Stream of Yay Pyaw Ngar

Stream of Yay Pyaw Ngar စစ်မှန်ပြီးယုတ္တိတန်သော အတွေးအခေါ်ဉာဏ်ပညာဖြစ်ထွန်းဖို့ကြိုးစားကြတဲ့နေရာပါ။

Big shout out to my newest top fans! 💎Drop a comment to welcome them to our community,
13/08/2026

Big shout out to my newest top fans! 💎

Drop a comment to welcome them to our community,

01/08/2026

ပန်းသီးလက်ဆောင်
............................

ပန်းသီးဆိုတာ
တစ်ခါတုန်းက—

အာဒံက
ဧဝေကိုပေးခဲ့တဲ့
မေးခွန်းတစ်လုံး။

၂၁ ရာစုမှာတော့—

ချစ်တတ်သူတွေက
အလင်းရစေချင်သူတွေအတွက်
ပန်းသီးတစ်လုံးပေးကြတယ်။

စျေးကြီးတယ်။

ဒါပေမယ့်—

ချစ်တယ်။

အဲဒီပန်းသီးက
အသီးမဟုတ်တော့ဘူး။

ကလေးတစ်ယောက်အတွက်
Notebook ဖြစ်တယ်။

စာဖတ်သူတစ်ယောက်အတွက်
စာကြည့်တိုက်ဖြစ်တယ်။

အိမ်တစ်လုံးအတွက်
တီဗွီဖန်သားပြင်။

ကမ္ဘာကြီးကိုဖွင့်ထားတဲ့
ပြတင်းပေါက်။

အလင်းရောင်ဆိုတာလည်း
မီးလောင်စေဖို့မဟုတ်ဘူး။

မပူ၊
မစူး၊
ခရမ်းလွန်မပါတဲ့
နွေးထွေးမှု။

မျက်လုံးကိုသာမက
အတွေးကိုပါ
တဖြည်းဖြည်းလင်းစေတဲ့ရောင်ခြည်။

ဒီပန်းသီးလေးကို

"သုံးပြီးပျောက်သွားမယ့်ပစ္စည်း" လို့
မရွေးခဲ့ဘူး။

တစ်ဘဝစာ အားဖြစ်ဖို့။
တစ်ဘဝစာ အလင်းဖြစ်ဖို့။

နိဗ္ဗူတအထိ

ပျော်ပျော်ချိုချိုလေးနဲ့
အဖော်ဖြစ်နေဖို့။

အဲဒါကြောင့်—

သေချာစီစဉ်ပြီး
မင်းလက်ထဲထည့်ပေးခဲ့တာ။

ပျော်ပါစေကွာ…

တချို့လက်ဆောင်တွေက
ဖွင့်တဲ့နေ့မှာပဲမပြီးဘူး။

အသုံးပြုတဲ့နေ့တိုင်း
ချစ်ခြင်းမေတ္တာကို
ထပ်ဖတ်လို့ရနေတတ်တယ်။

#ကောင်းမြတ်လေး

အခါခါသေသူ........................အသက်ကတစ်ခါပဲသေတယ်။ဒါပေမယ့်ဘဝကတော့နေ့စဉ်သေတတ်တယ်။သင်္ချိုင်းမလိုဘူး၊သွေးမလိုဘူး၊ဓားမလိုဘ...
27/07/2026

အခါခါသေသူ........................

အသက်က
တစ်ခါပဲသေတယ်။

ဒါပေမယ့်
ဘဝကတော့
နေ့စဉ်သေတတ်တယ်။

သင်္ချိုင်းမလိုဘူး၊
သွေးမလိုဘူး၊
ဓားမလိုဘူး။

"နင့်အတွက်" လို့ပြောပြီး
အကျဉ်းထောင်ဆောက်ပေးတဲ့
ဆွေမျိုးတွေရှိရုံနဲ့လုံလောက်တယ်။

"ချစ်လို့" ဆိုတဲ့စကားနောက်က
အမိန့်တွေလိုက်လာတယ်။

"စိတ်ပူလို့" ဆိုတဲ့အသံနောက်က
အတောင်တွေကျိုးသွားတယ်။

လိုအပ်နေချိန်မှာ
ငါ့ပခုံးကိုမှီတယ်။

ငါပျံမယ်ဆိုတော့
ငါ့အတောင်ကိုခုတ်တယ်။

သူတို့က
အကူအညီတောင်းရာမှာ အမြန်ဆုံး၊
လွတ်လပ်ခွင့်ပေးရာမှာ အနှေးဆုံး။

ငါတို့ကို
လူဖြစ်အောင်မမွေးဘူး။

"လိမ္မာတဲ့အစေခံ" ဖြစ်အောင်
တဖြည်းဖြည်းမွေးတယ်။

မေးခွန်းမမေးတတ်အောင်၊
ငြင်းဆန်မပြောတတ်အောင်၊
အပြစ်ရှိသလိုခံစားတတ်အောင်
အခါခါသတ်တယ်။

ဒီလိုနဲ့—

အနန္တသုံးပါးဆိုတဲ့
မြင့်မြတ်တဲ့စကားလုံးကို
လက်နက်လိုကိုင်ပြီး

ကျွန်စစ်စစ်၊
အစေခံပီပီသသလေးတွေဖြစ်အောင်
ပျိုးထောင်ခဲ့ကြတယ်။

ဒါကြောင့်—

အသက်က
တစ်ခါပဲသေတယ်။

ဒါပေမယ့်

ကိုယ့်အတောင်ကို
တခြားသူလက်ထဲအပ်မိတဲ့နေ့တိုင်း…

ဘဝက
အခါခါသေတယ်။

#ကောင်းမြတ်လေး

26/07/2026

To
For Nibbhuta
&

ကတုံးသို့ ပြန်မေးခွန်း…………………………“ဘုန်းကြီးဝတ်ဖူးလား”မေးလိုက်တာကအောင်မြင်မှုကိုခေါင်းတုံးနဲ့တိုင်းတဲ့မေးခွန်း။ဒါဆိုငါလည်း...
25/07/2026

ကတုံးသို့ ပြန်မေးခွန်း
…………………………

“ဘုန်းကြီးဝတ်ဖူးလား”

မေးလိုက်တာက
အောင်မြင်မှုကို
ခေါင်းတုံးနဲ့တိုင်းတဲ့မေးခွန်း။

ဒါဆို
ငါလည်း ပြန်မေးမယ်။

ပန်းရံလုပ်ဖူးလား။
ကုန်ထမ်းဖူးလား။
နေပူထဲမှာ
အကြွေးတောင်းသံကြားရင်း
အိမ်ကလေးဆီကို
ထမင်းတစ်နပ်စာ
ပြန်သယ်ဖူးလား။

မိဘဝန်ကို
ကိုယ့်လက်နဲ့ထမ်းဖူးလား။
သားသမီးကို
ကိုယ့်ချွေးနဲ့ကျွေးဖူးလား။

ဘုန်းကြီးဆိုတာ
ဒီနေ့ဝတ်ချင်ရင်
ဒီနေ့ဝတ်လို့ရတယ်။

ဒါပေမဲ့
လူကောင်းတစ်ယောက်ဖြစ်ဖို့က
နှစ်တွေနဲ့ဆောက်ရတယ်။

ဆရာဝန်ဖြစ်ဖူးလား။
လေယာဉ်မောင်းဖူးလား။
အင်ဂျင်နီယာဖြစ်ဖူးလား။
တောင်သူအတွက်
ဈေးကွက်ဖန်တီးပေးဖူးလား။
နိုင်ငံဝင်ငွေတိုးအောင်
အလုပ်လုပ်ဖူးလား။

အဲဒီအရာတွေက
သင်္ကန်းပတ်သလို
ချက်ချင်းမရဘူး။

လေ့ကျင့်ရတယ်။
ကျရှုံးရတယ်။
ချွေးကျရတယ်။
တာဝန်ယူရတယ်။

ကုန်ကုန်ပြောမယ်။

သူများလှူတဲ့ထမင်းမဟုတ်ဘဲ
ကိုယ့်လုပ်အားနဲ့
တစ်နပ်စာရှာစားဖူးလား။

ကိုယ့်အစွမ်းနဲ့
ကြွယ်ဝဖူးလား။

ကိုယ့်အလုပ်ကြောင့်
တခြားလူတစ်ယောက်
ခေါင်းမော့ရပ်နိုင်စေဖူးသလား။

ငါ့မေးခွန်းကို ဖြေစမ်းကွာ

“လူ့တာဝန်ကို
လူပီသစွာ ထမ်းဖူးလား”

ခေါင်းတုံးဖြစ်ဖို့
တစ်ရက်ပဲလိုတယ်။

ယောကျ်ားတစ်ယောက်
အရှက်မဲ့စွာ
ဒူးထောက်အသက်မွေးဖို့က
နာရီဝက်ပဲလိုတယ်။

လူ့ဂုဏ်သိက္ခာနဲ့ရပ်တည်နိုင်ဖို့က
ဘဝတစ်လျှောက်လုံး လိုတယ်။

#ကောင်းမြတ်လေး

ဘုန်းကြီးစာမိသူများ…………………………….တချို့ဘဝတွေမှာစာမတတ်တာထက် စာမိတာက ပိုကြောက်စရာကောင်းတယ်။စာအုပ်မဟုတ်ဘူး။လူတစ်ယောက်ကိုအမှန်...
21/07/2026

ဘုန်းကြီးစာမိသူများ
…………………………….

တချို့ဘဝတွေမှာ
စာမတတ်တာထက် စာမိတာက
ပိုကြောက်စရာကောင်းတယ်။

စာအုပ်မဟုတ်ဘူး။

လူတစ်ယောက်ကိုအမှန်တရားအဖြစ်
ဖတ်မိသွားတဲ့စာ။

အဲဒီနေ့ကစပြီး

မေးခွန်းတွေ သေတယ်။
သံသယတွေ သေတယ်။

ကိုယ့်ဦးနှောက်ကို
ကိုယ်အသုံးချရမယ့်အစား

တခြားသူရဲ့နှုတ်ခမ်းဖျားမှာ
အပ်နှံလိုက်ကြတယ်။

အသံတစ်သံက
ကမ္ဘာအထိ ပျံနိုင်မယ့် တောင်ပံရှိတယ်။

ဒါပေမယ့်

တောင်ပံအစား
သြဝါဒကို တပ်ဆင်လိုက်တော့

ကောင်းကင်မရောက်ဘဲ

အာဏာရဲ့စင်မြင့်ပေါ်
လှည့်ပတ်သီဆိုနေရတယ်။



လူဆိုတာ
မိတ်ဆွေနဲ့ ကြီးပြင်းတယ်။

ကလျာဏမိတ်က
ဘဝကို မြှင့်တင်တယ်။

နိဗ္ဗာန်လမ်းကိုတောင်
အတူလျှောက်နိုင်တယ်။

ဒါပေမယ့်

ရွှေအိုးပေါ်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့
အရိယာထင်မိသူကို
မျက်စိတစ်စုံလုံး ပေးလိုက်ကြတယ်။

လက်ကမ်းထားတဲ့ ကလျာဏမိတ်ကို
မမြင်တော့ဘူး။
အမှန်တရားပြောတဲ့ မိတ်ဆွေကို
မယုံတော့ဘူး။
နှလုံးသွေးနဲ့ နွေးထွေးပေးတဲ့ လူတွေကို
တန်ဖိုးမထားတော့ဘူး။

မမြင်ရသေးတဲ့နောင်ဘဝဆုလာဘ်ကိုလိုက်ရင်း
မျက်စိရှေက လူ့ဘဝရဲ့အဖိုးတန်အရာတွေကို
တစ်ခုချင်း လက်လွှတ်သွားကြတယ်။

ရွှေအိုးကဘယ်မှာရှိမှန်း မသိသေးဘူး။
ဘယ်သူမှလည်း သေချာမသိဘူး

ဆုံးရှုံးလိုက်ရတဲ့
မိတ်ကောင်းဆွေကောင်းတွေတော့ များခဲ့ပြီ



နောက်ဆုံးမှာ
အလွဲမြင်တဲ့ အကဏ်းဟာ
သူမြင်သမျှ အမှန်လို့ ထင်မိထင်ရာကနေ

လူကို လူလို မမြင်တော့ဘူး။
ကျေးဇူးတင်ရမှာကိုမသိတော့ဘူး
ကျေးစွပ်တတ်ခြင်းကို ဉာဏ်ကြီးရှင်လို့
နားလည်လွဲလာတယ်

ဒီလိုနဲ့

မေတ္တာတရားဆိုတာ
တရားဟောစင်ပေါ်က စကားလုံးဖြစ်သွားပြီး

ကရုဏာဆိုတာ
လူ့ဘဝထဲက တိတ်တိတ်လေး ထွက်ခွာသွားတယ်။

သင်္ကန်းကို
မျက်စိပေါ်တင်ထားတဲ့အခါ

လောကကို မမြင်တော့ဘူး။

လူကို မမြင်တော့ဘူး။

ကိုယ့်ကိုယ်ကိုတောင် မမြင်တော့ဘူး။



အဲဒီလိုနဲ့

ဆင်းရဲမှုကို ကံလို့ ခေါ်ကြတယ်။

အခွင့်အရေးပျောက်တာကို ဝဋ်လို့ ခေါ်ကြတယ်။

တိတ်ဆိတ်နေခြင်းကို ကုသိုလ်လို့ ခေါ်ကြတယ်။



ဘုန်းကြီးစာမိတဲ့ဘဝတွေဟာ

အစာငတ်လို့ မသေကြပါဘူး

မေးခွန်းငတ်လို့ သေကြတာ။

အလင်းမရှိလို့ မဟုတ်ပါဘူး။

မျက်လုံးဖွင့်ဖို့ သင်ကြားမခံရလို့။

#ကောင်းမြတ်လေး

ဗိုလ်ချုပ်အောင်ဆန်းရဲ့အမွေ🫡 🫡 🫡 🫡 🫡 🫡 🫡 🫡 🫡 သူအလံတစ်ထည်အမွေမပေးခဲ့ဘူး။မေးခွန်းတချို့အမွေထားခဲ့တယ်။လွတ်လပ်ရေးကိုဘယ်သူယူသွ...
19/07/2026

ဗိုလ်ချုပ်အောင်ဆန်းရဲ့အမွေ

🫡 🫡 🫡 🫡 🫡 🫡 🫡 🫡 🫡

သူ
အလံတစ်ထည်
အမွေမပေးခဲ့ဘူး။

မေးခွန်းတချို့
အမွေထားခဲ့တယ်။

လွတ်လပ်ရေးကို
ဘယ်သူယူသွားသလဲ။

တာဝန်ကို
ဘယ်သူပျောက်ဆုံးစေသလဲ။

စည်းကမ်းဆိုတာ
အမိန့်နာခံခြင်းလား၊
ကိုယ့်လွတ်လပ်ခွင့်ကို
ကိုယ်တိုင်စောင့်ရှောက်ခြင်းလား။

ညီညွတ်ရေးဆိုတာ
တူညီတဲ့အသံလား၊
မတူညီတဲ့အသံတွေကို
တန်းတူနားထောင်နိုင်ခြင်းလား။

တိုင်းပြည်ဟာ
တော်လှန်ရေးနဲ့
မွေးဖွားလာတယ်။

ဒါပေမဲ့
နေ့စဉ်တာဝန်မဲ့မှုနဲ့
တဖြည်းဖြည်း
အိုမင်းသွားတယ်။

သမိုင်းဟာ
ကျည်ဆန်နဲ့ မသေဘူး။

မေ့လျော့မှုနဲ့ပဲ
သေတယ်။

ဒါကြောင့်—

သူ့ကို
အောက်မေ့တိုင်းမှာ

သူမေးခဲ့တဲ့
မေးခွန်းတွေကို

ငါတို့
ဖြေတတ်ဖို့ လိုတယ်။

#ကောင်းမြတ်လေး

ဖအေရင်း မေတ္တာ ရကြပါစေ……………………ငါကအမှောင်ကို လက်ညှိုးထိုးတာ။သူတို့ကလက်ညှိုးကိုပဲ ရေတွက်နေကြတယ်။ငါကသင်္ကန်းကို ဝတ်ထားတဲ့လူ...
18/07/2026

ဖအေရင်း မေတ္တာ ရကြပါစေ
……………………

ငါက
အမှောင်ကို လက်ညှိုးထိုးတာ။

သူတို့က
လက်ညှိုးကိုပဲ ရေတွက်နေကြတယ်။

ငါက
သင်္ကန်းကို ဝတ်ထားတဲ့
လူလိမ်ကို ပြောတာ။

သူတို့က
“ဒါဆို ဟိုဘာသာကတော့…”
လို့
စကားလမ်းကြောင်း ပြောင်းသွားတယ်။

ငါက
အယောင်ဆောင်ခြင်းကို
ထောက်ပြတာ။

သူတို့က
တခြားဝတ်စုံတွေကို
အမှတ်ရနေကြတယ်။

အမှားတစ်ခုကို
မြင်စေချင်တာ။

သူတို့က
နှိုင်းယှဉ်ဖို့ပဲ အလုပ်ရှုပ်နေကြတယ်။

အမှားကို
အမှားအဖြစ် မမြင်နိုင်တဲ့မျက်လုံးက
အမှန်ကိုလည်း မဖတ်နိုင်ဘူး။

ဝေဖန်မှုကို
ရန်သူလို့ ထင်နေသမျှ
အမှန်တရားက
တံခါးအပြင်မှာပဲ
ရပ်စောင့်နေရဦးမယ်။

ငါ့ကဗျာက
လူတစ်ယောက်ကို မထိုးဘူး။

အလွဲတစ်ခုကိုပဲ
မီးထွန်းပြတာ။

ဒါပေမဲ့

မီးကိုမကြည့်ဘဲ
အရိပ်ကိုလိုက်ဖမ်းနေသူတွေအတွက်—

စိတ်မကောင်းဘူး။

ဖအေရင်းရဲ့မေတ္တာကို
ရကြပါစေ။

ပထွေးကိုအမြဲမျှော်လင့်နေရတဲ့
ဘဝကလည်း
လွတ်မြောက်ကြပါစေ။

#ကောင်းမြတ်လေး

17/07/2026

😢

သာသနာကို ဘယ်သူစားနေလဲ……………………….ဗုဒ္ဓကလွတ်မြောက်ရာလမ်းကိုပြခဲ့တယ်။တချို့ကအဲဒီလမ်းပေါ်မှာစေတီတွေတင်တယ်။တချို့ကအဲဒီလမ်းပေါ်...
17/07/2026

သာသနာကို ဘယ်သူစားနေလဲ
……………………….

ဗုဒ္ဓက
လွတ်မြောက်ရာလမ်းကိုပြခဲ့တယ်။

တချို့က
အဲဒီလမ်းပေါ်မှာ
စေတီတွေတင်တယ်။

တချို့က
အဲဒီလမ်းပေါ်မှာ
အလှူခံပုံးတွေချတယ်။

နောက်ဆုံးတော့
လမ်းပျောက်တာက
လူတွေ။

ရဟန်းဆိုတာ
လျှော့ချဖို့ထွက်လာသူ။

ဒီနေ့
တိုးချဲ့ဖို့ကြိုးစားနေသူတွေက
ရဟန်းအမည်ခံထားတယ်။

သပိတ်က
တဏှာလျှော့ဖို့။

ဒါပေမယ့်
သပိတ်ထဲဝင်သမျှက
တဏှာကိုကြီးထွားစေခဲ့ရင်—

ဘာသာရေးဟာ

ငြိမ်းချမ်းမှုမပေးနိုင်တော့ဘူး။
လွတ်မြောက်မှုမပြနိုင်တော့ဘူး။

ဒိုင်ပဲအမြဲနိုင်တဲ့
လောင်းကစားဝိုင်းတစ်ဝိုင်းလို
ယုံကြည်မှုကိုသာ
လောင်းကြေးတင်ခိုင်းနေတယ်။

ဗုဒ္ဓက
နန်းတော်ကိုစွန့်ခဲ့တယ်။

ရဟန္တာတွေက
စည်းစိမ်နဲ့ကာမဂုဏ်ကိုစွန့်ခဲ့တယ်။

ဒီခေတ်မှာတော့
စည်းစိမ်ကိုစုဖို့
သာသနာကိုအသုံးချသူတွေရှိတယ်။

လှူဒါန်းသူရဲ့ယုံကြည်မှုကို
အတိုးနဲ့ပြန်ထုတ်ယူကြတယ်။

**သာသနာဟာ
ငွေတိုးချပြီး
လယ်ပေါင်ခံတဲ့စနစ်အောက်မှာ
လယ်သမားတွေ
တဖြည်းဖြည်း ကျွန်ဖြစ်ခဲ့ရသလို၊

ယုံကြည်သူတွေကိုလည်း
လောဘရဲ့အကြွေးနဲ့
တဖြည်းဖြည်း
ဝိညာဉ်ကျွန်ဖြစ်စေတဲ့
နေရာတစ်ခုဖြစ်လာတယ်။**

အဲဒီအချိန်—

ဗုဒ္ဓသာ
ယနေ့ပြန်ပေါ်လာမယ်ဆိုရင်

“ဂတုံးတစ်လုံးနဲ့
သင်္ကန်းတစ်ထည်ကို
ရဟန်းလို့မခေါ်ထိုက်”

ဒါမှမဟုတ်—

“တရားမရှိတဲ့နေရာမှာ
သင်္ကန်းရှိနေလည်း
သာသနာမရှိဘူး” လို့ပဲ

မိန့်တော်မူလေမလား

ဒါမှမဟုတ် ~

စွန့်ခွါသွားမလား

#ကောင်းမြတ်လေး

Address

No72, Main Road
Natogyi

Website

Alerts

Be the first to know and let us send you an email when Stream of Yay Pyaw Ngar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share