Malay on_live

  • Home
  • Malay on_live

Malay on_live Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Malay on_live, Video game, .

14/08/2023

မုန့်ကြာစိ/ရွှေရင်အေး/မုန့်လက်ဆောင်း/သာကူပြင်
ကြိုက်တာသာ လုပ်စားလိုက်တော့ အိမ်ရှင်မတို့ရေ . . .
လုပ်နည်း 👇🏻👇🏻👇🏻

(1) မုန့်ကြာစိ
မုန့်ကြာစိ (စေ့) ကလည်း သင်္ကြန် ရာသီစာပါ။ အချို့ ဒေသတွေက ပဲမုန့်လုံး ရေပေါ် လို့လည်းခေါ်ပါတယ် ။ သူကတော့ မုန့်လုံးလေးတွေ (ကြာစိအရွယ်) လေးတွေပြုတ် ၊ သီးသန့်ထန်းလျက်ရည် လောင်းစားရတာပါ။

ပါ၀င်ပစ္စည်းများ

ကောက်ညှင်းမှုန့်
ဆန်မှုန့် - အနည်းငယ်
ထန်းလျက်ဖြူ (သို့မဟုတ်) အညို
အုန်းသီးခြစ်
ဆား
ပြင်ဆင်ပြုလုပ်နည်း

မုန့်လုံးရေပေါ်လုပ်ရင် ကောက်ညှင်းချည်းပဲ သုံးလျှင် အရမ်းစေးပြီး တွဲကပ် နေတတ် ပါတယ်။ ဒါကြောင့် ဆန်ကြမ်းမှုန့် အနည်းငယ် ရောသုံး ပေးဖို့ လိုအပ်ပါတယ်။
ကောက်ညှင်းမှုန့် ၊ ဆန်မှုန့် ၊ ဆား စတာတွေကို ရောပြီး ရေ ၁ဗူး (နို့ဆီဗူး) ခပ်နွေးနွေးကို အနည်းငယ်စီ ထည့်ပြီး သမသွားအောင် နယ်ပါ။ စေးထွေးထွေး မုန့်သားမှာ အနေတော်ပါ။
မိမိနှစ်သက်သလို အရွယ်လေးတွေလုံးပြီး လုံးသွားအောင် လုံးပြီး ရေနွေး ဆူဆူ (ရေများများ) မှာ ရေပေါ်သို့ ပေါ်လာသည် အထိ ပြုပ်ပါ။
ထန်းလျက်ကို သီးသန့် အရည်ကျိုထားပြီး စစ်ထားပါ။
အုန်းသီးကိုလည်း အမျှင်ပုံစံ ရအောင် ခြစ်ထားပါ။
ပေါ်လာသည့် မုန့်လုံးများ ဆယ်၍ ရေစစ်ပါ။ အုန်းသီးအမျှင်များ ဖြူးပြီး သုံးဆောင်ပါ ။

*သာကူကြိုက်က သာကူစေ့ထည့်ကျိုပါ ။
Crd

(2) ရွှေရင်အေး လုပ်နည်း
━━━━━━━━
အခုလိုပူပြင်းတဲ့ အချိန်မှာ ရွှေရင်အေး လုပ်စားချင်သူများအတွက်ပါ။
ရွှေရင်အေး(၁၀)ပွဲစာ အတွက်
ဖြစ်ပါတယ်။
ပါ၀င်ပစ္စည်းများကတော့
1. မုန့်လက်ဆောင်းဖတ် ၁၀၀၀ မီလီလီတာ
2. သာကူ ၂၅ ကျပ်သား ကျို ထားပါ
3. ကောက်ညှင်းပေါင်း ဆန်ချိန်ခွက် ၃ ခွက်ပေါင်းထားပါ
4. ပေါင်မုန့် ၁၀ ချပ်
5. အုန်းနို့ကျောက်ကျော ၂၅ ဂရမ် တထုတ် ကျိုထားပါ။
6. အုန်းနို့ရည် ၁ ဗူး ခွဲ ( ၆၀၀ မီလီလီတာ)
7. သကြား ၂၅၀ ဂရမ် ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။
8. ရေခဲ လိုသလောက်
9. ဆား သင့်ရုံ
ပြုလုပ်နည်း
ပထမဦးစွာ ရွှေရင်အေး လုပ်နည်းထဲမှာ လက်အဝင်ဆုံးဖြစ်တဲ့ မုန့်လက်ဆောင်းဖတ်လုပ်နည်းကို ပြောပြပေးမှာပါ။ဆန်မုန့် ထမင်းစားဇွန်း ၈ဇွန်း၊ကော်မုန့် ထမင်းစားဇွန်း ၂ဇွန်း၊ဆား၊ဆွမ်းမွှေးရည် အနည်းငယ်တို့ လိုအပ်ပါမည်။ရေနွေးပူထဲတွင် ဆွမ်းမွှေးရည်မှအပ ပါဝင်ပစ္စည်းများ ထည့်ပါ။ပျစ်လာတဲ့အထိ မီးအားအနည်းငယ်ဖြင့် ကြိုပေးပါ။ပူလာလျှင် ဆွမ်းမွှေးရည်ကို အရောင်လိုသလို ချိန်ပြီး ထည့်ပေးပါ။ရလာလျှင် ရေခဲရေထဲသို့ ဆန်ခါခံပြီး နည်းနည်းချင်း လောင်းထည့်ပေးပါ။ဒါဆိုရင်တော့ သန့်ရှင်းတဲ့ မုန့်လက်ဆောင်းဖတ် ရပါပြီ။ဆိုင်မှာလည်း မုန့်လက်ဆောင်းဖတ် လုပ်ပြီးသားကို ဝယ်လို့ ရပါတယ်။
အုန်းနို့ကျောက်ကျော အတွက်ကတော့ အရင်ဆုံး သကြား ၃၀၀ဂရန်ကို အုန်းနို့ တဗူး ရေ(၁ဒသမ၅လီတာ) ကျောက်ကျောမုန့် ၅၀ဂရန်ုတို့ဖြင့် ရေမှာ ပျော်ဝင်သွားအောင် ကျိုပါ။ကျိုနေရင်း အနည်းငယ် ပျစ်လာပြီဆိုရင်တော့ ဗန်းထဲထည့်ပြီး အအေးခံပါ။ဗန်းမှာ ၂လက်မအနက်ရှိလျှင် သင့်တော်ပါသည်။
ကောက်ညှင်းပေါင်း/ချက်ဘို့အတွက် ကောက်ညှင်းဆန်ကို ရေကြည်လင်လာတဲ့အထိဆေးပီး အနည်းဆုံး ၆ နာရီ ရေစိမ်ထားပါ၊ ဇကာနဲ့ရေကုန်အောင်စစ်ပါ၊
ချက်တော့မည် ဆိုတဲ့အခါ rice cooker အိုးနဲ့တွဲပီးပါလာတဲ့ပေါင်းဆကာပေါ် ပိတ်စိမ်းပါး ရေဆွတ်ပီးခင်းပါ၊ အဲဒီအပေါ်မှာ ဆန်ကို ဖြန့်ခင်း၊ အိုးထဲ ရေထည့်ပီးနပ်တဲ့အထိပေါင်းပါ၊ အထက်အောက်လှန်ပေးဘို့လည်းလိုအပ်ပါတယ်။ အိုးသေးပီး ဆန်များရင် ၂ ခါ ခွဲပေါင်းနိုင်ပါတယ်။
အုန်းနို့ရည် ၁ ဗူး ခွဲ ( ၆၀၀ မီလီလီတာ) ကို ရေ ၁၀၀၀ မီလီလီတာဖြင့် ဖျော်ထားပါ။
သကြား ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။
ပန်းကန်လုံးထဲမှာ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်း၊ ကျောက်ကျော၊ သာကူ၊ ပေါင်မုန့်၊ ရေခဲတို့ထည့်ပီး သကြားရည်၊ အုန်းနို့ရည်လေး ဆမ်းပြီး ရေခဲ၁တုံး ၂တုံး လောက်ထည့်လိုက်မယ်ဆိုရင် တစ်မိသားစုလုံး အရသာရှိစွာစားနိုင်တဲ့ ရွှေရင်အေး အေးအေးလေး ရပါပြီ။
Credit-ShweYinAye

(3) မုန့်လက်ဆောင်းပြုလုပ်နည်း

ဒီတပတ်မှာတော့ အတာသင်္ကြန်အချိန်အခါလဲဖြစ်တာကြောင့် စတုဒိသာကျွေးပြီး ကုသိုလ်ယူဖို့အတွက် မုန့်လက်ဆောင်းနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ရာသီဥတုကလဲ ပူပြင်းတဲ့အတွက် မုန့်လက်ဆောင်းက သင်တော်တဲ့အစားအစားပဲ ဖြစ်ပါတယ်။ ထန်းလျက်နဲ့ပဲဖြစ်ဖြစ် အုန်းနို့နဲ့ပဲဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်ရာကို အဆင်ပြေသလို စားသုံးနိုင်ပါတယ်။

မုန့်လက်ဆောင်းအတွက် ပါ၀င်သောပစ္စည်းများ
မုန့်လက်ဆောင်းဖတ် -၁ပြည်

ထန်းလျက်မုန့်လက်ဆောင်းအတွက် ပါ၀င်သောပစ္စည်း
ထန်းလျက် -၄၀၀ဂရမ်
ဆား -လက်ဖက်ရည်ဇွန်းတ၀က်

အုန်းနို့မုန့်လက်ဆောင်းအတွက် ပါ၀င်သောပစ္စည်း
အုန်းသီး -၁လုံး(အရည်ညှစ်ထားပြီသား)
သကြား -၂၀ကျပ်သား
ဆား -လက်ဖက်ရည်ဇွန်းတ၀က်

မုန့်လက်ဆောင်း ပြုလုပ်နည်း
အရင်ဆုံး လုပ်ပြီးသားမုန့်လက်ဆောင်းဖတ်များကို ဒယ်အိုးအကြီးတစ်ခုထဲထည့်ပြီး ရေစိမ်ထားပေးပါ။ အရင်ဆုံး အုန်းနို့မုန့်လက်ဆောင်းအတွက် ဒယ်ထဲသို့ အုန်းနို့ရည်များထည့်ပြီး သကြား(၂၀ကျပ်သား) ထည့်ပြီ သကြားများ အရည်ပျော်အောင် အပူအနည်းငယ်ပေးပါ။ ပြီးနောက် ဆားအနည်းငယ်ထည့်ပြီ အုန်းနို့ရည် များကို ပြန်အအေးခံထားပေးပါ။ အအေးခံပြီနောက်မှတော့ ခွက်တစ်ခုထဲကို မုန့်လက်ဆောင်း တ၀က်ခန့် ထည့်ပြီး အုန်းနို့ရည်ထည့်ပေးပါ။ ပြီးနောက်မှာတော့ မုန့်လက်ဆောင်း ပိုစိမ့်သွားစေဖို့အတွက် နို့စိမ်း စားပွဲတင်ဇွန်းခန့် ထည့်လိုက်ပါ။ ပြီးရင်တော့ ရေခဲတုံးအနည်းငယ်ထည့်ပြီး အုန်းနို့မုန့်လက်ဆောင်းကို သုံးဆောင်နိုင်ပါတယ်။ ထန်းလျက်ရည်နဲ့ မုန့်လက်ဆောင်းမှ ကြိုတ်တဲ့သူတွေအတွက် ထန်းလျက်များကို ဒယ်ထဲ ရေအနည်းငယ်ထည့်ပြီး မီးပြင်းပြင်းဖြင့် ကျိုထားပေးပါ။ မပျစ်မကျဲအနေထားရောက်လျှင် ဆားအနည်းငယ်ထည့်ပြီး ထန်းလျက်ရည်ကို ခွက်တစ်ခုထဲ ပြန်ထည့်ထားပြီး အအေးခံထားပေးပါ။ ပြီးရင်တော့ ခွက်ထဲကို မုန့်လက်ဆောင်းဖတ် တစ်၀က်ထည့်ပြီး ထန်းလျက်ရည်များထည့်ကာ ရေခဲတုံးထည့်ပြီးရင်တော့ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
Credit : pose & post

(4) အုန်းနို့သာဂူပြင်.....................
အုန်းနို့သာဂူပြင်လေးကို မိသားစုနဲ့အတူ လုပ်စားဖို့ တင်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
• ဂျုံ - ၁၂ ၁/၂ ကျပ်သား
• သကြား - ၃၀ ကျပ်သား
• သာဂူစေ့ - ၂၀ ကျပ်သား
• အုန်းသီး - ၃ လုံး
• ဆား - အနည်းငယ်
• ရေ - နို့ဆီဘူး ၄ ဘူး

ပြုလုပ်နည်း
အောက်လွှာ
၁။ ရေ နို့ဆီဘူး ၄ ဘူးကို ပွက်ပွက်ဆူအောင် တည်ပါ။
၂။ သာဂူစေ့ ဆန်ခါချ/ဆန်ခါတိုက်ပြီး ပွက်ပွက်ဆူသည့်ရေနွေးထဲ ထည့်ကျိုပါ။
၃။ ကျိုနေစဉ်အတွင်း ရံဖန်ရံခါ မွှေနေပြီး သာဂူစေ့မျက်ဆံတစ်ဝက်လောက် အကျန်မှာ သကြား ၁၀ ကျပ်သား ထည့်မွှေပါ။
၄။ သကြားပျော်ချိန် ၅ မိနစ်အကြာ မီးပိတ်၊ အိုးအဖုံးဖုံးပြီး သာဂူမျက်ဆံ အနည်းငယ် အကျန်မှာ အောက်လွှာအဖြစ် မုန့်ဗန်းထဲ ထည့်လောင်းပါ။
အပေါ်လွှာ
၅။ အုန်းနို့ရည် ဘူး ၆ ဘူးစာထဲ သို့ ဂျုံ၊ သကြား (၂၀ ကျပ်သား) နှင့် ဆားတို့ကို ထည့်မွှေပြီး ဆန်ခါစစ်ပါ။
၆။ အောက်လွှာသာဂူပြင်လောင်းပြီး ၁၀ မိနစ်အကြာမှာ အပေါ်လွှာကို ဖြည်းညင်းစွာ လောင်းထည့်ပါ။
၇။ အပေါ်မီး ၂၃၀ ဒီဂရီဖာရင်ဟိုက်၊ အောက်မီး ၂၀ဝ ဒီဂရီဖာရင်ဟိုက် မုန့်ဖုတ်စက်ထဲ ထည့်၍
၄၅ မိနစ်ကြာရင် မုန့်ဖုတ်ပါ။
C. R. D

Address


Website

Alerts

Be the first to know and let us send you an email when Malay on_live posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your establishment to be the top-listed Arts & Entertainment?

Share