Twantay Channel

Twantay Channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Twantay Channel, Twante.

ဒီနေ့က ကျွန်တော်တို့မြို့သားကြီး တွံတေးသိန်းတန် ကွယ်လွန်ခဲ့တာ (၂၅)နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ သူကွယ်လွန်တဲ့နေ့မှာ သူ့သီချ...
11/01/2024

ဒီနေ့က ကျွန်တော်တို့မြို့သားကြီး တွံတေးသိန်းတန် ကွယ်လွန်ခဲ့တာ (၂၅)နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ သူကွယ်လွန်တဲ့နေ့မှာ သူ့သီချင်းတွေကို အမှတ်တရ ပြန်လည်ခံစားနိုင်ဖို့အတွက် လွန်ခဲ့တဲ့ (၅)နှစ်က ထုတ်လုပ်ခဲ့တဲ့ ဂီတအစီအစဉ်လေးကို အမှတ်တရ ပြန်လည်တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။
---
တစ်ပုဒ်ချင်း နားဆင်ရန် -
---
နှမလက်လျှော့ နေလေတော့
https://www.facebook.com/TwantayChannel/videos/352845212184280
---
ကိုယ်ရယ်မင်းရယ် ပိတောက်ရယ်
https://www.facebook.com/TwantayChannel/videos/389377001981424
---
အသီးတစ်ရာ အညှာတစ်ခု
https://www.facebook.com/TwantayChannel/videos/2323438654550610
---

စီးရီးလိုက်နားဆင်ရန် -
https://www.facebook.com/watch/TwantayChannel/936424150279791/
---
(တွံတေးချန်နယ်)

တွံတေးမြို့သူ မြို့သားအားလုံး လုံခြုံဘေးကင်းတဲ့ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။(ပုံဟောင်းဖြစ်...
17/04/2022

တွံတေးမြို့သူ မြို့သားအားလုံး လုံခြုံဘေးကင်းတဲ့ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။

(ပုံဟောင်းဖြစ်ပါတယ်)

04/01/2022

လွတ်လပ်ရေးနေ့အမှတ်တရအဖြစ်
ဆရာမောင်အောင်ပွင့်ရဲ့ "အခါတော်" ကဗျာလေး ခံစားကြည့်ကြပါဦးခင်ဗျာ။

“အိုးဝေဆုတောင်း”ဥဒေတယံ၊ ဂါထာသံဖြင့်နေလျှံရှေ့ပြေး၊ ရောင်နီအေးတွင်ဖြူဖွေးကြယ်ပွင့်၊ တံခွန်လွှင့်၍ဒေါင်းမင်းညွတ်မှ လွတ်ပြီ...
15/12/2021

“အိုးဝေဆုတောင်း”

ဥဒေတယံ၊ ဂါထာသံဖြင့်
နေလျှံရှေ့ပြေး၊ ရောင်နီအေးတွင်
ဖြူဖွေးကြယ်ပွင့်၊ တံခွန်လွှင့်၍
ဒေါင်းမင်းညွတ်မှ လွတ်ပြီတည်း။

အိုးဝေအိုးဝေ၊ တွန်သံဝေ၍
မျှဝေခွဲခြမ်း၊ ကမ္ဘာလွှမ်းအောင်
အေးချမ်းသီဆိုနိုင်စေသောဝ်။

ဤလောကကို၊ သာနုပျိုအောင်
စိမ်းစိုညိုမြ၊ မြီးဆံလှဖြင့်
က၍ဖျော်ဖြေနိုင်စေသောဝ်။

ကိုယ့်နယ်ပိုင်နက်၊ ကိုယ့်စားကျက်လည်း
သူ့လက်အတွင်း၊ မကျဆင်းဘဲ
ရဲတင်းကြံ့ခိုင် စောင့်ရှောက်နိုင်အောင်
စိုးပိုင်အုပ်ချုပ်နိုင်စေသောဝ်။ ။

မင်းသုဝဏ်
အိုးဝေသတင်းစာ(၁၉၄၈)

အကျဉ်းထောင်အသီးသီးမှ (အထူးသဖြင့် ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်မှ) ပြန်လည်လွတ်မြောက်လာမဲ့သူတွေထဲ.. တွံတေးမြို့သူမြို့သားမျ...
18/10/2021

အကျဉ်းထောင်အသီးသီးမှ (အထူးသဖြင့် ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်မှ) ပြန်လည်လွတ်မြောက်လာမဲ့သူတွေထဲ.. တွံတေးမြို့သူမြို့သားများ၊ တွံတေး အနီးတဝိုက် ကျေးရွာအသီးသီးမှ တွံတေးသူ တွံတေးသားများ၊ အခြားမြို့ရွာများမှာ သွားရောက်အခြေချနေထိုင်နေသည့် တွံတေးသူ တွံတေးသားများ (မည်သူမဆိုပါခင်ဗျာ..)၊ အကျဉ်းထောင်က ထွက်သည့်အချိန်မှာ ညဉ့်နက်နေပြီး အခက်အခဲ တစုံတရာရှိနေပါက တွံတေးချန်နယ်သို့ ဆက်သွယ်၍ လိုအပ်တဲ့ အကူအညီများ ရယူနိုင်ပါတယ် ခင်ဗျာ။
ထွက်ချိန်နောက်ကျတဲ့အခါမှာ အချို့ ရန်ကုန်တွင်း မြို့နယ်အချို့က ပြည်သူများပင် အိမ်ပြန်ရန် အခက်အခဲကြုံနေရကြောင်း ကြားသိရတာကြောင့် ကျွန်တော်တို့ နိုင်သလောက်လေး ကြိုတင်စီစဉ်ထားရခြင်းဖြစ်ပါတယ်။
တွံတေးချန်နယ်သို့ ဆက်သွယ်ရာမှာ အကျဉ်းထောင်မှလွတ်မည့်သူ၏ မိသားစုဝင်များ/ အသိမိတ်ဆွေများကသာ ဆက်သွယ်နိုင်မှာဖြစ်ပါတယ်..
(လွတ်လာမည့်သူများမှာ တွံတေးချန်နယ်သို့ ဆက်သွယ်လို့ရကြောင်း သိမှာ မဟုတ်ပါခင်ဗျာ.. မိသားစုဝင်များကိုသာ ကြုံရာဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားကြမှာဖြစ်ပါတယ်..)
မိမိတို့ မိသားစုဝင်/အသိမိတ်ဆွေများ လွတ်မြောက်လာကြောင်း (ညပိုင်းမှ) သိရှိခဲ့ပါက တွံတေးချန်နယ်နှင့် ချိတ်ဆက်ပေး၍ ၎င်းတို့အတွက် ကူညီပေးနိုင်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ..

(တွံတေးချန်နယ်)

တွံတေးမြေမှ မှတ်တမ်းရုပ်ရှင် မြန်မာရုပ်ရှင်ပွဲတော် (လော့အိန်ဂျလိစ်) တွင် ပြသမည်။တွံတေးမြို့၊ ဗောင်းတော်ချုပ်ဒေသတွင်ရိုက်...
13/10/2021

တွံတေးမြေမှ မှတ်တမ်းရုပ်ရှင် မြန်မာရုပ်ရှင်ပွဲတော် (လော့အိန်ဂျလိစ်) တွင် ပြသမည်။
တွံတေးမြို့၊ ဗောင်းတော်ချုပ်ဒေသတွင်ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် ‘Bog Boy’ သည်၊ အမေရိကန်နိုင်ငံ Los Angeles မြို့တွင် ကျင်းပပြုလုပ်မည့် Burmese Film Festival of Los Angeles တွင် ပြသရန် ရွေးချယ်ခံထားရသည်။ ထိုရုပ်ရှင်ပွဲတော်သည် (၂၀၀၇)ခုနှစ်မှစ၍ နှစ်စဥ်ကျင်းပခဲ့သော ရုပ်ရှင်ပွဲတော်တစ်ခု ဖြစ်ပြီး ယခုနှစ်သည် (၁၄)ကြိမ်မြောက် ရုပ်ရှင်ပွဲတော်ဖြစ်သည်။ Covid-19 ကြောင့် ယမန်နှစ်မှစ၍ အွန်လိုင်းပလက်ဖောင်းမှ စတင်ပြောင်းလဲကျင်းပခဲ့ရာ ယခုနှစ်တွင်လည်း အွန်လိုင်းတွင် ကျင်းပမည်ဖြစ်သောကြောင့် ရုပ်ရှင်ပွဲတော်ရက်များအတွင်း စိတ်ဝင်စားဖွယ်ရာ မှတ်တမ်းရုပ်ရှင်များ၊ ဇာတ်လမ်းတိုရုပ်ရှင်များကို ကမ္ဘာအဝှမ်း နိုင်ငံအသီးသီးမှ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။
Bog Boy ရုပ်ရှင်သည် ၂၀၁၆ - ၁၇ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး (၂၀၁၇ခုနှစ်) လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်၊ (၂၀၁၇-၁၈) လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော် တို့တွင် Official Selection အဖြစ် ပါဝင်ပြသခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း တွံတေးမြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် ကျင်းပခဲ့သည့် "ရုပ်ရှင်ည" အစီအစဉ်တွင်လည်း အမှတ်တရ ပါဝင်ပြသခဲ့ပါသည်။
ထိုရုပ်ရှင်ကို တွံတေးချန်နယ်အဖွဲ့သားတစ်ဦးမှ ရိုက်ကူးထားခြင်းဖြစ်ပြီး၊ ၎င်း၏ အခြားမှတ်တမ်းရုပ်ရှင် “Crocodile Pond” ကိုလည်း အဆိုပါပွဲတွင် ပြသရန် ရွေးချယ်ခံထားရကာ၊ ထိုရုပ်ရှင်များ၏ ထုတ်လုပ်သူ (Producer) သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မနက်အစောပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံထားရသူ ကဗျာဆရာ၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး ဖြစ်သည်။
တွံတေးချန်နယ်
.....
ရုပ်ရှင်ပွဲတော် ရက်
၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၄)ရက်မှ (၂၀) ရက်အထိ။
Bog Boy ရုပ်ရှင် link https://watch.eventive.org/myanmarfilmfestival/play/613fde9d6a01e3006f1def52
ရုပ်ရှင်ပွဲတော် link
https://watch.eventive.org/myanmarfilmfestival

သပြေညိုသူ့ခေါင်းမှာတဲ့ သပြေညိုငါ့ခေါင်းမှာတဲ့ သပြေညို။တို့ပြေမှာ တို့မေကမ်းပါတဲ့သပြေညို ရွှေဘိုပန်းဟာကလန်းလျက်ပါကို။ဘာမလ...
07/09/2021

သပြေညို

သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို။

တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်
လေချိုကအသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာတူပျော်ပျော်နဲ့
စည်တော်ကိုရည်မျှော်မှန်းကာပ
ရောင်နီမှာအောင်စည်ရွမ်းရအောင်
သပြေညိုရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။

မင်းသုဝဏ်
(၄၊ ၁၊ ၁၉၃၈)

https://www.facebook.com/1920834428001220/posts/3725835257501119/

သပြေညို

သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို။

တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်
လေချိုကအသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာတူပျော်ပျော်နဲ့
စည်တော်ကိုရည်မျှော်မှန်းကာပ
ရောင်နီမှာအောင်စည်ရွမ်းရအောင်
သပြေညိုရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။

မင်းသုဝဏ်
(၄၊ ၁၊ ၁၉၃၈)

Covid-19 ကို ရင်ဆိုင်ခြင်း (အပိုင်း ၁ မှ ၄၂အထိ စုစည်းမှု)ဒီအစီအစဉ်ကတော့ Covid-19 ရောဂါ ဖြစ်နေစဉ်နှင့် ဖြစ်ပြီးနောက်ပိုင်...
26/08/2021

Covid-19 ကို ရင်ဆိုင်ခြင်း (အပိုင်း ၁ မှ ၄၂အထိ စုစည်းမှု)
ဒီအစီအစဉ်ကတော့ Covid-19 ရောဂါ ဖြစ်နေစဉ်နှင့် ဖြစ်ပြီးနောက်ပိုင်း ကိုယ်/စိတ် ကျန်းမာရေးကို ဘယ်လို စနစ်တကျ ပြန်လည်တည်ဆောက်မလဲဆိုတာကို သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှ ဆရာဝန်များ၊ ပညာရှင်များမှ ပြောပြ မျှဝေသွားမှာဖြစ်ပါတယ်..။

(အပိုင်း - ၁)
ဖြစ်လေ့ရှိသော လက္ခဏာများ
https://fb.watch/7A-obSoRjF/

အပိုင်း (၂)
COVID-19 ရှိ/မရှိ စစ်ဆေးခြင်း
https://fb.watch/7A-qL7FJ3E/

အပိုင်း (၃)
COVID-19 ရောဂါကို လက်တွေ့ကျကျကာကွယ်ခြင်း
https://fb.watch/7A-sYvPlBd/

အပိုင်း (၄)
COVID-19 လူနာနှင့်အတူ စနစ်တကျ ယှဉ်တွဲနေထိုင်ခြင်း
https://fb.watch/7A-uXjuP8Q/

အပိုင်း (၅)
ကာကွယ်ရေး နည်းလမ်းအမှားများ
https://fb.watch/7A-ww-FVZO/

အပိုင်း (၆)
COVID-19 ဖြစ်စဉ်အဆင့်ဆင့်နှင့် ကူးစက်ခြင်းဆိုင်ရာ အချက်အလက်များ
https://fb.watch/7A-xPns9vt/

အပိုင်း (၇)
မိသားစုတွင် ကိုဗစ်လူနာရှိလာလျှင် ဆောင်ရွက်သင့်သည်များ
https://fb.watch/7A-E7wT_A-/

အပိုင်း(၈)
လွဲမှားအသုံးပြုနေသော ဆေးဝါးများနှင့် ၎င်းတို့၏ အန္တရာယ်
https://fb.watch/7A-HAYq3Dw/

အပိုင်း (၉)
အရပ်ထဲမှ ကုသနည်းအလွဲများနှင့် ၎င်းတို့၏အန္တရာယ်
https://fb.watch/7A-JGiX_yv/

အပိုင်း (၁၀)
သွေးကျဲဆေးနှင့် ပတ်သက်၍
https://fb.watch/7A-L5YCxtf/

အပိုင်း (၁၁)
သွေးခဲခြင်းပြဿနာ
https://fb.watch/7A-NslYJc8/

အပိုင်း (၁၂)
ရောဂါ ပြင်းထန်လက္ခဏာများ
https://fb.watch/7B07RxoNIh/

အပိုင်း (၁၃)
ရောဂါ၏ သဘောသဘာဝ
https://fb.watch/7B096JCwFe/

အပိုင်း (၁၄)
Covid-19 လူနာကို စောင့်ရှောက်မှုပေးခြင်း
https://fb.watch/7B0aTZwFtK/

အပိုင်း (၁၅)
Covid-19 လူနာအတွက် နေ့စဉ်နေထိုင်မှုပုံသဏ္ဍာန်
https://fb.watch/7B0bXqTfbh/

အပိုင်း (၁၆)
ဓါတ်ဆားရည်သောက်သင့်လား
https://fb.watch/7B0d7Oy-PW/

အပိုင်း (၁၇)
(က) တိတ်တဆိတ်အောက်စီဂျင်ထိုးကျခြင်း
(ခ) အောက်စီဂျင်ပေးသင့်သော အခြေအနေများနှင့် စနစ်တကျ အောက်စီဂျင်ပေးနည်း
https://fb.watch/7B0ezRlyRZ/


အပိုင်း (၁၈)
Covid-19 လူနာများ နေ့စဉ်သုံးဆောင်ရမည့် အသေးစိတ် စားသောက်မှုပုံသဏ္ဍာန်
https://fb.watch/7B0kQQCfD3/

အပိုင်း (၁၉)
သက်ကြီးပိုင်း လူနာများအတွက် စားသောက်မှုပုံသဏ္ဍာန်
https://fb.watch/7B0mBqaCAe/

အပိုင်း (၂၀)
ဆီးချိုရောဂါသည်များအတွက် စားသောက်မှုပုံသဏ္ဍာန်
https://fb.watch/7B0nWujypS/

အပိုင်း (၂၁)
Covid-19 ကြောင့် အစာမဝင်မှုပြဿနာကို ဖြေရှင်းခြင်း
https://fb.watch/7B0pBYoAXf/

အပိုင်း (၂၂)
ကိုယ်ခံအားတက်စေမည့် အစားအသောက်များ
https://fb.watch/7B0sQ5w2gR/

အပိုင်း (၂၃)
Covid-19 နှင့် အသားဓါတ်လိုအပ်မှု
https://fb.watch/7B0uxipn7p/

အပိုင်း (၂၄)
ရှောင်သင့်သော အစားအသောက်မျာ
https://fb.watch/7B0vR5mvhz/

အပိုင်း (၂၅)
Covid-19 နှင့် ရေဓါတ်လိုအပ်ချက်
https://fb.watch/7B0x5JNBAI/

အပိုင်း (၂၆)
မိမိကိုယ်တိုင် အိမ်တွင်း ဓါတ်ဆားရည်ပြုလုပ်နည်း
https://fb.watch/7B0ymNOsRd/

အပိုင်း (၂၇)
အာဟာရဆိုင်ရာ အယူအဆအမှားမျာ
https://fb.watch/7B0zO4yGde/

အပိုင်း (၂၈)
နေ့စဉ်စားသုံးသင့်သော အစာအုပ်စုများ
https://fb.watch/7B0BdTlpZ7/


အပိုင်း (၂၉)
ရုပ်ပိုင်းဆိုင်ရာ ကုထုံး မိတ်ဆက်
https://fb.watch/7B0Fs8vcHS/

အပိုင်း (၃၀)
လူနာကိုထားသင့်သော ခန္ဓာကိုယ်အနေအထားများ
https://fb.watch/7B0GH_iPPs/

အပိုင်း (၃၁)
အောက်စီဂျင်ပြည့်ဝစွာရရှိရေးအတွက် နည်းစနစ်တကျ အသက်ရှူနည်
https://fb.watch/7B0I8bEoD2/

အပိုင်း (၃၂)
Active Cycle Breathing Technique (ACBT)
https://fb.watch/7B0JPqmU70/

အပိုင်း (၃၃)
ချွဲသလိပ်များကို မိမိကိုယ်တိုင် စနစ်တကျ ရှင်းထုတ်နည်း
https://fb.watch/7B0KMJv7Gg/

အပိုင်း (၃၄)
လူတိုင်းအလွယ်တကူလုပ်နိုင်သော အဆုတ်လေ့ကျင့်ခန်းများ
https://fb.watch/7B0MKBcesv/


အပိုင်း (၃၅)
သွေးခဲခြင်းပြဿနာကိုကာကွယ်ရန်အတွက် ခြေ၊လက် လေ့ကျင့်ခန်းများ
https://fb.watch/7B0OJekzZI/

အပိုင်း (၃၆)
ကိုယ်ခံအားစနစ်အတွက် သင့်လျော်သောအကြောလျှော့လေ့ကျင့်ခန်းများ
https://fb.watch/7B0Q1sA8L8/


အပိုင်း (၃၇)
စိတ်ကျန်းမာဖို့ ဆောင်ရွက်သင့်သည်များ
https://fb.watch/7B0VW2isS3/

အပိုင်း (၃၈)
အာဟာရဆိုင်ရာ အချက်အလက်များ
https://fb.watch/7B0Xag_5zc/

အပိုင်း (၃၉)
အိပ်မပျော်သည့်ပြဿနာ ဖြေရှင်းခြင်း
https://fb.watch/7B0Yt-eo8H/

အပိုင်း (၄၀)
လူနာကို စနစ်တကျ ပြုစုခြင်း
https://fb.watch/7B0Yt-eo8H/

အပိုင်း (၄၁)
COVID-19 ကြောင့် စိတ်ပူစရာလိုသလား..
https://fb.watch/7B0-pv_-Ia/

အပိုင်း (၄၂)
စိတ်ဖိစီးမှုများ လျှော့ချခြင်း
https://fb.watch/7B10M5-wmn/

Covid-19 ကို ရင်ဆိုင်ခြင်း - BONUS  အပိုင်း (၃၇)စိတ်ကျန်းမာဖို့ ဆောင်ရွက်သင့်သည်များhttps://fb.watch/7B0VW2isS3/ အပိုင်း...
26/08/2021

Covid-19 ကို ရင်ဆိုင်ခြင်း - BONUS

အပိုင်း (၃၇)
စိတ်ကျန်းမာဖို့ ဆောင်ရွက်သင့်သည်များ
https://fb.watch/7B0VW2isS3/

အပိုင်း (၃၈)
အာဟာရဆိုင်ရာ အချက်အလက်များ
https://fb.watch/7B0Xag_5zc/

အပိုင်း (၃၉)
အိပ်မပျော်သည့်ပြဿနာ ဖြေရှင်းခြင်း
https://fb.watch/7B0Yt-eo8H/

အပိုင်း (၄၀)
လူနာကို စနစ်တကျ ပြုစုခြင်း
https://fb.watch/7B0Yt-eo8H/

အပိုင်း (၄၁)
COVID-19 ကြောင့် စိတ်ပူစရာလိုသလား..
https://fb.watch/7B0-pv_-Ia/

အပိုင်း (၄၂)
စိတ်ဖိစီးမှုများ လျှော့ချခြင်း
https://fb.watch/7B10M5-wmn/

Covid-19 & Physiotherapy by DawAyeNyeinThuMaung အပိုင်း (၂၉)ရုပ်ပိုင်းဆိုင်ရာ ကုထုံး မိတ်ဆက်https://fb.watch/7B0Fs8vcHS/...
26/08/2021

Covid-19 & Physiotherapy by DawAyeNyeinThuMaung

အပိုင်း (၂၉)
ရုပ်ပိုင်းဆိုင်ရာ ကုထုံး မိတ်ဆက်
https://fb.watch/7B0Fs8vcHS/

အပိုင်း (၃၀)
လူနာကိုထားသင့်သော ခန္ဓာကိုယ်အနေအထားများ
https://fb.watch/7B0GH_iPPs/

အပိုင်း (၃၁)
အောက်စီဂျင်ပြည့်ဝစွာရရှိရေးအတွက် နည်းစနစ်တကျ အသက်ရှူနည်
https://fb.watch/7B0I8bEoD2/

အပိုင်း (၃၂)
Active Cycle Breathing Technique (ACBT)
https://fb.watch/7B0JPqmU70/

အပိုင်း (၃၃)
ချွဲသလိပ်များကို မိမိကိုယ်တိုင် စနစ်တကျ ရှင်းထုတ်နည်း
https://fb.watch/7B0KMJv7Gg/

အပိုင်း (၃၄)
လူတိုင်းအလွယ်တကူလုပ်နိုင်သော အဆုတ်လေ့ကျင့်ခန်းများ
https://fb.watch/7B0MKBcesv/


အပိုင်း (၃၅)
သွေးခဲခြင်းပြဿနာကိုကာကွယ်ရန်အတွက် ခြေ၊လက် လေ့ကျင့်ခန်းများ
https://fb.watch/7B0OJekzZI/

အပိုင်း (၃၆)
ကိုယ်ခံအားစနစ်အတွက် သင့်လျော်သောအကြောလျှော့လေ့ကျင့်ခန်းများ
https://fb.watch/7B0Q1sA8L8/

Address

Twante

Alerts

Be the first to know and let us send you an email when Twantay Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Twantay Channel:

Share