06/06/2026
🙌
မြန်မာနိုင်ငံရဲ့ Esports နဲ့ Gaming Content လောကဟာ နေ့စဉ်နဲ့အမျှ အရှိန်အဟုန်နဲ့ တိုးတက်လာနေတာကို အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ ဒီတိုးတက်မှုလှိုင်းလုံးကြီးထဲမှာ ကျွန်တော်တို့အားလုံး ရေရှည်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့နဲ့ အဆင့်အတန်းမီတဲ့ ဖန်တီးမှုတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး TRI (The Real Instinct) ကို ဒီနေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။
TRI ဆိုတာဟာ Creator တွေနဲ့ Player တွေရဲ့ စွမ်းဆောင်ရည်တွေကို အကောင်းဆုံး ပံ့ပိုးပေးမယ့် Professional Esports Media & Talent Agency တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အရည်အချင်းရှိတဲ့ Talent တွေကို စနစ်တကျ ပြုစုပျိုးထောင်ပေးခြင်း၊ ပရိသတ်တွေအတွက် အဆင့်အတန်းမီတဲ့ Esports Content တွေ ဖန်တီးတင်ဆက်ခြင်းနဲ့ တစ်ဦးချင်းစီရဲ့ ကြိုးစားမှုတွေကနေ စနစ်တကျ လည်ပတ်နိုင်တဲ့ Community တစ်ခု ဖြစ်လာအောင် တည်ဆောက်သွားဖို့ အလေးထား လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
TRI ရဲ့ ခရီးစဉ်မှာ ပါဝင်မယ့် Talent တွေနဲ့ အနာဂတ် Project တွေကို မကြာခင်မှာ အသေးစိတ် ထပ်မံချပြသွားမှာ ဖြစ်လို့ ဆက်လက်စောင့်မျှော်ပေးရင်း မြန်မာ့ Esports လောကကို အတူတကွ ပုံဖော်လိုက်ကြရအောင်။
English Version
Everyone can see that Myanmar's Esports and Gaming Content industry is growing rapidly day by day. Aiming to stand firmly and sustainably in this wave of growth and to deliver high-standard creations, we officially introduce TRI (The Real Instinct) today.
TRI is a Professional Esports Media & Talent Agency that will fully support the capabilities of Creators and Players. We will highly focus on systematically nurturing talented individuals, creating high-standard Esports content for the audience, and building a structured, well-functioning community from everyone's efforts.
The talents and future projects involved in TRI's journey will be revealed in detail soon, so please stay tuned.
Let’s move forward together to shape the Myanmar Esports industry.