16/11/2024
အကျိုးခံစားခွင့်တွေက အရောင် တလက်လက်နဲ့ ပြနေပေမယ့်လဲ တကယ့် တကယ် ရောက်သွားတဲ့ အချိန်မှာ ကိုယ့် player ဘဝ ကို ဟိုးအောက်ဆုံး အထိ ဆွဲခေါ်သွားမယ့် ဝဲကတော့ ကြီးလား?
အခြား အခြားသော ကိုယ်အရင်က လက်စွမ်းထက်သူတွေရဲ့ နိဠိတံ ရာ မြေလားဆိုတာ အရင် သေချာ လေ့လာ ဆုံးဖြတ်သင့်တယ် ...
ကိုယ်က ကြေးစားပဲ ... ငွေမှ ငွေပဲဆိုရင်တော့ ငွေနောက်ပဲ လိုက်ပါ ...
နာမည် ဂုဏ်သတင်း တစ်ခုနဲ့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် လက်ရှိမှာ ကာလံဒေသံ အမှန်အတိုင်း သိဖို့အရေးကြီးပါတယ် ...
ဒုတိယ Dlar များ မတွေ့လိုတော့ပါ ...
General Dlar ရှာပုံတော်
MPL PH Season 8 နဲ့ M3 World Championship ချန်ပီယံဆုတွေကို အနီးကပ်ဆုံးအနေအထားအထိ ခြိမ်းခြောက်နိုင်ခဲ့ဖူးတဲ့ ONIC PH မှာ Dlar ဟာ စစ်သူကြီးသဖွယ် အမှုတော်ထမ်းခဲ့သူပါ။
Dream High Gaming မှသည် Pro Scene အထိ သူ့ရဲ့အသင်းဖော်တွေအပေါ် ငဲ့ညှာနိုင်စွမ်းနဲ့ ဦးဆောင်နိုင်မှုတွေကြောင့် General ရယ်လို့ အမည်ပေးခဲ့ကြတာမဟုတ်လား။
EVOS Legends ကို ရောက်လာပြီးတဲ့နောက် အရင်လို Dlar ကို တွေ့ရမယ်လို့ပဲ မျှော်လင့်ခဲ့ကြပေမယ့် အရာရာဟာ အရင်လိုမဟုတ်တော့ပါဘူး။ Traditional Exp Lane မှာ ဘက်တူရင် လူမရွေးခဲ့တဲ့ Dlar ဟာ ဂျာကာတာလမ်းမတွေထက်မှာ ပျောက်ဆုံးသွားခဲ့တော့တာပါပဲ။
အင်ဒိုမှသည် ဖိလစ်ပိုင် အနက်ရောင်အင်ပါယာအထိ Dlar ဟာ ခြေဆန့်ခဲ့ပေမယ့် သူဟာနယ်မြေသစ်ကို ရောက်ရုံကလွဲပြီး ဘာမှမစွမ်းနိုင်။
ဆရာမြို့မငြိမ်းရဲ့ ကဗျာတစ်ပုဒ်ရှိတယ်။
"ရှာတဲ့သူမရှိရင်
ပုန်းရတာ နာသကွဲ့။" တဲ့...
အခုကျွန်တော်တို့ကတော့ ပြောင်းပြန်၊ အရင်က Dlar ကို ရှာဖွေနေဆဲပါ။ ပျောက်ဆုံးနေခဲ့ပြီဖြစ်တဲ့ Traditional Exp Laner တစ်ယောက်ကို ကျွန်တော်လိုက်ရှာနေပါတယ်။
တွေ့လိုက်မိရင် လက်တို့ကြပါဦးဗျာ။
ဒီဇာတ်လမ်းလေးကနေ သင်ခန်းစာယူစရာကတော့ မျက်တောင်မွှေးတစ်ဆုံး မကြည့်ပဲ မျက်စိတစ်ဆုံးတွေးတတ်မြင်တတ်ဖို့ပဲ ဖြစ်ပါတယ်။
ကိုယ်လိုချင်တဲ့ ရေခံမြေခံကောင်းကို သေချာစွာ သိမြင်နိုင်ကြစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။