဲ့ အကျိုးတူ အလုပ်မလုပ်နိုင်ခဲ့တာတွေကို ပြန်အကောင်ထည်ဖော်ချင်စိတ်တွေ ဖြစ်မိတယ်..
အတူတူအလှူဒါန်းနည်းနည်းလုပ်ခဲ့တာတွေကို ကြည်နူးမိတယ်..
ဒုက္ခတူတူ ကျော်လွှားတဲ့ အချိန်တွေကို မြင်ယောင်တယ်...
ဝမ်းနည်းစရာ ရှိခဲ့ကြတဲ့ အချိန်တွေ အတူနှစ်သိမ့် ကြ၊
ဝမ်းသာစရာရှိရင် ပွဲအမျိုးမျိုးရှာ ပျော်ပါးခဲ့ကြ..
ဘဝမှာ အပျင်းအကြီးဆုံး သူငယ်ချင်း
ဘဝမှာ အသန့်အကြိုက်ဆုံး သူငယ်ချင်း
ဘဝမှာ ဂျီးအများဆုံးသူငယ်ချင်း
ဘဝမှာ အချစ်တတ်ဆုံးသူငယ်ချင်း
ဘဝမှာ မိန်းမအကြောက်ဆုံး သူငယ်ချင်း
ဘဝမှာ သဘောအကောင်းဆုံး သူငယ်ချင်း
ဘဝမှာ အကျင့်ပုတ်ဆုံး သူငယ်ချင်း
အမှုတော်ဆောင် သူငယ်ချင်း
ယမကာ လုလင် သူငယ်ချင်း
အဆိုတော် သူငယ်ချင်း
ဘောသမား သူငယ်ချင်း
ကတ်စေးနဲ သူငယ်ချင်း
အဲဒီသူငယ်ချင်းတွေ အားလုံး နေကောင်းကြလားလို့ ဒီကနေ မေးလိုက်ပါတယ်..
ငါ ...မင်းတို့ကို သတိရနေပါတယ် ...
အဲလို တိုးတိုးလေးရေရွတ်မိရင်း
မျက်ရည်ကျနေမိတယ် ချစ် ရေ...