22/12/2020
Hello Dears,
Documentary film screening in tomorrow evening on DaweiArt Space Page.
Please join with Us.😊
မင်္ဂလာပါ..
** English version below **
ခင်မင်လေးစားရသော အနုပညာပရိသတ်တို့ရေ….နေကောင်းကျန်းမာကြမယ်လို့ မျှော်လင့်ပါတယ်ရှင်..
ကမ္ဘာမြေပေါ်မှာ ငြိမ်းချမ်းခြင်းများ လွှမ်းခြုံပျံ့နှံ့ပါစေ လို့ ဦးစွာ ပဏာမ ဆုတောင်းလိုက်ရပါတယ်။ ထား၀ယ်အနုပညာရပ်၀န်းနဲ့ ရန်ကုန်ရုပ်ရှင်ကျောင်းတို့မှ ပူးပေါင်းစီစဉ်တင်ဆက်မှုအနေဖြင့် လာမည့် ဗုဒ္ဓဟူးနေ့ မှာ မှတ်တမ်းရုပ်ရှင်လေး တစ်ကားပြသဖို့ရွေးချယ်ထားပါတယ်။ ၂၀၁၇ ခုနှစ်က လူငယ်ဒါရိုက်တာ မအေးနီလာကျော် နှင့် ရန်ကုန် အနုပညာကျောင်းမှ မှတ်တမ်းရုပ်ရှင်အဖွဲ့သားများက ရိုက်ကူးပုံဖော်တင်ဆက်ထား တော်လှန်ရေးသမားရဲ့ မျိုးဆက်လူငယ်တစ်ယောက်ရဲ့ ခံယူချက် ဖြစ်တည်ပုံကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဖြစ်ရပ်မှန်များကို အခြေပြုပြီး ရိုက်ကူးထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်လေးကို ဗုဒ္ဓဟူးနေ့ ညနေ (၇) နာရီ မှာ ထား၀ယ်အနုပညာရပ်၀န်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အတူတူကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ ကြည့်ရှုပြီးတဲ့အချိန် ပရိတ်သတ်များအနေဖြင့်စိတ်ကူးတစ်စုံတစ်ရာ၊ မှတ်ချက်၊ အကြံပြုချက်တွေ ရှိခဲ့မယ်ဆိုရင် အောက်က Comment မှာ အကြံပြုပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်…လေလှိုင်းတွေထဲကပဲ ဆက်သွယ်ကြရအောင်ပါနော်...
ပြသမည့်နေ့ရက် - ၂၃.၁၂.၂၀၂၀ (ဗုဒ္ဓဟူး နေ့)
ပြသမည့်အချိန် - ညနေ (၇) နာရီ
ကြာချိန် - ၁၆း၄၇ မိနစ်
#ကမ္ဘာ့ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေ။
#အိမ်မှာနေပါ #အပြင်သွားရင် နှာခေါင်းစည်း တပ်ပါနော်။
Hello Mingalarpar
Good day to you all.
First of all, let me pray “May PEACE prevalence on EARTH”.
As our collaboration with Yangon Film School and Dawei Art Space, we would like to show documentary that make around Myanmar. So, This Wednesday we are going to show a short film named “ Child of Revolution ” that created by Director Aye Nilar Kyaw and crews from Yangon Film School in 2017.
May I invite you all to join our online documentary film program on the Dawei Art Space page on Wednesday (7 p.m). Please enjoy it.
After you see the film if you have something to say, please feel free to leave some comments below.
See you on Wednesday !!
Show Date : 23.12.2020 (Wednesday)
Show Time : 7 PM in the evening
Duration : 16:47 minutes
Mask
-19